ယခုဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် (၃)သန်း ပြည်ပသို့တင်ပို့ရန် လျာထား

165

NP News - စက်တင်ဘာ ၁၂
မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်အနေဖြင့် ပြည်ပနိုင်ငံများ သို့ဆန်တန်ချိန်သုံးသန်းခန့် ယခုဘဏ္ဍာနှစ်အတွင်း တင်ပို့ရန် ရည်မှန်းထားပြီး လက်ရှိတွင် တန်ချိန်တစ်သန်းခန့်တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့်အတူ သက်ဆိုင်ရာ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများနှင့် ပို့ကုန်၊ သွင်းကုန် ကုမ္ပဏီများပူးပေါင်း၍ လအလိုက် လျာထားချက်များ သတ်မှတ်ကာ ထိုလျာထားချက်များအတိုင်း ပြည့်မီစွာ တင်ပို့နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်ဘဏ္ဍာနှစ်က ပြည်ပနိုင်ငံများသို့ စုစုပေါင်း ဆန်မက်ထရစ်တန် ၂ ဒသမ ၄၈ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၁၀၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။
ထိုသို့လျာထားချက်များအတိုင်း တင်ပို့နိုင်စေရေး ပြည်တွင်းရှိ ကုမ္ပဏီပေါင်း ၆၀ နီးပါးက တရုတ်၊ ဥရောပ၊ အာဖရိက နှင့် အာဆီယံစျေးကွက်များရှိ နိုင်ငံများသို့ မြန်မာ့ဆန်များ တင်ပို့နိုင်စေရန် သက်ဆိုင်ရာကုမ္ပဏီများ၊ ကုန်သည်၊ ဝယ်လက်များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် ဆန်စပါးဈေးများကျဆင်းနေရာ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်တာဝန်ရှိသူများဆွေးနွေးပွဲကျင်းပခဲ့ကြောင်း ဆန်တင်ပို့မှုအတွက် Export ဇုန်များကိုလည်း တည်ထောင်သွားမည်ဟု ဆန်စပါးအဖွဲ့ချုပ်မှသိရသည်။

Zawgyi Version:
ယခုဘ႑ာႏွစ္အတြင္း ဆန္တန္ခ်ိန္ (၃)သန္း ျပည္ပသို႔တင္ပို႔ရန္ လ်ာထား
NP News - စက္တင္ဘာ ၁၂
ျမန္မာႏိုင္ငံဆန္စပါးအဖြဲ႕ခ်ဳပ္အေနျဖင့္ ျပည္ပႏိုင္ငံမ်ား သို႔ဆန္တန္ခ်ိန္သုံးသန္းခန႔္ ယခုဘ႑ာႏွစ္အတြင္း တင္ပို႔ရန္ ရည္မွန္းထားၿပီး လက္ရွိတြင္ တန္ခ်ိန္တစ္သန္းခန႔္တင္ပို႔ထားႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ သိရသည္။
ထိုသို႔ေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္ႏွင့္အတူ သက္ဆိုင္ရာ ဆန္စက္လုပ္ငန္းရွင္မ်ား၊ ဆန္စပါးစိုက္ပ်ိဳးထုတ္လုပ္သူမ်ားႏွင့္ ပို႔ကုန္၊ သြင္းကုန္ ကုမၸဏီမ်ားပူးေပါင္း၍ လအလိုက္ လ်ာထားခ်က္မ်ား သတ္မွတ္ကာ ထိုလ်ာထားခ်က္မ်ားအတိုင္း ျပည့္မီစြာ တင္ပို႔ႏိုင္ရန္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ဘ႑ာႏွစ္က ျပည္ပႏိုင္ငံမ်ားသို႔ စုစုေပါင္း ဆန္မက္ထရစ္တန္ ၂ ဒသမ ၄၈ သန္းခန႔္ တင္ပို႔ႏိုင္ခဲ့ၿပီး အေမရိကန္ေဒၚလာ သန္း ၁၁၀၀ ေက်ာ္ ရရွိခဲ့ေၾကာင္း သိရသည္။
ထိုသို႔လ်ာထားခ်က္မ်ားအတိုင္း တင္ပို႔ႏိုင္ေစေရး ျပည္တြင္းရွိ ကုမၸဏီေပါင္း ၆၀ နီးပါးက တ႐ုတ္၊ ဥေရာပ၊ အာဖရိက ႏွင့္ အာဆီယံေစ်းကြက္မ်ားရွိ ႏိုင္ငံမ်ားသို႔ ျမန္မာ့ဆန္မ်ား တင္ပို႔ႏိုင္ေစရန္ သက္ဆိုင္ရာကုမၸဏီမ်ား၊ ကုန္သည္၊ ဝယ္လက္မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္ေနၾကၿပီး ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ လိုအပ္သည္မ်ား ပံ့ပိုးကူညီေပးလ်က္ရွိေၾကာင္း သိရသည္။
လက္ရွိအခ်ိန္တြင္ ဆန္စပါးေဈးမ်ားက်ဆင္းေနရာ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ားႏွင့္ ျမန္မာႏိုင္ငံဆန္စပါး အဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားေဆြးေႏြးပြဲက်င္းပခဲ့ေၾကာင္း ဆန္တင္ပို႔မႈအတြက္ Export ဇုန္မ်ားကိုလည္း တည္ေထာင္သြားမည္ဟု ဆန္စပါးအဖြဲ႕ခ်ဳပ္မွသိရသည္။