အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းအပြင်ဘက်မှာ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့

 1402

Pika (NP News) - ဧပြီ ၂ဝ

အမေရိကန်နိုင်ငံ နယူးယောက်စီးတီးမြို့ရှိ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းအပြင်ဘက်မှာ အမျိုးသားတစ်ဦးဟာ ကိုယ့်ကိုယ်ကိုယ်မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပေမယ့်လည်း အဲဒီအမျိုးသားဟာ မီးလောင်ကျွမ်းမှုဒဏ်ရာတွေနဲ့ သေဆုံးသွားခြင်း ရှိ/မရှိဆိုတာကိုတော့ ဒီအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး။ ဒေါ်နယ်ထရမ့်ရဲ့ ရုံးချိန်းအပြင်ဘက်မှာ အမျိုးသားတစ်ဦးရဲ့ကိုယ့်ကိုယ်ကိုယ်မီးရှို့မှုဟာ ဧပြီလ(၁၉)ရက်နေ့ မွန်းလွဲပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ မီးလောင်ကျွမ်းနေတဲ့ အမျိုးသားတစ်ဦးဟာ လက်နှစ်ဖက်ကို ဦးခေါင်းနောက်မှာတင်ထားပြီး ဒူးထောက်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ တစ်မိနစ်ခန့်မီးလောင်ပြီးတဲ့နောက်မှာတော့ အဲဒီအမျိုးသားဟာ မြေပြင်မှာလဲကျသွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက မီးငြိမ်းသတ်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒီအဖြစ်အပျက်ကို Fox နဲ့ CNNတို့အပါအဝင် အမေရိကန်သတင်းကွန်ရက်များစွာက တိုက်ရိုက်ထုတ်လွှင့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ မီးငြှိမ်းသတ်မှုတွေလုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ အဆိုပါအမျိုးသားရဲ့ခန္ဓာကိုယ်ကို မီးငြိမ်းသတ်တဲ့စောင်နဲ့ ဖုံးအုပ်ခဲ့ပြီး လူနာတင်ယာဉ်ပေါ်ကို တင်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ နယူးယောက်ရဲဌာနက အရာရှိတွေဟာ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး အချက်အလက်တွေကို စုဆောင်းနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ အဲဒီအဖြစ်အပျက်ဟာ ဒေါ်နယ်ထရမ့်ရဲ့ရာဇဝတ်မှုဆိုင်ရာတရားစီရင်မှု လေးရက်မြောက်နေ့မှာဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်ဟာ အပြာသရုပ်ဆောင် Stormy Daniels ကို နှုတ်ပိတ်ခအဖြစ် ငွေကြေးတွေပေးအပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး တရားရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။

zawgyi version
အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ႕ ႐ုံးခ်ိန္းအျပင္ဘက္မွာ အမ်ိဳးသားတစ္ဦး ကိုယ့္ကိုယ္ကိုယ္မီးရႈိ႕
Pika (NP News) - ဧၿပီ ၂ဝ

အေမရိကန္ႏိုင္ငံ နယူးေယာက္စီးတီးၿမိဳ႕ရွိ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ႕ ႐ုံးခ်ိန္းအျပင္ဘက္မွာ အမ်ိဳးသားတစ္ဦးဟာ ကိုယ့္ကိုယ္ကိုယ္မီးရႈိ႕ခဲ့တယ္လို႔ သိရပါတယ္။

မီးေလာင္ကြၽမ္းမႈကို ျငႇိမ္းသတ္ႏိုင္ခဲ့ေပမယ့္လည္း အဲဒီအမ်ိဳးသားဟာ မီးေလာင္ကြၽမ္းမႈဒဏ္ရာေတြနဲ႔ ေသဆုံးသြားျခင္း ရွိ/မရွိဆိုတာကိုေတာ့ ဒီအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးပါဘူး။ ေဒၚနယ္ထရမ့္ရဲ႕ ႐ုံးခ်ိန္းအျပင္ဘက္မွာ အမ်ိဳးသားတစ္ဦးရဲ႕ကိုယ့္ကိုယ္ကိုယ္မီးရႈိ႕မႈဟာ ဧၿပီလ(၁၉)ရက္ေန႔ မြန္းလြဲပိုင္းမွာ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာ တင္ထားတဲ့ ဗီဒီယိုဖိုင္မွာ မီးေလာင္ကြၽမ္းေနတဲ့ အမ်ိဳးသားတစ္ဦးဟာ လက္ႏွစ္ဖက္ကို ဦးေခါင္းေနာက္မွာတင္ထားၿပီး ဒူးေထာက္ေနတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ တစ္မိနစ္ခန႔္မီးေလာင္ၿပီးတဲ့ေနာက္မွာေတာ့ အဲဒီအမ်ိဳးသားဟာ ေျမျပင္မွာလဲက်သြားခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္ေတြက မီးၿငိမ္းသတ္မႈေတြကို လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။

အဲဒီအျဖစ္အပ်က္ကို Fox နဲ႔ CNNတို႔အပါအဝင္ အေမရိကန္သတင္းကြန္ရက္မ်ားစြာက တိုက္႐ိုက္ထုတ္လႊင့္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ မီးျငႇိမ္းသတ္မႈေတြလုပ္ေဆာင္ၿပီးတဲ့ေနာက္မွာေတာ့ ရဲတပ္ဖြဲ႕ဝင္ေတြဟာ အဆိုပါအမ်ိဳးသားရဲ႕ခႏၶာကိုယ္ကို မီးၿငိမ္းသတ္တဲ့ေစာင္နဲ႔ ဖုံးအုပ္ခဲ့ၿပီး လူနာတင္ယာဥ္ေပၚကို တင္ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္။ နယူးေယာက္ရဲဌာနက အရာရွိေတြဟာ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး အခ်က္အလက္ေတြကို စုေဆာင္းေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။ အဲဒီအျဖစ္အပ်က္ဟာ ေဒၚနယ္ထရမ့္ရဲ႕ရာဇဝတ္မႈဆိုင္ရာတရားစီရင္မႈ ေလးရက္ေျမာက္ေန႔မွာျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္ဟာ အျပာသ႐ုပ္ေဆာင္ Stormy Daniels ကို ႏႈတ္ပိတ္ခအျဖစ္ ေငြေၾကးေတြေပးအပ္ခဲ့တယ္လို႔ စြပ္စြဲခံထားရၿပီး တရားရင္ဆိုင္ေနရတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.