အမေရိကန်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားလာနိုင်ခြေနှင့်ပတ်သက်ပြီး ကမ္ဘာကျော်ဘီလျံနာ အီလွန်မတ် သတိပေး

 536

Pika (NP News) - ဧပြီ ၁ဝ

အမေရိကန်အစိုးရအနေဖြင့် တောင်ပိုင်းနယ်စပ်ရှိ အကျပ်အတည်းနှင့် ရွှေ့ပြောင်းနေထိုင်သူများ အများအပြား ဝင်ရောက်လာမှုကို မဖြေရှင်းမချင်း ၂ဝဝ၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် 9/11 အကြမ်းဖက်တိုက်ခိုက်မှုကဲ့သို့သော ဖြစ်ရပ် ဖြစ်ပွားလာနိုင်ကြောင်း ကမ္ဘာကျော်ဘီလျံနာသူဋ္ဌေးကြီးအီလွန်မတ်က သတိပေးပြောခဲ့သည်။

ရွှေ့ပြောင်းနေထိုင်သူများကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးရေး နှင့် အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ပိတ်ပစ်ရန် တောင်းဆိုခဲ့သည့် ရီပတ်ဘလီကန်သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူ စီးပွားရေး လုပ်ငန်းရှင် Vivek Ramaswamy ၏ ပြောဆိုမှုများကို အီလွန်မတ်က ယခုကဲ့သို့မှတ်ချက်ပြုပြောဆိုခဲ့ခြင်း ဖြစ်သည်။

Vivek Ramaswamy က “ကျွန်တော်တို့ရဲ့နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ တရားမဝင်ရွှေ့ပြောင်း နေထိုင် သူတွေရဲ့ (ဝ ဒသမ ၁) ရာခိုင်နှုန်းမှာသာ ရန်လိုတဲ့ရည်ရွယ်ချက်တွေ ရှိနေခဲ့မယ်ဆိုရင် သောင်းနဲ့ချီတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေဟာ အကြမ်းဖက်တိုက်ခိုက်သူတွေ ဖြစ်လာပါလိမ့်မယ်။ ဒီပြဿနာကို အဓိကထား အာရုံမစိုက်ဘူး ဆိုရင် နောက်ထပ် 9/11 အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ရပ်ကို ကျွန်တော်တို့ တွေ့မြင်ရပါလိမ့်မယ်” ဟု ပြောခဲ့သည်။

အမေရိကန်-မက္ကဆီကိုနယ်စပ်ကို ရွှေ့ပြောင်းနေထိုင်သူများ တရားမဝင် ဖြတ်ကျော်ဝင်ရောက်ခြင်း နှင့် မည်သည့် အထောက်အထားမှ ပြသခြင်းမျိုးမရှိဘဲ ခိုလှုံခွင့်တောင်းခံခြင်းသည် အမေရိကန်ကို ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး ရာဇဝတ်ကောင်များ၏ ခိုလှုံရာနေရာတစ်ခုအဖြစ် ပြောင်းလဲသွားစေခဲ့ကြောင်း အီလွန်မတ်က ယခင်က ပြောခဲ့ဖူး သည်။

ဗင်နီဇွဲလားနိုင်ငံတွင် လူသတ်မှုနှုန်းသည် (၂၂)နှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွားကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဗင်နီဇွဲလားရာဇဝတ်ဂိုဏ်းများသည် အမေရိကန်သို့ပြောင်းရွှေ့လာခြင်းကြောင့် ယခုကဲ့သို့ လူသတ်မှုနှုန်းကျဆင်းသွားခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း လူအချို့က အကြံပြုပြောခဲ့သည်။

၂ဝ၂၁ ခုနှစ်တွင် Pew Research စင်တာက စုဆောင်းထားသော အချက်အလက်များအရ လက်ရှိအချိန်တွင် အမေရိကန်မှာ တရားမဝင်နေထိုင်သူ(၁ဝ ဒသမ ၅) သန်းခန့် ရှိကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္တြင္ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ပြားလာႏိုင္ေျခႏွင့္ပတ္သက္ၿပီး ကမာၻေက်ာ္ဘီလ်ံနာ အီလြန္မတ္ သတိေပး
Pika (NP News) - ဧၿပီ ၁ဝ

အေမရိကန္အစိုးရအေနျဖင့္ ေတာင္ပိုင္းနယ္စပ္ရွိ အက်ပ္အတည္းႏွင့္ ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား အမ်ားအျပား ဝင္ေရာက္လာမႈကို မေျဖရွင္းမခ်င္း ၂ဝဝ၁ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ 9/11 အၾကမ္းဖက္တိုက္ခိုက္မႈကဲ့သို႔ေသာ ျဖစ္ရပ္ ျဖစ္ပြားလာႏိုင္ေၾကာင္း ကမာၻေက်ာ္ဘီလ်ံနာသူေ႒းႀကီးအီလြန္မတ္က သတိေပးေျပာခဲ့သည္။

ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ားကို အစုလိုက္အၿပဳံလိုက္ ျပည္ႏွင္ဒဏ္ေပးေရး ႏွင့္ အေမရိကန္-မကၠဆီကိုနယ္စပ္ကို ပိတ္ပစ္ရန္ ေတာင္းဆိုခဲ့သည့္ ရီပတ္ဘလီကန္သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ဖူးသူ စီးပြားေရး လုပ္ငန္းရွင္ Vivek Ramaswamy ၏ ေျပာဆိုမႈမ်ားကို အီလြန္မတ္က ယခုကဲ့သို႔မွတ္ခ်က္ျပဳေျပာဆိုခဲ့ျခင္း ျဖစ္သည္။

Vivek Ramaswamy က “ကြၽန္ေတာ္တို႔ရဲ႕နယ္စပ္ကို ျဖတ္ေက်ာ္ဝင္ေရာက္လာတဲ့ တရားမဝင္ေ႐ႊ႕ေျပာင္း ေနထိုင္ သူေတြရဲ႕ (ဝ ဒသမ ၁) ရာခိုင္ႏႈန္းမွာသာ ရန္လိုတဲ့ရည္႐ြယ္ခ်က္ေတြ ရွိေနခဲ့မယ္ဆိုရင္ ေသာင္းနဲ႔ခ်ီတဲ့ ေ႐ႊ႕ေျပာင္း ေနထိုင္သူေတြဟာ အၾကမ္းဖက္တိုက္ခိုက္သူေတြ ျဖစ္လာပါလိမ့္မယ္။ ဒီျပႆနာကို အဓိကထား အာ႐ုံမစိုက္ဘူး ဆိုရင္ ေနာက္ထပ္ 9/11 အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ရပ္ကို ကြၽန္ေတာ္တို႔ ေတြ႕ျမင္ရပါလိမ့္မယ္” ဟု ေျပာခဲ့သည္။

အေမရိကန္-မကၠဆီကိုနယ္စပ္ကို ေ႐ႊ႕ေျပာင္းေနထိုင္သူမ်ား တရားမဝင္ ျဖတ္ေက်ာ္ဝင္ေရာက္ျခင္း ႏွင့္ မည္သည့္ အေထာက္အထားမွ ျပသျခင္းမ်ိဳးမရွိဘဲ ခိုလႈံခြင့္ေတာင္းခံျခင္းသည္ အေမရိကန္ကို ကမာၻေပၚတြင္ အဆိုး႐ြားဆုံး ရာဇဝတ္ေကာင္မ်ား၏ ခိုလႈံရာေနရာတစ္ခုအျဖစ္ ေျပာင္းလဲသြားေစခဲ့ေၾကာင္း အီလြန္မတ္က ယခင္က ေျပာခဲ့ဖူး သည္။

ဗင္နီဇြဲလားႏိုင္ငံတြင္ လူသတ္မႈႏႈန္းသည္ (၂၂)ႏွစ္အတြင္း အနိမ့္ဆုံးသို႔ က်ဆင္းသြားေၾကာင္း သတင္းမ်ား ထြက္ေပၚလာခဲ့ၿပီးေနာက္ ဗင္နီဇြဲလားရာဇဝတ္ဂိုဏ္းမ်ားသည္ အေမရိကန္သို႔ေျပာင္းေ႐ႊ႕လာျခင္းေၾကာင့္ ယခုကဲ့သို႔ လူသတ္မႈႏႈန္းက်ဆင္းသြားျခင္း ျဖစ္ႏိုင္ဖြယ္ရွိေၾကာင္း လူအခ်ိဳ႕က အႀကံျပဳေျပာခဲ့သည္။

၂ဝ၂၁ ခုႏွစ္တြင္ Pew Research စင္တာက စုေဆာင္းထားေသာ အခ်က္အလက္မ်ားအရ လက္ရွိအခ်ိန္တြင္ အေမရိကန္မွာ တရားမဝင္ေနထိုင္သူ(၁ဝ ဒသမ ၅) သန္းခန႔္ ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.