"K-Pop Demon Hunters" အော်စကာဆု နှစ်ဆု ဆွတ်ခူး

 93

ရောင်နီ (NP News) - မတ် ၁၇

Netflix ရဲ့ နာမည်ကြီး ကာတွန်းရုပ်ရှင်ဖြစ်တဲ့ "K-Pop Demon Hunters" ဟာ (၉၈) ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ ဆုကြီးနှစ်ဆု သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်လိုက်ပါတယ်။
မတ်လ ၁၅ ရက်နေ့က အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလိစ်မြို့ရှိ Dolby ပြဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ အော်စကာ ဆုပေးပွဲ အခမ်းအနားမှာ ဒီဇာတ်ကားဟာ ပရိသတ်တွေ ခန့်မှန်းထားတဲ့အတိုင်း "အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆု (Best Animated Feature)" ကို ရရှိခဲ့သလို၊ ဇာတ်ကားထဲက လူကြိုက်များတဲ့ "Golden" သီချင်းနဲ့လည်း "အကောင်းဆုံး မူရင်းသီချင်းဆု (Best Original Song)" ကို ထပ်မံဆွတ်ခူးနိုင်ခဲ့တာပါ။ ဒီရုပ်ရှင်ဟာ K-pop Idol လောကကို အခြေခံထားပြီး စင်ပေါ်မှာ တောက်ပနေတဲ့ကြယ်ပွင့်လေးတွေက ကွယ်ရာမှာတော့ နတ်ဆိုးတွေကို နှိမ်နင်းတဲ့ Hunter တွေအဖြစ် လျှို့ဝှက်လှုပ်ရှားပုံကို အက်ရှင်စတိုင်လ် ဖန်တီးထားတာဖြစ်ပါတယ်။
Netflix ကနေ ပြသတဲ့ ဒီဇာတ်ကားဟာ အက်ရှင်နဲ့ ဂီတကို ထူးခြားစွာပေါင်းစပ်ထားနိုင်မှုကြောင့် နိုင်ငံတကာ ဝေဖန်ရေးသမားတွေရဲ့ချီးကျူးမှုကိုပါ ရရှိခဲ့ပါတယ်။ အော်စကာစင်မြင့်မှာ နှစ်ထပ်ကွမ်း အောင်ပွဲခံနိုင် ခဲ့တာဟာ K-pop နဲ့ပတ်သက်တဲ့ဖျော်ဖြေရေးကဏ္ဍတွေနဲ့ပတ်သက်ပြီး အာရှတင်မကဘဲ ကမ္ဘာလုံးဆိုင်ရာ အဆင့် အတန်းတစ်ခုကို အခိုင်အမာရောက်ရှိနေပြီဆိုတာကို ပြသနေတာပဲဖြစ်ပါတယ်။

Zawgyi Version;
"K-Pop Demon Hunters" ေအာ္စကာဆု ႏွစ္ဆု ဆြတ္ခူး
ေရာင္နီ (NP News) - မတ္ ၁၇
Netflix ရဲ႕ နာမည္ႀကီး ကာတြန္း႐ုပ္ရွင္ျဖစ္တဲ့ "K-Pop Demon Hunters" ဟာ (၉၈) ႀကိမ္ေျမာက္ ေအာ္စကာ ဆုေပးပြဲမွာ ဆုႀကီးႏွစ္ဆု သိမ္းပိုက္ႏိုင္ခဲ့ၿပီး ကမာၻ႔႐ုပ္ရွင္ေလာကကို ကိုင္လႈပ္လိုက္ပါတယ္။
မတ္လ ၁၅ ရက္ေန႔က အေမရိကန္ႏိုင္ငံ၊ ေလာ့စ္အိန္ဂ်လိစ္ၿမိဳ႕ရွိ Dolby ျပဇာတ္႐ုံမွာ က်င္းပခဲ့တဲ့ ေအာ္စကာ ဆုေပးပြဲ အခမ္းအနားမွာ ဒီဇာတ္ကားဟာ ပရိသတ္ေတြ ခန႔္မွန္းထားတဲ့အတိုင္း "အေကာင္းဆုံး ကာတြန္း႐ုပ္ရွင္ဆု (Best Animated Feature)" ကို ရရွိခဲ့သလို၊ ဇာတ္ကားထဲက လူႀကိဳက္မ်ားတဲ့ "Golden" သီခ်င္းနဲ႔လည္း "အေကာင္းဆုံး မူရင္းသီခ်င္းဆု (Best Original Song)" ကို ထပ္မံဆြတ္ခူးႏိုင္ခဲ့တာပါ။ ဒီ႐ုပ္ရွင္ဟာ K-pop Idol ေလာကကို အေျခခံထားၿပီး စင္ေပၚမွာ ေတာက္ပေနတဲ့ၾကယ္ပြင့္ေလးေတြက ကြယ္ရာမွာေတာ့ နတ္ဆိုးေတြကို ႏွိမ္နင္းတဲ့ Hunter ေတြအျဖစ္ လွ်ိဳ႕ဝွက္လႈပ္ရွားပုံကို အက္ရွင္စတိုင္လ္ ဖန္တီးထားတာျဖစ္ပါတယ္။
Netflix ကေန ျပသတဲ့ ဒီဇာတ္ကားဟာ အက္ရွင္နဲ႔ ဂီတကို ထူးျခားစြာေပါင္းစပ္ထားႏိုင္မႈေၾကာင့္ ႏိုင္ငံတကာ ေဝဖန္ေရးသမားေတြရဲ႕ခ်ီးက်ဴးမႈကိုပါ ရရွိခဲ့ပါတယ္။ ေအာ္စကာစင္ျမင့္မွာ ႏွစ္ထပ္ကြမ္း ေအာင္ပြဲခံႏိုင္ ခဲ့တာဟာ K-pop နဲ႔ပတ္သက္တဲ့ေဖ်ာ္ေျဖေရးက႑ေတြနဲ႔ပတ္သက္ၿပီး အာရွတင္မကဘဲ ကမာၻလုံးဆိုင္ရာ အဆင့္ အတန္းတစ္ခုကို အခိုင္အမာေရာက္ရွိေနၿပီဆိုတာကို ျပသေနတာပဲျဖစ္ပါတယ္။

Related news

© 2021. All rights reserved.