ကိုကျော်နု နဲ့ ရုပ်ရှင်အစည်းအရုံးပြဿနာ

 7567

အိဖြူ (NP News) - မတ် ၁
NP News ရဲ့အနုပညာအနှစ်ချုပ်ကဏ္ဍကနေ ဒီတစ်ပတ်အတွက် “ကိုကျော်နုနဲ့ရုပ်ရှင်အစည်းအရုံး၊ ဖွေးဖွေးရဲ့ ရင် ဖွင့်သံ” စတဲ့ အနုပညာဆက်စပ်သတင်းတွေကို ရေးသားဖော်ပြပေးပါမယ်။

ရုပ်ရှင်အစည်းအရုံးနဲ့မသက်ဆိုင်သူ ဦးကျော်မျိုးမင်းကို နာမည်ပျက်စာရင်းသွင်းခဲ့တဲ့ ရုပ်ရှင်အစည်းအရုံးရဲ့လုပ်ရပ်
(၂၀၂၆)ခုနှစ် ဖေ‌ဖော်ဝါရီလရဲ့ နောက်ဆုံးရက်သတ္တပတ်အတွင်း ဆိုရှယ်လူမှုကွန်ရက်ပလက်ဖောင်းထက်မှာ သတင်းသမား၊ သတင်းတင်ဆက်သူ ကျော်မျိုးမင်း(ခ)ကျော်နုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်း သွင်းလိုက်တဲ့သတင်းက နေရာယူခဲ့ပါတယ်။
NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက NP News နဲ့ The Statesman Journal သတင်းဌာနနဲ့ ဂျာနယ်တိုက်ထူထောင်သူ ဦးကျော်မျိုးမင်း(အယ်ဒီတာချုပ်)ကို အမည်ပျက်စာရင်းသွင်းကြောင်း တစ်ဖက်သတ်ကြေညာမှုဟာ နိုင်ငံတော်အစိုးရက တရားဝင်အသိအမှတ်ပြု ဖွဲ့စည်းတည် ထောင်ထားတဲ့ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီကိုကျော်လွန်ကာ ဆောင်ရွက်ခဲ့တဲ့လုပ်ရပ်တစ်ခုသာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးက ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနဲ့ မြဝတီမီဒီယာစင်တာ တို့ကိုပေးပို့ခဲ့တဲ့စာစောင်မှာ ‘NP News ရဲ့သတင်းတင်ဆက်သူ ကိုကျော်မျိုးမင်းဟာ ၎င်းရဲ့သတင်းတင်ဆက်မှုတွေမှာ ရုပ်ရှင်အနုပညာရှင်တွေ၊ ရုပ်ရှင် အစည်းအရုံး အလုပ်အမှုဆောင်အဖွဲ့ဝင်တွေ၊ တခြားမိတ်ဖက် အနုပညာရှင်တွေကို သတင်းလွတ်လပ်ခွင့်ဆိုတဲ့ ဘောင်ကိုကျော်လွန်ကာ ပုဂ္ဂိုလ်ရေးစော်ကားမှုတွေပြုလုပ်ခြင်း၊ ရုပ်ရှင်အစည်းအရုံးရဲ့ဂုဏ်သိက္ခာကိုထိပါးတဲ့ ပြောဆို တင်ဆက်မှုတွေပြုလုပ်ခဲ့ကြောင်း}ဖော်ပြထားခဲ့ပါတယ်။ ဒါကြောင့် ကိုကျော်မျိုးမင်းကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်း အရုံးနဲ့ ရုပ်ရှင်အနုပညာရှင်တွေရဲ့မိတ်ဖက်အဖြစ်မှပယ်ဖျက်ကာ အမည်ပျက်စာရင်းတင်သွင်းရခြင်းဖြစ်ကြောင်း အစည်း အရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းရဲ့သားဖြစ်သူ ဦးချမ်းသာကြည်စိုးက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ရုပ်ရှင်အစည်းအရုံးရဲ့ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ(၁၀)ရက် နေ့လယ်(၁)နာရီမှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ၅/၂၀၂၆ အပတ်စဉ်အစည်းအဝေးမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ အစည်းအရုံးဝင် အနု ပညာရှင်တွေက ကိုကျော်မျိုးမင်းကိုအရေးယူပေးဖို့ တင်ပြဆွေးနွေးအတည်ပြုခဲ့ကြခြင်းဖြစ် ကြောင်းဖော်ပြထားပါ တယ်။ The Statesman Myanmar Journal က စုံစမ်းရရှိထားတဲ့သတင်းအရ အဆိုပါအစည်းအဝေးကို လူ(၅ ဦးမှ ၁၀ ဦး)ခန့်သာတက်ရောက်ခဲ့ပြီး၊ အတည်ပြုခဲ့သူက လူ(၅)ဦးခန့်သာရှိခဲ့ကြောင်း အတွင်းသတင်းရရှိခဲ့တာပါ။ ဒီဖြစ်စဉ်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်မဟုတ်တဲ့ မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ပတ်သက်ဆက်နွှယ်သူမဟုတ်တဲ့ သတင်းတင်ဆက်သူ သတင်းသမားတစ်ဦးကို NGO အဖွဲ့အစည်းတစ်ခုသာဖြစ်တဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အမည်ပျက်စာရင်းသွင်း ထုတ်ပြန်ကြေညာခွင့် ရှိ/မရှိ ဆိုတာ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ပြည်သူလူထု မေးခွန်း ထုတ်သလို သတင်းသမားကို ရုပ်ရှင်အစည်းအရုံးက ထိုသို့ အမည်ပျက်စာရင်းထုတ်ပိုင်ခွင့်မရှိပေ။ သတင်းသမားကို အမည်ပျက်စာရင်းသွင်းတဲ့သတင်း ပျံ့နှံ့ခဲ့ပြီးနောက် သတင်းသမားများ၊ နာမည်ကြီးသတင်းဌာနတိုက်များနဲ့ သတင်းတင် ဆက်သူကျော်မျိုးမင်းကို အားပေးထောက်ခံသူပြည်သူလူထုက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့အခုလိုကြေညာမှုကို ကန့်ကွက်ရှုတ် ချခဲ့ကြကာ အမည်ပျက်စာရင်းသွင်းခံရမယ့်သူက တင်ဆက်သူ ကျော်မျိုးမင်းမဟုတ်ဘဲ (၂၀၂၁) ခုနှစ် နိုင်ငံရေးအခင်းအကျင်းမှာ ပြည်သူလူထုသိန်းသောင်းချီကို အိုးမဲ့အိမ်မဲ့ဖြစ်အောင်၊ အသက်ဆုံးရှုံးအောင်၊ အလုပ် လက်မဲ့ဖြစ်အောင် နိုင်ငံရေးသွေးထိုးလှုံ့ဆော်ခဲ့ကြတဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့တကွ ဥက္ကဋ္ဌအပါအဝင် မြန်မာ နိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးအနုပညာရှင်တို့ကိုသာအမည်ပျက်စာရင်းသွင်းရမှာဖြစ်ကြောင်း ‌ဝေဖန်ထောက်ပြခဲ့ကြပါတယ်။
ဒီဖြစ်စဉ်မှာ အစည်းအရုံးအနေနဲ့ မှန်းချက်နဲ့နှမ်းထွက်မကိုက်ဆိုသလို သတင်းသမားကို အမည်ပျက်စာရင်း သွင်းလိုက်ပါက ၎င်းတို့ရဲ့ရုပ်ရှင်အစည်းအရုံးကို လူထုက အထင်ကြီးလေးစားသွားနိုင်မယ်လို့ မှတ် ယူခဲ့ပုံပါ။ မြေပြင်မှာ မြှားဦးက ၎င်းတို့ဘက်ကို ပြန်လည်ဦးတည်သွားခဲ့ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့သန္ဓေမမှန်ခဲ့တဲ့ အတိတ်သမိုင်း ကြောင်းများ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး လူထုရဲ့အသိအမြင်က လွန်ခဲ့တဲ့ (၅)နှစ်နဲ့မတူညီတော့တာကိုလည်း မျက်ဝါး ထင်ထင်မြင်တွေ့ခဲ့ရပါတယ်။ ဒီနေရာမှာ ရုပ်ရှင်အစည်းအရုံးရဲ့ တရားလက်လွတ်လုပ်ဆောင်မှုက ပေါ်လွင် သွားခဲ့ပြီး သတင်းဌာနတိုက်တစ်ခုခုကဖြစ်စေ၊ သတင်း သမား/သတင်းတင်ဆက်သူက ဖြစ်စေ၊ သတင်းဖော်ပြမှုတစ်စုံတစ်ရာကို ကျေနပ်မှုမရှိပါက ၎င်းတို့ရဲ့ခေါင်းကိုင်ဖခင်ဖြစ်တဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တရားဝင် အသိပေး အကြောင်းကြားကာ တိုင်ကြားမှုပြု လုပ်နိုင်တာကို မေ့လျော့သွားလေသလား (သို့မဟုတ်) ဂရုမစိုက်လေခြင်းလား မေးခွန်းတစ်ခု ထပ်မံထွက်ပေါ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်ကတစ်ဆင့် သတင်းသမားတွေနဲ့ အနုပညာသည်တွေကြား ပွတ်တိုက်မှုကြီးထွားလာတဲ့အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့လမ်းညွှန်မှုအရ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက နှစ်ဖက်လုံး ကိုဖိတ်ခေါ်ကာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး ဦးဆောင်ပြီး ဒုတိယဥက္ကဋ္ဌ(၁)၊ ဒုတိယဥက္ကဋ္ဌ(၂)၊ အထွေထွေအတွင်းရေးမှူး၊ NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းနဲ့တကွ တာဝန်ခံ အယ်ဒီတာနဲ့ အမှုဆောင်အယ်ဒီတာ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်းကိုယ်စား အတွင်းရေးမှူး ဦးဇော်မြင့်ဦး၊ တွဲဖက်အတွင်းရေးမှူး(၁)ဦးဇော်မင်း(ဟံသာမြေ)တို့ဟာ ဖေဖော်ဝါရီလ (၂၅) ရက် နေ့လယ် (၂)နာရီ အချိန် က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံးမှာ ထိပ်တိုက်တွေ့ဆုံညှိနှိုင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးရဲ့ ညှိနှိုင်းပေးမှုကြောင့် ရုပ်ရှင်အစည်းအရုံးအနေနဲ့ သတင်းသမားကိုကျော် မျိုးမင်းကို အခုလို အမည်ပျက်စာရင်းသွင်းမိခြင်းက လွဲမှားတဲ့လုပ်ရပ်ဖြစ်ကြောင်း ပြန်လည်သုံးသပ်မိခဲ့ကြောင်း၊ နောက်နောင်မှာ ကိုကျော်မျိုးမင်း အနေနဲ့လည်း ၎င်းတို့ရဲ့ရုပ်ရှင်အစည်းအရုံးနဲ့ပတ်သက်ပြီး သတင်းတင်ဆက် ဖော်ပြလိုပါက ၎င်းတို့ထံကို တိုက်ရိုက်သတင်းမေးနိုင်ပါကြောင်း အစည်းအရုံးဘက်ကပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီ လ (၂၆) ရက်မှာ အစည်းအရုံးဝင်များကိုခေါ်ယူကာ အစည်းအဝေးပြန်လည်ကျင်းပပြီး ကိုကျော်မျိုးမင်းအပေါ် အမည် ပျက်စာရင်းတင်သွင်းထားမှုကိုလည်း ပြန်လည်ဖျက်သိမ်းပေးသွားမှာဖြစ်ကြောင်း ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးနဲ့တာ ဝန်ရှိပုဂ္ဂိုလ်များရှေ့မှောက်မှာ ပြောကြားခဲ့ပါတယ်။
ကိုကျော်မျိုးမင်းက “အခုလို Black List ကြေညာခံရပြီးနောက်မှာ ကျွန်တော့်ဘက်ကရပ်တည်ပေးကြတဲ့သူတွေ အများကြီးရှိပေမယ့် အများကြီးမလုပ်ကြပါနဲ့ဦး။ ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်တွေ စဉ်းစားလို့အချိန်ရအောင် အချိန်ပေး တာကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ရုပ်သံထဲမှာ ထည့်မပြောခဲ့ဘူး။ အချက် (၂) ချက်၊ (၃) ချက်လောက်ကို ပဲထောက်ပြခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း အုတ်အော်သောင်းတင်းဖြစ်ချင်တဲ့အထဲမှာမပါဘူး။ တားသင့်တာ လည်း ကျွန်တော်တားခဲ့တယ်။ ရုပ်ရှင်အစည်းအရုံးမှာလည်း ရုပ်ရှင်အစည်းအရုံးဂုဏ်သိက္ခာဆိုတာရှိတယ်။ ကျွန်တော့် ကြောင့် မလိုလားအပ်တာမဖြစ်စေလိုဘူး။ သတင်းမီဒီယာကောင်စီရှိတဲ့အတွက် သတင်းမီဒီယာကောင်စီရဲ့သဘောက ဘယ်လိုရှိမလဲဆိုတာနဲ့ ကောင်စီရဲ့ဦးဆောင်ဖြေရှင်းပေးမှုအပေါ်နာခံမယ်။ ကောင်စီဖိတ်ခေါ်တဲ့အခါမှာ ကျွန်တော် အခုရောက်လာတယ်။ လိုက်လျောသင့်တာကိုလိုက်လျောပေးမယ်။ ကျွန်တော့်ဆရာတို့ရဲ့ဆုံးဖြတ်ချက်အတိုင်း ကျွန် တော်လက်ခံပါမယ်။ သူမှန်တယ် ငါမှန်တယ်နဲ့ ငြင်းကြကြေးသာဆိုရင် ပွဲကပြီးတော့မှာမဟုတ်ပါဘူး။ တစ်ဖက်နဲ့ တစ်ဖက် ဒီလိုပဲနားလည်မှုတည်ဆောက်ရလိမ့်မယ်”လို့ပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်အပေါ် စာရေးဆရာ၊ သတင်းစာသမား အောင်သျှန်ဝိုင်း(ကျိုက်မရော)က “ဘောင်ကျော်ပြီးတော့များ၊ မီဒီယာသမားကို Black List စာရင်းသွင်းသတဲ့။ NGO အဖွဲ့ကများ နိုင်ငံတော်အစိုးရပုံစံ လိုက်လုပ်နေတယ်။ (လူပါးဝပုံများ)။ Proceduer ကျကျလုပ်ရမှာက နှစ်ဖက်ခေါ်တွေ့၊ အမှားအမှန်ရှင်းပြ၊ လက်မခံရင် မီဒီယာ ကောင်စီကိုတိုင်၊ အဲဒါပြီးမှ မကျေနပ်ရင်တရားစွဲ။ သူတို့ဘက်က စနစ်တကျပြန်မဖြေရှင်းဘဲ အမည်ပျက်စာရင်းတင်ပြီး၊ ပြန်ဝန်ကိုတင်ပြသတဲ့။ ဒါဆို မီဒီယာကောင်စီကို နိုင်ငံတော်က ဘာလို့ဖွဲ့ထားသလဲ။ ရုပ်ရှင်လောကသားတွေကို ထိခိုက်နစ်နာအောင် ပြောခဲ့ရေးခဲ့လို့ ဒီသတင်းထောက်ကို အမည်ပျက် စာရင်းသွင်းတယ်ဆိုရင် တိုင်းပြည် အုပ်ချုပ်သူ တွေကိုစော်ကားတဲ့၊ ယန္တရားပျက်အောင်လှုံ့ဆော်ခဲ့တဲ့ ခင်ဗျားတို့လောကသားတွေကိုကော၊ ဘာကြောင့် အမည်ပျက်စာရင်းမတင်သွင်းသလဲ (ခြံစည်းရိုးခွထိုင်နေကြတာ)” ဆိုတဲ့စာသားတွေနဲ့တကွ သတင်းသမား ကျော်မျိုး မင်းဘက်ကရပ်တည်ကြောင်း ပြသခဲ့ကြတာပါ။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (Myanmar Press Council)ကို သတင်းမီဒီယာဥပဒေအရ ဖွဲ့စည်းထားပြီး၊ မီဒီယာကျင့်ဝတ်ထိန်းသိမ်းရေးနဲ့ သတင်းမီဒီယာသမားတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့ တရားဝင်အသိအမှတ်ပြုထား တဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ သတင်းမီဒီယာတွေနဲ့သက်ဆိုင်တဲ့ပဋိပက္ခတွေကို ညှိနှိုင်းဖြေရှင်းပေးတာနဲ့ မီဒီယာလွတ် လပ်ခွင့်အတွက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သတင်းမီဒီယာဥပဒေ (၂၀၁၄)အရ သတင်းမီဒီယာသမားတွေ၊ စာပေနဲ့အနုပညာရှင်တွေ၊ ဥပဒေပညာရှင်တွေနဲ့ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး၊ သတင်းမီဒီယာသမားတွေရဲ့ ကျင့်ဝတ်နဲ့စံနှုန်း တွေကိုထိန်းသိမ်းဖို့၊ သတင်းလွတ်လပ်ခွင့်ကိုကာကွယ်ဖို့နဲ့ အများပြည်သူသိသင့်တဲ့သတင်းအချက်အလက်တွေ တိကျ မှန်ကန်စေဖို့ ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သတင်းမီဒီယာနဲ့ပတ်သက်တဲ့တိုင်ကြားမှုတွေကို စိစစ်ဖြေရှင်းပေး မှုနဲ့ အစိုးရနဲ့သတင်းမီဒီယာကြား ပေါင်းကူးတံတားအဖြစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။

‘ဒီတစ်ခါ မပြိုလဲတော့ပါဘူး’လို့ ဖွေးဖွေးရင်ဖွင့်
ထပ်ဆင့်အကယ်ဒမီဖွေးဖွေးက သူ့အတွက် ဖေဖော်ဝါရီလက အတက်အကျမြန်ဆန်လွန်းကြောင်း ရင်ဖွင့်ပြောပြ ခဲ့ပါတယ်။ “ဒီလလေးဟာ ဖွေးမိသားစုဘဝအတွက် အရာရာ အနိမ့်အမြင့် အတက်အကျ မြန်ဆန်လွန်းပါတယ်။ လောကဓံကို လူသားတိုင်းကြုံရတာပါပဲ။ ဖွေးဒီတစ်ခါမပြိုလဲတော့ပါဘူး။ အလုပ်လေးတွေလည်း အချိန်တစ်ခုအထိ နားပြီး ပြန်လုပ်မှာပါ” လို့ ဖေဖော်ဝါရီလ (၂၄)ရက်က Shwe YeeKo Oo Facebook အကောင့်မှာ ဖော်ပြခဲ့ပါတယ်။
ဖွေးဖွေးဟာ ‘ကံ့ကော်နီ’ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီထူးချွန်ဆုကိုရင်ခုန်ခဲ့ပေမယ့် (၂၀၂၅) ခုနှစ် အမျိုးသမီး ဇာတ်ဆောင်ဆုနဲ့လွဲချော်ခဲ့ရသလို အကယ်ဒမီပေးပွဲကျင်းပတဲ့ ဖော်ဝါရီလ (၇)ရက်ညမှာပဲ သူရဲ့ တစ်ဦးတည်းသော မောင်လေး အေဒင်ဦးကိုလည်း ဆုံးရှုံးလိုက်ရတာပါ။
ဖွေးဖွေးရဲ့မောင်အရင်းဖြစ်သူအေဒင်ဦးက မိခင်နဲ့အစ်မဖြစ်သူတို့ နေပြည်တော်မှာ အကယ်ဒမီပွဲအခမ်းအနား တက်ရောက်နေစဉ် ရန်ကုန်မြို့ရှိ နေအိမ်မှာ နှလုံးအမောဖောက်ကာ ရုတ်တရက်အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်ပါတယ်။ ဖွေးဖွေးအနေနဲ့ ဖခင်ရဲ့နောက်ဆုံးအချိန်မှာလည်း အတူမရှိနိုင်ခဲ့သလို ရက်လည်နေ့အထိပါ မလာရောက်နိုင်ခဲ့တာပါ။ အခုတစ်ခေါက်မှာလည်း မောင်ဖြစ်သူ အသက်လုခဲ့ရတဲ့ နောက်ဆုံးအချိန်မှာ သူတို့သားအမိနှစ်ယောက် အနားမှာ မရှိနေနိုင်ခဲ့တဲ့စိတ်က လွန်စွာစိတ်ထိခိုက်ခဲ့ရကြောင်း၊ မိသားစုဝင်ဆုံးရှုံးရမှုအတွက် ဝမ်းနည်းနေရချိန်မှာ ဆွေမျိုး မိတ်ဆွေ တွေရဲ့ဖေးမမှုကိုလည်း သိရှိခွင့်ရခဲ့သလို အနုပညာလောကထဲက လူတချို့ရဲ့ အကြောင်းကို လည်းသိခွင့်ရခဲ့ကြောင်း ၎င်းနဲ့နီးစပ်သူတွေရဲ့ပြောစကားများအရ သိရှိခဲ့ရပါတယ်။ ]]အားလုံးဟာ တစ်နေ့တော့ ဒီသေလမ်းပဲ နောက်ဆုံးတော့သွားရမှာပါ။ သေငယ်ဇောနဲ့ မြောနေတဲ့အချိန်၊ ကိုယ့်အတွေးနဲ့ကိုယ်ပဲကျန်တဲ့အချိန်.. ငါဘာတွေလုပ်ခဲ့လဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်မိတဲ့အချိန်၊ ကောင်းတဲ့အတွေးနဲ့ပဲ လောကကြီးကိုနှုတ်ဆက် ချင်တယ်။ အားလုံးပဲ လောကဓံကို တည်ငြိမ် စွာရင်ဆိုင်နိုင်တဲ့ ပြိုလဲမသွားတဲ့ခွန်အားနဲ့ မေတ္တာစိတ်များ ရင်ထဲ ကိန်းအောင်းကြပါစေ။ အရာရာ အကောင်းဆုံးကျော်ဖြတ်နိုင်ကြပါစေ”လို့လည်း ဖွေးဖွေးက တရားအသိ သတိကပ်ကာ ဖော်ပြခဲ့ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားခွင့်ပြုပါ။

Zawgyi Version;
ကိုေက်ာ္ႏု နဲ႔ ႐ုပ္ရွင္အစည္းအ႐ုံးျပႆနာ

NP News ရဲ႕အႏုပညာအႏွစ္ခ်ဳပ္က႑ကေန ဒီတစ္ပတ္အတြက္ “ကိုေက်ာ္ႏုနဲ႔႐ုပ္ရွင္အစည္းအ႐ုံး၊ ေဖြးေဖြးရဲ႕ ရင္ ဖြင့္သံ” စတဲ့ အႏုပညာဆက္စပ္သတင္းေတြကို ေရးသားေဖာ္ျပေပးပါမယ္။

႐ုပ္ရွင္အစည္းအ႐ုံးနဲ႔မသက္ဆိုင္သူ ဦးေက်ာ္မ်ိဳးမင္းကို နာမည္ပ်က္စာရင္းသြင္းခဲ့တဲ့ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕လုပ္ရပ္
(၂၀၂၆)ခုႏွစ္ ေဖ‌ေဖာ္ဝါရီလရဲ႕ ေနာက္ဆုံးရက္သတၱပတ္အတြင္း ဆိုရွယ္လူမႈကြန္ရက္ပလက္ေဖာင္းထက္မွာ သတင္းသမား၊ သတင္းတင္ဆက္သူ ေက်ာ္မ်ိဳးမင္း(ခ)ေက်ာ္ႏုကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက အမည္ပ်က္စာရင္း သြင္းလိုက္တဲ့သတင္းက ေနရာယူခဲ့ပါတယ္။
NGO အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက NP News နဲ႔ The Statesman Journal သတင္းဌာနနဲ႔ ဂ်ာနယ္တိုက္ထူေထာင္သူ ဦးေက်ာ္မ်ိဳးမင္း(အယ္ဒီတာခ်ဳပ္)ကို အမည္ပ်က္စာရင္းသြင္းေၾကာင္း တစ္ဖက္သတ္ေၾကညာမႈဟာ ႏိုင္ငံေတာ္အစိုးရက တရားဝင္အသိအမွတ္ျပဳ ဖြဲ႕စည္းတည္ ေထာင္ထားတဲ့ ျမန္မာ ႏိုင္ငံ သတင္းမီဒီယာေကာင္စီကိုေက်ာ္လြန္ကာ ေဆာင္႐ြက္ခဲ့တဲ့လုပ္ရပ္တစ္ခုသာျဖစ္ပါတယ္။ ျမန္မာႏိုင္ငံ ႐ုပ္ရွင္ အစည္း အ႐ုံးက ျပန္ၾကားေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးနဲ႔ ျမဝတီမီဒီယာစင္တာ တို႔ကိုေပးပို႔ခဲ့တဲ့စာေစာင္မွာ ‘NP News ရဲ႕သတင္းတင္ဆက္သူ ကိုေက်ာ္မ်ိဳးမင္းဟာ ၎ရဲ႕သတင္းတင္ဆက္မႈေတြမွာ ႐ုပ္ရွင္အႏုပညာရွင္ေတြ၊ ႐ုပ္ရွင္ အစည္းအ႐ုံး အလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြ၊ တျခားမိတ္ဖက္ အႏုပညာရွင္ေတြကို သတင္းလြတ္လပ္ခြင့္ဆိုတဲ့ ေဘာင္ကိုေက်ာ္လြန္ကာ ပုဂၢိဳလ္ေရးေစာ္ကားမႈေတြျပဳလုပ္ျခင္း၊ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ဂုဏ္သိကၡာကိုထိပါးတဲ့ ေျပာဆို တင္ဆက္မႈေတြျပဳလုပ္ခဲ့ေၾကာင္း}ေဖာ္ျပထားခဲ့ပါတယ္။ ဒါေၾကာင့္ ကိုေက်ာ္မ်ိဳးမင္းကို ျမန္မာႏိုင္ငံ ႐ုပ္ရွင္ အစည္း အ႐ုံးနဲ႔ ႐ုပ္ရွင္အႏုပညာရွင္ေတြရဲ႕မိတ္ဖက္အျဖစ္မွပယ္ဖ်က္ကာ အမည္ပ်က္စာရင္းတင္သြင္းရျခင္းျဖစ္ေၾကာင္း အစည္း အ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္းရဲ႕သားျဖစ္သူ ဦးခ်မ္းသာၾကည္စိုးက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ထုတ္ျပန္ခ်က္အရ ေဖေဖာ္ဝါရီ(၁၀)ရက္ ေန႔လယ္(၁)နာရီမွာက်င္းပခဲ့တဲ့ ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ၅/၂၀၂၆ အပတ္စဥ္အစည္းအေဝးမွာ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးနဲ႔ အစည္းအ႐ုံးဝင္ အႏု ပညာရွင္ေတြက ကိုေက်ာ္မ်ိဳးမင္းကိုအေရးယူေပးဖို႔ တင္ျပေဆြးေႏြးအတည္ျပဳခဲ့ၾကျခင္းျဖစ္ ေၾကာင္းေဖာ္ျပထားပါ တယ္။ The Statesman Myanmar Journal က စုံစမ္းရရွိထားတဲ့သတင္းအရ အဆိုပါအစည္းအေဝးကို လူ(၅ ဦးမွ ၁၀ ဦး)ခန႔္သာတက္ေရာက္ခဲ့ၿပီး၊ အတည္ျပဳခဲ့သူက လူ(၅)ဦးခန႔္သာရွိခဲ့ေၾကာင္း အတြင္းသတင္းရရွိခဲ့တာပါ။ ဒီျဖစ္စဥ္မွာ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးအဖြဲ႕ဝင္မဟုတ္တဲ့ ျမန္မာ ႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးနဲ႔ပတ္သက္ဆက္ႏႊယ္သူမဟုတ္တဲ့ သတင္းတင္ဆက္သူ သတင္းသမားတစ္ဦးကို NGO အဖြဲ႕အစည္းတစ္ခုသာျဖစ္တဲ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးက အမည္ပ်က္စာရင္းသြင္း ထုတ္ျပန္ေၾကညာခြင့္ ရွိ/မရွိ ဆိုတာ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။ ျပည္သူလူထု ေမးခြန္း ထုတ္သလို သတင္းသမားကို ႐ုပ္ရွင္အစည္းအ႐ုံးက ထိုသို႔ အမည္ပ်က္စာရင္းထုတ္ပိုင္ခြင့္မရွိေပ။ သတင္းသမားကို အမည္ပ်က္စာရင္းသြင္းတဲ့သတင္း ပ်ံ႕ႏွံ႔ခဲ့ၿပီးေနာက္ သတင္းသမားမ်ား၊ နာမည္ႀကီးသတင္းဌာနတိုက္မ်ားနဲ႔ သတင္းတင္ ဆက္သူေက်ာ္မ်ိဳးမင္းကို အားေပးေထာက္ခံသူျပည္သူလူထုက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕အခုလိုေၾကညာမႈကို ကန႔္ကြက္ရႈတ္ ခ်ခဲ့ၾကကာ အမည္ပ်က္စာရင္းသြင္းခံရမယ့္သူက တင္ဆက္သူ ေက်ာ္မ်ိဳးမင္းမဟုတ္ဘဲ (၂၀၂၁) ခုႏွစ္ ႏိုင္ငံေရးအခင္းအက်င္းမွာ ျပည္သူလူထုသိန္းေသာင္းခ်ီကို အိုးမဲ့အိမ္မဲ့ျဖစ္ေအာင္၊ အသက္ဆုံးရႈံးေအာင္၊ အလုပ္ လက္မဲ့ျဖစ္ေအာင္ ႏိုင္ငံေရးေသြးထိုးလႈံ႕ေဆာ္ခဲ့ၾကတဲ့ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးနဲ႔တကြ ဥကၠ႒အပါအဝင္ ျမန္မာ ႏိုင္ငံရဲ႕ထိပ္တန္းနာမည္ႀကီးအႏုပညာရွင္တို႔ကိုသာအမည္ပ်က္စာရင္းသြင္းရမွာျဖစ္ေၾကာင္း ‌ေဝဖန္ေထာက္ျပခဲ့ၾကပါတယ္။
ဒီျဖစ္စဥ္မွာ အစည္းအ႐ုံးအေနနဲ႔ မွန္းခ်က္နဲ႔ႏွမ္းထြက္မကိုက္ဆိုသလို သတင္းသမားကို အမည္ပ်က္စာရင္း သြင္းလိုက္ပါက ၎တို႔ရဲ႕႐ုပ္ရွင္အစည္းအ႐ုံးကို လူထုက အထင္ႀကီးေလးစားသြားႏိုင္မယ္လို႔ မွတ္ ယူခဲ့ပုံပါ။ ေျမျပင္မွာ ျမႇားဦးက ၎တို႔ဘက္ကို ျပန္လည္ဦးတည္သြားခဲ့ၿပီး ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕သေႏၶမမွန္ခဲ့တဲ့ အတိတ္သမိုင္း ေၾကာင္းမ်ား ျပန္လည္ထြက္ေပၚလာခဲ့ၿပီး လူထုရဲ႕အသိအျမင္က လြန္ခဲ့တဲ့ (၅)ႏွစ္နဲ႔မတူညီေတာ့တာကိုလည္း မ်က္ဝါး ထင္ထင္ျမင္ေတြ႕ခဲ့ရပါတယ္။ ဒီေနရာမွာ ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ တရားလက္လြတ္လုပ္ေဆာင္မႈက ေပၚလြင္ သြားခဲ့ၿပီး သတင္းဌာနတိုက္တစ္ခုခုကျဖစ္ေစ၊ သတင္း သမား/သတင္းတင္ဆက္သူက ျဖစ္ေစ၊ သတင္းေဖာ္ျပမႈတစ္စုံတစ္ရာကို ေက်နပ္မႈမရွိပါက ၎တို႔ရဲ႕ေခါင္းကိုင္ဖခင္ျဖစ္တဲ့ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီထံ တရားဝင္ အသိေပး အေၾကာင္းၾကားကာ တိုင္ၾကားမႈျပဳ လုပ္ႏိုင္တာကို ေမ့ေလ်ာ့သြားေလသလား (သို႔မဟုတ္) ဂ႐ုမစိုက္ေလျခင္းလား ေမးခြန္းတစ္ခု ထပ္မံထြက္ေပၚခဲ့ပါတယ္။
ဒီျဖစ္စဥ္ကတစ္ဆင့္ သတင္းသမားေတြနဲ႔ အႏုပညာသည္ေတြၾကား ပြတ္တိုက္မႈႀကီးထြားလာတဲ့အတြက္ ျပန္ၾကားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးရဲ႕လမ္းၫႊန္မႈအရ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီက ႏွစ္ဖက္လုံး ကိုဖိတ္ေခၚကာ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီဥကၠ႒ ေဒါက္တာတင္ထြန္းဦး ဦးေဆာင္ၿပီး ဒုတိယဥကၠ႒(၁)၊ ဒုတိယဥကၠ႒(၂)၊ အေထြေထြအတြင္းေရးမႉး၊ NP News သတင္းဌာနမွ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္းနဲ႔တကြ တာဝန္ခံ အယ္ဒီတာနဲ႔ အမႈေဆာင္အယ္ဒီတာ၊ ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးဥကၠ႒ ဦးၾကည္စိုးထြန္းကိုယ္စား အတြင္းေရးမႉး ဦးေဇာ္ျမင့္ဦး၊ တြဲဖက္အတြင္းေရးမႉး(၁)ဦးေဇာ္မင္း(ဟံသာေျမ)တို႔ဟာ ေဖေဖာ္ဝါရီလ (၂၅) ရက္ ေန႔လယ္ (၂)နာရီ အခ်ိန္ က ရန္ကုန္ၿမိဳ႕ရွိ ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ႐ုံးမွာ ထိပ္တိုက္ေတြ႕ဆုံညႇိႏႈိင္းခဲ့ၾကပါတယ္။ ျမန္မာႏိုင္ငံသတင္း မီဒီယာေကာင္စီဥကၠ႒ ေဒါက္တာတင္ထြန္းဦးရဲ႕ ညႇိႏႈိင္းေပးမႈေၾကာင့္ ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ သတင္းသမားကိုေက်ာ္ မ်ိဳးမင္းကို အခုလို အမည္ပ်က္စာရင္းသြင္းမိျခင္းက လြဲမွားတဲ့လုပ္ရပ္ျဖစ္ေၾကာင္း ျပန္လည္သုံးသပ္မိခဲ့ေၾကာင္း၊ ေနာက္ေနာင္မွာ ကိုေက်ာ္မ်ိဳးမင္း အေနနဲ႔လည္း ၎တို႔ရဲ႕႐ုပ္ရွင္အစည္းအ႐ုံးနဲ႔ပတ္သက္ၿပီး သတင္းတင္ဆက္ ေဖာ္ျပလိုပါက ၎တို႔ထံကို တိုက္႐ိုက္သတင္းေမးႏိုင္ပါေၾကာင္း အစည္းအ႐ုံးဘက္ကေျပာၾကားခဲ့ပါတယ္။ ေဖေဖာ္ဝါရီ လ (၂၆) ရက္မွာ အစည္းအ႐ုံးဝင္မ်ားကိုေခၚယူကာ အစည္းအေဝးျပန္လည္က်င္းပၿပီး ကိုေက်ာ္မ်ိဳးမင္းအေပၚ အမည္ ပ်က္စာရင္းတင္သြင္းထားမႈကိုလည္း ျပန္လည္ဖ်က္သိမ္းေပးသြားမွာျဖစ္ေၾကာင္း ဥကၠ႒ ေဒါက္တာတင္ထြန္းဦးနဲ႔တာ ဝန္ရွိပုဂၢိဳလ္မ်ားေရွ႕ေမွာက္မွာ ေျပာၾကားခဲ့ပါတယ္။
ကိုေက်ာ္မ်ိဳးမင္းက “အခုလို Black List ေၾကညာခံရၿပီးေနာက္မွာ ကြၽန္ေတာ့္ဘက္ကရပ္တည္ေပးၾကတဲ့သူေတြ အမ်ားႀကီးရွိေပမယ့္ အမ်ားႀကီးမလုပ္ၾကပါနဲ႔ဦး။ ႐ုပ္ရွင္အစည္းအ႐ုံးအဖြဲ႕ဝင္ေတြ စဥ္းစားလို႔အခ်ိန္ရေအာင္ အခ်ိန္ေပး တာေကာင္းပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း ႐ုပ္သံထဲမွာ ထည့္မေျပာခဲ့ဘူး။ အခ်က္ (၂) ခ်က္၊ (၃) ခ်က္ေလာက္ကို ပဲေထာက္ျပခဲ့တယ္။ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း အုတ္ေအာ္ေသာင္းတင္းျဖစ္ခ်င္တဲ့အထဲမွာမပါဘူး။ တားသင့္တာ လည္း ကြၽန္ေတာ္တားခဲ့တယ္။ ႐ုပ္ရွင္အစည္းအ႐ုံးမွာလည္း ႐ုပ္ရွင္အစည္းအ႐ုံးဂုဏ္သိကၡာဆိုတာရွိတယ္။ ကြၽန္ေတာ့္ ေၾကာင့္ မလိုလားအပ္တာမျဖစ္ေစလိုဘူး။ သတင္းမီဒီယာေကာင္စီရွိတဲ့အတြက္ သတင္းမီဒီယာေကာင္စီရဲ႕သေဘာက ဘယ္လိုရွိမလဲဆိုတာနဲ႔ ေကာင္စီရဲ႕ဦးေဆာင္ေျဖရွင္းေပးမႈအေပၚနာခံမယ္။ ေကာင္စီဖိတ္ေခၚတဲ့အခါမွာ ကြၽန္ေတာ္ အခုေရာက္လာတယ္။ လိုက္ေလ်ာသင့္တာကိုလိုက္ေလ်ာေပးမယ္။ ကြၽန္ေတာ့္ဆရာတို႔ရဲ႕ဆုံးျဖတ္ခ်က္အတိုင္း ကြၽန္ ေတာ္လက္ခံပါမယ္။ သူမွန္တယ္ ငါမွန္တယ္နဲ႔ ျငင္းၾကေၾကးသာဆိုရင္ ပြဲကၿပီးေတာ့မွာမဟုတ္ပါဘူး။ တစ္ဖက္နဲ႔ တစ္ဖက္ ဒီလိုပဲနားလည္မႈတည္ေဆာက္ရလိမ့္မယ္”လို႔ေျပာၾကားခဲ့ပါတယ္။
ဒီျဖစ္စဥ္အေပၚ စာေရးဆရာ၊ သတင္းစာသမား ေအာင္သွ်န္ဝိုင္း(က်ိဳက္မေရာ)က “ေဘာင္ေက်ာ္ၿပီးေတာ့မ်ား၊ မီဒီယာသမားကို Black List စာရင္းသြင္းသတဲ့။ NGO အဖြဲ႕ကမ်ား ႏိုင္ငံေတာ္အစိုးရပုံစံ လိုက္လုပ္ေနတယ္။ (လူပါးဝပုံမ်ား)။ Proceduer က်က်လုပ္ရမွာက ႏွစ္ဖက္ေခၚေတြ႕၊ အမွားအမွန္ရွင္းျပ၊ လက္မခံရင္ မီဒီယာ ေကာင္စီကိုတိုင္၊ အဲဒါၿပီးမွ မေက်နပ္ရင္တရားစြဲ။ သူတို႔ဘက္က စနစ္တက်ျပန္မေျဖရွင္းဘဲ အမည္ပ်က္စာရင္းတင္ၿပီး၊ ျပန္ဝန္ကိုတင္ျပသတဲ့။ ဒါဆို မီဒီယာေကာင္စီကို ႏိုင္ငံေတာ္က ဘာလို႔ဖြဲ႕ထားသလဲ။ ႐ုပ္ရွင္ေလာကသားေတြကို ထိခိုက္နစ္နာေအာင္ ေျပာခဲ့ေရးခဲ့လို႔ ဒီသတင္းေထာက္ကို အမည္ပ်က္ စာရင္းသြင္းတယ္ဆိုရင္ တိုင္းျပည္ အုပ္ခ်ဳပ္သူ ေတြကိုေစာ္ကားတဲ့၊ ယႏၲရားပ်က္ေအာင္လႈံ႕ေဆာ္ခဲ့တဲ့ ခင္ဗ်ားတို႔ေလာကသားေတြကိုေကာ၊ ဘာေၾကာင့္ အမည္ပ်က္စာရင္းမတင္သြင္းသလဲ (ၿခံစည္း႐ိုးခြထိုင္ေနၾကတာ)” ဆိုတဲ့စာသားေတြနဲ႔တကြ သတင္းသမား ေက်ာ္မ်ိဳး မင္းဘက္ကရပ္တည္ေၾကာင္း ျပသခဲ့ၾကတာပါ။
ျမန္မာႏိုင္ငံသတင္းမီဒီယာေကာင္စီ (Myanmar Press Council)ကို သတင္းမီဒီယာဥပေဒအရ ဖြဲ႕စည္းထားၿပီး၊ မီဒီယာက်င့္ဝတ္ထိန္းသိမ္းေရးနဲ႔ သတင္းမီဒီယာသမားေတြရဲ႕အခြင့္အေရးကို ကာကြယ္ဖို႔ တရားဝင္အသိအမွတ္ျပဳထား တဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။ သတင္းမီဒီယာေတြနဲ႔သက္ဆိုင္တဲ့ပဋိပကၡေတြကို ညႇိႏႈိင္းေျဖရွင္းေပးတာနဲ႔ မီဒီယာလြတ္ လပ္ခြင့္အတြက္ ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။ သတင္းမီဒီယာဥပေဒ (၂၀၁၄)အရ သတင္းမီဒီယာသမားေတြ၊ စာေပနဲ႔အႏုပညာရွင္ေတြ၊ ဥပေဒပညာရွင္ေတြနဲ႔ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး၊ သတင္းမီဒီယာသမားေတြရဲ႕ က်င့္ဝတ္နဲ႔စံႏႈန္း ေတြကိုထိန္းသိမ္းဖို႔၊ သတင္းလြတ္လပ္ခြင့္ကိုကာကြယ္ဖို႔နဲ႔ အမ်ားျပည္သူသိသင့္တဲ့သတင္းအခ်က္အလက္ေတြ တိက် မွန္ကန္ေစဖို႔ ရည္႐ြယ္ေဆာင္႐ြက္ျခင္းျဖစ္ပါတယ္။ သတင္းမီဒီယာနဲ႔ပတ္သက္တဲ့တိုင္ၾကားမႈေတြကို စိစစ္ေျဖရွင္းေပး မႈနဲ႔ အစိုးရနဲ႔သတင္းမီဒီယာၾကား ေပါင္းကူးတံတားအျဖစ္ ေဆာင္႐ြက္ေပးလ်က္ရွိပါတယ္။

‘ဒီတစ္ခါ မၿပိဳလဲေတာ့ပါဘူး’လို႔ ေဖြးေဖြးရင္ဖြင့္
ထပ္ဆင့္အကယ္ဒမီေဖြးေဖြးက သူ႔အတြက္ ေဖေဖာ္ဝါရီလက အတက္အက်ျမန္ဆန္လြန္းေၾကာင္း ရင္ဖြင့္ေျပာျပ ခဲ့ပါတယ္။ “ဒီလေလးဟာ ေဖြးမိသားစုဘဝအတြက္ အရာရာ အနိမ့္အျမင့္ အတက္အက် ျမန္ဆန္လြန္းပါတယ္။ ေလာကဓံကို လူသားတိုင္းႀကဳံရတာပါပဲ။ ေဖြးဒီတစ္ခါမၿပိဳလဲေတာ့ပါဘူး။ အလုပ္ေလးေတြလည္း အခ်ိန္တစ္ခုအထိ နားၿပီး ျပန္လုပ္မွာပါ” လို႔ ေဖေဖာ္ဝါရီလ (၂၄)ရက္က Shwe YeeKo Oo Facebook အေကာင့္မွာ ေဖာ္ျပခဲ့ပါတယ္။
ေဖြးေဖြးဟာ ‘ကံ့ေကာ္နီ’ ႐ုပ္ရွင္ဇာတ္ကားနဲ႔ အကယ္ဒမီထူးခြၽန္ဆုကိုရင္ခုန္ခဲ့ေပမယ့္ (၂၀၂၅) ခုႏွစ္ အမ်ိဳးသမီး ဇာတ္ေဆာင္ဆုနဲ႔လြဲေခ်ာ္ခဲ့ရသလို အကယ္ဒမီေပးပြဲက်င္းပတဲ့ ေဖာ္ဝါရီလ (၇)ရက္ညမွာပဲ သူရဲ႕ တစ္ဦးတည္းေသာ ေမာင္ေလး ေအဒင္ဦးကိုလည္း ဆုံးရႈံးလိုက္ရတာပါ။
ေဖြးေဖြးရဲ႕ေမာင္အရင္းျဖစ္သူေအဒင္ဦးက မိခင္နဲ႔အစ္မျဖစ္သူတို႔ ေနျပည္ေတာ္မွာ အကယ္ဒမီပြဲအခမ္းအနား တက္ေရာက္ေနစဥ္ ရန္ကုန္ၿမိဳ႕ရွိ ေနအိမ္မွာ ႏွလုံးအေမာေဖာက္ကာ ႐ုတ္တရက္အသက္ဆုံးရႈံးခဲ့ရျခင္းျဖစ္ပါတယ္။ ေဖြးေဖြးအေနနဲ႔ ဖခင္ရဲ႕ေနာက္ဆုံးအခ်ိန္မွာလည္း အတူမရွိႏိုင္ခဲ့သလို ရက္လည္ေန႔အထိပါ မလာေရာက္ႏိုင္ခဲ့တာပါ။ အခုတစ္ေခါက္မွာလည္း ေမာင္ျဖစ္သူ အသက္လုခဲ့ရတဲ့ ေနာက္ဆုံးအခ်ိန္မွာ သူတို႔သားအမိႏွစ္ေယာက္ အနားမွာ မရွိေနႏိုင္ခဲ့တဲ့စိတ္က လြန္စြာစိတ္ထိခိုက္ခဲ့ရေၾကာင္း၊ မိသားစုဝင္ဆုံးရႈံးရမႈအတြက္ ဝမ္းနည္းေနရခ်ိန္မွာ ေဆြမ်ိဳး မိတ္ေဆြ ေတြရဲ႕ေဖးမမႈကိုလည္း သိရွိခြင့္ရခဲ့သလို အႏုပညာေလာကထဲက လူတခ်ိဳ႕ရဲ႕ အေၾကာင္းကို လည္းသိခြင့္ရခဲ့ေၾကာင္း ၎နဲ႔နီးစပ္သူေတြရဲ႕ေျပာစကားမ်ားအရ သိရွိခဲ့ရပါတယ္။ ]]အားလုံးဟာ တစ္ေန႔ေတာ့ ဒီေသလမ္းပဲ ေနာက္ဆုံးေတာ့သြားရမွာပါ။ ေသငယ္ေဇာနဲ႔ ေျမာေနတဲ့အခ်ိန္၊ ကိုယ့္အေတြးနဲ႔ကိုယ္ပဲက်န္တဲ့အခ်ိန္.. ငါဘာေတြလုပ္ခဲ့လဲလို႔ ကိုယ့္ကိုယ္ကိုယ္ ေမးခြန္းထုတ္မိတဲ့အခ်ိန္၊ ေကာင္းတဲ့အေတြးနဲ႔ပဲ ေလာကႀကီးကိုႏႈတ္ဆက္ ခ်င္တယ္။ အားလုံးပဲ ေလာကဓံကို တည္ၿငိမ္ စြာရင္ဆိုင္ႏိုင္တဲ့ ၿပိဳလဲမသြားတဲ့ခြန္အားနဲ႔ ေမတၱာစိတ္မ်ား ရင္ထဲ ကိန္းေအာင္းၾကပါေစ။ အရာရာ အေကာင္းဆုံးေက်ာ္ျဖတ္ႏိုင္ၾကပါေစ”လို႔လည္း ေဖြးေဖြးက တရားအသိ သတိကပ္ကာ ေဖာ္ျပခဲ့ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားခြင့္ျပဳပါ။

Related news

© 2021. All rights reserved.