ရုရှားနှင့်ဆက်ဆံရေးအပေါ် ဖိအားပေးခြင်းမျိုး၊ ပြစ်တင်ဝေဖန်ခြင်းမျိုးကို လက်ခံမည်မဟုတ်ကြောင်း တရုတ်အစိုးရပြော

 289

Pika (NP News) - ဧပြီ ၁ဝ

တရုတ်နှင့် ရုရှားတို့၏ ဆက်ဆံရေးအပေါ် ပြစ်တင်ဝေဖန်ခြင်းမျိုး (သို့မဟုတ်) ဖိအားပေးခြင်းမျိုးကို လက်ခံမည်မဟုတ်ကြောင်း တရုတ်အစိုးရက ဧပြီလ(၁၀)ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

ယူကရိန်းတွင် ရုရှားကအနိုင်ရမှုများရှိလာမည်ဆိုပါက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံတွင် တာဝန်ရှိ ကြောင်း အမေရိကန်ဖက်က သတိပေးပြောဆိုခဲ့ပြီးနောက် တရုတ်ဘက်က ယခုကဲ့သို့ တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ် သည်။ တရုတ်နိုင်ငံသို့ ရုရှား၏ထိပ်တန်းသံတမန်တစ်ဦး လာရောက်လည်ပတ်စဉ်အချိန်အတွင်း နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကို ကတိပြုခဲ့ခြင်းနှင့်ပတ်သက်ပြီး အမေရိကန်က ငြိမ်နေမည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး ကာ့တ်ကမ့်ဘဲလ်က ဧပြီလ(၉)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးမာအိုနင် က “တရုတ်နဲ့ ရုရှားတို့ဟာ ပုံမှန်စီးပွားရေး နဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုတို့မှာ ထိတွေ့ဆက်ဆံပိုင်ခွင့်ရှိပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုမျိုးကို ဝင်ရောက်စွက်ဖက်တာမျိုး ဒါမှမဟုတ် ကန့်သတ်တာမျိုးက မဖြစ်သင့်ပါဘူး။ ပြီးတော့ ပြစ်တင်ဝေဖန်တာတွေ ဒါမှမဟုတ် ဖိအားတွေကို တရုတ်နိုင်ငံကလက်ခံမှာ မဟုတ်ပါဘူး” ဟု ပြောခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်သည် တရုတ်သမ္မတရှီကျင့်ဖျင်အပြင် နိုင်ငံခြားရေးဝန်ကြီးဝမ်ယိတို့ နှင့် ဆွေးနွေးပွဲများလုပ်ဆောင်ခဲ့ပြီး နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်းလာအောင် လုပ်ဆောင်မည်ဟု ဧပြီလ(၉)ရက်က ကတိပြုခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ယူကရိန်းပဋိပက္ခတွင် ကြားနေနိုင်ငံအဖြစ် ရပ်တည်နေကြောင်း ပြောဆိုထားသော်လည်း ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချရန် ငြင်းဆန်ခဲ့ခြင်းနှင့် ကုန်သွယ်မှု ဆက်လက်လုပ်ဆောင်ခြင်း ဖြင့် စစ်ပွဲကို သွယ်ဝိုက်သောနည်းဖြင့် ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲပြောဆိုခံရကာ ပြစ်တင်ဝေဖန်ခြင်းများကို ခံခဲ့ရကြောင်းလည်း သိရသည်။

ကာ့တ်ကမ့်ဘဲလ်က "ဒီလိုမျိုးတွေ ဆက်ဖြစ်နေမယ်ဆိုရင် အမေရိကန်-တရုတ်ဆက်ဆံရေးအပေါ် သက်ရောက်မှု တွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ပြောခဲ့ပါတယ်” ဟု ပြောခဲ့သည်။

Zawgyi Version;
႐ုရွားႏွင့္ဆက္ဆံေရးအေပၚ ဖိအားေပးျခင္းမ်ိဳး၊ ျပစ္တင္ေဝဖန္ျခင္းမ်ိဳးကို လက္ခံမည္မဟုတ္ေၾကာင္း တ႐ုတ္အစိုးရေျပာ
Pika (NP News) - ဧၿပီ ၁ဝ

တ႐ုတ္ႏွင့္ ႐ုရွားတို႔၏ ဆက္ဆံေရးအေပၚ ျပစ္တင္ေဝဖန္ျခင္းမ်ိဳး (သို႔မဟုတ္) ဖိအားေပးျခင္းမ်ိဳးကို လက္ခံမည္မဟုတ္ေၾကာင္း တ႐ုတ္အစိုးရက ဧၿပီလ(၁၀)ရက္ေန႔တြင္ ထုတ္ျပန္ေျပာၾကားခဲ့သည္။

ယူကရိန္းတြင္ ႐ုရွားကအႏိုင္ရမႈမ်ားရွိလာမည္ဆိုပါက အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံတြင္ တာဝန္ရွိ ေၾကာင္း အေမရိကန္ဖက္က သတိေပးေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က ယခုကဲ့သို႔ တုံ႔ျပန္ေျပာဆိုခဲ့ျခင္းျဖစ္ သည္။ တ႐ုတ္ႏိုင္ငံသို႔ ႐ုရွား၏ထိပ္တန္းသံတမန္တစ္ဦး လာေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း ႏွစ္ႏိုင္ငံၾကား ပူးေပါင္းေဆာင္႐ြက္မႈမ်ားကို ကတိျပဳခဲ့ျခင္းႏွင့္ပတ္သက္ၿပီး အေမရိကန္က ၿငိမ္ေနမည္မဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဒုဝန္ႀကီး ကာ့တ္ကမ့္ဘဲလ္က ဧၿပီလ(၉)ရက္တြင္ ထုတ္ေဖာ္ေျပာခဲ့သည္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီးမာအိုနင္ က “တ႐ုတ္နဲ႔ ႐ုရွားတို႔ဟာ ပုံမွန္စီးပြားေရး နဲ႔ ကုန္သြယ္မႈ ပူးေပါင္းေဆာင္႐ြက္မႈတို႔မွာ ထိေတြ႕ဆက္ဆံပိုင္ခြင့္ရွိပါတယ္။ ဒီလိုပူးေပါင္းေဆာင္႐ြက္မႈမ်ိဳးကို ဝင္ေရာက္စြက္ဖက္တာမ်ိဳး ဒါမွမဟုတ္ ကန႔္သတ္တာမ်ိဳးက မျဖစ္သင့္ပါဘူး။ ၿပီးေတာ့ ျပစ္တင္ေဝဖန္တာေတြ ဒါမွမဟုတ္ ဖိအားေတြကို တ႐ုတ္ႏိုင္ငံကလက္ခံမွာ မဟုတ္ပါဘူး” ဟု ေျပာခဲ့သည္။

႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္သည္ တ႐ုတ္သမၼတရွီက်င့္ဖ်င္အျပင္ ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိတို႔ ႏွင့္ ေဆြးေႏြးပြဲမ်ားလုပ္ေဆာင္ခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္းေဆာင္႐ြက္မႈကို ပိုမို အားေကာင္းလာေအာင္ လုပ္ေဆာင္မည္ဟု ဧၿပီလ(၉)ရက္က ကတိျပဳခဲ့ၾကေၾကာင္း သိရသည္။

တ႐ုတ္ႏိုင္ငံသည္ ယူကရိန္းပဋိပကၡတြင္ ၾကားေနႏိုင္ငံအျဖစ္ ရပ္တည္ေနေၾကာင္း ေျပာဆိုထားေသာ္လည္း ႐ုရွား၏ က်ဴးေက်ာ္တိုက္ခိုက္မႈကို ျပစ္တင္ရႈတ္ခ်ရန္ ျငင္းဆန္ခဲ့ျခင္းႏွင့္ ကုန္သြယ္မႈ ဆက္လက္လုပ္ေဆာင္ျခင္း ျဖင့္ စစ္ပြဲကို သြယ္ဝိုက္ေသာနည္းျဖင့္ ေထာက္ပံ့ေပးေနသည္ဟု စြပ္စြဲေျပာဆိုခံရကာ ျပစ္တင္ေဝဖန္ျခင္းမ်ားကို ခံခဲ့ရေၾကာင္းလည္း သိရသည္။

ကာ့တ္ကမ့္ဘဲလ္က "ဒီလိုမ်ိဳးေတြ ဆက္ျဖစ္ေနမယ္ဆိုရင္ အေမရိကန္-တ႐ုတ္ဆက္ဆံေရးအေပၚ သက္ေရာက္မႈ ေတြ ရွိလာလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔ေျပာခဲ့ပါတယ္” ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.