ယခုနှစ်အတွင်း အလုပ်အကိုင်နေရာပေါင်းနှစ်သောင်းကျော်ဖန်တီပေးနိုင်ခဲ့
                        
                            
                             
 417
 
                             
                            
                            
                         
                        
 
                        NP News စက်တင်ဘာ (၁၁)ရက်
ယခု၂၀၂၅ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ရှစ်လတာကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်း    ၂၀၀၀၀   ကျော် ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီး မြှုပ်နှံမှုကော်မတီမှ   အတည်ပြုပေးနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ယင်းကာလအတွင်း ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ၊ဝန်ဆောင်မှုကဏ္ဍ၊  စက်မှုကဏ္ဍတို့တွင်  ရာနှုန်းပြည့်မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊  ရာနှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများကို   အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြောင့် ဇန်နဝါရီလတွင် ၁၀၁၆ ဦး၊ ဖေဖော်ဝါရီလတွင် ၁၉၂၀ ဦး၊ မတ်လတွင် ၂၈၀၂ ဦး၊ ဧပြီလတွင် ၁၀၀၅ ဦး၊ မေလတွင် ၁၂၂၀ ဦး၊ ဇွန်လတွင် ၆၇၇၃ ဦး၊ ဇူလိုင်လတွင် ၆၉၆ ဦး၊ ဩဂုတ်လတွင် ၅၀၀၂ ဦး စုစုပေါင်း ၂၀၄၃၄ ဦးတို့အား အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
လုပ်ငန်းများတွင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ မိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ အသင့်ဖျော်စပ်ပြီးသော ကွန်ကရစ်များ ရောင်းချ ဝန်ဆောင်မှုပေးခြင်း လုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wearing apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်ပသို့ ၂၀ ရာခိုင်နှုန်းတင်ပို့ပြီး ပြည်တွင်း၌ ၈၀ ရာခိုင်နှုန်းရောင်းချသည့်    သစ်အခြေခံသော သစ်သားပြား အမျိုးမျိုးနှင့် ပရိဘောဂအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်း၊   ပဲအမျိုးမျိုး ကြိတ်ခွဲသန့်စင်ထုတ်လုပ်ပြီး  ပြည်ပသို့ ၁၀၀ ရာခိုင်နှုန်းတင်ပို့သည့်လုပ်ငန်း၊ ပြည်ပသို့ ၉၂ ရာခိုင်နှုန်းတင်ပို့ပြီး  ပြည်တွင်း၌ ၈ ရာခိုင်နှုန်း  ရောင်းချမည့်   ဆန်ဖြူ၊  ဆန်ကွဲသန့်စင်ခြင်း၊ အရောင်တင်ခြင်းနှင့် တင်ပို့ရောင်းချခြင်းလုပ်ငန်း၊ ဆန်ကြိတ်ခွဲဖွပ်ချောသန့်စင်ထုတ်လုပ်ပြီး ပြည်ပသို့ ၁၀၀ ရာခိုင်နှုန်းတင်ပို့ရောင်းချခြင်း လုပ်ငန်းတို့ပါဝင်ကြောင်းသိရသည်။
                     
                        
                                                                    
 
                                
                                
                                        Zawgyi Version:
ယခုႏွစ္အတြင္း အလုပ္အကိုင္ေနရာေပါင္းႏွစ္ေသာင္းေက်ာ္ဖန္တီေပးႏိုင္ခဲ့
NP News စက္တင္ဘာ (၁၁)ရက္
ယခု၂၀၂၅ခုႏွစ္ ဇန္နဝါရီလမွ ဩဂုတ္လအထိ ရွစ္လတာကာလအတြင္း အလုပ္အကိုင္ အခြင့္အလမ္း    ၂၀၀၀၀   ေက်ာ္ ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း မ်ားကို ရန္ကုန္တိုင္းေဒသႀကီးရင္းႏွီး ျမႇဳပ္ႏွံမႈေကာ္မတီမွ   အတည္ျပဳေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီသည္ ယင္းကာလအတြင္း ဟိုတယ္ႏွင့္ခရီးသြား က႑၊ဝန္ေဆာင္မႈက႑၊  စက္မႈက႑တို႔တြင္  ရာႏႈန္းျပည့္ျမန္မာႏိုင္ငံသားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၊  ရာႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားႏွင့္ ဖက္စပ္ႏိုင္ငံျခားရင္းႏွီး ျမႇဳပ္ႏွံမႈလုပ္ငန္းမ်ားကို   အတည္ျပဳေပးခဲ့ျခင္းျဖစ္သည္။
ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ားေၾကာင့္ ဇန္နဝါရီလတြင္ ၁၀၁၆ ဦး၊ ေဖေဖာ္ဝါရီလတြင္ ၁၉၂၀ ဦး၊ မတ္လတြင္ ၂၈၀၂ ဦး၊ ဧၿပီလတြင္ ၁၀၀၅ ဦး၊ ေမလတြင္ ၁၂၂၀ ဦး၊ ဇြန္လတြင္ ၆၇၇၃ ဦး၊ ဇူလိုင္လတြင္ ၆၉၆ ဦး၊ ဩဂုတ္လတြင္ ၅၀၀၂ ဦး စုစုေပါင္း ၂၀၄၃၄ ဦးတို႔အား အလုပ္အကိုင္ အခြင့္အလမ္းမ်ား ဖန္တီးေပးႏိုင္ခဲ့ေၾကာင္း သိရသည္။
လုပ္ငန္းမ်ားတြင္ ဟိုတယ္ဝန္ေဆာင္မႈလုပ္ငန္း၊ မိုတယ္ဝန္ေဆာင္မႈလုပ္ငန္း၊ အသင့္ေဖ်ာ္စပ္ၿပီးေသာ ကြန္ကရစ္မ်ား ေရာင္းခ် ဝန္ေဆာင္မႈေပးျခင္း လုပ္ငန္း၊ CMP စနစ္ျဖင့္ အဝတ္အထည္အမ်ိဳးမ်ိဳးခ်ဳပ္လုပ္ျခင္းလုပ္ငန္း၊ CMP စနစ္ျဖင့္ Wearing apparel အမ်ိဳးမ်ိဳးခ်ဳပ္လုပ္ျခင္းလုပ္ငန္း၊ ျပည္ပသို႔ ၂၀ ရာခိုင္ႏႈန္းတင္ပို႔ၿပီး ျပည္တြင္း၌ ၈၀ ရာခိုင္ႏႈန္းေရာင္းခ်သည့္    သစ္အေျခခံေသာ သစ္သားျပား အမ်ိဳးမ်ိဳးႏွင့္ ပရိေဘာဂအမ်ိဳးမ်ိဳး ထုတ္လုပ္ျဖန႔္ျဖဴးေရာင္းခ်ျခင္း လုပ္ငန္း၊   ပဲအမ်ိဳးမ်ိဳး ႀကိတ္ခြဲသန႔္စင္ထုတ္လုပ္ၿပီး  ျပည္ပသို႔ ၁၀၀ ရာခိုင္ႏႈန္းတင္ပို႔သည့္လုပ္ငန္း၊ ျပည္ပသို႔ ၉၂ ရာခိုင္ႏႈန္းတင္ပို႔ၿပီး  ျပည္တြင္း၌ ၈ ရာခိုင္ႏႈန္း  ေရာင္းခ်မည့္   ဆန္ျဖဴ၊  ဆန္ကြဲသန႔္စင္ျခင္း၊ အေရာင္တင္ျခင္းႏွင့္ တင္ပို႔ေရာင္းခ်ျခင္းလုပ္ငန္း၊ ဆန္ႀကိတ္ခြဲဖြပ္ေခ်ာသန႔္စင္ထုတ္လုပ္ၿပီး ျပည္ပသို႔ ၁၀၀ ရာခိုင္ႏႈန္းတင္ပို႔ေရာင္းခ်ျခင္း လုပ္ငန္းတို႔ပါဝင္ေၾကာင္းသိရသည္။