(၃)နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ်(၂၅၀)ဘီလျံကျော် ဖမ်းဆီးရမိခဲ့ဟု နစကဒုဥက္ကဋ္ဌဆို
730
ယွန်း(NP News) - မေ ၁၆
(၃)နှစ်အတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ်(၂၅၀)ဘီလျံကျော် ဖမ်းဆီးရမိခဲ့ကြောင်း နစကဒုဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစကဒုဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးစိုးဝင်းက မေလ(၁၅)ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ အဆိုပါအဖွဲ့မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အမှုတွဲပေါင်း (၁၂၄၃၀)မှုကို ဖမ်းဆီးရမိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖမ်းဆီးရမိမှုများအနက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လနှင့် ဧပြီလအတွင်း အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော် အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုတွင် မန္တလေးတိုင်းမှ အများဆုံးဖမ်းဆီးရမိခဲ့ကြောင်း နစကဒုဥက္ကဋ္ဌက ဆိုထားသည်။
ထို့ပြင် ကချင်ပြည်နယ်မှ ဒုတိယအများဆုံး နှင့် တနင်္သာရီတိုင်းမှ တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရကြောင်း ၎င်းက ဆက်လက်ပြော သည်။ ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဥ်နှင့် တရားမဝင်ကုန်စည်တင်ရေယာဥ် အပါအဝင် မော်တော်ယာဥ်ယန္တရားဖမ်းဆီးရရှိမှုများသည် အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးမှာ လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်၍ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
ထိုသို့တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို များစွာအနှောင့်အယှက်အဟန့်အတားဖြစ်စေပြီး အခွန်ဘဏ္ဍာများ ဆုံးရှုံးခြင်းနှင့် နိုင်ငံ၏ လူမှုစီးပွားရေးကဏ္ဍအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုများလည်းရှိနေကြောင်း နစကဒုဥက္ကဋ္ဌက ဆိုသည်။
ထို့ပြင် Online မှ ပြည်တွင်း၌ ရောင်းချသည့်ဆေးဝါး၊ အလှကုန်၊ စား သောက်ကုန်၊ လူသုံးကုန် စသည့်ကုန်စည်အများစုမှာလည်း တရားမဝင် လမ်းကြောင်းများမှ တင်သွင်းရောင်းချနေခြင်းဖြစ်ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။
သို့ဖြစ်၍ အထူးအဖွဲ့များနှင့် One Stop Service (OSS) ဌာနဆိုင်ရာများအပြင် FDA၊ CID တို့အနေဖြင့် ပုံမှန်တားဆီးဖမ်းဆီးခြင်း၊ အသွင်ယူသတင်းထောက်လှမ်းတားဆီးဖမ်းဆီးခြင်းနှင့် သတင်းပေးတိုင်ကြားမှုများအရဖမ်းဆီးခြင်းများကို ပိုမိုထိရောက်စွာဆောင်ရွက်ရန် ၎င်းကတိုက်တွန်းထားသည်။
zawgyi version
(၃)ႏွစ္အတြင္း တရားမဝင္ကုန္သြယ္မႈမွ ေငြက်ပ္(၂၅၀)ဘီလ်ံေက်ာ္ ဖမ္းဆီးရမိခဲ့ဟု နစကဒုဥကၠ႒ဆို
ယြန္း(NP News) - ေမ ၁၆
(၃)ႏွစ္အတြင္း တရားမဝင္ကုန္သြယ္မႈမွ ေငြက်ပ္(၂၅၀)ဘီလ်ံေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း နစကဒုဥကၠ႒က အသိေပးေျပာၾကားထားသည္။
နစကဒုဥကၠ႒၊ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး ဦးစိုးဝင္းက ေမလ(၁၅)ရက္တြင္ ေနျပည္ေတာ္ရွိ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန ညီလာခံခန္းမ၌ က်င္းပခဲ့သည့္ တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီလုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
တရားမဝင္ကုန္သြယ္မႈတိုက္ဖ်က္ေရး ဦးေဆာင္ေကာ္မတီကို ၿပီးခဲ့သည့္ ၂၀၂၁ ခုႏွစ္၊ ဧၿပီလတြင္ ျပင္ဆင္ဖြဲ႕စည္းခဲ့ရာ အဆိုပါအဖြဲ႕မွ ၂၀၂၄ ခုႏွစ္၊ ဧၿပီလအထိ အမႈတြဲေပါင္း (၁၂၄၃၀)မႈကို ဖမ္းဆီးရမိခဲ့ၿပီး ခန႔္မွန္းတန္ဖိုးေငြက်ပ္ ၂၅၀ ဒသမ ၁၇၆ ဘီလ်ံ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ဖမ္းဆီးရမိမႈမ်ားအနက္မွ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီ၊ မတ္လႏွင့္ ဧၿပီလအတြင္း အေကာက္ခြန္ဦးစီးဌာနက အမ်ားဆုံးဖမ္းဆီးရမိခဲ့ၿပီး ေနျပည္ေတာ္ အပါအဝင္ တိုင္းေဒသႀကီး/ ျပည္နယ္အလိုက္ ဖမ္းဆီးရရွိမႈတြင္ မႏၲေလးတိုင္းမွ အမ်ားဆုံးဖမ္းဆီးရမိခဲ့ေၾကာင္း နစကဒုဥကၠ႒က ဆိုထားသည္။
ထို႔ျပင္ ကခ်င္ျပည္နယ္မွ ဒုတိယအမ်ားဆုံး ႏွင့္ တနသၤာရီတိုင္းမွ တတိယအမ်ားဆုံး ဖမ္းဆီးရမိခဲ့သည္ကိုေတြ႕ရေၾကာင္း ၎က ဆက္လက္ေျပာ သည္။ ကုန္ပစၥည္းအုပ္စုအလိုက္ ဖမ္းဆီးရရွိမႈမ်ားကို စိစစ္ရာတြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွင့္ တရားမဝင္ကုန္စည္တင္ေရယာဥ္ အပါအဝင္ ေမာ္ေတာ္ယာဥ္ယႏၲရားဖမ္းဆီးရရွိမႈမ်ားသည္ အမ်ားဆုံးျဖစ္ၿပီး ဒုတိယအမ်ားဆုံးမွာ လုပ္ငန္းသုံးကုန္ၾကမ္းမ်ားျဖစ္၍ တတိယအမ်ားဆုံးက ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းမ်ား ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔တရားမဝင္ကုန္သြယ္မႈမ်ားေၾကာင့္ ႏိုင္ငံေတာ္၏ ကုန္သြယ္မႈက႑ ဖြံ႕ၿဖိဳးတိုးတက္ေစေရးကို မ်ားစြာအေႏွာင့္အယွက္အဟန႔္အတားျဖစ္ေစၿပီး အခြန္ဘ႑ာမ်ား ဆုံးရႈံးျခင္းႏွင့္ ႏိုင္ငံ၏ လူမႈစီးပြားေရးက႑အေပၚ အျပဳသေဘာမေဆာင္သည့္ သက္ေရာက္မႈမ်ားလည္းရွိေနေၾကာင္း နစကဒုဥကၠ႒က ဆိုသည္။
ထို႔ျပင္ Online မွ ျပည္တြင္း၌ ေရာင္းခ်သည့္ေဆးဝါး၊ အလွကုန္၊ စား ေသာက္ကုန္၊ လူသုံးကုန္ စသည့္ကုန္စည္အမ်ားစုမွာလည္း တရားမဝင္ လမ္းေၾကာင္းမ်ားမွ တင္သြင္းေရာင္းခ်ေနျခင္းျဖစ္ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။
သို႔ျဖစ္၍ အထူးအဖြဲ႕မ်ားႏွင့္ One Stop Service (OSS) ဌာနဆိုင္ရာမ်ားအျပင္ FDA၊ CID တို႔အေနျဖင့္ ပုံမွန္တားဆီးဖမ္းဆီးျခင္း၊ အသြင္ယူသတင္းေထာက္လွမ္းတားဆီးဖမ္းဆီးျခင္းႏွင့္ သတင္းေပးတိုင္ၾကားမႈမ်ားအရဖမ္းဆီးျခင္းမ်ားကို ပိုမိုထိေရာက္စြာေဆာင္႐ြက္ရန္ ၎ကတိုက္တြန္းထားသည္။