လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

153

အမရာဟန်(NP News) ဇူလိုင်-၅
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ၎င်း၏ ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ရေအားစက်ရုံများဌာနလက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် လိုအပ်သောပစ္စည်းများ ဝယ်ယူရန် မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါ နှစ်စောင်ခေါ်ယူနေကြောင်း သိရသည်။
ခေါ်ယူထားသည့် တင်ဒါများတွင် Tender No. 32(T)/EPGE (REHP)/2025-2026 အမှတ်ဖြင့် ရဲရွာဓာတ်အားပေးစက်ရုံအတွက် လျှပ်စစ်ပိုင်းဆိုင်ရာ စက်အရံပစ္စည်း (၇) မျိုး ဝယ်ယူခြင်း၊ နောက်ထပ်တင်ဒါတစ်ခုဖြစ်သည့် Tender No. 37(T)/EPGE/ Civil/ 2025-2026 မှာမူ အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံရှိ စက်ရုံမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာသို့ သွားရာလမ်းတစ်လျှောက် ကမ်းပါးပြိုကျခြင်းအား Gabion Wall ဖြင့် ပြုပြင်ကာကွယ်ရန်အတွက် ၆" x ၉" ကျောက်ကြီး (၄၀၀) ပေ (Lot-1) နှင့် သံချောင်းလုံး (HRB-500)၊ Gabion Box (6'-6" x 6'-6" x 2') (၄၀၀) ပေ (Lot-2) တို့ ဝယ်ယူရန် ခေါ်ယူခြင်းဖြစ်ကြောင်းသိရသည်။
စိတ်ပါဝင်စားသူများသည် နည်းပညာစံချိန်စံညွှန်းအဆိုပြုလွှာ (Technical Proposal) စာအိတ် (က) နှင့် ဈေးနှုန်းအဆိုပြုလွှာ (Financial Proposal) စာအိတ် (ခ) တို့ကို သီးခြားစီချိပ်ပိတ်၍ တင်ဒါပိတ်ရက်ဖြစ်သည့် ဇူလိုင် ၁၈ ရက် နေ့လယ် ၁ နာရီ နောက်ဆုံးထားကာ လူကိုယ်တိုင် လာရောက်တင်သွင်းရမည်ဖြစ်ပြီး တင်ဒါများကို (၂၀၂၅) ခုနှစ် ဇူလိုင် (၄) ရက်မှ ဇူလိုင် (၁၇) ရက်အထိ နံနက် (၁၀) နာရီမှ ညနေ (၄ )နာရီအထိ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း၊ ပစ္စည်းဖြည့်တင်းရေးဌာန၊ ရုံးအမှတ် (၂၇)၊ နေပြည်တော်တွင် ရောင်းချပေးမည်ဖြစ်ကြောင်းသိရသည်။

Zawgyi Version:
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ ဓာတ္အားေပးစက္႐ုံမ်ားအတြက္ ပစၥည္းဝယ္ယူရန္ အိတ္ဖြင့္တင္ဒါေခၚယူ
အမရာဟန္(NP News) ဇူလိုင္-၅
လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာန၊ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္းသည္ ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္အတြင္း ၎၏ ျပည့္ၿဖိဳးၿမဲစြမ္းအင္ႏွင့္ ေရအားစက္႐ုံမ်ားဌာနလက္ေအာက္ရွိ ဓာတ္အားေပးစက္႐ုံမ်ားအတြက္ လိုအပ္ေသာပစၥည္းမ်ား ဝယ္ယူရန္ ျမန္မာက်ပ္ေငြျဖင့္ အိတ္ဖြင့္တင္ဒါ ႏွစ္ေစာင္ေခၚယူေနေၾကာင္း သိရသည္။
ေခၚယူထားသည့္ တင္ဒါမ်ားတြင္ Tender No. 32(T)/EPGE (REHP)/2025-2026 အမွတ္ျဖင့္ ရဲ႐ြာဓာတ္အားေပးစက္႐ုံအတြက္ လွ်ပ္စစ္ပိုင္းဆိုင္ရာ စက္အရံပစၥည္း (၇) မ်ိဳး ဝယ္ယူျခင္း၊ ေနာက္ထပ္တင္ဒါတစ္ခုျဖစ္သည့္ Tender No. 37(T)/EPGE/ Civil/ 2025-2026 မွာမူ အထက္ေပါင္းေလာင္းဓာတ္အားေပးစက္႐ုံရွိ စက္႐ုံမႉး႐ုံးႏွင့္ ဝန္ထမ္းအိမ္ရာသို႔ သြားရာလမ္းတစ္ေလွ်ာက္ ကမ္းပါးၿပိဳက်ျခင္းအား Gabion Wall ျဖင့္ ျပဳျပင္ကာကြယ္ရန္အတြက္ ၆" x ၉" ေက်ာက္ႀကီး (၄၀၀) ေပ (Lot-1) ႏွင့္ သံေခ်ာင္းလုံး (HRB-500)၊ Gabion Box (6'-6" x 6'-6" x 2') (၄၀၀) ေပ (Lot-2) တို႔ ဝယ္ယူရန္ ေခၚယူျခင္းျဖစ္ေၾကာင္းသိရသည္။
စိတ္ပါဝင္စားသူမ်ားသည္ နည္းပညာစံခ်ိန္စံၫႊန္းအဆိုျပဳလႊာ (Technical Proposal) စာအိတ္ (က) ႏွင့္ ေဈးႏႈန္းအဆိုျပဳလႊာ (Financial Proposal) စာအိတ္ (ခ) တို႔ကို သီးျခားစီခ်ိပ္ပိတ္၍ တင္ဒါပိတ္ရက္ျဖစ္သည့္ ဇူလိုင္ ၁၈ ရက္ ေန႔လယ္ ၁ နာရီ ေနာက္ဆုံးထားကာ လူကိုယ္တိုင္ လာေရာက္တင္သြင္းရမည္ျဖစ္ၿပီး တင္ဒါမ်ားကို (၂၀၂၅) ခုႏွစ္ ဇူလိုင္ (၄) ရက္မွ ဇူလိုင္ (၁၇) ရက္အထိ နံနက္ (၁၀) နာရီမွ ညေန (၄ )နာရီအထိ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေရးလုပ္ငန္း၊ ပစၥည္းျဖည့္တင္းေရးဌာန၊ ႐ုံးအမွတ္ (၂၇)၊ ေနျပည္ေတာ္တြင္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္းသိရသည္။