Zootopia 2 ကြောင့် ကလေးတွေကြား"အိမ်မွေးမြွေ" တွေ ခေတ်စားလာနိုင်တယ်လို့ သရုပ်ဆောင် ကီဟေချင် ပြော

44
ရောင်နီ (NP News) - မတ် ၁၃
ကမ္ဘာတစ်ဝှမ်းမှာ ရုံတင်ပြသခဲ့ပြီး စံချိန်တင်အောင်မြင်မှုတွေ ရရှိခဲ့တဲ့ Zootopia 2 ရုပ်ရှင်ဟာ Disney+ platform ပေါ်ကို မတ်လ ၁၁ ရက်နေ့မှာ စတင်ရောက်ရှိလာပြီ ဖြစ်ပါတယ်။
ယင်းနဲ့အတူ ရုပ်ရှင်မှာ အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ အော်စကာဆုရှင် မင်းသားကြီး ကီဟေချင် က သူ့ရဲ့ဇာတ်ကောင်ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ လူမှုပတ်ဝန်းကျင်အပြောင်းအလဲတစ်ခုကို ဟာသအဖြစ် မှတ်ချက်ပြု ခဲ့ပါတယ်။
မင်းသားကြီး ကီဟေချင် က ရုပ်ရှင်မှာ "ဂယ်ရီ" အမည်ရှိ မြွေဇာတ်ကောင်နေရာမှ အသံသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ၄င်းက "ဒီရုပ်ရှင်ထွက်ပြီးတဲ့နောက်မှာ ကလေး တွေက သူတို့မိဘတွေကို အိမ်မှာ မြွေမွေးချင်တယ်လို့ ပူဆာကြတော့မှာ သေချာပါတယ်။ "ဂယ်ရီ" က အရမ်း ချစ်စရာကောင်းပြီး လူတွေရဲ့မြွေအပေါ်ထားတဲ့အမြင်ကို ပြောင်းလဲပေးနိုင်တဲ့ ဇာတ်ကောင်ပါ" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
Zootopia 2 ဟာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလက စတင်ရုံတင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံကျော် ရရှိထားကာ သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံး အန်နီမေးရှင်းရုပ်ရှင်အဖြစ် ရပ်တည်နေပါ တယ်။

Zawgyi Version;
Zootopia 2 ေၾကာင့္ ကေလးေတြၾကား"အိမ္ေမြးေႁမြ" ေတြ ေခတ္စားလာႏိုင္တယ္လို႔ သ႐ုပ္ေဆာင္ ကီေဟခ်င္ ေျပာ
ေရာင္နီ (NP News) - မတ္ ၁၃
ကမာၻတစ္ဝွမ္းမွာ ႐ုံတင္ျပသခဲ့ၿပီး စံခ်ိန္တင္ေအာင္ျမင္မႈေတြ ရရွိခဲ့တဲ့ Zootopia 2 ႐ုပ္ရွင္ဟာ Disney+ platform ေပၚကို မတ္လ ၁၁ ရက္ေန႔မွာ စတင္ေရာက္ရွိလာၿပီ ျဖစ္ပါတယ္။
ယင္းနဲ႔အတူ ႐ုပ္ရွင္မွာ အသံသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့တဲ့ ေအာ္စကာဆုရွင္ မင္းသားႀကီး ကီေဟခ်င္ က သူ႔ရဲ႕ဇာတ္ေကာင္ေၾကာင့္ျဖစ္ေပၚလာႏိုင္တဲ့ လူမႈပတ္ဝန္းက်င္အေျပာင္းအလဲတစ္ခုကို ဟာသအျဖစ္ မွတ္ခ်က္ျပဳ ခဲ့ပါတယ္။
မင္းသားႀကီး ကီေဟခ်င္ က ႐ုပ္ရွင္မွာ "ဂယ္ရီ" အမည္ရွိ ေႁမြဇာတ္ေကာင္ေနရာမွ အသံသ႐ုပ္ေဆာင္ထားတာ ျဖစ္ပါတယ္။ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာ ၄င္းက "ဒီ႐ုပ္ရွင္ထြက္ၿပီးတဲ့ေနာက္မွာ ကေလး ေတြက သူတို႔မိဘေတြကို အိမ္မွာ ေႁမြေမြးခ်င္တယ္လို႔ ပူဆာၾကေတာ့မွာ ေသခ်ာပါတယ္။ "ဂယ္ရီ" က အရမ္း ခ်စ္စရာေကာင္းၿပီး လူေတြရဲ႕ေႁမြအေပၚထားတဲ့အျမင္ကို ေျပာင္းလဲေပးႏိုင္တဲ့ ဇာတ္ေကာင္ပါ" လို႔ ၎က ေျပာၾကားခဲ့ပါတယ္။
Zootopia 2 ဟာ ၂၀၂၅ ခုႏွစ္ ႏိုဝင္ဘာလက စတင္႐ုံတင္ခဲ့ၿပီး ကမာၻတစ္ဝွမ္း အေမရိကန္ေဒၚလာ ၁.၈ ဘီလီယံေက်ာ္ ရရွိထားကာ သမိုင္းတစ္ေလွ်ာက္ ဝင္ေငြအေကာင္းဆုံး အန္နီေမးရွင္း႐ုပ္ရွင္အျဖစ္ ရပ္တည္ေနပါ တယ္။