တောင်ကိုရီးယား၏ ပါလီမန်ရွေးကောက်ပွဲ ကျင်းပ

 146

ALynn (NP News) - ဧပြီ ၁ဝ

တောင်ကိုရီးယားရွေးကောက်ပွဲကို ဧပြီလ ၁၀ ရက် (ယနေ့) တွင် ကျင်းပသွားမည်ဖြစ်သည်။ လက်ရှိသမ္မတ Yoon Suk-yeol သည် လွန်ခဲ့သော နှစ်နှစ်က ပြိုင်ဘက်ပါတီကို မဲကွာဟချက် အနည်းဆုံးဖြင့် အနိုင်ရခဲ့သူဖြစ်သည်။

လတ်တလော ကာလတွင်လည်း ဆရာဝန်များ၏ ဆန္ဒပြမှု၊ အစားအသောက်ဈေးနှုန်းမြင့်မားမှုနှင့်အတူ လာဘ်ပေး လာဘ်ယူမှုစွပ်စွဲချက်များကြောင့် Yoon ၏ People Power Party (PPP) မှာ အခက်ကြုံနေရသည်။ အကယ်၍ ၎င်း၏ ပါတီသည် ပါလီမန်ထဲ တွင် အများစုအနိုင်ရရှိမှု မရှိပါက ၎င်း၏ လက်ကျန်သမ္မတသက်တမ်း ၃ နှစ်အတွက် ရတတ်မအေး စရာဖြစ်လာနိုင်သည်။ လက်ရှိတွင် ပါလီမန်ထဲ၌ ၎င်း၏ အတိုက်အခံပါတီဖြစ်သည့် Democratic Party မှ အမတ်များ ကြီးစိုးနေသည်။

ရွေးကောက်ပွဲရလဒ် မည်သို့ပင်ဖြစ်စေ နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒအပေါ် များစွာသက်ရောက်မှုရှိ လာနိုင်မည် မဟုတ်ပါ။ Yoon သည် ဂျပန်၊ အမေရိကန်တို့နှင့် နိုင်ငံရေး၊ စစ်ရေးအရ ဆက်ဆံရေးကိုမြှင့်တင်ရန် ကြိုးပမ်း လျက်ရှိပြီး ရုရှားနှင့်လည်း နီးကပ်သောဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းလျက်ရှိသည်။ PPP နှင့် Democratic Party တို့သည် တောင်ကိုရီးယားနိုင်ငံရေးကို နှစ်ပေါင်းများစွာကြာ လွှမ်းမိုးလျက်ရှိသည်။

၂ဝ၂၄ ခုနှစ်၊ မတ်လတွင် နေရာ ၃ဝဝ ရှိသောပါလီမန်၌ ၂၉၇ နေရာကို ရွေးချယ်ပြီးဖြစ်သည်။ Democratic Party က ၁၆ဝ နေရာနှင့် PPP က ၁၁၃ နေရာ အသီးသီးရရှိထားသည်။ ၎င်းပါတီကြီးနှစ်ခုအပြင် ပါတီငယ်များစွာလည်း ရှိသည်။ ဆန္ဒမဲပေးသူ၏ ၂၀ ရာခိုင်နှုန်းကျော်က တရားရေးဝန်ကြီးဟောင်း Cho Kuk ဦးဆောင်သည့် Reform Korea Party ကို မဲပေးသွားရန်ရည်ရွယ်ထားကြောင်း မတ်လ ၂၉ ရက်က ကောက်ခံသောစစ်တမ်းအရ သိရသည်။ ၎င်းရာခိုင်နှုန်းသည် ပါလီမန်ထဲတွင် နေရာ ၁၀ နှင့် ၁၅ ကြားအထိ ရရှိနိုင်ချေရှိသည်။

နိုင်ငံတစ်ဝန်းတွင် မဲရုံများကို နံနက် ၆ နာရီမှ စဖွင့်လှစ်ကာ ညနေ ၆ နာရီတွင် ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယားသည် ၂ဝ၂ဝ ပြည့်နှစ်ကစ၍ ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ်ကို စတင်ကျင့်သုံးခဲ့ သည်။ ၎င်းစနစ်အရ မဲပေးသူများသည် ၎င်းတို့၏ ပြည်နယ် (၂၅၄ နေရာ) အတွက် တစ်မဲပေးရပြီး ပါတီအတွက် တစ်မဲပေးရသည်။ ပါတီတစ်ခုချင်းစီက ရရှိသောမဲများမှ အချိုးကျအလိုက် ကျန် ၄၆ နေရာကို ခွဲဝေပေးရသည်။ ယင်းမှာ ပါတီငယ်များ ကိုယ်စားပြုမှုအတွက် ရည်ရွယ်သည်။ ဆန္ဒမဲပေးသူများကြားတွင် ကွန်ဆာဗေးတစ်နှင့် လစ်ဘရယ်ဟူ၍ ကွဲပြားနေပြီး ၃၀ မှ ၄၀ ရာခိုင်နှုန်းကြား မဲဆန္ဒရှင်များမှာ မည်သည့်ပါတီကို မဲပေး ရမည်ကို ဝေခွဲမရရှိနေသည်။

Zawgyi Version;
ေတာင္ကိုရီးယား၏ ပါလီမန္ေ႐ြးေကာက္ပြဲ က်င္းပ
ALynn (NP News) - ဧၿပီ ၁ဝ

ေတာင္ကိုရီးယားေ႐ြးေကာက္ပြဲကို ဧၿပီလ ၁၀ ရက္ (ယေန႔) တြင္ က်င္းပသြားမည္ျဖစ္သည္။ လက္ရွိသမၼတ Yoon Suk-yeol သည္ လြန္ခဲ့ေသာ ႏွစ္ႏွစ္က ၿပိဳင္ဘက္ပါတီကို မဲကြာဟခ်က္ အနည္းဆုံးျဖင့္ အႏိုင္ရခဲ့သူျဖစ္သည္။

လတ္တေလာ ကာလတြင္လည္း ဆရာဝန္မ်ား၏ ဆႏၵျပမႈ၊ အစားအေသာက္ေဈးႏႈန္းျမင့္မားမႈႏွင့္အတူ လာဘ္ေပး လာဘ္ယူမႈစြပ္စြဲခ်က္မ်ားေၾကာင့္ Yoon ၏ People Power Party (PPP) မွာ အခက္ႀကဳံေနရသည္။ အကယ္၍ ၎၏ ပါတီသည္ ပါလီမန္ထဲ တြင္ အမ်ားစုအႏိုင္ရရွိမႈ မရွိပါက ၎၏ လက္က်န္သမၼတသက္တမ္း ၃ ႏွစ္အတြက္ ရတတ္မေအး စရာျဖစ္လာႏိုင္သည္။ လက္ရွိတြင္ ပါလီမန္ထဲ၌ ၎၏ အတိုက္အခံပါတီျဖစ္သည့္ Democratic Party မွ အမတ္မ်ား ႀကီးစိုးေနသည္။

ေ႐ြးေကာက္ပြဲရလဒ္ မည္သို႔ပင္ျဖစ္ေစ ႏိုင္ငံ၏ ႏိုင္ငံျခားေရးမူဝါဒအေပၚ မ်ားစြာသက္ေရာက္မႈရွိ လာႏိုင္မည္ မဟုတ္ပါ။ Yoon သည္ ဂ်ပန္၊ အေမရိကန္တို႔ႏွင့္ ႏိုင္ငံေရး၊ စစ္ေရးအရ ဆက္ဆံေရးကိုျမႇင့္တင္ရန္ ႀကိဳးပမ္း လ်က္ရွိၿပီး ႐ုရွားႏွင့္လည္း နီးကပ္ေသာဆက္ဆံေရး ထူေထာင္ရန္ ႀကိဳးပမ္းလ်က္ရွိသည္။ PPP ႏွင့္ Democratic Party တို႔သည္ ေတာင္ကိုရီးယားႏိုင္ငံေရးကို ႏွစ္ေပါင္းမ်ားစြာၾကာ လႊမ္းမိုးလ်က္ရွိသည္။

၂ဝ၂၄ ခုႏွစ္၊ မတ္လတြင္ ေနရာ ၃ဝဝ ရွိေသာပါလီမန္၌ ၂၉၇ ေနရာကို ေ႐ြးခ်ယ္ၿပီးျဖစ္သည္။ Democratic Party က ၁၆ဝ ေနရာႏွင့္ PPP က ၁၁၃ ေနရာ အသီးသီးရရွိထားသည္။ ၎ပါတီႀကီးႏွစ္ခုအျပင္ ပါတီငယ္မ်ားစြာလည္း ရွိသည္။ ဆႏၵမဲေပးသူ၏ ၂၀ ရာခိုင္ႏႈန္းေက်ာ္က တရားေရးဝန္ႀကီးေဟာင္း Cho Kuk ဦးေဆာင္သည့္ Reform Korea Party ကို မဲေပးသြားရန္ရည္႐ြယ္ထားေၾကာင္း မတ္လ ၂၉ ရက္က ေကာက္ခံေသာစစ္တမ္းအရ သိရသည္။ ၎ရာခိုင္ႏႈန္းသည္ ပါလီမန္ထဲတြင္ ေနရာ ၁၀ ႏွင့္ ၁၅ ၾကားအထိ ရရွိႏိုင္ေခ်ရွိသည္။

ႏိုင္ငံတစ္ဝန္းတြင္ မဲ႐ုံမ်ားကို နံနက္ ၆ နာရီမွ စဖြင့္လွစ္ကာ ညေန ၆ နာရီတြင္ ပိတ္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ေတာင္ကိုရီးယားသည္ ၂ဝ၂ဝ ျပည့္ႏွစ္ကစ၍ ေရာေႏွာထားေသာ အခ်ိဳးက်ကိုယ္စားျပဳစနစ္ကို စတင္က်င့္သုံးခဲ့ သည္။ ၎စနစ္အရ မဲေပးသူမ်ားသည္ ၎တို႔၏ ျပည္နယ္ (၂၅၄ ေနရာ) အတြက္ တစ္မဲေပးရၿပီး ပါတီအတြက္ တစ္မဲေပးရသည္။ ပါတီတစ္ခုခ်င္းစီက ရရွိေသာမဲမ်ားမွ အခ်ိဳးက်အလိုက္ က်န္ ၄၆ ေနရာကို ခြဲေဝေပးရသည္။ ယင္းမွာ ပါတီငယ္မ်ား ကိုယ္စားျပဳမႈအတြက္ ရည္႐ြယ္သည္။ ဆႏၵမဲေပးသူမ်ားၾကားတြင္ ကြန္ဆာေဗးတစ္ႏွင့္ လစ္ဘရယ္ဟူ၍ ကြဲျပားေနၿပီး ၃၀ မွ ၄၀ ရာခိုင္ႏႈန္းၾကား မဲဆႏၵရွင္မ်ားမွာ မည္သည့္ပါတီကို မဲေပး ရမည္ကို ေဝခြဲမရရွိေနသည္။

Related news

© 2021. All rights reserved.