အစ္စရေးနှင့် နည်းပညာဆိုင်ရာစာချုပ်ချုပ်ဆိုခြင်းအပေါ် ဆန့်ကျင်ဆန္ဒပြသည့် ဝန်ထမ်း ၂၈ ဦးအား Google က အလုပ်ထုတ်ပစ်ခဲ့

 1439

ALynn (NP News) - ဧပြီ ၁၉

Google သည် အစ္စရေးအစိုးရကို Cloud နှင့် AI ဝန်ဆောင်မှုများထောက်ပံ့ရန် စာချုပ်ချုပ်ဆိုခြင်း အပေါ် ဆန္ဒပြကြ သည့်ဝန်ထမ်း ၂၈ ဦးအား အလုပ်ထုတ်ပစ်ခဲ့သည်။

“လူမျိုးရေးခွဲခြားခြင်းအတွက် နည်းပညာမရှိ” (No Tech for Apartheid) အမည်ရ ဆန္ဒပြအုပ်စုသည် Google က ဒေါ်လာ ၁ ဒသမ ၂ ဘီလျံတန်ဖိုးရှိ Project Nimbus စာချုပ်ကို ချုပ်ဆိုခြင်းအတွက် ကယ်လီဖိုးနီးယားနှင့် နယူးယောက်ရှိ Google ရုံးများ ရှေ့တွင် ဧပြီလ ၁၆ ရက် (အင်္ဂါနေ့) က ဆန္ဒပြခဲ့ကြသည်။ ဆိုရှယ်မီဒီယာတွင် ဖြန့်ဝေခဲ့သည့်ဗီဒီယိုဖိုင်များတွင် ရဲများက ဆန္ဒပြအလုပ်သမားများကို ဖမ်းဆီးခဲ့ကြောင်း တွေ့ရသည်။

Google ၏ ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က ထုတ်ပြန်ချက်တွင် ရုပ်ပိုင်းဆိုင်ရာ ဝတ္တရား နှောင့်ယှက်ခြင်း နှင့် ကုမ္ပဏီ၏ အကျိုးအမြတ်အတွက် ဟန့်တားနှောင့်ယှက်ခြင်းများသည် “ကုမ္ပဏီ၏ မူဝါဒစည်းမျဉ်းများကို ချိုးဖောက်နေပြီး လက်ခံနိုင်ဖွယ်လုပ်ရပ် မဟုတ်ကြောင်း” ဖော်ပြထားသည်။

“ကုမ္ပဏီအဆောက်အဦမှ ထွက်ခွာကျရန် မေတ္တာရပ်ခံချက်များကို မနာခံသည့်အတွက် ဥပဒေအရ ၎င်းဆန္ဒပြသူ များကို ဖယ်ရှားရန် ဆောင်ရွက်ခဲ့ရကြောင်း” ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

Google က ယခုစာချုပ်သည် လက်နက် နှင့် စုံစမ်းထောက်လှမ်းရေးဆိုင်ရာဝန်ဆောင်မှုများနှင့် ဆက်စပ်မှုမရှိ ကြောင်း ဖော်ပြထားသည်။ Google CEO Sundar Pichai ၏ ဘလော့တွင် ဆန္ဒပြ အလုပ်သမားများကို သတိပေး ချက်များ ဖော်ပြခဲ့သည်။

“ကျွန်ုပ်တို့ကုမ္ပဏီက ထုတ်ကုန်များ ဖန်တီးဖို့နဲ့ အမြင်တွေ ဖလှယ်နိုင်ဖို့ အလုပ်သမားများကို လွတ်လပ်စွာ ဆွေးနွေးဝေမျှခွင့်ရှိတဲ့အလေ့အထကို ကျင့်သုံးပါတယ်။ ဒါပေမယ့် ကျွန်ုပ်တို့က စီးပွားရေးလုပ်နေတဲ့ ကုမ္ပဏီကြီး ဖြစ်တဲ့အတွက် ပြတ်သားတဲ့စည်းမျဉ်းတွေ၊ မျှော်မှန်းချက်တွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် လုပ်ဖော်ကိုင်ဖက် တွေနဲ့ ကုမ္ပဏီရဲ့လုံခြုံရေးကို ထိခိုက်စေမယ့် အပြုအမူလုပ်ရပ်များကို လက်သင့်မခံပါကြောင်း” Google CEO က ဖော်ပြထားသည်။

No Tech for Apartheid အုပ်စုကမူ Google သည် ဆန္ဒပြပွဲတွင် တိုက်ရိုက်ပါဝင်ပတ်သက်ခြင်းမရှိသည့် ဝန်ထမ်းများကိုလည်း အလုပ်ထုတ်ပစ်ကြောင်း စွပ်စွဲထားသည်။ ထို့ပြင် ဆန္ဒပြသူများသည် လုပ်ငန်းခွင်အတွင်း ဝင်ရောက်နှောင့်ယှက်ခဲ့သည်ဆိုသော Google ၏ စွပ်စွဲချက်မှာလည်း အလိမ်အညာတစ်ခုသာဖြစ်ကြောင်း ဖော်ပြခဲ့သည်။

Zawgyi Version;
အစၥေရးႏွင့္ နည္းပညာဆိုင္ရာစာခ်ဳပ္ခ်ဳပ္ဆိုျခင္းအေပၚ ဆန႔္က်င္ဆႏၵျပသည့္ ဝန္ထမ္း ၂၈ ဦးအား Google က အလုပ္ထုတ္ပစ္ခဲ့
ALynn (NP News) - ဧၿပီ ၁၉

Google သည္ အစၥေရးအစိုးရကို Cloud ႏွင့္ AI ဝန္ေဆာင္မႈမ်ားေထာက္ပံ့ရန္ စာခ်ဳပ္ခ်ဳပ္ဆိုျခင္း အေပၚ ဆႏၵျပၾက သည့္ဝန္ထမ္း ၂၈ ဦးအား အလုပ္ထုတ္ပစ္ခဲ့သည္။

“လူမ်ိဳးေရးခြဲျခားျခင္းအတြက္ နည္းပညာမရွိ” (No Tech for Apartheid) အမည္ရ ဆႏၵျပအုပ္စုသည္ Google က ေဒၚလာ ၁ ဒသမ ၂ ဘီလ်ံတန္ဖိုးရွိ Project Nimbus စာခ်ဳပ္ကို ခ်ဳပ္ဆိုျခင္းအတြက္ ကယ္လီဖိုးနီးယားႏွင့္ နယူးေယာက္ရွိ Google ႐ုံးမ်ား ေရွ႕တြင္ ဧၿပီလ ၁၆ ရက္ (အဂၤါေန႔) က ဆႏၵျပခဲ့ၾကသည္။ ဆိုရွယ္မီဒီယာတြင္ ျဖန႔္ေဝခဲ့သည့္ဗီဒီယိုဖိုင္မ်ားတြင္ ရဲမ်ားက ဆႏၵျပအလုပ္သမားမ်ားကို ဖမ္းဆီးခဲ့ေၾကာင္း ေတြ႕ရသည္။

Google ၏ ဧၿပီလ ၁၈ ရက္ (ၾကာသပေတးေန႔) က ထုတ္ျပန္ခ်က္တြင္ ႐ုပ္ပိုင္းဆိုင္ရာ ဝတၱရား ေႏွာင့္ယွက္ျခင္း ႏွင့္ ကုမၸဏီ၏ အက်ိဳးအျမတ္အတြက္ ဟန႔္တားေႏွာင့္ယွက္ျခင္းမ်ားသည္ “ကုမၸဏီ၏ မူဝါဒစည္းမ်ဥ္းမ်ားကို ခ်ိဳးေဖာက္ေနၿပီး လက္ခံႏိုင္ဖြယ္လုပ္ရပ္ မဟုတ္ေၾကာင္း” ေဖာ္ျပထားသည္။

“ကုမၸဏီအေဆာက္အဦမွ ထြက္ခြာက်ရန္ ေမတၱာရပ္ခံခ်က္မ်ားကို မနာခံသည့္အတြက္ ဥပေဒအရ ၎ဆႏၵျပသူ မ်ားကို ဖယ္ရွားရန္ ေဆာင္႐ြက္ခဲ့ရေၾကာင္း” ကုမၸဏီေျပာေရးဆိုခြင့္ရွိသူက ဆိုသည္။

Google က ယခုစာခ်ဳပ္သည္ လက္နက္ ႏွင့္ စုံစမ္းေထာက္လွမ္းေရးဆိုင္ရာဝန္ေဆာင္မႈမ်ားႏွင့္ ဆက္စပ္မႈမရွိ ေၾကာင္း ေဖာ္ျပထားသည္။ Google CEO Sundar Pichai ၏ ဘေလာ့တြင္ ဆႏၵျပ အလုပ္သမားမ်ားကို သတိေပး ခ်က္မ်ား ေဖာ္ျပခဲ့သည္။

“ကြၽႏ္ုပ္တို႔ကုမၸဏီက ထုတ္ကုန္မ်ား ဖန္တီးဖို႔နဲ႔ အျမင္ေတြ ဖလွယ္ႏိုင္ဖို႔ အလုပ္သမားမ်ားကို လြတ္လပ္စြာ ေဆြးေႏြးေဝမွ်ခြင့္ရွိတဲ့အေလ့အထကို က်င့္သုံးပါတယ္။ ဒါေပမယ့္ ကြၽႏ္ုပ္တို႔က စီးပြားေရးလုပ္ေနတဲ့ ကုမၸဏီႀကီး ျဖစ္တဲ့အတြက္ ျပတ္သားတဲ့စည္းမ်ဥ္းေတြ၊ ေမွ်ာ္မွန္းခ်က္ေတြ ရွိၿပီးသားျဖစ္ပါတယ္။ ဒါ့ေၾကာင့္ လုပ္ေဖာ္ကိုင္ဖက္ ေတြနဲ႔ ကုမၸဏီရဲ႕လုံၿခဳံေရးကို ထိခိုက္ေစမယ့္ အျပဳအမူလုပ္ရပ္မ်ားကို လက္သင့္မခံပါေၾကာင္း” Google CEO က ေဖာ္ျပထားသည္။

No Tech for Apartheid အုပ္စုကမူ Google သည္ ဆႏၵျပပြဲတြင္ တိုက္႐ိုက္ပါဝင္ပတ္သက္ျခင္းမရွိသည့္ ဝန္ထမ္းမ်ားကိုလည္း အလုပ္ထုတ္ပစ္ေၾကာင္း စြပ္စြဲထားသည္။ ထို႔ျပင္ ဆႏၵျပသူမ်ားသည္ လုပ္ငန္းခြင္အတြင္း ဝင္ေရာက္ေႏွာင့္ယွက္ခဲ့သည္ဆိုေသာ Google ၏ စြပ္စြဲခ်က္မွာလည္း အလိမ္အညာတစ္ခုသာျဖစ္ေၾကာင္း ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.