တောင်ကိုရီးယားအဆိုတော် လီဟိုရီက တစ်ရက်တာ ယောဂသင်တန်း ဖွင့်လှစ်
                        
                            
                             
 505
 
                             
                            
                            
                         
                        
                        ရောင်နီ (NP News) - စက်တင်ဘာ ၁၁
           တောင်ကိုရီးယား ပေါ့စ်အဆိုတော် လီဟိုရီဟာ သူမရဲ့ပထမဆုံး ၁ ရက်တာ သင်တန်း ယောဂစတူဒီယို Ananda ကို စက်တင်ဘာ ၅ ရက်(သောကြာနေ့) မှာ တရားဝင်ဖွင့်လှစ်လိုက်ပါတယ်။
         ဒီအကြောင်းကို လီဟိုရီရဲ့ စတူဒီယို တရားဝင်ချန်နယ် Ananda Hyori မှ တဆင့် စက်တင်ဘာ ၅ ရက်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်များစွာ ယောဂကို ခံစားနိုင်စေဖို့အတွက် တစ်ရက်တာသင်တန်းတွေကိုသာ ပေးဆောင်နေပါတယ်လို့ ချန်နယ်က ဆိုပါတယ်။ သင်တန်းလက်မှတ်တွေဟာ စက်တင်ဘာ ၅ ရက်၊ ညနေ ၆ နာရီမှ စ ရောင်းချခဲ့ပေမယ့် အဲဒီနေ့ ညနေမှာပဲ အားလုံးရောင်းထွက်သွားခဲ့ပါတယ်။ 20s ခေတ်ရဲ့ ပေါ့စ်ဘုရင်မ လီဟိုရီဟာ လာမယ့်နှစ်မှာလည်း ယိုဂျယ်ဆော့နဲ့အတူ Netflix variety show 'Yoo Jae Suk Camp' မှာ လီကွမ်ဆူ၊ ဗြောင်ဝူဆော့တို့နဲ့အတူ ပါဝင်သွားဦးမယ်လို့ သိရပါတယ်။ 
         လီဟိုရီ ဟာ "10 Minutes" "You go girl" စတဲ့ သီချင်းတွေနဲ့ လူသိများထင်ရှားပါတယ်။
                     
                        
                                                                    
                                
                                
                                        Zawgyi Version: 
ေတာင္ကိုရီးယားအဆိုေတာ္ လီဟိုရီက တစ္ရက္တာ ေယာဂသင္တန္း ဖြင့္လွစ္
ေရာင္နီ (NP News) - စက္တင္ဘာ ၁၁
           ေတာင္ကိုရီးယား ေပါ့စ္အဆိုေတာ္ လီဟိုရီဟာ သူမရဲ႕ပထမဆုံး ၁ ရက္တာ သင္တန္း ေယာဂစတူဒီယို Ananda ကို စက္တင္ဘာ ၅ ရက္(ေသာၾကာေန႔) မွာ တရားဝင္ဖြင့္လွစ္လိုက္ပါတယ္။
         ဒီအေၾကာင္းကို လီဟိုရီရဲ႕ စတူဒီယို တရားဝင္ခ်န္နယ္ Ananda Hyori မွ တဆင့္ စက္တင္ဘာ ၅ ရက္မွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ပရိသတ္မ်ားစြာ ေယာဂကို ခံစားႏိုင္ေစဖို႔အတြက္ တစ္ရက္တာသင္တန္းေတြကိုသာ ေပးေဆာင္ေနပါတယ္လို႔ ခ်န္နယ္က ဆိုပါတယ္။ သင္တန္းလက္မွတ္ေတြဟာ စက္တင္ဘာ ၅ ရက္၊ ညေန ၆ နာရီမွ စ ေရာင္းခ်ခဲ့ေပမယ့္ အဲဒီေန႔ ညေနမွာပဲ အားလုံးေရာင္းထြက္သြားခဲ့ပါတယ္။ 20s ေခတ္ရဲ႕ ေပါ့စ္ဘုရင္မ လီဟိုရီဟာ လာမယ့္ႏွစ္မွာလည္း ယိုဂ်ယ္ေဆာ့နဲ႔အတူ Netflix variety show 'Yoo Jae Suk Camp' မွာ လီကြမ္ဆူ၊ ေျဗာင္ဝူေဆာ့တို႔နဲ႔အတူ ပါဝင္သြားဦးမယ္လို႔ သိရပါတယ္။ 
         လီဟိုရီ ဟာ "10 Minutes" "You go girl" စတဲ့ သီခ်င္းေတြနဲ႔ လူသိမ်ားထင္ရွားပါတယ္။