တောင်ကိုရီးယားမှာ ငွေစက္ကူကို မိတ္တူကူးပြီး တိုက်ခန်းပြတင်းပေါက်ကနေ ပစ်ချခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ချမှတ်ခံရ

 555

ရောင်နီ (NP News) - ဧပြီ ၂ဝ

တောင်ကိုရီးယားမှာ ရာနဲ့ချီတဲ့ ငွေစက္ကူအတုတွေနဲ့ လက်ဆောင်လက်မှတ်တွေကို မိတ္တူကူးယူပြီး တိုက်ခန်း အဆောက်အအုံ ပြတင်းပေါက်မှ ဖြန့်ကြဲချခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ဂျို လို့ အမည်ရတဲ့ အသက် ၄၃ နှစ်အရွယ် သံသယရှိသူကို ဆိုးလ်မြောက်ပိုင်းခရိုင်တရားရုံးက ငွေကြေးအတုလုပ်မှု၊ တန်ဖိုးကြီး လုံခြုံရေးအတုလုပ်မှု နဲ့ အသရေဖျက်မှု အပါအဝင် စွဲချက်တင် ခံထားရခြင်းအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ငွေစက္ကူအတုတွေထဲက တစ်ခုကို အခြားတစ်ယောက်ယောက်က မသိလိုက်ဘဲ ကောက်ယူပြီး အသုံးပြုမိမယ်ဆိုရင် နောက်ဆက်တွဲ ချိုးဖောက်မှုတစ်ခု ဖြစ်စေနိုင်တယ်လို့ ၎င်းကဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

၎င်းက စုစုပေါင်း ဝမ် ၅၀၀၀၀ တန် ငွေစက္ကူ ၂၈၈ ခုနဲ့ လက်ဆောင်လက်မှတ် ၃၂ ခုကို အရေးပေါ်လှေကားထစ် တစ်ခုရဲ့ပြတင်းပေါက်မှ ပစ်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် တရားခံဟာ ၎င်းရဲ့ပြစ်မှုအတွက် အလွန်နောင်တရကြောင်းနဲ့ ငွေစက္ကူ အတုအများစုကို အများပြည်သူ ကို ဖြန့်ဝေခြင်းမရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။
ယင်းထွက်ဆိုချက်ကို ထည့်သွင်းစဉ်းစားပြီး တရားခံကို တရားရုံးက ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယားမွာ ေငြစကၠဴကို မိတၱဴကူးၿပီး တိုက္ခန္းျပတင္းေပါက္ကေန ပစ္ခ်ခဲ့တဲ့ အမ်ိဳးသား ေထာင္ဒဏ္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဧၿပီ ၂ဝ

ေတာင္ကိုရီးယားမွာ ရာနဲ႔ခ်ီတဲ့ ေငြစကၠဴအတုေတြနဲ႔ လက္ေဆာင္လက္မွတ္ေတြကို မိတၱဴကူးယူၿပီး တိုက္ခန္း အေဆာက္အအုံ ျပတင္းေပါက္မွ ျဖန႔္ႀကဲခ်ခဲ့တဲ့ အမ်ိဳးသား ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

ဂ်ိဳ လို႔ အမည္ရတဲ့ အသက္ ၄၃ ႏွစ္အ႐ြယ္ သံသယရွိသူကို ဆိုးလ္ေျမာက္ပိုင္းခ႐ိုင္တရား႐ုံးက ေငြေၾကးအတုလုပ္မႈ၊ တန္ဖိုးႀကီး လုံၿခဳံေရးအတုလုပ္မႈ နဲ႔ အသေရဖ်က္မႈ အပါအဝင္ စြဲခ်က္တင္ ခံထားရျခင္းအတြက္ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ရပါတယ္။

အဆိုပါျဖစ္ရပ္ဟာ ေငြစကၠဴအတုေတြထဲက တစ္ခုကို အျခားတစ္ေယာက္ေယာက္က မသိလိုက္ဘဲ ေကာက္ယူၿပီး အသုံးျပဳမိမယ္ဆိုရင္ ေနာက္ဆက္တြဲ ခ်ိဳးေဖာက္မႈတစ္ခု ျဖစ္ေစႏိုင္တယ္လို႔ ၎ကဆိုပါတယ္။

ဒီျဖစ္ရပ္ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၅ ရက္က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

၎က စုစုေပါင္း ဝမ္ ၅၀၀၀၀ တန္ ေငြစကၠဴ ၂၈၈ ခုနဲ႔ လက္ေဆာင္လက္မွတ္ ၃၂ ခုကို အေရးေပၚေလွကားထစ္ တစ္ခုရဲ႕ျပတင္းေပါက္မွ ပစ္ခ်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဒါေပမယ့္ တရားခံဟာ ၎ရဲ႕ျပစ္မႈအတြက္ အလြန္ေနာင္တရေၾကာင္းနဲ႔ ေငြစကၠဴ အတုအမ်ားစုကို အမ်ားျပည္သူ ကို ျဖန႔္ေဝျခင္းမရွိခဲ့ေၾကာင္း ဆိုခဲ့ပါတယ္။
ယင္းထြက္ဆိုခ်က္ကို ထည့္သြင္းစဥ္းစားၿပီး တရားခံကို တရား႐ုံးက ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.