အုတ်တွင်းမြို့တွင် စက်ဘီးစီးနေသည့် အမျိုးသမီးအား ကားဖြင့်တိုက်၍ ထွက်ပြေးသွားသော ဘုန်းကြီးတစ်ပါးအား ဖမ်းဆီးမိ

330

ထိုက်စံ (NP News)- မတ် ၂၉
ပဲခူးတိုင်းဒေသကြီး ၊ အုတ်တွင်းမြို့တွင် စက်ဘီးစီးနေသည့် အမျိုးသမီးအား ကားဖြင့်တိုက်မိ၍ ထွက်ပြေးသွားသည့် ဘုန်းကြီးတစ်ပါးအား ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ် ၂၈ ရက်) ၊ ညပိုင်း (၁၀)နာရီဝန်းကျင်ခန့်က အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးကား လမ်းဟောင်းပေါ်ရှိ ကျောက်တလင်းကျေးရွာအနီးတွင် ဘုန်းကြီးတစ်ပါးမောင်းနှင်လာသော ကားတစ်စီးမှ အသက်(၂၅)နှစ်ခန့်အရွယ် အမျိုးသမီးတစ်ဦးစီးလာသောစက်ဘီးအား ကားဖြင့်တိုက်မိပြီးနောက် ကျောက်တလင်းကျေးရွာထဲသို့ ထွက်ပြေးမောင်းနှင်လာရာ လမ်းမရှိသည့် လယ်ကွက်ထဲသို့ အရောက်တွင် ထိုးရပ်သွားသဖြင့် ဖိနပ်မပါဘဲ ခြေလျင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ည (၁၂) နာရီ အချိန်ခန့်တွင် အုတ်တွင်းမြို့မြောက်ဘက်အထွက် သုသာန်ကျောင်းအနီး ရန်-မန်းလမ်းမဟောင်းပေါ်တွင် ဘုန်ကြီးတစ်ပါး အရက်မူး၍ ဖိနပ်မပါဘဲ သွားလာနေကြောင်း သတင်းရသဖြင့် အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါဖမ်းဆီးရမိသော ဘုန်းကြီးအား အုတ်တွင်းမြို့နယ် သံဃနာယက ဥက္ကဌဆရာတော်ကြီးကျောင်းတိုက်သို့ ညတွင်းချင်း ပို့ဆောင်၍ စစ်မေးဖေါ်ထုတ်ရာ ၎င်း၏သာသနာ မှတ်ပုံတင်တွင် မှင်ဖျက်ဆေးဖြင့် ဖျက်ထားသောစာများဖြင့် အတုပြုလုပ်ထားခြင်းတို့အရ ရဟန်းတု ရဟန်းယောင်သာဖြစ်ကြောင်း ၊ စက်ဘီစီးသည့်အမျိုးသမီးအား ကားဖြင့်တိုက်မိပြီးနောက် ကားကိုထား၍ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ၎င်းတွင် ပါရှိသည့် ပစ္စည်းများအား စစ်ဆေးရာတွင် သက်တမ်းလွန် passport စာအုပ်၊ ထောက်ခံစာ အတုနှင့် အတူ ညစ်ညမ်းပစ္စည်းများစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဖမ်းဆီးရမိသော ဘုန်းကြီးအား အရပ်သား ဥပဒေဖြင့် အရေးယူနိင်ရန်အတွက် လူဝတ်လဲစေကာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူ နယ်ထိန်းထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့မှ ဆရာတော်ဦးတေဇသီရိ သည် လူမှုကွန်ယက်စာမျက်နှာတွင် အောက်ပါကဲ့သို့ရေးသားထားသည်။
“မူးနေပြီး ရှမ်းပြည်မှ ပြန်လာသည်ဟုပြောလိုပြော ၊ တောင်ငူမှဟုပြောလိုပြော ၊မူးနေပြီး ရှမ်းပြည်မှ ပြန်လာသည်ဟုပြောလိုပြော၊ နေပြည်တော်တွင်လဲ သူ့ကား နောက်ပိုင်း အတိုက်ခံခဲ့ရကြောင်း ၊ လွိုင်ကော်မှဟုပြောလိုပြော ၊ တောကျွဲအင်းမှာ ကျောင်းထိုင်သည်ဟုပြောလိုပြော” ဟု ရေးသားထားသည်။

Zawgyi Version:
အုတ္တြင္းၿမိဳ႕တြင္ စက္ဘီးစီးေနသည့္ အမ်ိဳးသမီးအား ကားျဖင့္တိုက္၍ ထြက္ေျပးသြားေသာ ဘုန္းႀကီးတစ္ပါးအား ဖမ္းဆီးမိ
ထိုက္စံ (NP News)- မတ္ ၂၉
ပဲခူးတိုင္းေဒသႀကီး ၊ အုတ္တြင္းၿမိဳ႕တြင္ စက္ဘီးစီးေနသည့္ အမ်ိဳးသမီးအား ကားျဖင့္တိုက္မိ၍ ထြက္ေျပးသြားသည့္ ဘုန္းႀကီးတစ္ပါးအား ဖမ္းဆီးမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(မတ္ ၂၈ ရက္) ၊ ညပိုင္း (၁၀)နာရီဝန္းက်င္ခန႔္က အုတ္တြင္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးကား လမ္းေဟာင္းေပၚရွိ ေက်ာက္တလင္းေက်း႐ြာအနီးတြင္ ဘုန္းႀကီးတစ္ပါးေမာင္းႏွင္လာေသာ ကားတစ္စီးမွ အသက္(၂၅)ႏွစ္ခန႔္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးစီးလာေသာစက္ဘီးအား ကားျဖင့္တိုက္မိၿပီးေနာက္ ေက်ာက္တလင္းေက်း႐ြာထဲသို႔ ထြက္ေျပးေမာင္းႏွင္လာရာ လမ္းမရွိသည့္ လယ္ကြက္ထဲသို႔ အေရာက္တြင္ ထိုးရပ္သြားသျဖင့္ ဖိနပ္မပါဘဲ ေျခလ်င္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ည (၁၂) နာရီ အခ်ိန္ခန႔္တြင္ အုတ္တြင္းၿမိဳ႕ေျမာက္ဘက္အထြက္ သုသာန္ေက်ာင္းအနီး ရန္-မန္းလမ္းမေဟာင္းေပၚတြင္ ဘုန္ႀကီးတစ္ပါး အရက္မူး၍ ဖိနပ္မပါဘဲ သြားလာေနေၾကာင္း သတင္းရသျဖင့္ အုတ္တြင္းၿမိဳ႕နယ္ သာ/ထိန္း အဖြဲ႕မွ သြားေရာက္ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
အဆိုပါဖမ္းဆီးရမိေသာ ဘုန္းႀကီးအား အုတ္တြင္းၿမိဳ႕နယ္ သံဃနာယက ဥကၠဌဆရာေတာ္ႀကီးေက်ာင္းတိုက္သို႔ ညတြင္းခ်င္း ပို႔ေဆာင္၍ စစ္ေမးေဖၚထုတ္ရာ ၎၏သာသနာ မွတ္ပုံတင္တြင္ မွင္ဖ်က္ေဆးျဖင့္ ဖ်က္ထားေသာစာမ်ားျဖင့္ အတုျပဳလုပ္ထားျခင္းတို႔အရ ရဟန္းတု ရဟန္းေယာင္သာျဖစ္ေၾကာင္း ၊ စက္ဘီစီးသည့္အမ်ိဳးသမီးအား ကားျဖင့္တိုက္မိၿပီးေနာက္ ကားကိုထား၍ ထြက္ေျပးလာျခင္းျဖစ္ေၾကာင္း၊ ၎တြင္ ပါရွိသည့္ ပစၥည္းမ်ားအား စစ္ေဆးရာတြင္ သက္တမ္းလြန္ passport စာအုပ္၊ ေထာက္ခံစာ အတုႏွင့္ အတူ ညစ္ညမ္းပစၥည္းမ်ားစစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔ စစ္ေဆးေတြ႕ရွိခဲ့သျဖင့္ ဖမ္းဆီးရမိေသာ ဘုန္းႀကီးအား အရပ္သား ဥပေဒျဖင့္ အေရးယူနိင္ရန္အတြက္ လူဝတ္လဲေစကာ သက္ဆိုင္ရာ ရဲတပ္ဖြဲ႕တာဝန္ရွိသူ နယ္ထိန္းထံသို႔ အပ္ႏွံခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပက္သက္၍ အုတ္တြင္းၿမိဳ႕နယ္ သာ/ထိန္းအဖြဲ႕မွ ဆရာေတာ္ဦးေတဇသီရိ သည္ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေအာက္ပါကဲ့သို႔ေရးသားထားသည္။
“မူးေနၿပီး ရွမ္းျပည္မွ ျပန္လာသည္ဟုေျပာလိုေျပာ ၊ ေတာင္ငူမွဟုေျပာလိုေျပာ ၊မူးေနၿပီး ရွမ္းျပည္မွ ျပန္လာသည္ဟုေျပာလိုေျပာ၊ ေနျပည္ေတာ္တြင္လဲ သူ႔ကား ေနာက္ပိုင္း အတိုက္ခံခဲ့ရေၾကာင္း ၊ လြိဳင္ေကာ္မွဟုေျပာလိုေျပာ ၊ ေတာကြၽဲအင္းမွာ ေက်ာင္းထိုင္သည္ဟုေျပာလိုေျပာ” ဟု ေရးသားထားသည္။