နယူးဇီလန်မှာ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦး သေဆုံးမှုကြောင့် သိုး ၁ ကောင် ပစ်သတ်ခံရ

 923

ရောင်နီ (NP News) - ဧပြီ ၂၀

နယူးဇီလန်နိုင်ငံမှာ လယ်ကွင်းတစ်ခုအတွင်း သက်ကြီးရွယ်အို စုံတွဲတစ်တွဲ သေဆုံးမှု ဖြစ်ပွားခဲ့ပြီး သိုးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့်လို့ သံသယရှိခြင်းကြောင့် သိုးထီး တစ်ကောင် ပစ်သတ်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေနဲ့ ဒေသတွင်းမီဒီယာတွေက ပြောကြားခဲ့ပါတယ်။

ယင်းအသက်ကြီး အမျိုးသားနဲ့ အမျိုးသမီးကို ဧပြီလ (၁၈) ရက် နံနက်ပိုင်းက West Auckland ရှိ အိမ်ရာမှာ တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က သေဆုံးမှုဟာ စပါးခင်းထဲရှိနေတဲ့ သိုးထီးတစ်ကောင်ကြောင့် ဖြစ်နိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အဆိုပါ အဝန်းအဝိုင်းအတွင်း သိုးထီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အခြား အမည်မသိလူတစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သလို ရဲတပ်ဖွဲ့နဲ့ ဝန်ထမ်းတွေလည်း သိုးတစ်ကောင်ရံ တိုက်ခိုက်မှုခံခဲ့ရတာကြောင့် ခုခံရင်းကနေ သိုးကို သေနတ်နဲ့ ပစ်ခတ်မိခဲ့ပြီး သိုးဟာ အခင်းဖြစ်ရာနေရာမှာတင် သေဆုံးသွားခဲ့တယ် လို့ ဆိုပါ တယ်။

ရဲတပ်ဖွဲ့က သက်ကြီးစုံတွဲ သေဆုံးရမှုကို စုံစမ်းစစ်ဆေးနေပြီး သောကြာနေ့(ဧပြီလ ၁၉ ရက်) မှာ ရင်ခွဲစစ်ဆေးမှု တွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

နယူးဇီလန်မှာ လူဦးရေ ၅ သန်းခန့်ရှိပြီး သိုးအကောင်ရေ ၂၅ သန်းခန့်လည်း နေထိုင်ကျက်စားပါတယ်။

Zawgyi Version;
နယူးဇီလန္မွာ သက္ႀကီး႐ြယ္အို ဇနီးေမာင္ႏွံႏွစ္ဦး ေသဆုံးမႈေၾကာင့္ သိုး ၁ ေကာင္ ပစ္သတ္ခံရ
ေရာင္နီ (NP News) - ဧၿပီ ၂၀

နယူးဇီလန္ႏိုင္ငံမွာ လယ္ကြင္းတစ္ခုအတြင္း သက္ႀကီး႐ြယ္အို စုံတြဲတစ္တြဲ ေသဆုံးမႈ ျဖစ္ပြားခဲ့ၿပီး သိုးတစ္ေကာင္ရဲ႕ တိုက္ခိုက္မႈေၾကာင့္လို႔ သံသယရွိျခင္းေၾကာင့္ သိုးထီး တစ္ေကာင္ ပစ္သတ္ခံခဲ့ရတယ္လို႔ အာဏာပိုင္ေတြနဲ႔ ေဒသတြင္းမီဒီယာေတြက ေျပာၾကားခဲ့ပါတယ္။

ယင္းအသက္ႀကီး အမ်ိဳးသားနဲ႔ အမ်ိဳးသမီးကို ဧၿပီလ (၁၈) ရက္ နံနက္ပိုင္းက West Auckland ရွိ အိမ္ရာမွာ ေတြ႕ရွိခဲ့ျခင္းျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕က ေသဆုံးမႈဟာ စပါးခင္းထဲရွိေနတဲ့ သိုးထီးတစ္ေကာင္ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။

အဆိုပါ အဝန္းအဝိုင္းအတြင္း သိုးထီးတစ္ေကာင္ရဲ႕ တိုက္ခိုက္မႈေၾကာင့္ အျခား အမည္မသိလူတစ္ဦးလည္း ဒဏ္ရာအနည္းငယ္ ရရွိခဲ့သလို ရဲတပ္ဖြဲ႕နဲ႔ ဝန္ထမ္းေတြလည္း သိုးတစ္ေကာင္ရံ တိုက္ခိုက္မႈခံခဲ့ရတာေၾကာင့္ ခုခံရင္းကေန သိုးကို ေသနတ္နဲ႔ ပစ္ခတ္မိခဲ့ၿပီး သိုးဟာ အခင္းျဖစ္ရာေနရာမွာတင္ ေသဆုံးသြားခဲ့တယ္ လို႔ ဆိုပါ တယ္။

ရဲတပ္ဖြဲ႕က သက္ႀကီးစုံတြဲ ေသဆုံးရမႈကို စုံစမ္းစစ္ေဆးေနၿပီး ေသာၾကာေန႔(ဧၿပီလ ၁၉ ရက္) မွာ ရင္ခြဲစစ္ေဆးမႈ ေတြ ေဆာင္႐ြက္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

နယူးဇီလန္မွာ လူဦးေရ ၅ သန္းခန္႔ရွိၿပီး သိုးအေကာင္ေရ ၂၅ သန္းခန႔္လည္း ေနထိုင္က်က္စားပါတယ္။

Picture

YMT Movie Bank

20/04/2024 02:55

်ိမ🤪🤪😁🧐ါ်

Picture

YMT Movie Bank

20/04/2024 02:56

ယု၇၆၇၆၆၆၆၆၆၆၆၆၆၆၆၈ယယငယဟငဟငဟငဟငဟငဟဟငဟငဟငဟငဟ၈ဟငဟ၈ဟဟငဟငဟ

Related news

© 2021. All rights reserved.