တစ်ရက်တည်းတွင် အကြမ်းဖက်သမား (၄)ဦးက အမျိုးသား(၂)ဦးအား ပစ်ခတ်သတ်ဖြတ်မှု ကော့သောင်းမြို့နယ်တွင် ဖြစ်ပွား

 344

Pearl (NP News) - ဇူလိုင် ၄

တစ်ရက်တည်းတွင် အကြမ်းဖက်သမား (၄)ဦးက အရပ်သား(၂)ဦးအား ပစ်ခတ်သတ်ဖြတ်မှု ကော့သောင်းမြို့နယ်တွင် ဖြစ်ပွား
ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၂) ရက် နံနက် (၁၁) နာရီခွဲခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ အေးချမ်းသာကျေးရွာတွင်နေထိုင်သော ဦးမြင့်ရှိန်(ခ)ချောကလက်(၃၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဦးမြင့်ရှိန်(ခ)ချောကလက်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အလားတူ နေ့လည် (၁၂) နာရီခွဲခန့်တွင် ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးလှနိုင်(၅၉)နှစ်သည် ၎င်း၏နေအိမ်အရှေ့ဘက် ကိုက် ၅၀ ခန့်အကွာ ဆိပ်ဖူးကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းအနီး လမ်းဆုံ၌ရှိနေစဉ် အကြမ်းဖက်သမား လေးဦး(စိစစ်ဆဲ)က ဆိုင်ကယ် နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးလှနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

Zawgyi Version:
တစ္ရက္တည္းတြင္ အၾကမ္းဖက္သမား (၄)ဦးက အမ်ိဳးသား(၂)ဦးအား ပစ္ခတ္သတ္ျဖတ္မႈ ေကာ့ေသာင္းၿမိဳ႕နယ္တြင္ ျဖစ္ပြား
Pearl (NP News) - ဇူလိုင္ ၄

တစ္ရက္တည္းတြင္ အၾကမ္းဖက္သမား (၄)ဦးက အရပ္သား(၂)ဦးအား ပစ္ခတ္သတ္ျဖတ္မႈ ေကာ့ေသာင္းၿမိဳ႕နယ္တြင္ ျဖစ္ပြား
ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္ (၂) ရက္ နံနက္ (၁၁) နာရီခြဲခန႔္တြင္ တနသၤာရီတိုင္းေဒသႀကီး၊ ေကာ့ေသာင္းၿမိဳ႕နယ္၊ ေအးခ်မ္းသာေက်း႐ြာတြင္ေနထိုင္ေသာ ဦးျမင့္ရွိန္(ခ)ေခ်ာကလက္(၃၅)ႏွစ္သည္ ၎၏ေနအိမ္၌ ရွိေနစဥ္ အၾကမ္းဖက္သမား ေလးဦး(စိစစ္ဆဲ)က ဆိုင္ကယ္ ႏွစ္စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္မႈေၾကာင့္ ဦးျမင့္ရွိန္(ခ)ေခ်ာကလက္တြင္ က်ည္ထိမွန္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အလားတူ ေန႔လည္ (၁၂) နာရီခြဲခန႔္တြင္ ေကာ့ေသာင္းၿမိဳ႕နယ္၊ ဆိပ္ဖူးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ ဦးလွႏိုင္(၅၉)ႏွစ္သည္ ၎၏ေနအိမ္အေရွ႕ဘက္ ကိုက္ ၅၀ ခန႔္အကြာ ဆိပ္ဖူးေက်း႐ြာ အေျခခံပညာမူလတန္းလြန္ေက်ာင္းအနီး လမ္းဆုံ၌ရွိေနစဥ္ အၾကမ္းဖက္သမား ေလးဦး(စိစစ္ဆဲ)က ဆိုင္ကယ္ ႏွစ္စီးျဖင့္ ေရာက္ရွိလာၿပီး ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္သြားခဲ့သျဖင့္ ဦးလွႏိုင္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ က်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရး အတြက္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္ လ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.