ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် "ကမ္ဘာကျော်" အမည်ရှိ ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွား

 3605

စော (NP News) - မေ ၂

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကမ္ဘာကျော်အမည်ရှိ ခရီးသည်တင်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အဖြူရောင်လူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (မေလ ၂ ရက်)၊ ညနေ (၅)နာရီအချိန်တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၁၅၃) ရပ်ကွက်၊ အမှတ် (၂)လမ်းမတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်က မီးငြှိမ်းခါနီးလောက်မှရောက်တာပါ။ မီးလောင်တဲ့အကြောင်းတော့ မသိလိုက်ပါဘူး။ မီးလောင်တဲ့ကားကတော့ စာတန်းတွေတော့ ပျက်နေပြီ။ ဆေးတွေလည်းမရှိတော့ဘူး။ ပဲခူးကမ္ဘာကျော်ကားလောင်တာပါ။ ဇဝနကနေပြီးတော့ ပဲခူးကိုထွက်တဲ့ကားတွေပါ”ဟု အဖြူရောင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ကားမီးလောင်မှုတွင် ခရီးသည်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း ကားတစ်စီးလုံး မီးလောင်ပျက်စီး ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မီးလောင်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမှ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကို ဒဂုံမြိုသစ်(တောင်ပိုင်း)မြိုနယ်မီးသတ်စခန်း၊ ဒဂုံမြိုသစ်(အရှေ့ပိုင်း)မြိုနယ် မီးသတ်စခန်းတို့မှ မီးငြှိမ်းသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၁၀)မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားကြောင်း သိရသည်။

အလားတူ ယနေ့ နံနက် ( ၄)နာရီခွဲအချိန်တွင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဆားကျင်းကျေးရွာအုပ်စု၊ မီးသွေးဖိုကျေးရွာရှိ သင်္ဘောကျင်းတွင် ပြန်လည်ပြုပြင်နေသာ ကုန်တင်/ခရီးသည်တင်သင်္ဘော မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

zawgyi version
ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ "ကမာၻေက်ာ္" အမည္ရွိ ခရီးသည္တင္ကားတစ္စီး မီးေလာင္မႈျဖစ္ပြား

ေစာ (NP News) - ေမ ၂

ရန္ကုန္တိုင္း၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ ကမာၻေက်ာ္အမည္ရွိ ခရီးသည္တင္ကားတစ္စီး မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း အျဖဴေရာင္လူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ေမလ ၂ ရက္)၊ ညေန (၅)နာရီအခ်ိန္တြင္ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ (၁၅၃) ရပ္ကြက္၊ အမွတ္ (၂)လမ္းမတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္က မီးျငႇိမ္းခါနီးေလာက္မွေရာက္တာပါ။ မီးေလာင္တဲ့အေၾကာင္းေတာ့ မသိလိုက္ပါဘူး။ မီးေလာင္တဲ့ကားကေတာ့ စာတန္းေတြေတာ့ ပ်က္ေနၿပီ။ ေဆးေတြလည္းမရွိေတာ့ဘူး။ ပဲခူးကမာၻေက်ာ္ကားေလာင္တာပါ။ ဇဝနကေနၿပီးေတာ့ ပဲခူးကိုထြက္တဲ့ကားေတြပါ”ဟု အျဖဴေရာင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ကားမီးေလာင္မႈတြင္ ခရီးသည္ထိခိုက္ဒဏ္ရာရရွိမႈမရွိခဲ့ေသာ္လည္း ကားတစ္စီးလုံး မီးေလာင္ပ်က္စီး ဆုံးရႈံးသြားခဲ့ေၾကာင္း သိရသည္။ လက္ရွိတြင္ မီးေလာင္မႈျဖစ္ပြားရျခင္းအေၾကာင္းအရင္းႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးမ်ားကို သက္ဆိုင္ရာမွ တာဝန္ရွိသူမ်ားက စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါမီးေလာင္မႈကို ဒဂုံၿမိဳသစ္(ေတာင္ပိုင္း)ၿမိဳနယ္မီးသတ္စခန္း၊ ဒဂုံၿမိဳသစ္(အေရွ႕ပိုင္း)ၿမိဳနယ္ မီးသတ္စခန္းတို႔မွ မီးျငႇိမ္းသတ္ယာဥ္မ်ားျဖင့္ ထြက္ခြာျငႇိမ္းသတ္ခဲ့ရာ (၁၀)မိနစ္ခန႔္အၾကာတြင္ မီးၿငိမ္းသြားေၾကာင္း သိရသည္။

အလားတူ ယေန႔ နံနက္ ( ၄)နာရီခြဲအခ်ိန္တြင္ ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္၊ ဆားက်င္းေက်း႐ြာအုပ္စု၊ မီးေသြးဖိုေက်း႐ြာရွိ သေဘၤာက်င္းတြင္ ျပန္လည္ျပဳျပင္ေနသာ ကုန္တင္/ခရီးသည္တင္သေဘၤာ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.