ထိုင်ဝမ်ကျွန်းများအနီးတွင် လေကြောင်းလမ်းအသစ်များ ဖွင့်လှစ်လိုက်ကြောင်း တရုတ်အစိုးရကြေညာ

 590

Pika (NP News) - ဧပြီ ၁၉

ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကျွန်းတွေဖြစ်တဲ့ Kinmen နဲ့ Matsu ကျွန်းတွေနဲ့ နီးကပ်တဲ့ ပျံသန်းမှုလမ်းကြောင်း တွေနဲ့အတူ တရုတ်နိုင်ငံ Xiamen မြို့နဲ့ Fuzhou မြို့တို့ကို ပျံသန်းတဲ့လေကြောင်းလမ်းအသစ်ကို ဖွင့်လှစ်လိုက် တယ်လို့ တရုတ်ရဲ့လေကြောင်းထိန်းသိမ်းရေးအဖွဲ့က ဧပြီလ(၁၉)ရက်မှာ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ အဲဒီလုပ်ရပ်ဟာ ထိုင်ဝမ်ကို စိတ်ဆိုးဒေါသဖြစ်စေနိုင်တဲ့လုပ်ရပ်တစ်ခုလည်း ဖြစ်လာနိုင်ဖွယ်ရှိနေပါ တယ်။တရုတ်နိုင်ငံဟာ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းအနီးမှာ M503 လို့ခေါ်တဲ့ ပျံသန်းမှုလမ်းကြောင်းကို ပြောင်းလဲခဲ့ပြီးနောက် ပြီးခဲ့တဲ့ဇန်နဝါရီလမှာ ထိုင်ဝမ်အစိုးရဟာ အဲဒီလုပ်ရပ်နဲ့ပတ်သက်ပြီး စိတ်ဆိုးဒေါသဖြစ်မှု တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

တရုတ်နိုင်ငံက ဖွင့်လှစ်လိုက်တဲ့ Xiamen မြို့နဲ့ Fuzhou မြို့တို့ကို ပျံသန်းမယ့်လေကြောင်းလမ်းအသစ်တွေဟာ M503 ပျံသန်းမှုလမ်းကြောင်းနဲ့ ချိတ်ဆက်ထားတယ်လို့လည်း သိရပါတယ်။ ပြီးတော့ တရုတ်နဲ့ ထိုင်ဝမ်ကြားမှာ ရှိတဲ့ရေလက်ကြားအလယ်မျဉ်းကို ဘယ်ဖက်ကမှ တိုက်လေယာဉ်တွေ ဖြတ်ကျော်ဝင်ရောက်ခဲ့ဖူးတာမျိုးမရှိဘူးလို့ လည်း သိရပါတယ်။

ဒါပေမယ့်လည်း ထိုင်ဝမ်ကျွန်းနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် ဖိအားပေးမှုတွေနဲ့အတူ ရေလက်ကြား အလယ်မျဉ်းကို အသိအမှတ်မပြုကြောင်းနဲ့ လက်ရှိအချိန်မှာ တရုတ်တိုက်လေယာဉ်တွေဟာ ရေလက်ကြား အလယ်မျဉ်းကို ဖြတ်ကျော်ပြီး ပုံမှန်ပျံသန်းမှုတွေလုပ်ဆောင်နေတယ်လို့ တရုတ်ဖက်က ပြောဆိုထားပါတယ်။ ဒါပေမယ့်လည်း ထိုင်ဝမ်ကျွန်းကို ဦးတည်တဲ့လမ်းကြောင်းနှစ်ခုဖြစ်တဲ့ Xiamen မြို့နဲ့ Fuzhou မြို့တို့ကို ပျံသန်းမယ့် လမ်းကြောင်းတွေကို ဘယ်အချိန်မှာ စတင်လုပ်ဆောင်မယ်ဆိုတာကိုတော့ တရုတ်ဘက်က လက်ရှိအချိန်အထိ ထုတ်ပြန်ကြေညာတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
ထိုင္ဝမ္ကြၽန္းမ်ားအနီးတြင္ ေလေၾကာင္းလမ္းအသစ္မ်ား ဖြင့္လွစ္လိုက္ေၾကာင္း တ႐ုတ္အစိုးရေၾကညာ
Pika (NP News) - ဧၿပီ ၁၉

ထိုင္ဝမ္ထိန္းခ်ဳပ္ထားတဲ့ ကြၽန္းေတြျဖစ္တဲ့ Kinmen နဲ႔ Matsu ကြၽန္းေတြနဲ႔ နီးကပ္တဲ့ ပ်ံသန္းမႈလမ္းေၾကာင္း ေတြနဲ႔အတူ တ႐ုတ္ႏိုင္ငံ Xiamen ၿမိဳ႕နဲ႔ Fuzhou ၿမိဳ႕တို႔ကို ပ်ံသန္းတဲ့ေလေၾကာင္းလမ္းအသစ္ကို ဖြင့္လွစ္လိုက္ တယ္လို႔ တ႐ုတ္ရဲ႕ေလေၾကာင္းထိန္းသိမ္းေရးအဖြဲ႕က ဧၿပီလ(၁၉)ရက္မွာ ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ အဲဒီလုပ္ရပ္ဟာ ထိုင္ဝမ္ကို စိတ္ဆိုးေဒါသျဖစ္ေစႏိုင္တဲ့လုပ္ရပ္တစ္ခုလည္း ျဖစ္လာႏိုင္ဖြယ္ရွိေနပါ တယ္။တ႐ုတ္ႏိုင္ငံဟာ ထိုင္ဝမ္ေရလက္ၾကားအလယ္မ်ဥ္းအနီးမွာ M503 လို႔ေခၚတဲ့ ပ်ံသန္းမႈလမ္းေၾကာင္းကို ေျပာင္းလဲခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ဇန္နဝါရီလမွာ ထိုင္ဝမ္အစိုးရဟာ အဲဒီလုပ္ရပ္နဲ႔ပတ္သက္ၿပီး စိတ္ဆိုးေဒါသျဖစ္မႈ ေတြကို ထုတ္ေဖာ္ျပသခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံက ဖြင့္လွစ္လိုက္တဲ့ Xiamen ၿမိဳ႕နဲ႔ Fuzhou ၿမိဳ႕တို႔ကို ပ်ံသန္းမယ့္ေလေၾကာင္းလမ္းအသစ္ေတြဟာ M503 ပ်ံသန္းမႈလမ္းေၾကာင္းနဲ႔ ခ်ိတ္ဆက္ထားတယ္လို႔လည္း သိရပါတယ္။ ၿပီးေတာ့ တ႐ုတ္နဲ႔ ထိုင္ဝမ္ၾကားမွာ ရွိတဲ့ေရလက္ၾကားအလယ္မ်ဥ္းကို ဘယ္ဖက္ကမွ တိုက္ေလယာဥ္ေတြ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့ဖူးတာမ်ိဳးမရွိဘူးလို႔ လည္း သိရပါတယ္။

ဒါေပမယ့္လည္း ထိုင္ဝမ္ကြၽန္းနဲ႔ ျပန္လည္ေပါင္းစည္းေရးအတြက္ ဖိအားေပးမႈေတြနဲ႔အတူ ေရလက္ၾကား အလယ္မ်ဥ္းကို အသိအမွတ္မျပဳေၾကာင္းနဲ႔ လက္ရွိအခ်ိန္မွာ တ႐ုတ္တိုက္ေလယာဥ္ေတြဟာ ေရလက္ၾကား အလယ္မ်ဥ္းကို ျဖတ္ေက်ာ္ၿပီး ပုံမွန္ပ်ံသန္းမႈေတြလုပ္ေဆာင္ေနတယ္လို႔ တ႐ုတ္ဖက္က ေျပာဆိုထားပါတယ္။ ဒါေပမယ့္လည္း ထိုင္ဝမ္ကြၽန္းကို ဦးတည္တဲ့လမ္းေၾကာင္းႏွစ္ခုျဖစ္တဲ့ Xiamen ၿမိဳ႕နဲ႔ Fuzhou ၿမိဳ႕တို႔ကို ပ်ံသန္းမယ့္ လမ္းေၾကာင္းေတြကို ဘယ္အခ်ိန္မွာ စတင္လုပ္ေဆာင္မယ္ဆိုတာကိုေတာ့ တ႐ုတ္ဘက္က လက္ရွိအခ်ိန္အထိ ထုတ္ျပန္ေၾကညာတာမ်ိဳးမရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.