“ မိသားစုထဲက သိုးမည်း ”

 495

အိဖြူ (NP News) - မတ် ၂၉

အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်ကြည့်သူတွေအတွက် NP News ရဲ့အပတ်စဉ် အနုပညာကဏ္ဍက နေ ဒီတစ်ပတ်အတွက် “သိုးမည်းမလေးဖြစ်ခဲ့တဲ့ ဖွေးဖွေး၊ ရုပ်ရှင်အစည်းအရုံးကို သိန်း(၅၀ဝ)လှူဒါန်း” အစရှိတဲ့ အနုပညာနဲ့ဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။

ဖခင်အတွက် ရည်ရွယ်ရိုက်ကူးတဲ့ ဖွေးဖွေးရဲ့ သိုးမည်း
ထပ်ဆင့်အကယ်ဒမီဖွေးဖွေးက ဖခင်အတွက်ရည်ရွယ်ကာ သိုးမည်းဇာတ်ကားကို လက်ခံရိုက်ကူးခဲ့ပေမယ့် ရုံတင်ချိန်မှာ မောင်ဖြစ်သူပါ ကြည့်ခွင့်မရလိုက်ကြောင်း သူရဲ့ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့ပါတယ်။
ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေးနဲ့ ထပ်ဆင့်အကယ်ဒမီမင်းသားကြီး လွင်မိုးတို့ရဲ့ မိသားစုဇာတ်လမ်းတစ်ခုဖြစ်တဲ့ သိုးမည်း ရုပ်ရှင်ဇာတ်ကားက မိဘနဲ့သားသမီး၊ မိသားစုဝင်အချင်းချင်းကြားက ချစ်ခြင်းမေတ္တာ သံယောဇဉ်ကို ထုတ်ဖော်ပြသထားတဲ့အတွက် မိသားစုဒရာမာဇာတ်ကားကောင်းအဖြစ် အောင်မြင်မှုရရှိနေပါတယ်။ ဖခင်ကွယ်လွန်ချိန် အနားမှာမရှိနိုင်ခဲ့တဲ့ အချစ်ရဆုံးသမီး ‘ခင်တာရာ’ ရဲ့အဖြစ်နဲ့ ‘ဖွေးဖွေး’ ရဲ့ဘဝက ထပ်တူကျခဲ့ပြီး ဒီဇာတ်ရုပ်ဟာ ဖခင်ဖြစ်သူအပေါ်မှာ ဖွေးဖွေး စွဲထင်ကျန်ရစ်နေတဲ့စိတ်ခံစားချက်တစ်ခုကို ထုတ်ဖော်ပြသလိုက်ခြင်းလို့ ဆိုနိုင်ပါတယ်။
ဖွေးဖွေးရဲ့ဖခင် ဦးကျော်ကျော်ဝင်း(ခ) မောင်ဦး အသက် (၅၈)နှစ်ဟာ (၂၀၂၁) ခုနှစ် ဩဂုတ်လ (၁၉)ရက်က ကိုဗစ်ရောဂါကြောင့် ပန်းလှိုင်ဆေးရုံမှာ ကွယ်လွန်အနိစ္စရောက်ခဲ့တာပါ။ ဖွေးဖွေးဟာ အဲဒီကာ လက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေမှု ဥပဒေပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်ခံထားရပြီး ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အချိန်ဖြစ် တာကြောင့် နာရေးအခမ်းအနားကို လာရောက်နိုင်ခြင်းမရှိခဲ့တာပါ။
မိသားစုတိုင်း တစ်ယောက်နဲ့တစ်ယောက် နားလည်မှုနဲ့အတူ သက်ရှိထင်ရှားရှိနေတုန်း တန်ဖိုးထား တတ်ဖို့ မျှော်လင့်ရင်း ဒီဇာတ်ကားကို ပုံဖော်ထားခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။ “ဖွေးဖေဖေ့အတွက် ရည်ရွယ် ရိုက်ခဲ့ တာပါ။ ရိုက်ရင်းနဲ့ ဖွေးဖေဖေအတွက် ခံစားချက်တွေ Healing ဖြစ်သွားတဲ့ကားပါ။ ဖွေးတို့ရဲ့သိုးမည်းကားက မိသားစု ဒရာမာဇာတ်လမ်းလေးမို့ မိဘရှိသူတွေဖြစ်ဖြစ်၊ မရှိတဲ့သူပဲဖြစ်ဖြစ် လာရောက် ကြည့်ရှုကြည့်ပါလို့ပြောချင်ပါတယ်”လို့ အကယ်ဒမီဖွေးဖွေးက ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။ “အဖေ့တုန်းက တအားကြီးပြိုလဲသွားတယ်။ အသင့်လည်း မဖြစ်လိုက်ဘူး။ လက်လည်း လက်မခံဘူး။ အဲဒီတုန်းက ငါပြိုလဲလို့ရတယ်။ ဘာပဲဖြစ်ဖြစ် အနောက်မှာမောင် လေးရှိတယ်။ မောင်လေးက အမေ့ကိုထိန်းသိမ်းလိမ့်မယ်ပေါ့။ မောင်လေးဖြစ်သွားတဲ့အချိန်မှာကျတော့ ကိုယ့် အနောက်မှာ ဘယ်သူမှမရှိတော့ဘူး။ ငါကလွဲပြီး ဘယ်သူမှမရှိတော့ဘူးဆိုတာသေချာသွားတော့ သူ့အလိုလို သန်မာ သွားတယ်။ ဒီဇာတ်ကားကိုကြည့်နေတဲ့အချိန် အဖေ့ကိုလွမ်းလိုက်တာပေါ့။ ဖွေးငိုနေတဲ့အချိန် အမေက သူရူးမတတ်ပဲတဲ့။ တကယ်ကြီး အဲဒီလိုဖြစ်ခဲ့တာလားတဲ့။ အဲဒီအချိန်က တစ်ယောက်တစ်နေရာစီ ဖြစ်နေကြတာဆိုတော့ လေ။ ဟုတ်တယ်လို့”လို့ ဖွေးဖွေးက မီဒီယာထက် သူရဲ့ခံစားချက်တွေကို ပထမဆုံးအကြိမ်အဖြစ် ရင်ဖွင့်ပြောပြခဲ့ တာဖြစ်ပါတယ်။
သိုးမည်း ရုပ်ရှင်ဇာတ်ကားက မင်းသမီးဇာတ်ဖြစ်တာကြောင့်လည်း ထပ်ဆင့်အကယ်ဒမီမင်းသားကြီး လွင်မိုး ကိုယ်တိုင်က သူ့နာမည်ကို မင်းသမီးဖွေးဖွေးရဲ့နာမည်အနောက်မှာရေးထိုးစေခဲ့ပြီး မြန်မာနိုင်ငံ မှာလည်း ရုပ်ရှင် ဇာတ်ကားရဲ့ဇာတ်သဘောအရ ဦးဆောင်သူကို Main Role တင်သင့်ကြောင်းအကြံပြုခဲ့ပါသေးတယ်။ “တကယ်ကို ရင်ထဲထိပါတယ်။ ခေးအရမ်းကံကောင်းပါတယ်။ ဒီလိုမိဘရှိတဲ့အတွက်။ ရှိတဲ့အချိန်တွေကိုတန်ဖိုးထားကြပါ။ သူများ တွေကတော့ ဒါက မင်းသားတစ်ယောက်ကိုကြည့်တာပဲ။ ကိုယ်ကကျတော့ ကိုယ့်အဖေကိုကြည့်နေရတော့ ငါ့ကိုပြောနေ သလိုပဲပေါ့နော်(ငိုလျက်)၊ ဘဝဆိုတာ အချိန်တွေက အရမ်းမြန်တယ်။ ရှိတဲ့အချိန်လေးတွေကို တန်ဖိုးထားကြပါ။ ခေးတို့အရွယ်မှာရော တော်တော်များများက မာနပြိုင်ကြတာများတယ်။ မိသားစုဝင်အချင်းချင်း အဲဒီလိုမျိုးတွေ ကျော်လွှားနိုင်ပါစေ။ ချစ်ချစ်ခင်ခင်နွေးနွေးထွေး ထွေးနဲ့ ဘဝကို အတူတူဖြတ်သန်းနိုင်ပါစေ”လို့ လွင်မိုးရဲ့သမီး ယွန်းဝတီ လွင်မိုးကလည်း မိသားစုဝင်အချင်းချင်းတန်ဖိုးထားဖို့ အနုပညာမီဒီယာတွေနဲ့တွေ့ဆုံစဉ် ဖြေဆိုခဲ့ပါတယ်။ ခတ္တိယ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချိတဲ့ “သိုးမည်း” ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်း၊ ဇာတ်ညွှန်း လဲ့ရည်နိုင်၊ DOP ဝေယံ (PBE), Assistant Director ကောင်းသော်၊ ဒါရိုက်တာအောင်မြတ်က မိသားစု ဒရာမာဇာတ်လမ်းပုံစံ အ ကောင်းဆုံးပုံဖော်ရိုက်ကူးထားပြီး၊ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး၊ ထပ်ဆင့်အကယ်ဒမီ လွင်မိုး၊ လင်းဇာနည်ဇော်၊ အောင်ရေချမ်း၊ နေထွဋ်၊ သံသာညီ၊ မြတ်ရတနာကျော်၊ ဝိုင်းရွှေရည်၊ စည်သူရဲထွဋ်စတဲ့ အနုပညာရှင်တွေ ပါဝင်ထား ကြပါတယ်။ “သိုးမည်း”ရုပ်ရှင်ဇာတ်ကား Media Show ကို မတ်လ (၂၃)ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ်ရှိ နဝဒေးရုပ်ရှင်ရုံမှာကျင်းပခဲ့ကြပြီး မတ်လ (၂၇) ရက်ကစတင်ပြီး အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသ လျက်ရှိပါတယ်။

အလှမယ်တစ်ဦးရဲ့အိမ်ထောင်ရေးအရှုပ်တော်ပုံ
သူရဲ့အမျိုးသားက သူ့အပေါ် သိန်းတစ်သောင်းရလိုမှုနဲ့ တရားစွဲဆိုတာကိုခံထားရကြောင်း အလှမယ် အမရာငြိမ်း (ခ) အေးငြိမ်းဆွေက အနုပညာမီဒီယာတစ်ခုမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နှစ်ဖက်စလုံးက အပြန် အလှန် အပုပ်အသိုးသတင်းတွေကိုထုတ်ဖော်လာကြပါတယ်။ ဒီဖြစ်စဉ်က ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်ရေးပြိုကွဲ ရခြင်းနောက်ကွယ်က တရားဥပဒေရေးရာကိစ္စဆိုပေမယ့် ၎င်းတို့ဟာ အနုပညာသမားတွေဖြစ် နေတာကြောင့် ဆိုရှယ် လူမှုကွန်ရက်မှာ သတင်းတွေက ပျံ့နှံ့လျက်ရှိလို့နေပါတယ်။
အလှမယ် အမရာငြိမ်း (ခ) အေးငြိမ်းဆွေက Miss Myanmar International 2015 Winner ဆုရှင်တစ်ဦးဖြစ်ပြီး၊ လက်ရှိမှာ social influencer အဖြစ် ရပ်တည်လုပ်ကိုင်နေတာပါ။ အမရာငြိမ်းက “အမျိုးသားဖြစ်သူဟာ သူ့မိတ်ဆွေ အမျိုးသမီးတစ်ဦးရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအတွက် သူ့အပေါ် သိန်း(၁၀,ဝဝဝ)ရလိုမှုနဲ့ တရားစွဲဆိုထားကြောင်း” ပြောဆိုထားကာ၊ တခြားတစ်ဖက်မှာတော့ “သရုပ်ဆောင် အေးငြိမ်းဆွေ (ခေါ်) အမရာငြိမ်းဟာ သူရဲ့ခင်ပွန်းဖြစ်သူကို လင်မယားကွာရှင်းလိုမှုနဲ့အတူ နှစ်ဦးပိုင်ပစ္စည်း ကျပ်သိန်းပေါင်း (၄)သောင်းကျော်ရဲ့တစ်ဝက်ဖြစ်တဲ့ သိန်း(၂)သောင်း ကျော်ကို နစ်နာကြေးအဖြစ် ရလို ကြောင်း (၂၀၂၅)ခုနှစ်အတွင်းမှာ တရားစွဲဆိုထားတာဖြစ်တယ်”လို့ဆိုထားပြန်ပါတယ်။
ကိုသော်ဇင်ကျော်ကျော်နဲ့ မော်ဒယ် အလှမယ် အမရာငြိမ်း(ခ)အေးငြိမ်းဆွေတို့ရဲ့မင်္ဂလာဧည့်ခံပွဲအခမ်းအနားကို (၂၀၂၀) ပြည့်နှစ် ဇန်နဝါရီလ (၁၉)ရက်က ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပပြု လုပ်ခဲ့တာဖြစ်ပါတယ်။ အမရာငြိမ်းရဲ့ထုတ်ဖော်ပြောဆိုထားမှုအရ အိမ်ထောင်သက်(၁)နှစ်ကျော်အကြာမှာ သူတို့ရဲ့အိမ်ထောင်ရေးက အဆင် မပြေဖြစ်ခဲ့ကြောင်းဆိုထားပေမယ့် မီဒီယာစာမျက်နှာထက်မှာတော့ အမရာငြိမ်းက သူတို့ရဲ့အိမ်ထောင်ရေးက ပျော်ရွှင် ချမ်းမြေ့စရာကောင်းတဲ့အိမ်ထောင်ရေးအသွင် ဟန်ယူခဲ့တာပါ။ (၂၀၂၆) ခုနှစ် မတ်လမှာတော့ ၎င်းတို့ရဲ့ အိမ်ထောင် ရေးအဆင်မပြေခဲ့မှုတွေကို သူ့ပရိသတ်တွေထံ တရားဝင်အသိပေးခဲ့တာဖြစ်ပါတယ်။

နှင်းဆီအဖွဲ့သားများက ရုပ်ရှင်အစည်းအရုံးသို့ ငွေကျပ် သိန်း(၅၀ဝ)လှူဒါန်း
ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပြန်လည်အသက်သွင်းကာ ထပ်ဆင့်အကယ်ဒမီ နေတိုး၊ ကျော်ကျော် ဗို၊ ထွန်းထွန်း၊ ရဲလေး၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ မေကဗျာနဲ့ မိုးယုစံတို့ပါဝင်တဲ့ နှင်းဆီအဖွဲ့သားတွေရဲ့ “နှင်းဆီပွင့်မယ့်နေ့ ဟာသပြဇာတ်” ဖျော်ဖြေတင်ဆက်မှုကရရှိခဲ့တဲ့အလှူငွေများအနက် ငွေကျပ် သိန်း(၅၀ဝ)ကို မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး နှစ်(၈၀)ပြည့်အထိမ်းအမှတ်အတွက် လှူဒါန်းခဲ့ကြပါတယ်။
နှင်းဆီအဖွဲ့ ဖွဲ့စည်းခြင်းက နှစ်(၂၀)ပြည့်မြောက်တော့မယ်လို့သိရှိရကာ နှင်းဆီအငြိမ့်အဖွဲ့ကို ဒါရိုက်တာ မောင်မျိုးမင်းက အကယ်ဒမီမင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ ရဲလေး၊ မိုးပြည့်ပြည့်မောင်၊ ဖူးစုံ၊ မေ ကဗျာနဲ့မိုးယုစံတို့နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ “နှင်းဆီပွင့်မယ့်နေ့ ဟာသပြဇာတ်” အဖြစ် ပြန်လည်ကျင်းပရခြင်းမှာ ပင်စင်မရှိတဲ့ ရုပ်ရှင်သက်ကြီး အနုပညာရှင်တွေအတွက် ရန်ပုံငွေရှာဖွေတဲ့ပွဲတစ်ခုလည်း ဖြစ်ပြီး အကူအညီလိုအပ်တဲ့ နေရာတွေမှာလည်း ပါဝင်လှူဒါန်းနိုင်ဖို့အတွက်ဖြစ်တယ်လို့ သိရှိရပါတယ်။ နှင်းဆီပွင့်မယ့်နေ့ပြဇာတ်အငြိမ့်ကို (၂၀၂၆) ခုနှစ် မတ်လ(၈) ရက်က ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ပြဇာတ်ရုံမှာ ဖျော်ဖြေတင်ဆက်ကပြခဲ့တာဖြစ် ပါတယ်။ အလှူငွေသိန်း(၅၀ဝ)တိတိ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို (၂၀၂၆) ခုနှစ် မတ်လ (၂၅) ရက် နေ့လယ်ပိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့အစည်အဝေးခန်းမမှာပြုလုပ်ခဲ့ကြပြီး၊ ဥက္ကဋ္ဌဖြစ်သူ ဦးကြည်စိုးထွန်းက လှူဒါန်းငွေ သိန်း(၅၀ဝ)ကိုလက်ခံရယူခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများအရ သိရှိရပါတယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။

Zawgyi Version;
“ မိသားစုထဲက သိုးမည္း ”
အိျဖဴ (NP News) - မတ္ ၂၉
အႏုပညာသတင္းမ်ားကို စိတ္ဝင္တစားေစာင့္ၾကည့္သူေတြအတြက္ NP News ရဲ႕အပတ္စဥ္ အႏုပညာက႑က ေန ဒီတစ္ပတ္အတြက္ “သိုးမည္းမေလးျဖစ္ခဲ့တဲ့ ေဖြးေဖြး၊ ႐ုပ္ရွင္အစည္းအ႐ုံးကို သိန္း(၅၀ဝ)လႉဒါန္း” အစရွိတဲ့ အႏုပညာနဲ႔ဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။

ဖခင္အတြက္ ရည္႐ြယ္႐ိုက္ကူးတဲ့ ေဖြးေဖြးရဲ႕ သိုးမည္း
ထပ္ဆင့္အကယ္ဒမီေဖြးေဖြးက ဖခင္အတြက္ရည္႐ြယ္ကာ သိုးမည္းဇာတ္ကားကို လက္ခံ႐ိုက္ကူးခဲ့ေပမယ့္ ႐ုံတင္ခ်ိန္မွာ ေမာင္ျဖစ္သူပါ ၾကည့္ခြင့္မရလိုက္ေၾကာင္း သူရဲ႕ပရိသတ္ေတြကို ရင္ဖြင့္ေျပာျပခဲ့ပါတယ္။
ထပ္ဆင့္အကယ္ဒမီ ေဖြးေဖြးနဲ႔ ထပ္ဆင့္အကယ္ဒမီမင္းသားႀကီး လြင္မိုးတို႔ရဲ႕ မိသားစုဇာတ္လမ္းတစ္ခုျဖစ္တဲ့ သိုးမည္း ႐ုပ္ရွင္ဇာတ္ကားက မိဘနဲ႔သားသမီး၊ မိသားစုဝင္အခ်င္းခ်င္းၾကားက ခ်စ္ျခင္းေမတၱာ သံေယာဇဥ္ကို ထုတ္ေဖာ္ျပသထားတဲ့အတြက္ မိသားစုဒရာမာဇာတ္ကားေကာင္းအျဖစ္ ေအာင္ျမင္မႈရရွိေနပါတယ္။ ဖခင္ကြယ္လြန္ခ်ိန္ အနားမွာမရွိႏိုင္ခဲ့တဲ့ အခ်စ္ရဆုံးသမီး ‘ခင္တာရာ’ ရဲ႕အျဖစ္နဲ႔ ‘ေဖြးေဖြး’ ရဲ႕ဘဝက ထပ္တူက်ခဲ့ၿပီး ဒီဇာတ္႐ုပ္ဟာ ဖခင္ျဖစ္သူအေပၚမွာ ေဖြးေဖြး စြဲထင္က်န္ရစ္ေနတဲ့စိတ္ခံစားခ်က္တစ္ခုကို ထုတ္ေဖာ္ျပသလိုက္ျခင္းလို႔ ဆိုႏိုင္ပါတယ္။
ေဖြးေဖြးရဲ႕ဖခင္ ဦးေက်ာ္ေက်ာ္ဝင္း(ခ) ေမာင္ဦး အသက္ (၅၈)ႏွစ္ဟာ (၂၀၂၁) ခုႏွစ္ ဩဂုတ္လ (၁၉)ရက္က ကိုဗစ္ေရာဂါေၾကာင့္ ပန္းလႈိင္ေဆး႐ုံမွာ ကြယ္လြန္အနိစၥေရာက္ခဲ့တာပါ။ ေဖြးေဖြးဟာ အဲဒီကာ လက ႏိုင္ငံေတာ္ တည္ၿငိမ္ေအးခ်မ္းေရးကိုပ်က္ျပားေစမႈ ဥပေဒပုဒ္မ ၅၀၅(က)နဲ႔ အမႈဖြင့္ခံထားရၿပီး ထြက္ေျပးတိမ္းေရွာင္ခဲ့တဲ့ အခ်ိန္ျဖစ္ တာေၾကာင့္ နာေရးအခမ္းအနားကို လာေရာက္ႏိုင္ျခင္းမရွိခဲ့တာပါ။
မိသားစုတိုင္း တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈနဲ႔အတူ သက္ရွိထင္ရွားရွိေနတုန္း တန္ဖိုးထား တတ္ဖို႔ ေမွ်ာ္လင့္ရင္း ဒီဇာတ္ကားကို ပုံေဖာ္ထားျခင္းျဖစ္တယ္လို႔လည္းသိရပါတယ္။ “ေဖြးေဖေဖ့အတြက္ ရည္႐ြယ္ ႐ိုက္ခဲ့ တာပါ။ ႐ိုက္ရင္းနဲ႔ ေဖြးေဖေဖအတြက္ ခံစားခ်က္ေတြ Healing ျဖစ္သြားတဲ့ကားပါ။ ေဖြးတို႔ရဲ႕သိုးမည္းကားက မိသားစု ဒရာမာဇာတ္လမ္းေလးမို႔ မိဘရွိသူေတြျဖစ္ျဖစ္၊ မရွိတဲ့သူပဲျဖစ္ျဖစ္ လာေရာက္ ၾကည့္ရႈၾကည့္ပါလို႔ေျပာခ်င္ပါတယ္”လို႔ အကယ္ဒမီေဖြးေဖြးက ပရိသတ္ေတြကိုေျပာျပခဲ့ပါတယ္။ “အေဖ့တုန္းက တအားႀကီးၿပိဳလဲသြားတယ္။ အသင့္လည္း မျဖစ္လိုက္ဘူး။ လက္လည္း လက္မခံဘူး။ အဲဒီတုန္းက ငါၿပိဳလဲလို႔ရတယ္။ ဘာပဲျဖစ္ျဖစ္ အေနာက္မွာေမာင္ ေလးရွိတယ္။ ေမာင္ေလးက အေမ့ကိုထိန္းသိမ္းလိမ့္မယ္ေပါ့။ ေမာင္ေလးျဖစ္သြားတဲ့အခ်ိန္မွာက်ေတာ့ ကိုယ့္ အေနာက္မွာ ဘယ္သူမွမရွိေတာ့ဘူး။ ငါကလြဲၿပီး ဘယ္သူမွမရွိေတာ့ဘူးဆိုတာေသခ်ာသြားေတာ့ သူ႔အလိုလို သန္မာ သြားတယ္။ ဒီဇာတ္ကားကိုၾကည့္ေနတဲ့အခ်ိန္ အေဖ့ကိုလြမ္းလိုက္တာေပါ့။ ေဖြးငိုေနတဲ့အခ်ိန္ အေမက သူ႐ူးမတတ္ပဲတဲ့။ တကယ္ႀကီး အဲဒီလိုျဖစ္ခဲ့တာလားတဲ့။ အဲဒီအခ်ိန္က တစ္ေယာက္တစ္ေနရာစီ ျဖစ္ေနၾကတာဆိုေတာ့ ေလ။ ဟုတ္တယ္လို႔”လို႔ ေဖြးေဖြးက မီဒီယာထက္ သူရဲ႕ခံစားခ်က္ေတြကို ပထမဆုံးအႀကိမ္အျဖစ္ ရင္ဖြင့္ေျပာျပခဲ့ တာျဖစ္ပါတယ္။
သိုးမည္း ႐ုပ္ရွင္ဇာတ္ကားက မင္းသမီးဇာတ္ျဖစ္တာေၾကာင့္လည္း ထပ္ဆင့္အကယ္ဒမီမင္းသားႀကီး လြင္မိုး ကိုယ္တိုင္က သူ႔နာမည္ကို မင္းသမီးေဖြးေဖြးရဲ႕နာမည္အေနာက္မွာေရးထိုးေစခဲ့ၿပီး ျမန္မာႏိုင္ငံ မွာလည္း ႐ုပ္ရွင္ ဇာတ္ကားရဲ႕ဇာတ္သေဘာအရ ဦးေဆာင္သူကို Main Role တင္သင့္ေၾကာင္းအႀကံျပဳခဲ့ပါေသးတယ္။ “တကယ္ကို ရင္ထဲထိပါတယ္။ ေခးအရမ္းကံေကာင္းပါတယ္။ ဒီလိုမိဘရွိတဲ့အတြက္။ ရွိတဲ့အခ်ိန္ေတြကိုတန္ဖိုးထားၾကပါ။ သူမ်ား ေတြကေတာ့ ဒါက မင္းသားတစ္ေယာက္ကိုၾကည့္တာပဲ။ ကိုယ္ကက်ေတာ့ ကိုယ့္အေဖကိုၾကည့္ေနရေတာ့ ငါ့ကိုေျပာေန သလိုပဲေပါ့ေနာ္(ငိုလ်က္)၊ ဘဝဆိုတာ အခ်ိန္ေတြက အရမ္းျမန္တယ္။ ရွိတဲ့အခ်ိန္ေလးေတြကို တန္ဖိုးထားၾကပါ။ ေခးတို႔အ႐ြယ္မွာေရာ ေတာ္ေတာ္မ်ားမ်ားက မာနၿပိဳင္ၾကတာမ်ားတယ္။ မိသားစုဝင္အခ်င္းခ်င္း အဲဒီလိုမ်ိဳးေတြ ေက်ာ္လႊားႏိုင္ပါေစ။ ခ်စ္ခ်စ္ခင္ခင္ေႏြးေႏြးေထြး ေထြးနဲ႔ ဘဝကို အတူတူျဖတ္သန္းႏိုင္ပါေစ”လို႔ လြင္မိုးရဲ႕သမီး ယြန္းဝတီ လြင္မိုးကလည္း မိသားစုဝင္အခ်င္းခ်င္းတန္ဖိုးထားဖို႔ အႏုပညာမီဒီယာေတြနဲ႔ေတြ႕ဆုံစဥ္ ေျဖဆိုခဲ့ပါတယ္။ ခတၱိယ ႐ုပ္ရွင္ထုတ္လုပ္ေရးက ထုတ္လုပ္ျဖန႔္ခ်ိတဲ့ “သိုးမည္း” ႐ုပ္ရွင္ဇာတ္ကားကို ဇာတ္လမ္း၊ ဇာတ္ၫႊန္း လဲ့ရည္ႏိုင္၊ DOP ေဝယံ (PBE), Assistant Director ေကာင္းေသာ္၊ ဒါ႐ိုက္တာေအာင္ျမတ္က မိသားစု ဒရာမာဇာတ္လမ္းပုံစံ အ ေကာင္းဆုံးပုံေဖာ္႐ိုက္ကူးထားၿပီး၊ ထပ္ဆင့္အကယ္ဒမီ ေဖြးေဖြး၊ ထပ္ဆင့္အကယ္ဒမီ လြင္မိုး၊ လင္းဇာနည္ေဇာ္၊ ေအာင္ေရခ်မ္း၊ ေနထြဋ္၊ သံသာညီ၊ ျမတ္ရတနာေက်ာ္၊ ဝိုင္းေ႐ႊရည္၊ စည္သူရဲထြဋ္စတဲ့ အႏုပညာရွင္ေတြ ပါဝင္ထား ၾကပါတယ္။ “သိုးမည္း”႐ုပ္ရွင္ဇာတ္ကား Media Show ကို မတ္လ (၂၃)ရက္ ေန႔လယ္ပိုင္းက ရန္ကုန္ၿမိဳ႕ မရမ္း ကုန္းၿမိဳ႕နယ္ရွိ နဝေဒး႐ုပ္ရွင္႐ုံမွာက်င္းပခဲ့ၾကၿပီး မတ္လ (၂၇) ရက္ကစတင္ၿပီး အဆင့္ျမင့္႐ုပ္ရွင္႐ုံေတြမွာ ႐ုံတင္ျပသ လ်က္ရွိပါတယ္။

အလွမယ္တစ္ဦးရဲ႕အိမ္ေထာင္ေရးအရႈပ္ေတာ္ပုံ
သူရဲ႕အမ်ိဳးသားက သူ႔အေပၚ သိန္းတစ္ေသာင္းရလိုမႈနဲ႔ တရားစြဲဆိုတာကိုခံထားရေၾကာင္း အလွမယ္ အမရာၿငိမ္း (ခ) ေအးၿငိမ္းေဆြက အႏုပညာမီဒီယာတစ္ခုမွာ ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ႏွစ္ဖက္စလုံးက အျပန္ အလွန္ အပုပ္အသိုးသတင္းေတြကိုထုတ္ေဖာ္လာၾကပါတယ္။ ဒီျဖစ္စဥ္က ဇနီးေမာင္ႏွံႏွစ္ဦး အိမ္ေထာင္ေရးၿပိဳကြဲ ရျခင္းေနာက္ကြယ္က တရားဥပေဒေရးရာကိစၥဆိုေပမယ့္ ၎တို႔ဟာ အႏုပညာသမားေတြျဖစ္ ေနတာေၾကာင့္ ဆိုရွယ္ လူမႈကြန္ရက္မွာ သတင္းေတြက ပ်ံ႕ႏွံ႔လ်က္ရွိလို႔ေနပါတယ္။
အလွမယ္ အမရာၿငိမ္း (ခ) ေအးၿငိမ္းေဆြက Miss Myanmar International 2015 Winner ဆုရွင္တစ္ဦးျဖစ္ၿပီး၊ လက္ရွိမွာ social influencer အျဖစ္ ရပ္တည္လုပ္ကိုင္ေနတာပါ။ အမရာၿငိမ္းက “အမ်ိဳးသားျဖစ္သူဟာ သူ႔မိတ္ေဆြ အမ်ိဳးသမီးတစ္ဦးရဲ႕ဂုဏ္သိကၡာညႇိဳးႏြမ္းေစမႈအတြက္ သူ႔အေပၚ သိန္း(၁၀,ဝဝဝ)ရလိုမႈနဲ႔ တရားစြဲဆိုထားေၾကာင္း” ေျပာဆိုထားကာ၊ တျခားတစ္ဖက္မွာေတာ့ “သ႐ုပ္ေဆာင္ ေအးၿငိမ္းေဆြ (ေခၚ) အမရာၿငိမ္းဟာ သူရဲ႕ခင္ပြန္းျဖစ္သူကို လင္မယားကြာရွင္းလိုမႈနဲ႔အတူ ႏွစ္ဦးပိုင္ပစၥည္း က်ပ္သိန္းေပါင္း (၄)ေသာင္းေက်ာ္ရဲ႕တစ္ဝက္ျဖစ္တဲ့ သိန္း(၂)ေသာင္း ေက်ာ္ကို နစ္နာေၾကးအျဖစ္ ရလို ေၾကာင္း (၂၀၂၅)ခုႏွစ္အတြင္းမွာ တရားစြဲဆိုထားတာျဖစ္တယ္”လို႔ဆိုထားျပန္ပါတယ္။
ကိုေသာ္ဇင္ေက်ာ္ေက်ာ္နဲ႔ ေမာ္ဒယ္ အလွမယ္ အမရာၿငိမ္း(ခ)ေအးၿငိမ္းေဆြတို႔ရဲ႕မဂၤလာဧည့္ခံပြဲအခမ္းအနားကို (၂၀၂၀) ျပည့္ႏွစ္ ဇန္နဝါရီလ (၁၉)ရက္က ရန္ကုန္ၿမိဳ႕ရွိ Novotel Hotel မွာ က်င္းပျပဳ လုပ္ခဲ့တာျဖစ္ပါတယ္။ အမရာၿငိမ္းရဲ႕ထုတ္ေဖာ္ေျပာဆိုထားမႈအရ အိမ္ေထာင္သက္(၁)ႏွစ္ေက်ာ္အၾကာမွာ သူတို႔ရဲ႕အိမ္ေထာင္ေရးက အဆင္ မေျပျဖစ္ခဲ့ေၾကာင္းဆိုထားေပမယ့္ မီဒီယာစာမ်က္ႏွာထက္မွာေတာ့ အမရာၿငိမ္းက သူတို႔ရဲ႕အိမ္ေထာင္ေရးက ေပ်ာ္႐ႊင္ ခ်မ္းေျမ့စရာေကာင္းတဲ့အိမ္ေထာင္ေရးအသြင္ ဟန္ယူခဲ့တာပါ။ (၂၀၂၆) ခုႏွစ္ မတ္လမွာေတာ့ ၎တို႔ရဲ႕ အိမ္ေထာင္ ေရးအဆင္မေျပခဲ့မႈေတြကို သူ႔ပရိသတ္ေတြထံ တရားဝင္အသိေပးခဲ့တာျဖစ္ပါတယ္။

ႏွင္းဆီအဖြဲ႕သားမ်ားက ႐ုပ္ရွင္အစည္းအ႐ုံးသို႔ ေငြက်ပ္ သိန္း(၅၀ဝ)လႉဒါန္း
ဒါ႐ိုက္တာေမာင္မ်ိဳးမင္း(ရင္တြင္းျဖစ္)က ျပန္လည္အသက္သြင္းကာ ထပ္ဆင့္အကယ္ဒမီ ေနတိုး၊ ေက်ာ္ေက်ာ္ ဗို၊ ထြန္းထြန္း၊ ရဲေလး၊ မိုးျပည့္ျပည့္ေမာင္၊ ဖူးစုံ၊ ေမကဗ်ာနဲ႔ မိုးယုစံတို႔ပါဝင္တဲ့ ႏွင္းဆီအဖြဲ႕သားေတြရဲ႕ “ႏွင္းဆီပြင့္မယ့္ေန႔ ဟာသျပဇာတ္” ေဖ်ာ္ေျဖတင္ဆက္မႈကရရွိခဲ့တဲ့အလႉေငြမ်ားအနက္ ေငြက်ပ္ သိန္း(၅၀ဝ)ကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္း အ႐ုံး ႏွစ္(၈၀)ျပည့္အထိမ္းအမွတ္အတြက္ လႉဒါန္းခဲ့ၾကပါတယ္။
ႏွင္းဆီအဖြဲ႕ ဖြဲ႕စည္းျခင္းက ႏွစ္(၂၀)ျပည့္ေျမာက္ေတာ့မယ္လို႔သိရွိရကာ ႏွင္းဆီအၿငိမ့္အဖြဲ႕ကို ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္းက အကယ္ဒမီမင္းေမာ္ကြန္း၊ ေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ ထြန္းထြန္း၊ ရဲေလး၊ မိုးျပည့္ျပည့္ေမာင္၊ ဖူးစုံ၊ ေမ ကဗ်ာနဲ႔မိုးယုစံတို႔နဲ႔ စတင္ခဲ့တာျဖစ္ပါတယ္။ “ႏွင္းဆီပြင့္မယ့္ေန႔ ဟာသျပဇာတ္” အျဖစ္ ျပန္လည္က်င္းပရျခင္းမွာ ပင္စင္မရွိတဲ့ ႐ုပ္ရွင္သက္ႀကီး အႏုပညာရွင္ေတြအတြက္ ရန္ပုံေငြရွာေဖြတဲ့ပြဲတစ္ခုလည္း ျဖစ္ၿပီး အကူအညီလိုအပ္တဲ့ ေနရာေတြမွာလည္း ပါဝင္လႉဒါန္းႏိုင္ဖို႔အတြက္ျဖစ္တယ္လို႔ သိရွိရပါတယ္။ ႏွင္းဆီပြင့္မယ့္ေန႔ျပဇာတ္အၿငိမ့္ကို (၂၀၂၆) ခုႏွစ္ မတ္လ(၈) ရက္က ရန္ကုန္ၿမိဳ႕ ၿမိဳ႕မေက်ာင္းလမ္းရွိ အမ်ိဳးသား ျပဇာတ္႐ုံမွာ ေဖ်ာ္ေျဖတင္ဆက္ကျပခဲ့တာျဖစ္ ပါတယ္။ အလႉေငြသိန္း(၅၀ဝ)တိတိ ေပးအပ္လႉဒါန္းပြဲအခမ္းအနားကို (၂၀၂၆) ခုႏွစ္ မတ္လ (၂၅) ရက္ ေန႔လယ္ပိုင္းက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕အစည္အေဝးခန္းမမွာျပဳလုပ္ခဲ့ၾကၿပီး၊ ဥကၠ႒ျဖစ္သူ ဦးၾကည္စိုးထြန္းက လႉဒါန္းေငြ သိန္း(၅၀ဝ)ကိုလက္ခံရယူခဲ့ေၾကာင္း မွတ္တမ္းဓာတ္ပုံမ်ားအရ သိရွိရပါတယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားပါရေစ။

Related news

© 2021. All rights reserved.