2PM အဖွဲ့ဝင် အို့ထေယွန်း ၁၀ နှစ်ကြာလက်တွဲခဲ့တဲ့ ချစ်သူနဲ့ ဧပြီလမှာ လက်ထပ်မည်

 120

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၆

တောင်ကိုရီးယား 2nd generation အမျိုးသား K Pop အဖွဲ့ 2PM ရဲ့ အဖွဲ့ဝင်ဖြစ်သူ အဆိုတော်၊ သရုပ်ဆောင် အို့ထေယွန်းဟာ သူ့ရဲ့ ချစ်သူဖြစ်သူနဲ့ လာမယ့် ဧပြီလမှာ ထိမ်းမြားလက်ထပ်တော့မယ်လို့ ဖေဖော်ဝါရီ ၂၅ ရက်မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။
ထေယွန်းနဲ့ ချစ်သူဖြစ်သူဟာ ၁၀ နှစ်ကြာ လျို့ဝှက်စွာ လက်တွဲလာခဲ့ကြသူတွေဖြစ်ပြီး သတို့သမီးလောင်း ဟာ အနုပညာလောကမှမဟုတ်တဲ့ သာမန်အရပ်သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို လာမယ့် ဧပြီလ အတွင်း ကျင်းပဖို့ စီစဉ်ထားပြီး၊ သတို့သမီးဖြစ်သူဟာ အနုပညာရှင်မဟုတ်တဲ့အတွက် သူမရဲ့ ကိုယ်ရေးကိုယ်တာ ကို ငဲ့ညှာတဲ့အနေနဲ့ မိသားစုဝင်တွေနဲ့ ရင်းနှီးသူများသာ တက်ရောက်ကာ တိတ်တဆိတ် သီးသန့်ကျင်းပသွားမှာ ဖြစ်တယ်လို့ အေဂျင်စီက ဆိုပါတယ်။ ဒီအတွက် ထေယွန်း က အချိန်အတော်ကြာ ယုံကြည်မှု အခြေခံကာ လက်တွဲလာခဲ့တဲ့ချစ်သူကို ဘဝခရီးဖော်အဖြစ် ဆုံးဖြတ်ခဲ့ကြောင်း၊ အမြဲအားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ရှိကြောင်းနဲ့ လက်ထပ်ပြီးနောက်မှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်လက်ကြိုးစားသွားမှာဖြစ် ကြောင်း ဆိုရှယ်မီဒီယာ လူမှုကွန်ရက်မှတစ်ဆင့် အကြောင်းကြားခဲ့ပါတယ်။
အို့ထေယွန်းဟာ 2PM အဖွဲ့ဝင်တွေထဲမှာ ပထမဆုံး အိမ်ထောင်ပြုမယ့်သူဖြစ်လာဖွယ်ရှိပြီး မင်္ဂလာပွဲအတွက် ပရိသတ်တွေက လူမှုကွန်ရက်စာမျက်နှာမှာ ဂုဏ်ပြုစကားများစွာ ရေးသားခဲ့ကြတယ်လို့ သိရပါတယ်။

Zawgyi Version;
2PM အဖြဲ႕ဝင္ အို႔ေထယြန္း ၁၀ ႏွစ္ၾကာလက္တြဲခဲ့တဲ့ ခ်စ္သူနဲ႔ ဧၿပီလမွာ လက္ထပ္မည္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၆
ေတာင္ကိုရီးယား 2nd generation အမ်ိဳးသား K Pop အဖြဲ႕ 2PM ရဲ႕ အဖြဲ႕ဝင္ျဖစ္သူ အဆိုေတာ္၊ သ႐ုပ္ေဆာင္ အို႔ေထယြန္းဟာ သူ႔ရဲ႕ ခ်စ္သူျဖစ္သူနဲ႔ လာမယ့္ ဧၿပီလမွာ ထိမ္းျမားလက္ထပ္ေတာ့မယ္လို႔ ေဖေဖာ္ဝါရီ ၂၅ ရက္မွာ တရားဝင္သတင္းထုတ္ျပန္ခဲ့ပါတယ္။
ေထယြန္းနဲ႔ ခ်စ္သူျဖစ္သူဟာ ၁၀ ႏွစ္ၾကာ လ်ိဳ႕ဝွက္စြာ လက္တြဲလာခဲ့ၾကသူေတြျဖစ္ၿပီး သတို႔သမီးေလာင္း ဟာ အႏုပညာေလာကမွမဟုတ္တဲ့ သာမန္အရပ္သူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။ မဂၤလာပြဲကို လာမယ့္ ဧၿပီလ အတြင္း က်င္းပဖို႔ စီစဥ္ထားၿပီး၊ သတို႔သမီးျဖစ္သူဟာ အႏုပညာရွင္မဟုတ္တဲ့အတြက္ သူမရဲ႕ ကိုယ္ေရးကိုယ္တာ ကို ငဲ့ညႇာတဲ့အေနနဲ႔ မိသားစုဝင္ေတြနဲ႔ ရင္းႏွီးသူမ်ားသာ တက္ေရာက္ကာ တိတ္တဆိတ္ သီးသန႔္က်င္းပသြားမွာ ျဖစ္တယ္လို႔ ေအဂ်င္စီက ဆိုပါတယ္။ ဒီအတြက္ ေထယြန္း က အခ်ိန္အေတာ္ၾကာ ယုံၾကည္မႈ အေျခခံကာ လက္တြဲလာခဲ့တဲ့ခ်စ္သူကို ဘဝခရီးေဖာ္အျဖစ္ ဆုံးျဖတ္ခဲ့ေၾကာင္း၊ အၿမဲအားေပးခဲ့ၾကတဲ့ပရိသတ္ေတြကို ေက်းဇူးတင္ရွိေၾကာင္းနဲ႔ လက္ထပ္ၿပီးေနာက္မွာလည္း အႏုပညာလုပ္ငန္းေတြကို ဆက္လက္ႀကိဳးစားသြားမွာျဖစ္ ေၾကာင္း ဆိုရွယ္မီဒီယာ လူမႈကြန္ရက္မွတစ္ဆင့္ အေၾကာင္းၾကားခဲ့ပါတယ္။
အို႔ေထယြန္းဟာ 2PM အဖြဲ႕ဝင္ေတြထဲမွာ ပထမဆုံး အိမ္ေထာင္ျပဳမယ့္သူျဖစ္လာဖြယ္ရွိၿပီး မဂၤလာပြဲအတြက္ ပရိသတ္ေတြက လူမႈကြန္ရက္စာမ်က္ႏွာမွာ ဂုဏ္ျပဳစကားမ်ားစြာ ေရးသားခဲ့ၾကတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.