မူးယစ်လုပ်ငန်းများလုပ်နေတဲ့ ချင်း CNDF အဖွဲ့ခေါင်းဆောင်နဲ့ ပြည်ပကြေးစားစစ်သားများ ဘယ်လိုဆက်နွယ်နေသလဲ

 134

ဂျန်ဇက် (NP News) - မတ် ၂၉

အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ (NIA) ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်ဆင်ရေးအဖြစ် ပြီးခဲ့တဲ့ မတ်လ (၁၃)ရက်နေ့ ညပိုင်းတုန်းက မတူညီတဲ့လေဆိပ်သုံးခုမှာ အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက် နဲ့ ယူကရိန်းနိုင်ငံသား (၆) ဦးကိုဖမ်းဆီးခဲ့ပါတယ်။အဲဒီ နိုင်ငံခြားသားများဟာ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မျာကို ဒရုန်းနည်းပညာပိုင်းလေ့ကျင်သင်ကြားဖို့ နဲ့ ဥရောပထုတ်ဒရုန်းများကို မြန်မာ လက်နက်ကိုင်အဖွဲ့များထံမှောင်ခိုတင်ပို့ဖို့အတွက် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို တရားမဝင် ဝင်ရောက်ခဲ့ သူတွေလည်းဖြစ်ပါတယ်။
အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အဲဒီနိုင်ငံခြားသား (၇) ဦးကိုအကြမ်းဖက်မှု တားဆီးကာကွယ်ရေး အက်ဥပဒေပုဒ်မ (၁၈) နဲ့ တရားစွဲဆိုထားပြီး အဲဒီအပုဒ်မက ပြစ်ဒဏ်အဖြစ် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ကျခံရဖွယ်ရှိနေပါတယ်။ (NIA)အဖွဲ့ဟာ ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့ဖူးတဲ့ အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက်ကို ကာလကတ္တား လေဆိပ်မှာ ဖမ်းဆီးခဲ့သလိုအခြား ယူကရိန်းနိုင်ငံသား ၆ဦးကိုဒေလီ မြို့နဲ့ လက်နောင်းမြို့မှာ ဖမ်းဆီးရမိခဲ့ပါတယ်။အိန္ဒိယအခြေစိုက် ကွင့်သတင်းဌာနက အဲဒီ ဖမ်းဆီးရမိတဲ့ ပြည်ပကြေးစား အဖွဲ့ဟာ ချင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ဒုတိယဥက္ကဌ ဦးဆောင်နေတဲ့ မူးယစ်ဆေးဝါး အင်ပါယာနဲ့ ဆက်နွယ်နေသူများဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိုင်ငံရှိခရစ်ယာန် ဘာသာရေးအဖွဲ့များရဲ့ကူညီထောက်ပံ့ မှု၊ ရုရှားနဲ့ ဖြစ်ပွားတဲ့ စစ်ပွဲမှာ ပါဝင်ခဲ့ဖူးတဲ့ ယူကရိန်းစစ်ပြန်ဟောင်းများ၊ မြန်မာနိုင်ငံအတွင်းရှိ ရုရှားထောက်လှမ်းရေးအဖွဲ့များနဲ့ ချင်းပြည်နယ်ကတဆင့် မဏိပူရပြည်နယ်ကို ဖြတ်သန်းပြီး အိန္ဒိယနိုင်ငံအတွင်း ကိုဝင်ရောက်လာတဲ့မူးယစ်ဆေးဝါးတွေဟာ ရှုပ်ထွေးဆက်နွယ်မှုများရှိနေတယ်လို့ အိန္ဒိယအခြေစိုက် မီဒီယာများ က ဖော်ပြထားပါတယ်။
အဲဒီဖမ်းဆီးရမိခဲ့တဲ့ပြည်ပကြေးစားအဖွဲ့များနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းများရဲ့နောက်ကွယ်မှာအမျိုးသား တစ်ဦးရှိနေ ပြီး အဲဒီ အမျိုးသားဟာ ချင်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တယ်လို့ အိန္ဒိယ စုံစမ်းထောက်လှမ်းရေး အဖွဲ့ နီးစပ်တဲ့သတင်းအရင်းမြစ်များက ပြောပါတယ်။ ပီတာထန်ဟာ ၂၀၂၁ ခုနှစ်က ဖလမ်းမြို့မှာ ဖွဲ့စည်းခဲ့တဲ့ ချင်းအမျိုးသားအဖွဲ့စည်း (CNO)ရဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ (CNDF), အဖွဲ့ရဲ့ ဒုတိယဥက္ကဌဖြစ်ပါတယ်။
အဲဒီ (CNDF),အဖွဲ့ဟာ ချင်းပြည်နယ်မှာ မြန်မာအစိုးရတပ်များကို တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်က နိုင်ငံရေးအပြောင်းအလဲမဖြစ်ခင်က ပီတာထန်ဟာ ရန်ကုန်မြို့ရှီ ခရီးသွားအေဂျင်စီလုပ်ကိုင်ခဲ့သူလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ နီးစပ်တဲ့သတင်းအရင်းမြစ်များရဲ့အဆိုအရ ပီတာထန်ဟာ ငွေကြေးအထောက်ပံရအောင် ချင်း CNDF အဖွဲ့ရဲ့မူးယစ်ဆေးဝါးလုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်နေမှု အပါအဝင်မတူညီတဲ့ လုပ်ငန်း(၃)ခုကို အဓိကထားလုပ်ကိုင်နေသူဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။ ပီတာထန်ဟာ မူးယစ်ဆေးဝါးလုပ်ငန်းအပြင် ချင်းလက်နက်ကိုင်အဖွဲ့ CNDF အတွက် စစ်လက်နက်ပစ္စည်းများရရှိရေးအတွက် အကြီးအကဲအဖြစ်တာဝန်ယူနေသလို အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက်နဲ့ ယူကရိန်းနိုင်ငံသား (၆) ဦးပါဝင်ပတ်သက်တဲ့ ဒရုန်းများ မှောင်ခိုတင်သွင်းမှုကိုလည်း စီစဉ်ခဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။ သတင်းအရင်းမြစ်များက ဆိုပါတယ်။ ကချင်လက်နက်ကိုင်အဖွဲ့ CNDF ဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ်နောက်ပိုင်းမှာ ချင်းပြည်နယ်ရဲ့မြို့တော်ဟောင်းဖြစ်တဲ့ ဖလမ်းမြို့ကို သိမ်းပိုက်နိုင်အောင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးရုရှားနဲ့ တရုတ်နိုင်ငံထုတ် တိုက်လေယာဉ်များအသုံးပြုပြီး တပ်မတော်စစ်ကြောင်းတွေရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တိုက်ပွဲကာလ ပထမ သီတင်းပတ် ၆ပတ်အတွင်းမှာပဲ CNDF အဖွဲ့ဝင် အနည်းဆုံး ၅၀ ဦး
သေဆုံးခဲ့ပါတယ်။ (CNDF),အဖွဲ့ ခေါင်းဆောင် ပီတာထန်က '' တပ်မတော်ဘက်က နည်းပညာပိုင်းအများကြီး သာလွန်ပေမယ့် ကျွန်တော်တို့ကတော့ လက်နက်တွေကို အကန့်သတ်နဲ့ သုံးနေရတယ်'' လို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီ လတုန်းက အယ်ဂျာဇီးယားသတင်းဌာနကို ပြောဆိုခဲ့ပါတယ်။ ပီတာထန်ဟာ အိန္ဒိယနိုင်ငံကို ဖြတ်သန်းပြီး ယူလာတဲ့ဒရုန်းတွေနဲ့ တိုက်ပွဲကိုအပြောင်းအလဲဖြစ်ဖို့ ရည်ရွယ်ထားတဲ့ ပုံစံမျိုးရှိတယ်လို့ ဆိုကြပါတယ်။ (CNDF) အဖွဲ့ဟာ ချင်းလက်နက်ကိုင်အဖွဲ့များစုပေါင်းထားတဲ့ ချင်းညီနောင်များ အဖွဲ့ထဲမှာ ပူးပေါင်းပါဝင်နေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ချင်းညီနောင်များအဖွဲ့မှာ (CNDF),အဖွဲ့ အပြင် ချင်းလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ (CNA) တို့ ပူးပေါင်းပါဝင်နေပါတယ်။
အဲဒီ ပူးပေါင်းမဟာမိတ်အဖွဲ့ဟာ မတူညီတဲ့လမ်းကြောင်းများကတဆင့် ရန်ပုံငွေ၊ ထောက်ပံငွေများ ရရှိနေပြီး ချင်း (CNDF) အဖွဲ့ဆိုရင် အမေရိကန်နိုင်ငံရှိ ခရစ်ယာန် သာသနာပြုကွန်ရက်များထံကနေ ကူညီထောက်ပံ့မှုများ အများအပြားရရှိနေပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကိုဖြတ်သန်းပြီး မှောင်ခိုတင်သွင်းလာတဲ့ ဒရုန်းနဲ့ စစ်လက်နက်ပစ္စည်းများဟာ ပီတာထန် ဦးဆောင်နေတဲ့ ချင်း (CNDF),လက်နက်ကိုင်အဖွဲ့အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် (CNDF)အဖွဲ့ဟာ မူးယစ်ဆေးဝါးလုပ်ငန်းများကနေလည်း အဓိက ဘဏ္ဍာငွေများရရှိနေပြီး (CNDF) အဖွဲ့ လုပ်ကိုင်နေတဲ့ မူးယစ်ဆေးဝါးကွန်ရက်ဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းအထိ နယ်မြေများတိုးချဲ့လာနေတယ်လို့ သိရပါ တယ်။ (CNDF)အဖွဲ့ အပါအဝင် ချင်းလက်နက်ကိုင်အဖွဲ့များဟာ မူးယစ်ဆေးဝါးများကို ထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံ ဘက်ခြမ်းကို တင်ပို့နေရာ (CNDF)အဖွဲ့ ခေါင်းဆောင်ပီတာထန်ဟာချင်းလက်နက်ကိုင်အဖွဲ့ CNDF နဲ့ အခြားလက်နက်ကိုင်အဖွဲ့များကြား မူးယစ်ဆေးဝါးလုပ်ငန်းနဲ့ပတ်သက်ပြီး အဓိကချိတ်ဆက် ဆက်သွယ်ပေးသူ ဖြစ်သလို နီးကပ်စွာအလုပ်လုပ်ကိုင်သူလည်းဖြစ်ပါတယ်။
ဒီဆက်ဆံရေးဟာ မူးယစ်ဆေးဝါးအရောင်းအဝယ်သက်သက် မဟုတ်ဘဲ ရင်းနှီးလွန်းတဲ့ ဆက်ဆံရေးများကြောင့် ဖြစ်ပြီး ဇိုမီးလူမျိုး၊၊ ချင်းလူမျိုး နဲ့ မီဇိုလူမျိုး အသိုက်အဝန်းတွေဟာ ကိုလိုနီခေတ် မတိုင်ခင်ကတည်းက နက်ရှိုင်းတဲ့ လူမျိုးရေး၊ ဘာသာစကား နဲ့ ဆွေမျိုးတော်စပ်မှု ဆက်နွယ်မှုတွေကို မျှဝေခဲ့သူတွေလည်းဖြစ်ပါတယ်။ အဲဒီနက်ရှိုင်း တဲ့ ရင်းနှီးကျွမ်းဝင်မှုများဟာလက်နက်ကိုင်အဖွဲ့ဝင်များ၊ စစ်လက်နက်ပစ္စည်းများနဲ့ မူးယစ်ဆေးဝါးလုပ်ငန်းများ ပါဝင်နေတဲ့ ကွန်ရက်ဖြစ်လာအောင် ပံ့ပိုးထောက်ပံ့လျက်ရှိနေပါတယ်။ ချင်းပြည်နယ်ရှိလက်နက်ကိုင်အဖွဲ့များထံ ဥရောပဒရုန်းများ မှောင်ခိုတင်သွင်းနိုင်အောင်လုပ်ဆောင်ပေးနေတဲ့ ကွန်ရက်များဟာ မူးယစ်ဆေးဝါးများကို အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ဒေသများကို မှောင်ခိုပေးပို့မှုများရှိနေပါတယ်။ အိန္ဒိယစုံစမ်းထောက်လှမ်းရေးအဖွဲ့ NIA က ဖမ်းဆီးခဲ့တဲ့ ကြေးစားစစ်သား ၇ ဦးထဲမှာပါဝင်တဲ့ အမေရိကန်နိုင်ငံသား မက်သရူး ဗန်ဒိုက်ဟာ အမေရိကန်နိုင်ငံဘာတီမိုးလ် မြို့မှာမွေးဖွားခဲ့ပြီး ဂျော့ချ်တောင်းတက္ကသိုလ်မှာ လုံခြုံရေးလေ့လာမှုဘာသာရပ်နဲ့ မဟာဘွဲ့ ရရှီထားသလို အင်္ဂလန်နိုင်ငံ ကင်းကောလိဂ်ကနေ စစ်ပွဲဆိုင်ရာလေ့လာမှုဘာသာရပ်နဲ့ မဟာဘွဲ့ကို ရရှိထားသူဖြစ်တယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။ မက်သရူးဟာ ဆန်း အော့ လစ်ဘာတီ အင်တာနေရှင်နယ်အဖွဲ့ကို ဦးဆောင်တည်ထောင်ထားသူဖြစ်ပြီး အာဏာရှင်ဆန့်ကျင့်ရေး လက်နက်ကိုင်အဖွဲ့များကိုစစ်သင်တန်းပေးတဲ့မစ်ရှင်ကို လုပ်ဆောင်နေသူလည်းဖြစ်ပါတယ်။ မက်သရူး ဗန်ဒိုက် ဟာ ၂၀၁၁ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ လစ်ဗျားနိုင်ငံရဲ့ ပြည်တွင်းစစ်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့ပြီး
လစ်ဗျားအကျဉ်းထောင်မှာ စစ်အကျဉ်းသားအဖြစ် (၆)လကြာ နေထိုင်ခဲ့ရသလို ဆီးရီးယား ပြည်တွင်းစစ်ပွဲမှာ ပါဝင်ခဲ့ဖူးသူဖြစ်ပါတယ်။ ဒါ့အပြင် မက်သရူးဗန်ဒိုက်ဟာ အစ္စာလမ်မစ်လက်နက်ကိုင်အဖွဲ့ အိုင်အက်စ် အိုင်အက်စကို တိုက်ခိုက်ဖို့ အီရတ်ရှိခရစ်ယာဉ်များကို စစ်သင်တန်းပေးခဲ့ဖူးသလို ရုရှားကိုတိုက်ခိုက်ဖို့ ယူကရိန်း ပြည်သူများကို စစ်သင်တန်းပေးခဲ့ဖူးသူဖြစ်ပါတယ်။
မက်သရူး ဗန်ဒိုက်ဦးဆောင်တည်ထောင်ထားတဲ့ ဆန်း အော့ လစ်ဘာတီ အင်တာနေရှင်နယ် အဖွဲ့ဟာ လစ်ဗျား၊ ဆီးရီးယား၊အီရတ်၊ အာဖန်ဂန်နစ္စတန် ၊ ယူကရိန်း၊ ဖိလစ်ပိုင်နဲ့ ဗင်နီဇွဲလားနိုင်ငံတို့မှာ ပါဝင်ဆက်နွယ်ခဲ့ပြီး လက်ရှိ အချိန်မှာတော့ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မှာပါဝင် ဆက်နွယ်လာတာပဲဖြစ်ပါတယ်။ အိန္ဒိယအမျိုးသား စုံစမ်း ထောက်လှမ်းရေးအဖွဲ့ဟာ အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက်ကို ချင်းပြည်နယ်ရှိ လက်နက်ကိုင်အဖွဲ့များ အတွက် ယူကရိန်းစစ်ပြန်ဟောင်းများကို လူသစ်စုဆောင်းခြင်းနောက်ကွယ်မှာ အဓိကပါဝင်နေသူအဖြစ် သံသယ ရှိနေပါတယ်။
အိန္ဒိယအစိုးရတာဝန်ရှိသူတစ်ဦးကတော့ မက်သရူးဗန်ဒိုက်ဟာ အနောက်အုပ်စုထောက်လှမ်းရေးအဖွဲ့စည်းရဲ့ အမိန့်အရ လုပ်ဆောင်နေခြင်းဖြစ်ဖွယ်ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရှိ ခရစ်ယာန် ဘာသာရေး အဖွဲ့စည်းကွန်ရက်များဟာ ချင်းလက်နက်ကိုင်အဖွဲ့ CNDF အတွက် အဓိက ထောက်ပံ့ရေးလမ်းကြောင်း ဖြစ်နေသလို ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ခရစ်ယာန်ဘာသာဝင်အများဆုံးရှိနေတဲ့ပြည်နယ်တစ်ခုဖြစ်ပြီး ရာစု ၁၉ ရာစုနှောင်းပိုင်းကစတင်ပြီး အမေရိကန် နှစ်ခြင်းခရစ်ယာန်သာသနာပြုလုပ်ငန်းများဟာ ချင်းပြည်နယ်မှာ အမွေအနှစ်တစ်ခုလိုဖြစ်လာခဲ့တယ်လို့ ဆိုကြပါတယ်။
ချင်းလူမျိုး ခရစ်ယာန်ဘာသာဝင်များဟာ အမေရိကန်နိုင်ငံရှိ ခရစ်ယာန်အဖွဲ့စည်းများနဲ့ ဆက်သွယ်မှုကို ထိန်းသိမ်းထားတယ်လို့သိရပါတယ်။ အဲဒီဆက်ဆံရေးများကို CNDF လလက်နက်ကိုင် အဖွဲ့အတွက် ငွေကြေးထောက်ပံ့မှုရရှိအောင် အသုံးချခဲ့တယ်လို့ သတင်းအရင်းမြစ်များက ပြောပါတယ်။
အမေရိကန်နိုင်ငံရှိ ဧဝံဂေလိအသင်းတော်နဲ့ ချင်းလက်နက်ကိုင်အဖွဲ့ CNDF အဖွဲ့တို့ရဲ့ ဆက်နွယ်မှုဟာ ရန်ပုံငွေထက် ပိုမိုနက်ရှိုင်းတယ်လို့ ဆိုနိုင်ပါတယ်။ကရာတေးချန်ပီယံဟောင်းတစ်ဦးဖြစ်သလို လက်ရှိအချိန်မှာ CNDF အဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ်တာဝန်ယူနေသူ အိုလီဗာ သောင်လွတ်ဟာ အမေရိကန်နိုင်ငံသားနဲ့ လက်ထပ်ထားသူဖြစ်ပြီး ၎င်းဟာ ယခင်တုန်းက အားကစားဝန်ကြီးဌာနမှာလက်ထောက်ညွှန်ကြားရေးမှူး တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။ CNDF အဖွဲ့ရဲ့ခေါင်းဆောင်ပိုင်းအတွင်း အမေရိကန် ဧဝံဂေလိအသင်းတော် နဲ့ စစ်ရေးအတိမ်အနက် နက်ရှိုင်းမှုကို ဖော်ပြနေတယ်လို့လည်း သတင်းအရင်းမြစ်များက ပြောပါတယ်။ အိန္ဒိယ အမျိုးသားစုံစမ်းစစ်ဆေးရေးအဖွဲ့ (NIA) က အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက်ဟာ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့များကို စစ်ရေး လေ့ကျင့်ခန်းများ သင်ကြားပေးခဲ့တယ်လို့ ဝန်ခံထားကြောင်းပြောပါတယ်။ (NIA) အဖွဲ့ဟာ အမေရိကန်နိုင်ငံသား မက်သရူးဗန်ဒိုက်နဲ့ ယူကရိန်းစစ်ပြန်ဟောင်း ၆ ဦးကို မဖမ်းခင်အချိန် တည်းက အိန္ဒိယအရှေ့မြောက်ဒေသမှာ သံသယရှိသူများကို လအတန်ကြာ ခြေရာခံ စုံစမ်းနေခဲ့တာဖြစ်ပါတယ်။ အိန္ဒိယအစိုးရရဲ့စုံစမ်းစစ်ဆေးသူများက အဆိုပါအဖွဲ့ဟာ ၂၀၂၄ ခုနှစ်မှစတင်ပြီး အိန္ဒိယနဲ့ မြန်မာနိုင်ငံနယ်စပ် ဒေသကို အကြိမ်ကြိမ်ခရီးထွက်ခဲ့တယ်လို့ ယုံကြည်နေပြီး အိန္ဒိယနိုင်ငံအတွင်းကို ခရီးသွားဗီဇာနဲ့ ဝင်ရောက်လာတဲ့ ၁၄ ဦး လူအုပ်စုကြီးရဲ့အစိတ်အပိုင်းအဖြစ် ပူးပေါင်းပါဝင်နေတဲ့ ယူကရိန်းနိုင်ငံသား အခြား ၈ ဦးကိုတေ့ာ ခြေရာခံ နိုင်ခြင်းမရှိသေးဘူးလို့အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။
မက်သရူးဗန်ဒိုက်နဲ့ ယူကရိန်းစစ်ပြန်ဟောင်း ၆ ဦးကို ဖမ်းဆီးနိုင်မှုဟာ သာမန်အဖြစ်ပျက်တစ်ခုမဟုတ်ဘဲ ရုရှားထောက်လှမ်းရေးအဖွဲ့က သတင်းပေးခဲ့တာဖြစ်တယ်လို့သတင်းများလည်းထွက်ပေါ်နေပါတယ်။ ရုရှား ထောက်လှမ်းရေးအဖွဲ့ဟာ မက်သရူးဗန်ဒိုက် အပါအဝင် ကြေးစား (၇)ဦးကို ဖမ်းဆီးနိုင်အောင် အိန္ဒိယ အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးခဲ့တယ်လို့ သတင်းအရင်းမြစ်များက ပြောပါတယ်။ရုရှားဟာ မြန်မာအစိုးရကို လက်နက်ကိုင်ဆန့်ကျင့်နေတဲ့လက်နက်ကိုင်အဖွဲ့များကို ဖြိုခွင်းနိုင်အောင် ကူညီထောက်ပံ့ပေးဖို့ မြန်မာနိုင်ငံမှာ ထောက်လှမ်းရေးလုပ်ငန်းအများအပြား လုပ်ကိုင်လျက်ရှိနေပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာ့ တပ်မတော်ကို စစ်ဘက်သုံးရဟတ်ယာဉ်များ၊ တိုက်လေယာဉ်များ၊ တင့်ကားများ၊ အမြှောက်များကူညီ ထောက်ပံ့ပေးထားပါတယ်။ ရုရှားဟာ အိန္ဒိယထောက်လှမ်းရေးအဖွဲ့ကို သတင်းပေးခြင်းနဲ့လက်နက်ကိုင် အဖွဲ့များရဲ့ဒရုန်းထောက်ပံ့ရေး ကွင်းဆက်ကိုဖျက်ဆီးခြင်းများနဲ့အတူ မြန်မာအစိုးရကို ကာကွယ်ပေးကာ ပထဝီ နိုင်ငံရေးအကျိုးစီးပွားတည်ဆောက်နေပါတယ်။ ရုရှားဘက်က ကူညီထောက်ပံ့ပေးတဲ့ စစ်လက်နက်ပစ္စည်းများဟာ မြေပြင်တိုက်ပွဲများမှာရလဒ်ကောင်းများဖြစ်လာအောင်ဖန်တီးပေးလျက်ရှိနေပါတယ်။ချင်းလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ပီတာထန်က မြန်မာနိုင်ငံအတွင်းကို မှောင်ခိုပို့ဆောင်ခဲ့တဲ့ ဒရုန်းအစင်းရေ ထောင်ချီ ထဲက တစ်စင်းဟာ မြန်မာစစ်လေယာဉ်ကို ပျက်ကျအောင်လုပ်ဆောင်နိုင်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ဖူးပြီး အဲဒီသတင်းသာ မှန်ကန်ခဲ့ပါက လက်နက်ကိုင်အဖွဲ့များရဲ့ စွမ်းရည်ပိုင်း ပိုကောင်းမွန်လာဖွယ်ရှိတယ်လို့ အိန္ဒိယသတင်းဌာနက ဖော်ပြထားပါတယ်။ကချင်လက်နက်ကိုင်အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတုန်း က ဒရုန်းများကိုအသုံးပြုပြီး တိုက်ခိုက်ခဲ့ရာ မြစ်ကြီးနားလေဆိပ်ရှိ ATR-72 အမျိုးစား လေယာဉ်ထိခိုက်ပျက်စီးမှုများရှိခဲ့ပါတယ်။ချင်းလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်ပီတာထန်ဟာ အိန္ဒိယ သတင်းဌာန ကွင်ရဲ့ဖော်ပြချက်တွေကို ငြင်းဆန်ထားပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းစစ်မှာပါဝင်ဖို့ ပြည်ပကြေးစားများအတွက် လမ်းကြောင်း တစ်ခုဖြစ်လာနေပါတယ်။ ထောက်လှမ်းရေးအဆက်အသွယ်များစွာရှိတဲ့ IPS အရာရှိဟောင်းတစ်ဦးဖြစ်တဲ့ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ်က ရုရှားနဲ့ဖြစ်ပွားတဲ့စစ်ပွဲမှာပါဝင်ခဲ့ဖူးတဲ့ “ယူကရိန်းစစ်ပြန်များဟာ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့လက်နက်ကိုင်အဖွဲ့များကို လေ့ကျင့်ပေးရန် မီဇိုရမ်ပြည်နယ်က တဆင့်ချင်းပြည်နယ်သို့ သွားရောက်ကြတယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ပြောဆိုခဲ့ဖူးပါတယ်။ တိကျသော ထောက်လှမ်းရေး သတင်းများ” ရှိကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဒီဇင်ဘာလအတွင်း နိုင်ငံခြားသား ၂၀၀၀ နီးပါးဟာ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်ခဲ့ပြီး အဲဒီနိုင်ငံခြားသား အများစုဟာ မြန်မာလက်နက်ကိုင်အဖွဲ့တွေကို စစ်သင်တန်းပေးဖို့ ချင်းတောင်တန်းဘက်ခြမ်းကိုသွားရောက်ခဲ့တယ်လို့ သိရပါတယ်။ ယူကရိန်းနဲ့ အမေရိကန်နိုင်ငံသား ရာပေါင်း များစွာဟာ မီဇိုရမ်ကတစ်ဆင့် ချင်းပြည်နယ်ကို လာရောက်လည်ပတ်ခဲ့ကြပြီး အချို့မှာ “စစ်မြေပြင်ခရီးသွားများ” အဖြစ်၊ သွားရောက်ခဲ့သလို အခြားသူများကလည်း ချင်းလက်နက်ကိုင်အဖွဲ့တွေကို လေ့ကျင့်ပေးဖို့ နဲ့ လက်နက် ထောက်ပံ့ဖို့ သွားရောက်ခဲ့တယ်လို့ အိန္ဒိယသတင်းများမှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဇွန်လ ၁၉ရက်နေ့တုန်းကလည်း အိန္ဒိယအာဏာပိုင်တွေဟာ ဗြိတိန်နိုင်ငံသား ဒန်နီရယ် နီဝီ ဆိုသူကို လက်နက်ခဲယမ်းများနဲ့အတူ ဖမ်းမိခဲ့ပြီး အဲဒီဗြိတိန်နိုင်ငံသားဟာ ချင်းလက်နက်ကိုင်အဖွဲ့ထံက ပြန်လာသူဖြစ် တယ်လို့ သိရပါတယ်။ ဘယ်ဂျီယံနိုင်ငံသား ဆီမွန် စလီမန်တီကိုလည်း ၂၀၂၅ ခုနှစ် မတ်လတုန်းက လေဆိပ်မှာ လက်နက်ခဲယမ်းများနဲ့အတူဖမ်းမိခဲ့ပြီး အဲဒီပြည်ပနိုင်ငံသားနှစ်ဦးဟာ အပြန်မှာဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။
ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ စီအမ်အေလှုပ်ရှားနေတဲ့နေရာတွေရဲ့အခြေနေတည်ငြိမ်ပြီး မူးယစ်ဆေးဝါး လုပ်ငန်းများဟာ ပြောပလောက်တဲ့အခြေနေမျိုးမရှိပါဘူး။ ဒါပေမယ့် ချင်းလက်နက်ကိုင်အဖွဲ့ CNDF လှုပ်ရှားနေတဲ့ နေရာတွေမှာတော့မူးယစ်ဆေးဝါးများ စတင်ရာနေရာ၊ ဒရုန်းတင်ပို့မှုများ ဖြတ်သန်းရာနေရာ၊ အမေရိကန်နဲ့ ယူကရိန်း စစ်ပြန်ဟောင်း ကြေးစားအဖွဲ့များရဲ့ဖြတ်ကျော်ရာနေရာ နဲ့ “စစ်မြေပြင်ခရီးသွားများ”ကို စွဲဆောင်ရာ နေရာဖြစ်နေပါတယ်။
ချင်းလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ CNA နဲ့ CNDF အဖွဲ့ လှုပ်ရှားရာနယ်မြေများဟာ သီးခြားနယ်နိမိတ်နှစ်ခု မဟုတ်ဘဲ လက်နက်ကိုင်နှစ်ဖွဲ့ က ထိန်းချုပ်ထားသော နယ်စပ်တစ်ခုတည်းဖြစ်ပါတယ်။ ဒါပေမယ့် CNA နဲ့ CNDF အဖွဲ့ တို့ဟာ နယ်မြေတစ်ခုတည်းမှာလှုပ်ရှားနေတဲ့ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်ပေမယ့် ညီညွှတ်မှုမရှိကြဘဲ ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းက CNA အဖွဲ့ဟာ CNDF အဖွဲ့ရဲ့စခန်းကို သိမ်းပိုက်ခဲ့ရာ ချင်းလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ကြား လက်နက်ကိုင်ပဋိပက္ခ ပိုမိုကြီးထွားလာခဲ့ပါတယ်။

Zawgyi Version;
မူးယစ္လုပ္ငန္းမ်ားလုပ္ေနတဲ့ ခ်င္း CNDF အဖြဲ႕ေခါင္းေဆာင္နဲ႔ ျပည္ပေၾကးစားစစ္သားမ်ား ဘယ္လိုဆက္ႏြယ္ေန သလဲ
ဂ်န္ဇက္ (NP News) - မတ္ ၂၉
အိႏၵိယ အမ်ိဳးသားစုံစမ္းစစ္ေဆးေရးအဖြဲ႕ (NIA) ဟာ အၾကမ္းဖက္မႈတိုက္ဖ်က္ေရးစစ္ဆင္ေရးအျဖစ္ ၿပီးခဲ့တဲ့ မတ္လ (၁၃)ရက္ေန႔ ညပိုင္းတုန္းက မတူညီတဲ့ေလဆိပ္သုံးခုမွာ အေမရိကန္ႏိုင္ငံသား မက္သ႐ူး ဗန္ဒိုက္ နဲ႔ ယူကရိန္းႏိုင္ငံသား (၆) ဦးကိုဖမ္းဆီးခဲ့ပါတယ္။အဲဒီ ႏိုင္ငံျခားသားမ်ားဟာ ျမန္မာႏိုင္ငံရွိ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ာကို ဒ႐ုန္းနည္းပညာပိုင္းေလ့က်င္သင္ၾကားဖို႔ နဲ႔ ဥေရာပထုတ္ဒ႐ုန္းမ်ားကို ျမန္မာ လက္နက္ကိုင္အဖြဲ႕မ်ားထံေမွာင္ခိုတင္ပို႔ဖို႔အတြက္ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ထဲကို တရားမဝင္ ဝင္ေရာက္ခဲ့ သူေတြလည္းျဖစ္ပါတယ္။
အိႏၵိယ အမ်ိဳးသားစုံစမ္းစစ္ေဆးေရးအဖြဲ႕ဟာ အဲဒီႏိုင္ငံျခားသား (၇) ဦးကိုအၾကမ္းဖက္မႈ တားဆီးကာကြယ္ေရး အက္ဥပေဒပုဒ္မ (၁၈) နဲ႔ တရားစြဲဆိုထားၿပီး အဲဒီအပုဒ္မက ျပစ္ဒဏ္အျဖစ္ တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္ က်ခံရဖြယ္ရွိေနပါတယ္။ (NIA)အဖြဲ႕ဟာ ဆီးရီးယားျပည္တြင္းစစ္မွာ ပါဝင္တိုက္ခိုက္ခဲ့ဖူးတဲ့ အေမရိကန္ႏိုင္ငံသား မက္သ႐ူးဗန္ဒိုက္ကို ကာလကတၱား ေလဆိပ္မွာ ဖမ္းဆီးခဲ့သလိုအျခား ယူကရိန္းႏိုင္ငံသား ၆ဦးကိုေဒလီ ၿမိဳ႕နဲ႔ လက္ေနာင္းၿမိဳ႕မွာ ဖမ္းဆီးရမိခဲ့ပါတယ္။အိႏၵိယအေျခစိုက္ ကြင့္သတင္းဌာနက အဲဒီ ဖမ္းဆီးရမိတဲ့ ျပည္ပေၾကးစား အဖြဲ႕ဟာ ခ်င္းလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ရဲ႕ဒုတိယဥကၠဌ ဦးေဆာင္ေနတဲ့ မူးယစ္ေဆးဝါး အင္ပါယာနဲ႔ ဆက္ႏြယ္ေနသူမ်ားျဖစ္တယ္လို႔ ဆိုပါတယ္။ အေမရိကန္ႏိုင္ငံရွိခရစ္ယာန္ ဘာသာေရးအဖြဲ႕မ်ားရဲ႕ကူညီေထာက္ပံ့ မႈ၊ ႐ုရွားနဲ႔ ျဖစ္ပြားတဲ့ စစ္ပြဲမွာ ပါဝင္ခဲ့ဖူးတဲ့ ယူကရိန္းစစ္ျပန္ေဟာင္းမ်ား၊ ျမန္မာႏိုင္ငံအတြင္းရွိ ႐ုရွားေထာက္လွမ္းေရးအဖြဲ႕မ်ားနဲ႔ ခ်င္းျပည္နယ္ကတဆင့္ မဏိပူရျပည္နယ္ကို ျဖတ္သန္းၿပီး အိႏၵိယႏိုင္ငံအတြင္း ကိုဝင္ေရာက္လာတဲ့မူးယစ္ေဆးဝါးေတြဟာ ရႈပ္ေထြးဆက္ႏြယ္မႈမ်ားရွိေနတယ္လို႔ အိႏၵိယအေျခစိုက္ မီဒီယာမ်ား က ေဖာ္ျပထားပါတယ္။
အဲဒီဖမ္းဆီးရမိခဲ့တဲ့ျပည္ပေၾကးစားအဖြဲ႕မ်ားနဲ႔ မူးယစ္ေဆးဝါးလုပ္ငန္းမ်ားရဲ႕ေနာက္ကြယ္မွာအမ်ိဳးသား တစ္ဦးရွိေန ၿပီး အဲဒီ အမ်ိဳးသားဟာ ခ်င္းလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္တယ္လို႔ အိႏၵိယ စုံစမ္းေထာက္လွမ္းေရး အဖြဲ႕ နီးစပ္တဲ့သတင္းအရင္းျမစ္မ်ားက ေျပာပါတယ္။ ပီတာထန္ဟာ ၂၀၂၁ ခုႏွစ္က ဖလမ္းၿမိဳ႕မွာ ဖြဲ႕စည္းခဲ့တဲ့ ခ်င္းအမ်ိဳးသားအဖြဲ႕စည္း (CNO)ရဲ႕လက္နက္ကိုင္အဖြဲ႕ျဖစ္တဲ့ (CNDF), အဖြဲ႕ရဲ႕ ဒုတိယဥကၠဌျဖစ္ပါတယ္။
အဲဒီ (CNDF),အဖြဲ႕ဟာ ခ်င္းျပည္နယ္မွာ ျမန္မာအစိုးရတပ္မ်ားကို တိုက္ခိုက္ေနတဲ့ လက္နက္ကိုင္အဖြဲ႕လည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာ ၂၀၂၁ ခုႏွစ္က ႏိုင္ငံေရးအေျပာင္းအလဲမျဖစ္ခင္က ပီတာထန္ဟာ ရန္ကုန္ၿမိဳ႕ရွီ ခရီးသြားေအဂ်င္စီလုပ္ကိုင္ခဲ့သူလည္းျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ နီးစပ္တဲ့သတင္းအရင္းျမစ္မ်ားရဲ႕အဆိုအရ ပီတာထန္ဟာ ေငြေၾကးအေထာက္ပံရေအာင္ ခ်င္း CNDF အဖြဲ႕ရဲ႕မူးယစ္ေဆးဝါးလုပ္ငန္းမ်ားကို ဦးေဆာင္ လုပ္ကိုင္ေနမႈ အပါအဝင္မတူညီတဲ့ လုပ္ငန္း(၃)ခုကို အဓိကထားလုပ္ကိုင္ေနသူျဖစ္တယ္လို႔ အိႏၵိယအေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။ ပီတာထန္ဟာ မူးယစ္ေဆးဝါးလုပ္ငန္းအျပင္ ခ်င္းလက္နက္ကိုင္အဖြဲ႕ CNDF အတြက္ စစ္လက္နက္ပစၥည္းမ်ားရရွိေရးအတြက္ အႀကီးအကဲအျဖစ္တာဝန္ယူေနသလို အေမရိကန္ႏိုင္ငံသား မက္သ႐ူးဗန္ဒိုက္နဲ႔ ယူကရိန္းႏိုင္ငံသား (၆) ဦးပါဝင္ပတ္သက္တဲ့ ဒ႐ုန္းမ်ား ေမွာင္ခိုတင္သြင္းမႈကိုလည္း စီစဥ္ခဲ့သူ ျဖစ္တယ္လို႔ ဆိုပါတယ္။ သတင္းအရင္းျမစ္မ်ားက ဆိုပါတယ္။ ကခ်င္လက္နက္ကိုင္အဖြဲ႕ CNDF ဟာ ၿပီးခဲ့တဲ့ ၂၀၂၄ခုႏွစ္ေနာက္ပိုင္းမွာ ခ်င္းျပည္နယ္ရဲ႕ၿမိဳ႕ေတာ္ေဟာင္းျဖစ္တဲ့ ဖလမ္းၿမိဳ႕ကို သိမ္းပိုက္ႏိုင္ေအာင္ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး႐ုရွားနဲ႔ တ႐ုတ္ႏိုင္ငံထုတ္ တိုက္ေလယာဥ္မ်ားအသုံးျပဳၿပီး တပ္မေတာ္စစ္ေၾကာင္းေတြရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ တိုက္ပြဲကာလ ပထမ သီတင္းပတ္ ၆ပတ္အတြင္းမွာပဲ CNDF အဖြဲ႕ဝင္ အနည္းဆုံး ၅၀ ဦး
ေသဆုံးခဲ့ပါတယ္။ (CNDF),အဖြဲ႕ ေခါင္းေဆာင္ ပီတာထန္က '' တပ္မေတာ္ဘက္က နည္းပညာပိုင္းအမ်ားႀကီး သာလြန္ေပမယ့္ ကြၽန္ေတာ္တို႔ကေတာ့ လက္နက္ေတြကို အကန႔္သတ္နဲ႔ သုံးေနရတယ္'' လို႔ ၂၀၂၅ ခုႏွစ္ ဇန္နဝါရီ လတုန္းက အယ္ဂ်ာဇီးယားသတင္းဌာနကို ေျပာဆိုခဲ့ပါတယ္။ ပီတာထန္ဟာ အိႏၵိယႏိုင္ငံကို ျဖတ္သန္းၿပီး ယူလာတဲ့ဒ႐ုန္းေတြနဲ႔ တိုက္ပြဲကိုအေျပာင္းအလဲျဖစ္ဖို႔ ရည္႐ြယ္ထားတဲ့ ပုံစံမ်ိဳးရွိတယ္လို႔ ဆိုၾကပါတယ္။ (CNDF) အဖြဲ႕ဟာ ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားစုေပါင္းထားတဲ့ ခ်င္းညီေနာင္မ်ား အဖြဲ႕ထဲမွာ ပူးေပါင္းပါဝင္ေနတဲ့ လက္နက္ကိုင္အဖြဲ႕ျဖစ္ၿပီး ခ်င္းညီေနာင္မ်ားအဖြဲ႕မွာ (CNDF),အဖြဲ႕ အျပင္ ခ်င္းလက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ျဖစ္တဲ့ (CNA) တို႔ ပူးေပါင္းပါဝင္ေနပါတယ္။
အဲဒီ ပူးေပါင္းမဟာမိတ္အဖြဲ႕ဟာ မတူညီတဲ့လမ္းေၾကာင္းမ်ားကတဆင့္ ရန္ပုံေငြ၊ ေထာက္ပံေငြမ်ား ရရွိေနၿပီး ခ်င္း (CNDF) အဖြဲ႕ဆိုရင္ အေမရိကန္ႏိုင္ငံရွိ ခရစ္ယာန္ သာသနာျပဳကြန္ရက္မ်ားထံကေန ကူညီေထာက္ပံ့မႈမ်ား အမ်ားအျပားရရွိေနပါတယ္။ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ကိုျဖတ္သန္းၿပီး ေမွာင္ခိုတင္သြင္းလာတဲ့ ဒ႐ုန္းနဲ႔ စစ္လက္နက္ပစၥည္းမ်ားဟာ ပီတာထန္ ဦးေဆာင္ေနတဲ့ ခ်င္း (CNDF),လက္နက္ကိုင္အဖြဲ႕အတြက္ ျဖစ္ပါတယ္။ ဒါ့အျပင္ (CNDF)အဖြဲ႕ဟာ မူးယစ္ေဆးဝါးလုပ္ငန္းမ်ားကေနလည္း အဓိက ဘ႑ာေငြမ်ားရရွိေနၿပီး (CNDF) အဖြဲ႕ လုပ္ကိုင္ေနတဲ့ မူးယစ္ေဆးဝါးကြန္ရက္ဟာ အိႏၵိယႏိုင္ငံဘက္ျခမ္းအထိ နယ္ေျမမ်ားတိုးခ်ဲ႕လာေနတယ္လို႔ သိရပါ တယ္။ (CNDF)အဖြဲ႕ အပါအဝင္ ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားဟာ မူးယစ္ေဆးဝါးမ်ားကို ထုတ္လုပ္ၿပီး အိႏၵိယႏိုင္ငံ ဘက္ျခမ္းကို တင္ပို႔ေနရာ (CNDF)အဖြဲ႕ ေခါင္းေဆာင္ပီတာထန္ဟာခ်င္းလက္နက္ကိုင္အဖြဲ႕ CNDF နဲ႔ အျခားလက္နက္ကိုင္အဖြဲ႕မ်ားၾကား မူးယစ္ေဆးဝါးလုပ္ငန္းနဲ႔ပတ္သက္ၿပီး အဓိကခ်ိတ္ဆက္ ဆက္သြယ္ေပးသူ ျဖစ္သလို နီးကပ္စြာအလုပ္လုပ္ကိုင္သူလည္းျဖစ္ပါတယ္။
ဒီဆက္ဆံေရးဟာ မူးယစ္ေဆးဝါးအေရာင္းအဝယ္သက္သက္ မဟုတ္ဘဲ ရင္းႏွီးလြန္းတဲ့ ဆက္ဆံေရးမ်ားေၾကာင့္ ျဖစ္ၿပီး ဇိုမီးလူမ်ိဳး၊၊ ခ်င္းလူမ်ိဳး နဲ႔ မီဇိုလူမ်ိဳး အသိုက္အဝန္းေတြဟာ ကိုလိုနီေခတ္ မတိုင္ခင္ကတည္းက နက္ရႈိင္းတဲ့ လူမ်ိဳးေရး၊ ဘာသာစကား နဲ႔ ေဆြမ်ိဳးေတာ္စပ္မႈ ဆက္ႏြယ္မႈေတြကို မွ်ေဝခဲ့သူေတြလည္းျဖစ္ပါတယ္။ အဲဒီနက္ရႈိင္း တဲ့ ရင္းႏွီးကြၽမ္းဝင္မႈမ်ားဟာလက္နက္ကိုင္အဖြဲ႕ဝင္မ်ား၊ စစ္လက္နက္ပစၥည္းမ်ားနဲ႔ မူးယစ္ေဆးဝါးလုပ္ငန္းမ်ား ပါဝင္ေနတဲ့ ကြန္ရက္ျဖစ္လာေအာင္ ပံ့ပိုးေထာက္ပံ့လ်က္ရွိေနပါတယ္။ ခ်င္းျပည္နယ္ရွိလက္နက္ကိုင္အဖြဲ႕မ်ားထံ ဥေရာပဒ႐ုန္းမ်ား ေမွာင္ခိုတင္သြင္းႏိုင္ေအာင္လုပ္ေဆာင္ေပးေနတဲ့ ကြန္ရက္မ်ားဟာ မူးယစ္ေဆးဝါးမ်ားကို အိႏၵိယႏိုင္ငံအေရွ႕ေျမာက္ဘက္ေဒသမ်ားကို ေမွာင္ခိုေပးပို႔မႈမ်ားရွိေနပါတယ္။ အိႏၵိယစုံစမ္းေထာက္လွမ္းေရးအဖြဲ႕ NIA က ဖမ္းဆီးခဲ့တဲ့ ေၾကးစားစစ္သား ၇ ဦးထဲမွာပါဝင္တဲ့ အေမရိကန္ႏိုင္ငံသား မက္သ႐ူး ဗန္ဒိုက္ဟာ အေမရိကန္ႏိုင္ငံဘာတီမိုးလ္ ၿမိဳ႕မွာေမြးဖြားခဲ့ၿပီး ေဂ်ာ့ခ်္ေတာင္းတကၠသိုလ္မွာ လုံၿခဳံေရးေလ့လာမႈဘာသာရပ္နဲ႔ မဟာဘြဲ႕ ရရွီထားသလို အဂၤလန္ႏိုင္ငံ ကင္းေကာလိဂ္ကေန စစ္ပြဲဆိုင္ရာေလ့လာမႈဘာသာရပ္နဲ႔ မဟာဘြဲ႕ကို ရရွိထားသူျဖစ္တယ္လို႔ အိႏၵိယအေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။ မက္သ႐ူးဟာ ဆန္း ေအာ့ လစ္ဘာတီ အင္တာေနရွင္နယ္အဖြဲ႕ကို ဦးေဆာင္တည္ေထာင္ထားသူျဖစ္ၿပီး အာဏာရွင္ဆန႔္က်င့္ေရး လက္နက္ကိုင္အဖြဲ႕မ်ားကိုစစ္သင္တန္းေပးတဲ့မစ္ရွင္ကို လုပ္ေဆာင္ေနသူလည္းျဖစ္ပါတယ္။ မက္သ႐ူး ဗန္ဒိုက္ ဟာ ၂၀၁၁ ခုႏွစ္က ျဖစ္ပြားခဲ့တဲ့ လစ္ဗ်ားႏိုင္ငံရဲ႕ ျပည္တြင္းစစ္ပြဲမွာပါဝင္တိုက္ခိုက္ခဲ့ၿပီး
လစ္ဗ်ားအက်ဥ္းေထာင္မွာ စစ္အက်ဥ္းသားအျဖစ္ (၆)လၾကာ ေနထိုင္ခဲ့ရသလို ဆီးရီးယား ျပည္တြင္းစစ္ပြဲမွာ ပါဝင္ခဲ့ဖူးသူျဖစ္ပါတယ္။ ဒါ့အျပင္ မက္သ႐ူးဗန္ဒိုက္ဟာ အစၥာလမ္မစ္လက္နက္ကိုင္အဖြဲ႕ အိုင္အက္စ္ အိုင္အက္စကို တိုက္ခိုက္ဖို႔ အီရတ္ရွိခရစ္ယာဥ္မ်ားကို စစ္သင္တန္းေပးခဲ့ဖူးသလို ႐ုရွားကိုတိုက္ခိုက္ဖို႔ ယူကရိန္း ျပည္သူမ်ားကို စစ္သင္တန္းေပးခဲ့ဖူးသူျဖစ္ပါတယ္။
မက္သ႐ူး ဗန္ဒိုက္ဦးေဆာင္တည္ေထာင္ထားတဲ့ ဆန္း ေအာ့ လစ္ဘာတီ အင္တာေနရွင္နယ္ အဖြဲ႕ဟာ လစ္ဗ်ား၊ ဆီးရီးယား၊အီရတ္၊ အာဖန္ဂန္နစၥတန္ ၊ ယူကရိန္း၊ ဖိလစ္ပိုင္နဲ႔ ဗင္နီဇြဲလားႏိုင္ငံတို႔မွာ ပါဝင္ဆက္ႏြယ္ခဲ့ၿပီး လက္ရွိ အခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းစစ္မွာပါဝင္ ဆက္ႏြယ္လာတာပဲျဖစ္ပါတယ္။ အိႏၵိယအမ်ိဳးသား စုံစမ္း ေထာက္လွမ္းေရးအဖြဲ႕ဟာ အေမရိကန္ႏိုင္ငံသား မက္သ႐ူးဗန္ဒိုက္ကို ခ်င္းျပည္နယ္ရွိ လက္နက္ကိုင္အဖြဲ႕မ်ား အတြက္ ယူကရိန္းစစ္ျပန္ေဟာင္းမ်ားကို လူသစ္စုေဆာင္းျခင္းေနာက္ကြယ္မွာ အဓိကပါဝင္ေနသူအျဖစ္ သံသယ ရွိေနပါတယ္။
အိႏၵိယအစိုးရတာဝန္ရွိသူတစ္ဦးကေတာ့ မက္သ႐ူးဗန္ဒိုက္ဟာ အေနာက္အုပ္စုေထာက္လွမ္းေရးအဖြဲ႕စည္းရဲ႕ အမိန႔္အရ လုပ္ေဆာင္ေနျခင္းျဖစ္ဖြယ္ရွိတယ္လို႔ ေျပာပါတယ္။ ဒါ့အျပင္ အေမရိကန္ႏိုင္ငံရွိ ခရစ္ယာန္ ဘာသာေရး အဖြဲ႕စည္းကြန္ရက္မ်ားဟာ ခ်င္းလက္နက္ကိုင္အဖြဲ႕ CNDF အတြက္ အဓိက ေထာက္ပံ့ေရးလမ္းေၾကာင္း ျဖစ္ေနသလို ခ်င္းျပည္နယ္ဟာ ျမန္မာႏိုင္ငံမွာ ခရစ္ယာန္ဘာသာဝင္အမ်ားဆုံးရွိေနတဲ့ျပည္နယ္တစ္ခုျဖစ္ၿပီး ရာစု ၁၉ ရာစုေႏွာင္းပိုင္းကစတင္ၿပီး အေမရိကန္ ႏွစ္ျခင္းခရစ္ယာန္သာသနာျပဳလုပ္ငန္းမ်ားဟာ ခ်င္းျပည္နယ္မွာ အေမြအႏွစ္တစ္ခုလိုျဖစ္လာခဲ့တယ္လို႔ ဆိုၾကပါတယ္။
ခ်င္းလူမ်ိဳး ခရစ္ယာန္ဘာသာဝင္မ်ားဟာ အေမရိကန္ႏိုင္ငံရွိ ခရစ္ယာန္အဖြဲ႕စည္းမ်ားနဲ႔ ဆက္သြယ္မႈကို ထိန္းသိမ္းထားတယ္လို႔သိရပါတယ္။ အဲဒီဆက္ဆံေရးမ်ားကို CNDF လလက္နက္ကိုင္ အဖြဲ႕အတြက္ ေငြေၾကးေထာက္ပံ့မႈရရွိေအာင္ အသုံးခ်ခဲ့တယ္လို႔ သတင္းအရင္းျမစ္မ်ားက ေျပာပါတယ္။
အေမရိကန္ႏိုင္ငံရွိ ဧဝံေဂလိအသင္းေတာ္နဲ႔ ခ်င္းလက္နက္ကိုင္အဖြဲ႕ CNDF အဖြဲ႕တို႔ရဲ႕ ဆက္ႏြယ္မႈဟာ ရန္ပုံေငြထက္ ပိုမိုနက္ရႈိင္းတယ္လို႔ ဆိုႏိုင္ပါတယ္။ကရာေတးခ်န္ပီယံေဟာင္းတစ္ဦးျဖစ္သလို လက္ရွိအခ်ိန္မွာ CNDF အဖြဲ႕ရဲ႕ ကာကြယ္ေရးဝန္ႀကီးအျဖစ္တာဝန္ယူေနသူ အိုလီဗာ ေသာင္လြတ္ဟာ အေမရိကန္ႏိုင္ငံသားနဲ႔ လက္ထပ္ထားသူျဖစ္ၿပီး ၎ဟာ ယခင္တုန္းက အားကစားဝန္ႀကီးဌာနမွာလက္ေထာက္ၫႊန္ၾကားေရးမႉး တာဝန္ယူခဲ့သူလည္းျဖစ္ပါတယ္။ CNDF အဖြဲ႕ရဲ႕ေခါင္းေဆာင္ပိုင္းအတြင္း အေမရိကန္ ဧဝံေဂလိအသင္းေတာ္ နဲ႔ စစ္ေရးအတိမ္အနက္ နက္ရႈိင္းမႈကို ေဖာ္ျပေနတယ္လို႔လည္း သတင္းအရင္းျမစ္မ်ားက ေျပာပါတယ္။ အိႏၵိယ အမ်ိဳးသားစုံစမ္းစစ္ေဆးေရးအဖြဲ႕ (NIA) က အေမရိကန္ႏိုင္ငံသား မက္သ႐ူးဗန္ဒိုက္ဟာ ျမန္မာႏိုင္ငံရွိ လက္နက္ကိုင္အဖြဲ႕မ်ားကို စစ္ေရး ေလ့က်င့္ခန္းမ်ား သင္ၾကားေပးခဲ့တယ္လို႔ ဝန္ခံထားေၾကာင္းေျပာပါတယ္။ (NIA) အဖြဲ႕ဟာ အေမရိကန္ႏိုင္ငံသား မက္သ႐ူးဗန္ဒိုက္နဲ႔ ယူကရိန္းစစ္ျပန္ေဟာင္း ၆ ဦးကို မဖမ္းခင္အခ်ိန္ တည္းက အိႏၵိယအေရွ႕ေျမာက္ေဒသမွာ သံသယရွိသူမ်ားကို လအတန္ၾကာ ေျခရာခံ စုံစမ္းေနခဲ့တာျဖစ္ပါတယ္။ အိႏၵိယအစိုးရရဲ႕စုံစမ္းစစ္ေဆးသူမ်ားက အဆိုပါအဖြဲ႕ဟာ ၂၀၂၄ ခုႏွစ္မွစတင္ၿပီး အိႏၵိယနဲ႔ ျမန္မာႏိုင္ငံနယ္စပ္ ေဒသကို အႀကိမ္ႀကိမ္ခရီးထြက္ခဲ့တယ္လို႔ ယုံၾကည္ေနၿပီး အိႏၵိယႏိုင္ငံအတြင္းကို ခရီးသြားဗီဇာနဲ႔ ဝင္ေရာက္လာတဲ့ ၁၄ ဦး လူအုပ္စုႀကီးရဲ႕အစိတ္အပိုင္းအျဖစ္ ပူးေပါင္းပါဝင္ေနတဲ့ ယူကရိန္းႏိုင္ငံသား အျခား ၈ ဦးကိုေတ့ာ ေျခရာခံ ႏိုင္ျခင္းမရွိေသးဘူးလို႔အိႏၵိယသတင္းမွာ ေဖာ္ျပထားပါတယ္။
မက္သ႐ူးဗန္ဒိုက္နဲ႔ ယူကရိန္းစစ္ျပန္ေဟာင္း ၆ ဦးကို ဖမ္းဆီးႏိုင္မႈဟာ သာမန္အျဖစ္ပ်က္တစ္ခုမဟုတ္ဘဲ ႐ုရွားေထာက္လွမ္းေရးအဖြဲ႕က သတင္းေပးခဲ့တာျဖစ္တယ္လို႔သတင္းမ်ားလည္းထြက္ေပၚေနပါတယ္။ ႐ုရွား ေထာက္လွမ္းေရးအဖြဲ႕ဟာ မက္သ႐ူးဗန္ဒိုက္ အပါအဝင္ ေၾကးစား (၇)ဦးကို ဖမ္းဆီးႏိုင္ေအာင္ အိႏၵိယ အမ်ိဳးသားေထာက္လွမ္းေရးအဖြဲ႕ကို သတင္းေပးခဲ့တယ္လို႔ သတင္းအရင္းျမစ္မ်ားက ေျပာပါတယ္။႐ုရွားဟာ ျမန္မာအစိုးရကို လက္နက္ကိုင္ဆန႔္က်င့္ေနတဲ့လက္နက္ကိုင္အဖြဲ႕မ်ားကို ၿဖိဳခြင္းႏိုင္ေအာင္ ကူညီေထာက္ပံ့ေပးဖို႔ ျမန္မာႏိုင္ငံမွာ ေထာက္လွမ္းေရးလုပ္ငန္းအမ်ားအျပား လုပ္ကိုင္လ်က္ရွိေနပါတယ္။ ႐ုရွားႏိုင္ငံဟာ ျမန္မာ့ တပ္မေတာ္ကို စစ္ဘက္သုံးရဟတ္ယာဥ္မ်ား၊ တိုက္ေလယာဥ္မ်ား၊ တင့္ကားမ်ား၊ အေျမႇာက္မ်ားကူညီ ေထာက္ပံ့ေပးထားပါတယ္။ ႐ုရွားဟာ အိႏၵိယေထာက္လွမ္းေရးအဖြဲ႕ကို သတင္းေပးျခင္းနဲ႔လက္နက္ကိုင္ အဖြဲ႕မ်ားရဲ႕ဒ႐ုန္းေထာက္ပံ့ေရး ကြင္းဆက္ကိုဖ်က္ဆီးျခင္းမ်ားနဲ႔အတူ ျမန္မာအစိုးရကို ကာကြယ္ေပးကာ ပထဝီ ႏိုင္ငံေရးအက်ိဳးစီးပြားတည္ေဆာက္ေနပါတယ္။ ႐ုရွားဘက္က ကူညီေထာက္ပံ့ေပးတဲ့ စစ္လက္နက္ပစၥည္းမ်ားဟာ ေျမျပင္တိုက္ပြဲမ်ားမွာရလဒ္ေကာင္းမ်ားျဖစ္လာေအာင္ဖန္တီးေပးလ်က္ရွိေနပါတယ္။ခ်င္းလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္ျဖစ္တဲ့ ပီတာထန္က ျမန္မာႏိုင္ငံအတြင္းကို ေမွာင္ခိုပို႔ေဆာင္ခဲ့တဲ့ ဒ႐ုန္းအစင္းေရ ေထာင္ခ်ီ ထဲက တစ္စင္းဟာ ျမန္မာစစ္ေလယာဥ္ကို ပ်က္က်ေအာင္လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ သတင္းမ်ားထြက္ေပၚခဲ့ဖူးၿပီး အဲဒီသတင္းသာ မွန္ကန္ခဲ့ပါက လက္နက္ကိုင္အဖြဲ႕မ်ားရဲ႕ စြမ္းရည္ပိုင္း ပိုေကာင္းမြန္လာဖြယ္ရွိတယ္လို႔ အိႏၵိယသတင္းဌာနက ေဖာ္ျပထားပါတယ္။ကခ်င္လက္နက္ကိုင္အဖြဲ႕ဟာ ၿပီးခဲ့တဲ့ ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီလတုန္း က ဒ႐ုန္းမ်ားကိုအသုံးျပဳၿပီး တိုက္ခိုက္ခဲ့ရာ ျမစ္ႀကီးနားေလဆိပ္ရွိ ATR-72 အမ်ိဳးစား ေလယာဥ္ထိခိုက္ပ်က္စီးမႈမ်ားရွိခဲ့ပါတယ္။ခ်င္းလက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ပီတာထန္ဟာ အိႏၵိယ သတင္းဌာန ကြင္ရဲ႕ေဖာ္ျပခ်က္ေတြကို ျငင္းဆန္ထားပါတယ္။
အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဟာ ျမန္မာႏိုင္ငံရဲ႕ျပည္တြင္းစစ္မွာပါဝင္ဖို႔ ျပည္ပေၾကးစားမ်ားအတြက္ လမ္းေၾကာင္း တစ္ခုျဖစ္လာေနပါတယ္။ ေထာက္လွမ္းေရးအဆက္အသြယ္မ်ားစြာရွိတဲ့ IPS အရာရွိေဟာင္းတစ္ဦးျဖစ္တဲ့ မီဇိုရမ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ႐ုရွားနဲ႔ျဖစ္ပြားတဲ့စစ္ပြဲမွာပါဝင္ခဲ့ဖူးတဲ့ “ယူကရိန္းစစ္ျပန္မ်ားဟာ ျမန္မာအစိုးရကို တိုက္ခိုက္ေနတဲ့လက္နက္ကိုင္အဖြဲ႕မ်ားကို ေလ့က်င့္ေပးရန္ မီဇိုရမ္ျပည္နယ္က တဆင့္ခ်င္းျပည္နယ္သို႔ သြားေရာက္ၾကတယ္လို႔ ၿပီးခဲ့တဲ့ ၂၀၂၅ ခုႏွစ္အတြင္း ေျပာဆိုခဲ့ဖူးပါတယ္။ တိက်ေသာ ေထာက္လွမ္းေရး သတင္းမ်ား” ရွိေၾကာင္း ေျပာၾကားခဲ့သည္။
ၿပီးခဲ့တဲ့ ၂၀၂၄ ခုႏွစ္ ဇြန္လကေန ဒီဇင္ဘာလအတြင္း ႏိုင္ငံျခားသား ၂၀၀၀ နီးပါးဟာ မီဇိုရမ္ျပည္နယ္သို႔ ဝင္ေရာက္ခဲ့ၿပီး အဲဒီႏိုင္ငံျခားသား အမ်ားစုဟာ ျမန္မာလက္နက္ကိုင္အဖြဲ႕ေတြကို စစ္သင္တန္းေပးဖို႔ ခ်င္းေတာင္တန္းဘက္ျခမ္းကိုသြားေရာက္ခဲ့တယ္လို႔ သိရပါတယ္။ ယူကရိန္းနဲ႔ အေမရိကန္ႏိုင္ငံသား ရာေပါင္း မ်ားစြာဟာ မီဇိုရမ္ကတစ္ဆင့္ ခ်င္းျပည္နယ္ကို လာေရာက္လည္ပတ္ခဲ့ၾကၿပီး အခ်ိဳ႕မွာ “စစ္ေျမျပင္ခရီးသြားမ်ား” အျဖစ္၊ သြားေရာက္ခဲ့သလို အျခားသူမ်ားကလည္း ခ်င္းလက္နက္ကိုင္အဖြဲ႕ေတြကို ေလ့က်င့္ေပးဖို႔ နဲ႔ လက္နက္ ေထာက္ပံ့ဖို႔ သြားေရာက္ခဲ့တယ္လို႔ အိႏၵိယသတင္းမ်ားမွာ ေဖာ္ျပထားပါတယ္။ၿပီးခဲ့တဲ့ ၂၀၂၄ခုႏွစ္ ဇြန္လ ၁၉ရက္ေန႔တုန္းကလည္း အိႏၵိယအာဏာပိုင္ေတြဟာ ၿဗိတိန္ႏိုင္ငံသား ဒန္နီရယ္ နီဝီ ဆိုသူကို လက္နက္ခဲယမ္းမ်ားနဲ႔အတူ ဖမ္းမိခဲ့ၿပီး အဲဒီၿဗိတိန္ႏိုင္ငံသားဟာ ခ်င္းလက္နက္ကိုင္အဖြဲ႕ထံက ျပန္လာသူျဖစ္ တယ္လို႔ သိရပါတယ္။ ဘယ္ဂ်ီယံႏိုင္ငံသား ဆီမြန္ စလီမန္တီကိုလည္း ၂၀၂၅ ခုႏွစ္ မတ္လတုန္းက ေလဆိပ္မွာ လက္နက္ခဲယမ္းမ်ားနဲ႔အတူဖမ္းမိခဲ့ၿပီး အဲဒီျပည္ပႏိုင္ငံသားႏွစ္ဦးဟာ အျပန္မွာဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္။
ခ်င္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္တဲ့ စီအမ္ေအလႈပ္ရွားေနတဲ့ေနရာေတြရဲ႕အေျခေနတည္ၿငိမ္ၿပီး မူးယစ္ေဆးဝါး လုပ္ငန္းမ်ားဟာ ေျပာပေလာက္တဲ့အေျခေနမ်ိဳးမရွိပါဘူး။ ဒါေပမယ့္ ခ်င္းလက္နက္ကိုင္အဖြဲ႕ CNDF လႈပ္ရွားေနတဲ့ ေနရာေတြမွာေတာ့မူးယစ္ေဆးဝါးမ်ား စတင္ရာေနရာ၊ ဒ႐ုန္းတင္ပို႔မႈမ်ား ျဖတ္သန္းရာေနရာ၊ အေမရိကန္နဲ႔ ယူကရိန္း စစ္ျပန္ေဟာင္း ေၾကးစားအဖြဲ႕မ်ားရဲ႕ျဖတ္ေက်ာ္ရာေနရာ နဲ႔ “စစ္ေျမျပင္ခရီးသြားမ်ား”ကို စြဲေဆာင္ရာ ေနရာျဖစ္ေနပါတယ္။
ခ်င္းလက္နက္ကိုင္အဖြဲ႕ေတြျဖစ္တဲ့ CNA နဲ႔ CNDF အဖြဲ႕ လႈပ္ရွားရာနယ္ေျမမ်ားဟာ သီးျခားနယ္နိမိတ္ႏွစ္ခု မဟုတ္ဘဲ လက္နက္ကိုင္ႏွစ္ဖြဲ႕ က ထိန္းခ်ဳပ္ထားေသာ နယ္စပ္တစ္ခုတည္းျဖစ္ပါတယ္။ ဒါေပမယ့္ CNA နဲ႔ CNDF အဖြဲ႕ တို႔ဟာ နယ္ေျမတစ္ခုတည္းမွာလႈပ္ရွားေနတဲ့ခ်င္းလက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ေပမယ့္ ညီၫႊတ္မႈမရွိၾကဘဲ ၂၀၂၅ ခုႏွစ္ ဇူလိုင္လတုန္းက CNA အဖြဲ႕ဟာ CNDF အဖြဲ႕ရဲ႕စခန္းကို သိမ္းပိုက္ခဲ့ရာ ခ်င္းလက္နက္ကိုင္အဖြဲ႕ႏွစ္ဖြဲ႕ ၾကား လက္နက္ကိုင္ပဋိပကၡ ပိုမိုႀကီးထြားလာခဲ့ပါတယ္။

Related news

© 2021. All rights reserved.