ဇာတ်ကောင်စရိုက်ပီပြင်စေဖို့ ရေသောက်ပြီး ဝိတ်ချခဲ့တဲ့ တောင်ကိုရီးယားသရုပ်ဆောင် ပက်ခ်မင်ယောင်း

 148

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၆

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီး သရုပ်ဆောင် ပက်ခ်မင်ယောင်းဟာ သူမရဲ့အသစ်ထွက်ရှိမယ့် 'Siren's Kiss' ဇာတ်ကားမှာ ပါဝင်တဲ့ဇာတ်ကောင်သရုပ်အတွက် ခန္ဓာကိုယ်အလေးချိန် ပြင်းပြင်းထန်ထန် လျှော့ချခဲ့ရ တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပက်မင်ယောင်း က သူမသရုပ်ဆောင်ရတဲ့ ဟန်ဆိုအာ အမည်ရှိ ဇာတ်ကောင်ဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ကြောင့် အစားအသောက်ပျက်နေသူဖြစ်ပြီး အဲဒီသရုပ် အတိုင်းဖြစ်စေဖို့ လက်တွေ့ဘဝမှာလည်း အလားတူ နေထိုင်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။ ဟန်ဆိုအာ ရဲ့ အိမ်မှာ ဆိုရင် ရေနဲ့ အရက်ပဲ ရှိပါတယ်။ သူမက ဘာမှမစားဘူး။ ဒါကြောင့် ကျွန်မလည်း ရိုက်ကူးရေးကာလအတွင်းမှာ အစားအသောက် လုံးဝမစားဘဲ တစ်နေ့ကို ရေ ၃ လီတာ လောက်ပဲသောက်ပြီး ဖြတ်သန်းခဲ့ပါတယ်" လို့ သူမက ဆိုပါတယ်။
ရိုက်ကူးရေးကာလပြီးဆုံးမှသာ ပုံမှန်စားသောက်မှုပုံစံ ပြန်လည် စားသောက်ခဲ့တယ်လို့ သိရပါတယ်။ ပက်ခ်မင်ယောင်းဟာ ယခင်ကလည်း 'Marry My Husband' ဇာတ်ကားမှာ ကင်ဆာဝေဒနာရှင် ဇာတ်ကောင် အတွက် ကိုယ်အလေးချိန် ၃၇ ကီလိုဂရမ် (၈၁ ပေါင်) အထိ ကျအောင် ဝိတ်ချခဲ့ဖူးသူဖြစ်ပါတယ်။ ယခု 'Siren's Kiss' မှာလည်း လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ် ဖြစ်နေပေမယ့် အတွင်းစိတ် ဗလာဖြစ်နေတဲ့ အမျိုးသမီး တစ်ဦးရဲ့ပုံစံကို ပေါ်လွင်စေဖို့ အစွမ်းကုန် ကြိုးစားခဲ့ခြင်း ဖြစ်တယ်လို့ဆိုပါတယ်။

Zawgyi Version;
ဇာတ္ေကာင္စ႐ိုက္ပီျပင္ေစဖို႔ ေရေသာက္ၿပီး ဝိတ္ခ်ခဲ့တဲ့ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ပက္ခ္မင္ေယာင္း
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၆
ေတာင္ကိုရီးယားႏိုင္ငံရဲ႕နာမည္ႀကီး သ႐ုပ္ေဆာင္ ပက္ခ္မင္ေယာင္းဟာ သူမရဲ႕အသစ္ထြက္ရွိမယ့္ 'Siren's Kiss' ဇာတ္ကားမွာ ပါဝင္တဲ့ဇာတ္ေကာင္သ႐ုပ္အတြက္ ခႏၶာကိုယ္အေလးခ်ိန္ ျပင္းျပင္းထန္ထန္ ေလွ်ာ့ခ်ခဲ့ရ တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ပက္မင္ေယာင္း က သူမသ႐ုပ္ေဆာင္ရတဲ့ ဟန္ဆိုအာ အမည္ရွိ ဇာတ္ေကာင္ဟာ စိတ္ပိုင္းဆိုင္ရာ ထိခိုက္မႈ ေၾကာင့္ အစားအေသာက္ပ်က္ေနသူျဖစ္ၿပီး အဲဒီသ႐ုပ္ အတိုင္းျဖစ္ေစဖို႔ လက္ေတြ႕ဘဝမွာလည္း အလားတူ ေနထိုင္ခဲ့တယ္လို႔ ရွင္းျပခဲ့ပါတယ္။ ဟန္ဆိုအာ ရဲ႕ အိမ္မွာ ဆိုရင္ ေရနဲ႔ အရက္ပဲ ရွိပါတယ္။ သူမက ဘာမွမစားဘူး။ ဒါေၾကာင့္ ကြၽန္မလည္း ႐ိုက္ကူးေရးကာလအတြင္းမွာ အစားအေသာက္ လုံးဝမစားဘဲ တစ္ေန႔ကို ေရ ၃ လီတာ ေလာက္ပဲေသာက္ၿပီး ျဖတ္သန္းခဲ့ပါတယ္" လို႔ သူမက ဆိုပါတယ္။
႐ိုက္ကူးေရးကာလၿပီးဆုံးမွသာ ပုံမွန္စားေသာက္မႈပုံစံ ျပန္လည္ စားေသာက္ခဲ့တယ္လို႔ သိရပါတယ္။ ပက္ခ္မင္ေယာင္းဟာ ယခင္ကလည္း 'Marry My Husband' ဇာတ္ကားမွာ ကင္ဆာေဝဒနာရွင္ ဇာတ္ေကာင္ အတြက္ ကိုယ္အေလးခ်ိန္ ၃၇ ကီလိုဂရမ္ (၈၁ ေပါင္) အထိ က်ေအာင္ ဝိတ္ခ်ခဲ့ဖူးသူျဖစ္ပါတယ္။ ယခု 'Siren's Kiss' မွာလည္း လုပ္ငန္းခြင္မွာ ပေရာ္ဖက္ရွင္နယ္ ျဖစ္ေနေပမယ့္ အတြင္းစိတ္ ဗလာျဖစ္ေနတဲ့ အမ်ိဳးသမီး တစ္ဦးရဲ႕ပုံစံကို ေပၚလြင္ေစဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့ျခင္း ျဖစ္တယ္လို႔ဆိုပါတယ္။

Related news

© 2021. All rights reserved.