မြန်မာ့လက်ရွေးစင် ဘောလုံးသမားဟောင်း ဦးတင်မြင့်အောင် အသက်(၅၉)နှစ် အရွယ်တွင် ကွယ်လွန်

405
ထိုက်စံ (NP News) - မတ် ၂၃
မြန်မာ့ လက်ရွေးစင် ကစားသမား ဦးတင်မြင့်အောင်သည် ယနေ့ (မတ် ၂၃ ရက်) နံနက်ပိုင်း (၁၁)နာရီ (၅၀) မိနစ်အချိန်က ရန်ကုန်မြို့ရှိ ဂရန်းဟံသာဆေးရုံတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဦးတင်မြင့်အောင်သည် အသည်းကင်ဆာရောဂါရှိသူ ဖြစ်ပြီး ကွယ်လွန်သည့်ချိန်တွင် အသက်(၅၉)နှစ်အရွယ်ရှိ ကြောင်း သိရသည်။
ဦးတင်မြင့်အောင်သည် ဘောလုံးကစားသမားဘဝက အနားယူပြီးနောက် မြန်မာ့လက်ရွေးစင်အသင်း၊ မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် မြန်မာ ယူ- ၂၃ အသင်းတို့ကိုလည်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) တွင်လည်း နည်းစနစ်ဒါရိုက်တာ၊ နည်းစနစ်ကော်မတီဥက္ကဋ္ဌ အစရှိသည့် ရာထူးများတွင်လည်း တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Zawgyi version:
ျမန္မာ့ လက္ေ႐ြးစင္ ကစားသမား ဦးတင္ျမင့္ေအာင္သည္ ယေန႔ (မတ္ ၂၃ ရက္) နံနက္ပိုင္း (၁၁)နာရီ (၅၀) မိနစ္အခ်ိန္က ရန္ကုန္ၿမိဳ႕ရွိ ဂရန္းဟံသာေဆး႐ုံတြင္ ကြယ္လြန္ခဲ့ေၾကာင္း သိရသည္။
ဦးတင္ျမင့္ေအာင္သည္ အသည္းကင္ဆာေရာဂါရွိသူ ျဖစ္ၿပီး ကြယ္လြန္သည့္ခ်ိန္တြင္ အသက္(၅၉)ႏွစ္အ႐ြယ္ရွိ ေၾကာင္း သိရသည္။
ဦးတင္ျမင့္ေအာင္သည္ ေဘာလုံးကစားသမားဘဝက အနားယူၿပီးေနာက္ ျမန္မာ့လက္ေ႐ြးစင္အသင္း၊ ျမန္မာအမ်ိဳးသမီးလက္ေ႐ြးစင္အသင္းႏွင့္ ျမန္မာ ယူ- ၂၃ အသင္းတို႔ကိုလည္း နည္းျပခ်ဳပ္အျဖစ္ တာဝန္ယူခဲ့သူျဖစ္သည္။
ထို႔ျပင္ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္ (MFF) တြင္လည္း နည္းစနစ္ဒါ႐ိုက္တာ၊ နည္းစနစ္ေကာ္မတီဥကၠ႒ အစရွိသည့္ ရာထူးမ်ားတြင္လည္း တာဝန္ယူေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။