တောင်ကိုရီးယားသရုပ်ဆောင် ယိုးအာအင် ဆေးမှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရ

294
ရောင်နီ (NP News) - ဇူလိုင် ၄
တောင်ကိုရီးယားသရုပ်ဆောင် မင်းသား ယိုးအာအင်ဟာ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အက်ဥပဒေ ချိုးဖောက်မှုနဲ့ တောင်ကိုရီးယားတရားရုံးချုပ် ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ ဝမ် ၂ သန်း(ဒေါ်လာ ၁၅၀၀) ကို ဇူလိုင်လ ၃ ရက်က ချမှတ်ခဲ့ပါတယ်။
ယိုးအာအင်ကို ပရိုပိုဖော၊ မီဒါဇိုလန်၊ ကီတာမိုင်းနဲ့ ရီမီမာဇိုလန် အပါအဝင် တရားမဝင် မူးယစ်ဆေးဝါး ၄ မျိုး သုံးစွဲမှုနဲ့ ၂၀၂၀ ပြည့်နှစ်က စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ၅ နှစ်ခန့် တရားရင်ဆိုင်ပြီးတဲ့နောက် ခရိုင်တရားရုံးက စွဲချက်အားလုံးအတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။ ပြစ်ဒဏ်အနေနဲ့ ပထမ ထောင်ဒဏ် ၁ နှစ်အပြင် ဒဏ်ငွေ ဝမ်၂ သန်း၊ ပြန်လည်ထူထောင်ရေး နာရီ ၈၀ နဲ့ နောက်ထပ် တရားရုံးအခကြေးငွေ ဝမ် ၁.၅၄ သန်း ချမှတ်ခဲ့တာဖြစ်ပြီး အယူခံဝင်ခဲ့ပြီးနောက် ထောင်ဒဏ် ၂ နှစ်နဲ့ ဒဏ်ငွေ ဝမ် ၂ သန်းထိသာ ပြောင်းလဲ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
ယိုးအာအင်ဟာ "Hellbound " "Alive" "Sungkyunkwan Scandal" ဇာတ်ကားနဲ့ လူသိများပြီး ပရိသတ်အားပေးမှု အပြည့်အဝ ရရှိထားတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။
Zawgyi Verson:
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ယိုးအာအင္ ေဆးမႈနဲ႔ ေထာင္ဒဏ္ ၂ ႏွစ္ ခ်မွတ္ခံရ
ေရာင္နီ (NP News) - ဇူလိုင္ ၄
ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ မင္းသား ယိုးအာအင္ဟာ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရး အက္ဥပေဒ ခ်ိဳးေဖာက္မႈနဲ႔ ေတာင္ကိုရီးယားတရား႐ုံးခ်ဳပ္ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ဒဏ္ေငြ ဝမ္ ၂ သန္း(ေဒၚလာ ၁၅၀၀) ကို ဇူလိုင္လ ၃ ရက္က ခ်မွတ္ခဲ့ပါတယ္။
ယိုးအာအင္ကို ပ႐ိုပိုေဖာ၊ မီဒါဇိုလန္၊ ကီတာမိုင္းနဲ႔ ရီမီမာဇိုလန္ အပါအဝင္ တရားမဝင္ မူးယစ္ေဆးဝါး ၄ မ်ိဳး သုံးစြဲမႈနဲ႔ ၂၀၂၀ ျပည့္ႏွစ္က စြဲခ်က္တင္ခဲ့တာျဖစ္ပါတယ္။ ၅ ႏွစ္ခန႔္ တရားရင္ဆိုင္ၿပီးတဲ့ေနာက္ ခ႐ိုင္တရား႐ုံးက စြဲခ်က္အားလုံးအတြက္ အျပစ္ရွိေၾကာင္း ေတြ႕ရွိခဲ့ပါတယ္။ ျပစ္ဒဏ္အေနနဲ႔ ပထမ ေထာင္ဒဏ္ ၁ ႏွစ္အျပင္ ဒဏ္ေငြ ဝမ္၂ သန္း၊ ျပန္လည္ထူေထာင္ေရး နာရီ ၈၀ နဲ႔ ေနာက္ထပ္ တရား႐ုံးအခေၾကးေငြ ဝမ္ ၁.၅၄ သန္း ခ်မွတ္ခဲ့တာျဖစ္ၿပီး အယူခံဝင္ခဲ့ၿပီးေနာက္ ေထာင္ဒဏ္ ၂ ႏွစ္နဲ႔ ဒဏ္ေငြ ဝမ္ ၂ သန္းထိသာ ေျပာင္းလဲ ခ်မွတ္ခဲ့တယ္လို႔ သိရပါတယ္။
ယိုးအာအင္ဟာ "Hellbound " "Alive" "Sungkyunkwan Scandal" ဇာတ္ကားနဲ႔ လူသိမ်ားၿပီး ပရိသတ္အားေပးမႈ အျပည့္အဝ ရရွိထားတဲ့ မင္းသားတစ္လက္ျဖစ္ပါတယ္။