အကူအညီလိုအပ်နေသော ကလေးများကို ထောက်ပံ့ရန်အတွက် ဝမ်(၁)ဘီလျံ လှူဒါန်းခဲ့သည့် တောင်ကိုရီးယားအဆိုတော် J.Y. Park

 131

Pika (NP News) - ဒီဇင်ဘာ ၁၄

တောင်ကိုရီးယားအဆိုတော် J.Y. Park သည် တောင်ကိုရီးယားနှင့် ပြည်ပရှိ အကူအညီလို အပ်နေသော ကလေးများကို ထောက်ပံ့ရန်အတွက် ဝမ်(၁)ဘီလျံလှူဒါန်းခဲ့ကြောင်း သိရသည်။ J.Y. Park သည် ဆိုးလ်မြို့ ဂန်နမ်းဂူရပ် ကွက်တွင်ရှိသော JYP ရုံးချုပ်တွင် ကျင်းပသည့် အားနည်းသော ကလေးများအတွက် ဆေးဘက်ဆိုင်ရာပံ့ပိုးမှုအစီ အစဉ်အတွက် အလှူငွေပေးအပ်ပွဲကို တက်ရောက်ခဲ့ ကြောင်းသိရသည်။ J.Y.Park လှူဒါန်းသော အလှူငွေ ဝမ်(၁)ဘီလျံသည် ကုန်ကျစရိတ်မြင့်မားသော ခွဲစိတ်ကုသမှုများကြောင့် အခက်အခဲကြုံတွေ့ နေရသည့် ကလေးငယ် များနှင့် ဆယ်ကျော်သက်များကို ကူညီရန် ရည်ရွယ်ထားခြင်းဖြစ်ကြောင်းသိရသည်။ J.Y. Parkonf Gachon University Gil ဆေးရုံ၊ Konyang University ဆေးရုံနှင့် Seoul National University Children’s Hospital ဆေးရုံတို့အတွက် ဝမ်သန်း(၂၀ဝ)အသီးသီးနှင့် World Vision နိုင်ငံတကာအဖွဲ့အစည်းအတွက် ဝမ်သန်း(၄၀ဝ)လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
World Vision နိုင်ငံတကာအဖွဲ့အစည်းအတွက် လှူဒါန်းမှုသည် ပြည်ပရှိကလေးများအတွက် ဆေးကုသမှုကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ထိုင်း၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာကဲ့သို့သော နိုင်ငံများတွင် သဘာဝဘေးအန္တရာယ်များမှ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အထောက်အကူပြုသွားမည်ဖြစ် ကြောင်းသိရသည်။ J.Y. Park က ‘ကမ္ဘာကြီး ကို ပြောင်းလဲနိုင်တဲ့ အလားအလာတွေကိုပိုင်ဆိုင်ထားတဲ့ ကလေးငယ်တွေအားလုံးဟာ ကျန်းကျန်းမာမာနဲ့ ရှင်သန်ကြီး ပြင်းလာသင့်ပြီး သူတို့ရဲ့အိပ်မက်တွေကို ကောင်းမွန်စွာလိုက်စားနိုင်ဖို့လိုအပ်ပါတယ်။ ဒီလှူဒါန်းမှုက အမှန်တကယ်လို အပ်တဲ့နေရာတွေကို ရောက်ရှိသွားဖို့ ကျွန်တော်မျှော်လင့်ပါတယ်’ ဟု ပြောခဲ့သည်။

Zawgyi Version:
အကူအညီလိုအပ္ေနေသာ ကေလးမ်ားကို ေထာက္ပံ့ရန္အတြက္ ဝမ္(၁)ဘီလ်ံ လႉဒါန္းခဲ့သည့္ ေတာင္ကိုရီးယားအဆိုေတာ္ J.Y. Park
Pika (NP News) - ဒီဇင္ဘာ ၁၄
ေတာင္ကိုရီးယားအဆိုေတာ္ J.Y. Park သည္ ေတာင္ကိုရီးယားႏွင့္ ျပည္ပရွိ အကူအညီလို အပ္ေနေသာ ကေလးမ်ားကို ေထာက္ပံ့ရန္အတြက္ ဝမ္(၁)ဘီလ်ံလႉဒါန္းခဲ့ေၾကာင္း သိရသည္။ J.Y. Park သည္ ဆိုးလ္ၿမိဳ႕ ဂန္နမ္းဂူရပ္ ကြက္တြင္ရွိေသာ JYP ႐ုံးခ်ဳပ္တြင္ က်င္းပသည့္ အားနည္းေသာ ကေလးမ်ားအတြက္ ေဆးဘက္ဆိုင္ရာပံ့ပိုးမႈအစီ အစဥ္အတြက္ အလႉေငြေပးအပ္ပြဲကို တက္ေရာက္ခဲ့ ေၾကာင္းသိရသည္။ J.Y.Park လႉဒါန္းေသာ အလႉေငြ ဝမ္(၁)ဘီလ်ံသည္ ကုန္က်စရိတ္ျမင့္မားေသာ ခြဲစိတ္ကုသမႈမ်ားေၾကာင့္ အခက္အခဲႀကဳံေတြ႕ ေနရသည့္ ကေလးငယ္ မ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားကို ကူညီရန္ ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။ J.Y. Parkonf Gachon University Gil ေဆး႐ုံ၊ Konyang University ေဆး႐ုံႏွင့္ Seoul National University Children’s Hospital ေဆး႐ုံတို႔အတြက္ ဝမ္သန္း(၂၀ဝ)အသီးသီးႏွင့္ World Vision ႏိုင္ငံတကာအဖြဲ႕အစည္းအတြက္ ဝမ္သန္း(၄၀ဝ)လႉဒါန္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
World Vision ႏိုင္ငံတကာအဖြဲ႕အစည္းအတြက္ လႉဒါန္းမႈသည္ ျပည္ပရွိကေလးမ်ားအတြက္ ေဆးကုသမႈကို ပံ့ပိုးေပးသြားမည္ျဖစ္ၿပီး ထိုင္း၊ အင္ဒိုနီးရွားႏွင့္ သီရိလကၤာကဲ့သို႔ေသာ ႏိုင္ငံမ်ားတြင္ သဘာဝေဘးအႏၲရာယ္မ်ားမွ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ားတြင္ အေထာက္အကူျပဳသြားမည္ျဖစ္ ေၾကာင္းသိရသည္။ J.Y. Park က ‘ကမာၻႀကီး ကို ေျပာင္းလဲႏိုင္တဲ့ အလားအလာေတြကိုပိုင္ဆိုင္ထားတဲ့ ကေလးငယ္ေတြအားလုံးဟာ က်န္းက်န္းမာမာနဲ႔ ရွင္သန္ႀကီး ျပင္းလာသင့္ၿပီး သူတို႔ရဲ႕အိပ္မက္ေတြကို ေကာင္းမြန္စြာလိုက္စားႏိုင္ဖို႔လိုအပ္ပါတယ္။ ဒီလႉဒါန္းမႈက အမွန္တကယ္လို အပ္တဲ့ေနရာေတြကို ေရာက္ရွိသြားဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္’ ဟု ေျပာခဲ့သည္။

Related news

© 2021. All rights reserved.