သင်္ဃန်းကျွန်းမှပြန်ပေးဆွဲခံရသော မူလတန်းကျောင်းသား(၆)ရက်ကြာသည်အထိ ရှာမတွေ့သေး

 1731

စော(NP News) - ဇူလိုင် ၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြိုနယ်ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော မူလတန်းကျောင်းသားတစ်ဦးသည် ပြန်ပေးဆွဲခံရ၍ (၆)ရက်ကြာသည်အထိ ပြန်မလွတ် သေးကြောင်း သိရသည်။
အဆိုပါကျောင်းသားကို အမည်မသိလူတစ်ဦးက ကျောင်းဆင်းချိန်တွင် ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ပြီး ၎င်းအား ကျပ် သိန်း (၃၀၀)ဖြင့် ပြန်ရွေးရန် မိဘများထံ အကြောင်းကြားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ခရိုင်အဆင့် အစည်းအဝေးခေါ်ယူခဲ့သော်လည်း ယခုအချိန်အထိ ပြန်မရွေးနိုင်သေးခြင်းဖြစ်ပြီး အခြားစာသင်ကျောင်းများအနေဖြင့်လည်း ကလေးများကို ဂရုစိုက်ရန်နှင့် မိဘများလက်ထဲသို့ သေသေချာချာအပ်နှံရန်သာ ပြောကြားထားကြောင်းသိရသည်။
ရန်ကုန်မြို့တွင် ၂၀၂၅ ခုနှစ်နှစ်စပိုင်းမှ စတင်၍ ကလေးငယ်များအပေါ် ပစ်မှတ်ထားသည့် ပြန်ပြေးဆွဲမှုများ ဆက်တိုက်ဆိုသကဲ့သို့ ဖြစ်ပွားလာနေကြောင်း ပြည်သူများက ဝေဖန်မှုများရှိနေကြပြီး မိဘများအနေဖြင့် မိမိတို့သားသမီးများအပေါ် အထူးဂရုစိုက်ကြရန် လူမှုကွန်ယက် စာမျက်နှာပေါ်တွင် သတိပေးမှုများကိုလည်း ပိုမိုတွေ့မြင်လာနေရသည်။
တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်တွင် ပြီးခဲ့သည့် ဇွန် (၁၀)ရက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးက အသက် (၁)နှစ်ခွဲအရွယ်ကလေးငယ်ကို ခိုးယူသွားကာ ပြန်ပေးဆွဲငွေညစ်သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသေး သည်။

Zawgyi Version:
သဃၤန္းကြၽန္းမွျပန္ေပးဆြဲခံရေသာ မူလတန္းေက်ာင္းသား(၆)ရက္ၾကာသည္အထိ ရွာမေတြ႕ေသး
ေစာ(NP News) - ဇူလိုင္ ၄
ရန္ကုန္တိုင္းေဒသႀကီး၊ သဃၤန္းကြၽန္းၿမိဳနယ္ရွိ စာသင္ေက်ာင္းတစ္ေက်ာင္းတြင္ ပညာသင္ၾကားေနေသာ မူလတန္းေက်ာင္းသားတစ္ဦးသည္ ျပန္ေပးဆြဲခံရ၍ (၆)ရက္ၾကာသည္အထိ ျပန္မလြတ္ ေသးေၾကာင္း သိရသည္။
အဆိုပါေက်ာင္းသားကို အမည္မသိလူတစ္ဦးက ေက်ာင္းဆင္းခ်ိန္တြင္ ျပန္ေပးဆြဲခဲ့ျခင္းျဖစ္ၿပီး ၎အား က်ပ္ သိန္း (၃၀၀)ျဖင့္ ျပန္ေ႐ြးရန္ မိဘမ်ားထံ အေၾကာင္းၾကားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ခ႐ိုင္အဆင့္ အစည္းအေဝးေခၚယူခဲ့ေသာ္လည္း ယခုအခ်ိန္အထိ ျပန္မေ႐ြးႏိုင္ေသးျခင္းျဖစ္ၿပီး အျခားစာသင္ေက်ာင္းမ်ားအေနျဖင့္လည္း ကေလးမ်ားကို ဂ႐ုစိုက္ရန္ႏွင့္ မိဘမ်ားလက္ထဲသို႔ ေသေသခ်ာခ်ာအပ္ႏွံရန္သာ ေျပာၾကားထားေၾကာင္းသိရသည္။
ရန္ကုန္ၿမိဳ႕တြင္ ၂၀၂၅ ခုႏွစ္ႏွစ္စပိုင္းမွ စတင္၍ ကေလးငယ္မ်ားအေပၚ ပစ္မွတ္ထားသည့္ ျပန္ေျပးဆြဲမႈမ်ား ဆက္တိုက္ဆိုသကဲ့သို႔ ျဖစ္ပြားလာေနေၾကာင္း ျပည္သူမ်ားက ေဝဖန္မႈမ်ားရွိေနၾကၿပီး မိဘမ်ားအေနျဖင့္ မိမိတို႔သားသမီးမ်ားအေပၚ အထူးဂ႐ုစိုက္ၾကရန္ လူမႈကြန္ယက္ စာမ်က္ႏွာေပၚတြင္ သတိေပးမႈမ်ားကိုလည္း ပိုမိုေတြ႕ျမင္လာေနရသည္။
တိုက္ႀကီးၿမိဳ႕နယ္၊ ဥပၸဳံစုရပ္ကြက္တြင္ ၿပီးခဲ့သည့္ ဇြန္ (၁၀)ရက္က ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးတစ္ဦးက အသက္ (၁)ႏွစ္ခြဲအ႐ြယ္ကေလးငယ္ကို ခိုးယူသြားကာ ျပန္ေပးဆြဲေငြညစ္သည့္ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးေသး သည္။

Related news

© 2021. All rights reserved.