မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်ရှိ အပန်းဖြေစခန်းတစ်ခုမှာ သင်းခွေချပ်ဟင်းလျာ ရောင်းချနေမှု အာဏာပိုင်တွေ ဖမ်းဆီး

111

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၆
မလေးရှားနိုင်ငံ၊ ဆာဘားပြည်နယ်ရှိ အပန်းဖြေစခန်းတစ်ခုမှာ ခရီးသွားတွေကို ထူးခြားတဲ့အတွေ့အကြုံ အဖြစ် သင်းခွေချပ်စွပ်ပြုတ်နဲ့ အသားတွေ တရားမဝင် ကျွေးမွေးနေမှုကို အာဏာပိုင်တွေက စစ်ဆေးတွေ့ရှိခဲ့ပြီး ပြင်းထန်စွာ အရေးယူဆောင်ရွက်နေပါတယ်။
ဖေဖော်ဝါရီလ ၂၃ ရက်က "Ops Khazanah" လို့ အမည်ပေးထားတဲ့ပူးပေါင်းစစ်ဆင်ရေးတစ်ခုမှာ ဆာဘားတောရိုင်းတိရစ္ဆာန်ဌာန (SWD) နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဆာဘားပြည်နယ်၊ ဆမ်ပေါ်နာ ခရိုင်ရှိ အပန်းဖြေ စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။ သင်းခွေချပ်အရှင် တစ်ကောင်နဲ့ ဆေးဖက်ဝင်အပင်တွေနဲ့ ချက်ပြုတ်ထားတဲ့သင်းခွေချပ်စွပ်ပြုတ်အိုး အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူသုံးဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ သင်းခွေချပ်ဟာ ဆာဘားပြည်နယ်ရဲ့ ၁၉၉၇ ခုနှစ် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးဥပဒေအရ အပြည့်အဝကာကွယ်ထားတဲ့မျိုးစိတ်ဖြစ်ပါတယ်။ ဒါကြောင့် ယင်းတိရစ္ဆာန်ကို လက်ဝယ်ထားရှိခြင်း၊ ရောင်းချခြင်း (သို့) အစားအစာအဖြစ် ကျွေးမွေးခြင်းတို့ဟာ လုံးဝတားမြစ် ထားတဲ့ပြစ်မှုတွေဖြစ်ပါတယ်။ ဒီအတွက် ပြစ်ဒဏ်ဟာ ဒဏ်ငွေ: ရင်းဂစ် ၅၀,၀၀၀ (စင်ကာပူဒေါ်လာ ၁၆,၂၀၀ ခန့်) မှ ရင်းဂစ် ၂၅၀,၀၀၀ အထိ (သို့) ထောင်ဒဏ် ၅ နှစ်အထိ ကျခံရနိုင်တယ်လို့ သိရပါတယ်။
SWD ညွှန်ကြားရေးမှူး မစ္စတာဆော့ဖင်အဘူဘက်ကာ က ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် ကာကွယ်ထားတဲ့ တောရိုင်းတိရစ္ဆာန်တွေကို ဟင်းလျာအဖြစ် အသုံးချတဲ့ဘယ်လုပ်ရပ်ကိုမဆို ပြင်းထန်စွာအရေးယူသွားမယ်လို့ အလေးအနက်ပြောကြားခဲ့ပါတယ်။

Zawgyi Version;
မေလးရွားႏိုင္ငံ၊ ဆာဘားျပည္နယ္ရွိ အပန္းေျဖစခန္းတစ္ခုမွာ သင္းေခြခ်ပ္ဟင္းလ်ာ ေရာင္းခ်ေနမႈ အာဏာပိုင္ေတြ ဖမ္းဆီး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၆
မေလးရွားႏိုင္ငံ၊ ဆာဘားျပည္နယ္ရွိ အပန္းေျဖစခန္းတစ္ခုမွာ ခရီးသြားေတြကို ထူးျခားတဲ့အေတြ႕အႀကဳံ အျဖစ္ သင္းေခြခ်ပ္စြပ္ျပဳတ္နဲ႔ အသားေတြ တရားမဝင္ ေကြၽးေမြးေနမႈကို အာဏာပိုင္ေတြက စစ္ေဆးေတြ႕ရွိခဲ့ၿပီး ျပင္းထန္စြာ အေရးယူေဆာင္႐ြက္ေနပါတယ္။
ေဖေဖာ္ဝါရီလ ၂၃ ရက္က "Ops Khazanah" လို႔ အမည္ေပးထားတဲ့ပူးေပါင္းစစ္ဆင္ေရးတစ္ခုမွာ ဆာဘားေတာ႐ိုင္းတိရစာၦန္ဌာန (SWD) နဲ႔ ရဲတပ္ဖြဲ႕ဝင္ေတြက ဆာဘားျပည္နယ္၊ ဆမ္ေပၚနာ ခ႐ိုင္ရွိ အပန္းေျဖ စခန္းတစ္ခုကို ဝင္ေရာက္စီးနင္းခဲ့တာျဖစ္ပါတယ္။ သင္းေခြခ်ပ္အရွင္ တစ္ေကာင္နဲ႔ ေဆးဖက္ဝင္အပင္ေတြနဲ႔ ခ်က္ျပဳတ္ထားတဲ့သင္းေခြခ်ပ္စြပ္ျပဳတ္အိုး အမ်ားအျပားကို သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။ ဒီျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး လူသုံးဦးကို ဖမ္းဆီးထိန္းသိမ္းထားပါတယ္။ သင္းေခြခ်ပ္ဟာ ဆာဘားျပည္နယ္ရဲ႕ ၁၉၉၇ ခုႏွစ္ ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးဥပေဒအရ အျပည့္အဝကာကြယ္ထားတဲ့မ်ိဳးစိတ္ျဖစ္ပါတယ္။ ဒါေၾကာင့္ ယင္းတိရစာၦန္ကို လက္ဝယ္ထားရွိျခင္း၊ ေရာင္းခ်ျခင္း (သို႔) အစားအစာအျဖစ္ ေကြၽးေမြးျခင္းတို႔ဟာ လုံးဝတားျမစ္ ထားတဲ့ျပစ္မႈေတြျဖစ္ပါတယ္။ ဒီအတြက္ ျပစ္ဒဏ္ဟာ ဒဏ္ေငြ: ရင္းဂစ္ ၅၀,၀၀၀ (စင္ကာပူေဒၚလာ ၁၆,၂၀၀ ခန႔္) မွ ရင္းဂစ္ ၂၅၀,၀၀၀ အထိ (သို႔) ေထာင္ဒဏ္ ၅ ႏွစ္အထိ က်ခံရႏိုင္တယ္လို႔ သိရပါတယ္။
SWD ၫႊန္ၾကားေရးမႉး မစၥတာေဆာ့ဖင္အဘူဘက္ကာ က ခရီးသြားေတြကို ဆြဲေဆာင္ဖို႔အတြက္ ကာကြယ္ထားတဲ့ ေတာ႐ိုင္းတိရစာၦန္ေတြကို ဟင္းလ်ာအျဖစ္ အသုံးခ်တဲ့ဘယ္လုပ္ရပ္ကိုမဆို ျပင္းထန္စြာအေရးယူသြားမယ္လို႔ အေလးအနက္ေျပာၾကားခဲ့ပါတယ္။