ဟာသပညာ အသုံးပြုကာ ယဉ်ကျေးမှုဆန့်ကျင်သူများကို တိုင်ကြားနိုင်ကြောင်း ကြေညာချက်ထုတ်

372

အိဖြူ (NP News) - မတ် ၂၂
အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်ကြည့်သူတွေအတွက် NP News ရဲ့အပတ်စဉ်အနုပညာ ကဏ္ဍက နေ ဒီတစ်ပတ်အတွက် “ဟာသပညာအသုံးပြုကာ ယဉ်ကျေးမှုဆန့်ကျင်သူများကို တိုင်ကြားနိုင်ကြောင်း ကြေညာ ချက်ထုတ်ပြန်၊ ဝါရင့်လူရွှင်တော်နေကျော် ကွယ်လွန်” အစရှိတဲ့ အနုပညာနဲ့ဆက်စပ်သတင်းတွေကို ဖော်ပြပေး သွားပါမယ်။
ဟာသပညာကိုအသုံးပြုသူတိုင်းအတွက် ဟာသပညာရှင်များအစည်းအရုံး(ဗဟို)က သဘာထားထုတ်ပြန်
မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)က မြန်မာ့ယဉ်ကျေးမှုနှင့်ဖီလာဆန့်ကျင်သော ပြုမူပြော ဆိုများမပြုလုပ်ကြဖို့ တိုက်တွန်းစာတစ်စောင်ကို အခုလို တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ “မြန်မာနိုင်ငံ ဟာသပညာ ရှင်များအစည်းအရုံး(ဗဟို)မှ ဟာသပညာကိုတန်ဖိုးထားတတ်စေရန် အဓိကရည်ရွယ်၍ နယ်ပယ်အသီးသီးမှ ဟာသ ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေသောအနုပညာရှင်များနှင့် ဝါသနာရှင်များ အနေဖြင့် ဟာသရုပ်ရှင်၊ ဗီဒီယို၊ အငြိမ့်၊ ဟာသဇာတ်လမ်းတိုနဲ့ Online မီဒီယာများပေါ်မှာ မြန်မာ့ယဉ်ကျေးမှုနှင့် ဖီလာဆန့်ကျင်သောအပြုအမူအပြော အဆိုများမပြုလုပ်ရန်” သဘောထားထုတ်ပြန်ချက်ကို မတ်လ (၁၈)ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) စည်းကမ်းထိန်းသိမ်းရေးဥက္ကဋ္ဌ ဦးငြိမ်းချမ်းက “အခုထုတ် ပြန်ချက်က ဇာတ်သဘင်တစ်ခုတည်းရယ်မဟုတ်ပါဘူး။ ဟာသပညာကိုအသုံးပြုသူ အားလုံးအ တွက်ပါ”လို့ NP News ရဲ့မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အခုထုတ်ပြန်ချက်က ဟာသပညာကို အသုံးပြုလုပ်ကိုင်ဆောင် ရွက်သူတိုင်းနဲ့ သက်ဆိုင်အကျုံးဝင်ပြီး၊ လေးစားလိုက်နာဖို့လိုအပ်ကြောင်း အသိပေးပြောကြားထားပါတယ်။ “မျိုးဆက် သစ်လူရွှင်တော်တွေအနေနဲ့ အမြဲတမ်းသင်ကြားပြသထားတဲ့အတိုင်း ဟာသပညာကို တန်ဖိုးရှိရှိ စည်းကမ်းရှိရှိ အသုံးချဖို့ပဲပြောချင်ပါတယ်။ ပရိသတ်တွေ အယူ အဆလွဲမှားစေနိုင်မယ့်ပြက်လုံးတွေကိုအသုံးမပြုဖို့၊ ဟာသပညာကို စနစ်တကျ လေ့လာသင်ယူပြီးမှ အသုံးပြု/အသုံးချကြပါလို့ မှာကြားချင်ပါတယ်”လို့ စည်းကမ်းထိန်းသိမ်းရေးဥက္ကဋ္ဌ ဦးငြိမ်းချမ်းကပြောပါတယ်။ ဒါ့ပြင် “ပြက်လုံးများ ပြက်တဲ့အခါမှာလည်း အကောင်းမြင်တဲ့သူက အကောင်းမြင်မှာ ဖြစ်သလို အပြစ်ပဲမြင်တဲ့သူကလည်း အပြစ်မြင်မှာပါ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းမြင်တဲ့သူ အတွက်ကိစ္စ မရှိပေမယ့် အပြစ်ရှာချင်တဲ့သူတွေ အပြစ်ရှာ/အပြစ်ပြောလို့မရအောင် ကိုယ့်ကိုယ်ကိုယ် စည်းစနစ်တကျထိန်းသိမ်းပြီး ဟာသပညာကို အသုံးချကြဖို့လိုပါတယ်”လို့ ၎င်းကမှာကြားထားပါတယ်။
ဟာသပညာကိုအသုံးပြုသူမည်သူမဆို မြန်မာ့ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်တဲ့အပြုအမူအပြောအဆိုများပြုလုပ် တာကိုတွေ့ရှိခဲ့ပါက အများပြည်သူပရိသတ်တွေအနေနဲ့ ဟာသပညာရှင်များအစည်းအရုံး(ဗဟို) ကို သတင်းပို့တိုင်ကြား နိုင်ပြီး၊ တိုင်ကြားမှုများကို တည်ဆဲဥပဒေတွေ၊ ညွှန်ကြားချက်တွေနဲ့အညီ ညှိနှိုင်းအရေးယူဆောင်ရွက် သွားမှာဖြစ် ကြောင်း ဟာသပညာရှင်များအစည်းအရုံး(ဗဟို)က ဆိုပါတယ်။
သတင်းပေးတိုင်ကြားလိုသူတွေအနေနဲ့ ဖုန်းနံပါတ် (ဝ၉-၇၉၈၁၉၄၂၈၃)နဲ့ (ဝ၉-၆၆၂၁၀၄၂၅၀)တို့ကို ဆက်သွယ် တိုင်ကြားနိုင်တဲ့အပြင် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် (၄၈)ရပ်ကွက်၊ အောင်ဆန်း သူရိယလှသောင်းလမ်း လူရွှင်တော် ရွာသို့လည်း သတင်းပေးပို့နိုင်ကြောင်း သတင်းထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းဖော်ပြထားတာ တွေ့ရပါတယ်။
Miss Universe Myanmar 2026 ပြိုင်ပွဲက တစ်မူထူးခြားမယ်လို့ နေရှင်နယ်ဒါရိုက်တာ ဆို
နေရှင်နယ်ဒါရိုက်တာ ထူးအံ့လွင်က ပထမဆုံး လက်လွှဲတာဝန်ယူမယ့် Miss Universe Myanmar 2026 ပြိုင်ပွဲကို တစ်မူထူးခြားတဲ့ပြိုင်ပွဲဖြစ်အောင်စီစဉ်နေကြောင်း တရားဝင်ထုတ်ဖော်ပြောလာပါတယ်။
Miss Universe Myanmar 2026 Yangon East ရဲ့နောက်ဆုံးအဆင့် အလှမယ်ရွေးချယ်ပွဲကို မတ်လ (၁၇) ရက် ညပိုင်းက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်မှာကျင်းပခဲ့ကြပြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ကိုယ်စားပြုအဖြစ် အလှမယ်မွန် ဒေဝီ၊ ဘားအံမြို့ကိုယ်စားပြုအဖြစ် ကရင်တိုင်းရင်းသူ အလှမယ် မေဂရေ့စ်၊ ကျောက်ဖြူမြို့ကိုယ်စားပြုအဖြစ် ရခိုင်တိုင်း ရင်းသားသူ အလှမယ်သက်ထားရွှေစင်တို့ကို ရွေးချယ်ခဲ့ပါတယ်။
တခြားမြို့နယ်ကိုယ်စားပြုအလှမယ်တွေကိုလည်း ထပ်မံရွေးချယ်လျက်ရှိပြီး Miss Universe Myanmar 2026 Crownကို ဘယ်မြို့နယ်ကိုယ်စားပြုအလှမယ်က ရရှိမလဲဆိုတာ Final ယှဉ်ပြိုင်မှုကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ထူးအံ့လွင်တို့အနေနဲ့ Miss Universe Myanmar 2026 ပြိုင်ပွဲမှာပါဝင်ကြမယ့် ပြည်နယ်နဲ့တိုင်းကိုယ်စားပြု အလှမယ် တွေအတွက် နိုင်ငံတကာစင်မြင့်ထက်မှာယှဉ်ပြိုင်ရတဲ့ခံစားချက်အတိုင်းရရှိအောင် ပွဲစဉ်တွေကို ထည့်သွင်းကျင်းပသွား မှာဖြစ်ပြီး အလှဆုံး၊ အတော်ဆုံး အကောင်း ဆုံးများထဲမှ နိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်နိုင်မယ့် အလှမယ် ကို ရွေးချယ်သွားမှာဖြစ်တယ်လို့သိရပါတယ်။
(၂၀၂၆)ခုနှစ်အတွင်း အလှမယ်ပြိုင်ပွဲများကို မြန်မာနိုင်ငံရဲ့မော်ဒယ်လောကမှာ အောင်မြင်ကျော်ကြားပြီးသား ရုပ်ရှင်သရုပ်ဆောင်၊ မော်ဒယ်တချို့ကလည်း စိတ်ဝင်စားမှုများပြားလာကြတာကို သတိပြုမိပါတယ်။ လက်ရှိ Miss Universe Myanmar 2026 ပြိုင်ပွဲမှာ အလှမယ်မေဂရေ့စ်က လူအများရဲ့အားပေးမှုအများဆုံးရရှိ နေသလို ရုပ်ရှင် သရုပ်ဆောင် မော်ဒယ် ပက်ထရစ်ရှာကိုလည်း နိုင်ငံကိုယ်စားပြုအလှမယ်အဖြစ်ရပ်တည်စေဖို့ တိုက်တွန်းနေကြကာ၊ အလှမယ်ရွှေအိမ်စည်ကိုလည်း အလှမယ်ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ဖို့ ၎င်းတို့ရဲ့ ပရိသတ်တွေက တိုက်တွန်းနေကြ တာကို တွေ့မြင်နေရပါတယ်။ ၎င်းတို့ဘက်ကလည်း ယတိပြတ်မငြင်းဆိုထားတာမျိုးမတွေ့ရပါဘူး။
ဝါရင့်လူရွှင်တော်ကြီး နေကျော် သူ့ပရိသတ်များကို အပြီးတိုင်နှုတ်ဆက်သွားလေပြီ
ဝါရင့်လူရွှင်တော် ဟာသသရုပ်ဆောင် နေကျော် အသက်(၆၆)နှစ်က မတ်လ ၁၉ ရက် မွန်းလွဲ (၃) နာရီဝန်းကျင် ခန့်က ၄င်းရဲ့နေအိမ်မှာ ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ပါတယ်။
လူရွှင်တော်ကြီး ဦးနေကျော်ရဲ့ကျန်းမာရေးက အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကိုရောက်ရှိနေပြီ ဖြစ်ကြောင်းကို မတ်လ (၁၈) ရက်က The Statesman Journal ရဲ့အနုပညာကဏ္ဍမှာ ထည့်သွင်းရေးသားခဲ့ပြီးနောက် (၄၈) နာရီအတွင်းမှာတင် ဦးနေကျော်ရဲ့နာရေးသတင်းကို မတ်လ(၁၉)ရက် ညနေပိုင်းအချိန်က ထပ်မံကြားသိခဲ့ရတဲ့ အတွက် များစွာ စိတ်မကောင်း ဖြစ်မိခဲ့ပါတယ်။
“ဖေကြီးရယ် သားကိုထားခဲ့ပြီလားဗျာ။ သားဘယ်လိုနေရတော့မှာလဲ” လို့ ဦးနေကျော်ရဲ့သားဖြစ်သူ လကျော် က ဆိုရှယ်လူမှုကွန်ရက်အကောင့်မှာ ရေးသားပြီး ဖခင် လူရွှင်တော်နေကျော် ကွယ်လွန်မှုသတင်းကို အတည်ပြုခဲ့ပါ တယ်။
ဦးနေကျော်က ကျောက်ကပ်ရောဂါဝေဒနာကို ပြင်းထန်စွာ ခံစားခဲ့ရပြီးနောက် ဦးနှောက်ထဲ ပိုးဝင်မှုကြောင့် အသိမှတ်ဥာဏ်များ ပျက်ယွင်းသွားခဲ့ခြင်းဖြစ်ပါတယ်။
ဝါရင့်လူရွှင်တော်ကြီး ဦးနေကျော်ရဲ့ရုပ်အလောင်ကို မတ်လ(၂၁)ရက် နေ့လယ် (၂)နာရီအချိန်က ကျီစုသုသာန်မှာ မီးသဂြိုလ်ခဲ့ကြပြီး၊ ဦးနေကျော် အသက်(၆၆)နှစ်အတွက် ရည်စူးကာ မတ်လ (၂၅) ရက် နံနက်ပိုင်းက ရက်လည် ဆွမ်းသွပ် တရားတော်နာအလှူကို ကျန်ရစ်သူမိသားစုဝင်များက ပြုလုပ်ပေးခဲ့ကြပါတယ်။
အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version;
ဟာသပညာ အသုံးျပဳကာ ယဥ္ေက်းမႈဆန႔္က်င္သူမ်ားကို တိုင္ၾကားႏိုင္ေၾကာင္း ေၾကညာခ်က္ထုတ္
အိျဖဴ (NP News) - မတ္ ၂၂
အႏုပညာသတင္းမ်ားကို စိတ္ဝင္တစားေစာင့္ၾကည့္သူေတြအတြက္ NP News ရဲ႕အပတ္စဥ္အႏုပညာ က႑က ေန ဒီတစ္ပတ္အတြက္ “ဟာသပညာအသုံးျပဳကာ ယဥ္ေက်းမႈဆန႔္က်င္သူမ်ားကို တိုင္ၾကားႏိုင္ေၾကာင္း ေၾကညာ ခ်က္ထုတ္ျပန္၊ ဝါရင့္လူ႐ႊင္ေတာ္ေနေက်ာ္ ကြယ္လြန္” အစရွိတဲ့ အႏုပညာနဲ႔ဆက္စပ္သတင္းေတြကို ေဖာ္ျပေပး သြားပါမယ္။
ဟာသပညာကိုအသုံးျပဳသူတိုင္းအတြက္ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)က သဘာထားထုတ္ျပန္
ျမန္မာႏိုင္ငံဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)က ျမန္မာ့ယဥ္ေက်းမႈႏွင့္ဖီလာဆန႔္က်င္ေသာ ျပဳမူေျပာ ဆိုမ်ားမျပဳလုပ္ၾကဖို႔ တိုက္တြန္းစာတစ္ေစာင္ကို အခုလို တရားဝင္ထုတ္ျပန္ခဲ့ပါတယ္။ “ျမန္မာႏိုင္ငံ ဟာသပညာ ရွင္မ်ားအစည္းအ႐ုံး(ဗဟို)မွ ဟာသပညာကိုတန္ဖိုးထားတတ္ေစရန္ အဓိကရည္႐ြယ္၍ နယ္ပယ္အသီးသီးမွ ဟာသ ပညာျဖင့္ အသက္ေမြးဝမ္းေက်ာင္းျပဳလုပ္ေနေသာအႏုပညာရွင္မ်ားႏွင့္ ဝါသနာရွင္မ်ား အေနျဖင့္ ဟာသ႐ုပ္ရွင္၊ ဗီဒီယို၊ အၿငိမ့္၊ ဟာသဇာတ္လမ္းတိုနဲ႔ Online မီဒီယာမ်ားေပၚမွာ ျမန္မာ့ယဥ္ေက်းမႈႏွင့္ ဖီလာဆန႔္က်င္ေသာအျပဳအမူအေျပာ အဆိုမ်ားမျပဳလုပ္ရန္” သေဘာထားထုတ္ျပန္ခ်က္ကို မတ္လ (၁၈)ရက္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ျမန္မာႏိုင္ငံ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို) စည္းကမ္းထိန္းသိမ္းေရးဥကၠ႒ ဦးၿငိမ္းခ်မ္းက “အခုထုတ္ ျပန္ခ်က္က ဇာတ္သဘင္တစ္ခုတည္းရယ္မဟုတ္ပါဘူး။ ဟာသပညာကိုအသုံးျပဳသူ အားလုံးအ တြက္ပါ”လို႔ NP News ရဲ႕ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားခဲ့ပါတယ္။ အခုထုတ္ျပန္ခ်က္က ဟာသပညာကို အသုံးျပဳလုပ္ကိုင္ေဆာင္ ႐ြက္သူတိုင္းနဲ႔ သက္ဆိုင္အက်ဳံးဝင္ၿပီး၊ ေလးစားလိုက္နာဖို႔လိုအပ္ေၾကာင္း အသိေပးေျပာၾကားထားပါတယ္။ “မ်ိဳးဆက္ သစ္လူ႐ႊင္ေတာ္ေတြအေနနဲ႔ အၿမဲတမ္းသင္ၾကားျပသထားတဲ့အတိုင္း ဟာသပညာကို တန္ဖိုးရွိရွိ စည္းကမ္းရွိရွိ အသုံးခ်ဖို႔ပဲေျပာခ်င္ပါတယ္။ ပရိသတ္ေတြ အယူ အဆလြဲမွားေစႏိုင္မယ့္ျပက္လုံးေတြကိုအသုံးမျပဳဖို႔၊ ဟာသပညာကို စနစ္တက် ေလ့လာသင္ယူၿပီးမွ အသုံးျပဳ/အသုံးခ်ၾကပါလို႔ မွာၾကားခ်င္ပါတယ္”လို႔ စည္းကမ္းထိန္းသိမ္းေရးဥကၠ႒ ဦးၿငိမ္းခ်မ္းကေျပာပါတယ္။ ဒါ့ျပင္ “ျပက္လုံးမ်ား ျပက္တဲ့အခါမွာလည္း အေကာင္းျမင္တဲ့သူက အေကာင္းျမင္မွာ ျဖစ္သလို အျပစ္ပဲျမင္တဲ့သူကလည္း အျပစ္ျမင္မွာပါ။ အဲဒီေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ အေကာင္းျမင္တဲ့သူ အတြက္ကိစၥ မရွိေပမယ့္ အျပစ္ရွာခ်င္တဲ့သူေတြ အျပစ္ရွာ/အျပစ္ေျပာလို႔မရေအာင္ ကိုယ့္ကိုယ္ကိုယ္ စည္းစနစ္တက်ထိန္းသိမ္းၿပီး ဟာသပညာကို အသုံးခ်ၾကဖို႔လိုပါတယ္”လို႔ ၎ကမွာၾကားထားပါတယ္။
ဟာသပညာကိုအသုံးျပဳသူမည္သူမဆို ျမန္မာ့ယဥ္ေက်းမႈနဲ႔ ဖီလာဆန႔္က်င္တဲ့အျပဳအမူအေျပာအဆိုမ်ားျပဳလုပ္ တာကိုေတြ႕ရွိခဲ့ပါက အမ်ားျပည္သူပရိသတ္ေတြအေနနဲ႔ ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို) ကို သတင္းပို႔တိုင္ၾကား ႏိုင္ၿပီး၊ တိုင္ၾကားမႈမ်ားကို တည္ဆဲဥပေဒေတြ၊ ၫႊန္ၾကားခ်က္ေတြနဲ႔အညီ ညႇိႏႈိင္းအေရးယူေဆာင္႐ြက္ သြားမွာျဖစ္ ေၾကာင္း ဟာသပညာရွင္မ်ားအစည္းအ႐ုံး(ဗဟို)က ဆိုပါတယ္။
သတင္းေပးတိုင္ၾကားလိုသူေတြအေနနဲ႔ ဖုန္းနံပါတ္ (ဝ၉-၇၉၈၁၉၄၂၈၃)နဲ႔ (ဝ၉-၆၆၂၁၀၄၂၅၀)တို႔ကို ဆက္သြယ္ တိုင္ၾကားႏိုင္တဲ့အျပင္ ရန္ကုန္ၿမိဳ႕ ေျမာက္ဒဂုံၿမိဳ႕နယ္ (၄၈)ရပ္ကြက္၊ ေအာင္ဆန္း သူရိယလွေသာင္းလမ္း လူ႐ႊင္ေတာ္ ႐ြာသို႔လည္း သတင္းေပးပို႔ႏိုင္ေၾကာင္း သတင္းထုတ္ျပန္ခ်က္ထဲမွာ ထည့္သြင္းေဖာ္ျပထားတာ ေတြ႕ရပါတယ္။
Miss Universe Myanmar 2026 ၿပိဳင္ပြဲက တစ္မူထူးျခားမယ္လို႔ ေနရွင္နယ္ဒါ႐ိုက္တာ ဆို
ေနရွင္နယ္ဒါ႐ိုက္တာ ထူးအံ့လြင္က ပထမဆုံး လက္လႊဲတာဝန္ယူမယ့္ Miss Universe Myanmar 2026 ၿပိဳင္ပြဲကို တစ္မူထူးျခားတဲ့ၿပိဳင္ပြဲျဖစ္ေအာင္စီစဥ္ေနေၾကာင္း တရားဝင္ထုတ္ေဖာ္ေျပာလာပါတယ္။
Miss Universe Myanmar 2026 Yangon East ရဲ႕ေနာက္ဆုံးအဆင့္ အလွမယ္ေ႐ြးခ်ယ္ပြဲကို မတ္လ (၁၇) ရက္ ညပိုင္းက ရန္ကုန္ၿမိဳ႕ရွိ ဆီဒိုးနားဟိုတယ္မွာက်င္းပခဲ့ၾကၿပီး၊ ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္ ကိုယ္စားျပဳအျဖစ္ အလွမယ္မြန္ ေဒဝီ၊ ဘားအံၿမိဳ႕ကိုယ္စားျပဳအျဖစ္ ကရင္တိုင္းရင္းသူ အလွမယ္ ေမဂေရ႕စ္၊ ေက်ာက္ျဖဴၿမိဳ႕ကိုယ္စားျပဳအျဖစ္ ရခိုင္တိုင္း ရင္းသားသူ အလွမယ္သက္ထားေ႐ႊစင္တို႔ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။
တျခားၿမိဳ႕နယ္ကိုယ္စားျပဳအလွမယ္ေတြကိုလည္း ထပ္မံေ႐ြးခ်ယ္လ်က္ရွိၿပီး Miss Universe Myanmar 2026 Crownကို ဘယ္ၿမိဳ႕နယ္ကိုယ္စားျပဳအလွမယ္က ရရွိမလဲဆိုတာ Final ယွဥ္ၿပိဳင္မႈကို ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ ထူးအံ့လြင္တို႔အေနနဲ႔ Miss Universe Myanmar 2026 ၿပိဳင္ပြဲမွာပါဝင္ၾကမယ့္ ျပည္နယ္နဲ႔တိုင္းကိုယ္စားျပဳ အလွမယ္ ေတြအတြက္ ႏိုင္ငံတကာစင္ျမင့္ထက္မွာယွဥ္ၿပိဳင္ရတဲ့ခံစားခ်က္အတိုင္းရရွိေအာင္ ပြဲစဥ္ေတြကို ထည့္သြင္းက်င္းပသြား မွာျဖစ္ၿပီး အလွဆုံး၊ အေတာ္ဆုံး အေကာင္း ဆုံးမ်ားထဲမွ ႏိုင္ငံကိုယ္စားျပဳအျဖစ္ သြားေရာက္ယွဥ္ၿပိဳင္ႏိုင္မယ့္ အလွမယ္ ကို ေ႐ြးခ်ယ္သြားမွာျဖစ္တယ္လို႔သိရပါတယ္။
(၂၀၂၆)ခုႏွစ္အတြင္း အလွမယ္ၿပိဳင္ပြဲမ်ားကို ျမန္မာႏိုင္ငံရဲ႕ေမာ္ဒယ္ေလာကမွာ ေအာင္ျမင္ေက်ာ္ၾကားၿပီးသား ႐ုပ္ရွင္သ႐ုပ္ေဆာင္၊ ေမာ္ဒယ္တခ်ိဳ႕ကလည္း စိတ္ဝင္စားမႈမ်ားျပားလာၾကတာကို သတိျပဳမိပါတယ္။ လက္ရွိ Miss Universe Myanmar 2026 ၿပိဳင္ပြဲမွာ အလွမယ္ေမဂေရ႕စ္က လူအမ်ားရဲ႕အားေပးမႈအမ်ားဆုံးရရွိ ေနသလို ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ေမာ္ဒယ္ ပက္ထရစ္ရွာကိုလည္း ႏိုင္ငံကိုယ္စားျပဳအလွမယ္အျဖစ္ရပ္တည္ေစဖို႔ တိုက္တြန္းေနၾကကာ၊ အလွမယ္ေ႐ႊအိမ္စည္ကိုလည္း အလွမယ္ၿပိဳင္ပြဲကို ျပန္လည္ယွဥ္ၿပိဳင္ဖို႔ ၎တို႔ရဲ႕ ပရိသတ္ေတြက တိုက္တြန္းေနၾက တာကို ေတြ႕ျမင္ေနရပါတယ္။ ၎တို႔ဘက္ကလည္း ယတိျပတ္မျငင္းဆိုထားတာမ်ိဳးမေတြ႕ရပါဘူး။
ဝါရင့္လူ႐ႊင္ေတာ္ႀကီး ေနေက်ာ္ သူ႔ပရိသတ္မ်ားကို အၿပီးတိုင္ႏႈတ္ဆက္သြားေလၿပီ
ဝါရင့္လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္ ေနေက်ာ္ အသက္(၆၆)ႏွစ္က မတ္လ ၁၉ ရက္ မြန္းလြဲ (၃) နာရီဝန္းက်င္ ခန႔္က ၄င္းရဲ႕ေနအိမ္မွာ ကြယ္လြန္အနိစၥေရာက္သြားၿပီျဖစ္ပါတယ္။
လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္ရဲ႕က်န္းမာေရးက အသက္အႏၲရာယ္စိုးရိမ္ရတဲ့အေျခအေနကိုေရာက္ရွိေနၿပီ ျဖစ္ေၾကာင္းကို မတ္လ (၁၈) ရက္က The Statesman Journal ရဲ႕အႏုပညာက႑မွာ ထည့္သြင္းေရးသားခဲ့ၿပီးေနာက္ (၄၈) နာရီအတြင္းမွာတင္ ဦးေနေက်ာ္ရဲ႕နာေရးသတင္းကို မတ္လ(၁၉)ရက္ ညေနပိုင္းအခ်ိန္က ထပ္မံၾကားသိခဲ့ရတဲ့ အတြက္ မ်ားစြာ စိတ္မေကာင္း ျဖစ္မိခဲ့ပါတယ္။
“ေဖႀကီးရယ္ သားကိုထားခဲ့ၿပီလားဗ်ာ။ သားဘယ္လိုေနရေတာ့မွာလဲ” လို႔ ဦးေနေက်ာ္ရဲ႕သားျဖစ္သူ လေက်ာ္ က ဆိုရွယ္လူမႈကြန္ရက္အေကာင့္မွာ ေရးသားၿပီး ဖခင္ လူ႐ႊင္ေတာ္ေနေက်ာ္ ကြယ္လြန္မႈသတင္းကို အတည္ျပဳခဲ့ပါ တယ္။
ဦးေနေက်ာ္က ေက်ာက္ကပ္ေရာဂါေဝဒနာကို ျပင္းထန္စြာ ခံစားခဲ့ရၿပီးေနာက္ ဦးေႏွာက္ထဲ ပိုးဝင္မႈေၾကာင့္ အသိမွတ္ဥာဏ္မ်ား ပ်က္ယြင္းသြားခဲ့ျခင္းျဖစ္ပါတယ္။
ဝါရင့္လူ႐ႊင္ေတာ္ႀကီး ဦးေနေက်ာ္ရဲ႕႐ုပ္အေလာင္ကို မတ္လ(၂၁)ရက္ ေန႔လယ္ (၂)နာရီအခ်ိန္က က်ီစုသုသာန္မွာ မီးသၿဂိဳလ္ခဲ့ၾကၿပီး၊ ဦးေနေက်ာ္ အသက္(၆၆)ႏွစ္အတြက္ ရည္စူးကာ မတ္လ (၂၅) ရက္ နံနက္ပိုင္းက ရက္လည္ ဆြမ္းသြပ္ တရားေတာ္နာအလႉကို က်န္ရစ္သူမိသားစုဝင္မ်ားက ျပဳလုပ္ေပးခဲ့ၾကပါတယ္။
အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။