ယူကရိန်းသမ္မတကို လုပ်ကြံသတ်ဖြတ်ရန် အနောက်အုပ်စုကကြံစည်နေကြောင်း ရုရှားသမ္မတဟောင်းပြော

 1156

Pika(NP News) - ဧပြီ ၂ဝ

ယူကရိန်းသမ္မတဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် ပိုလန်အမျိုးသားတစ်ဦးဟာ ရုရှားနိုင်ငံနဲ့ ပူးပေါင်းကြံစည်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ယူကရိန်းရဲ့အနောက် အုပ်စုကျောထောက်နောက်ခံနိုင်ငံတွေက ဇီလန်စကီးကို ရာထူးကနေဖြုတ်ချလိုနေတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ရုရှားထောက်လှမ်းရေးဌာနတွေဆီကို သတင်းအချက်အလက်တွေ ထောက်ပံ့ပေးဖို့ ကြိုးပမ်းနေတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်တယ်လို့ ပိုလန်အရာရှိတွေက ဧပြီလ(၁၈)ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့အတွက် အဲဒီသတင်းအချက်အလက်တွေကို အသုံးပြုနိုင်ဖွယ်ရှိနေတယ်လို့ ပိုလန်နဲ့ယူကရိန်းတို့က ပြောဆိုထားပါတယ်။ ဒီမစ်ထရီမက်ဗီဒက်က 'ပိုလန်အမျိုးသားတစ်ဦးက ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတယ်ဆိုတဲ့ ဒီသတင်းက တကယ်ကို လေးနက်တဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါက အနောက်အုပ်စုနိုင်ငံတွေဟာ ဇီလန်စကီးကို ရာထူးကနေဖြုတ်ချဖို့အတွက် ဆုံးဖြတ်ခဲ့တယ်ဆိုတဲ့အချက်ရဲ့ပထမဆုံးသက်သေအထောက်အထားဖြစ်နိုင်ပါတယ်။ ဇီလန်စကီးဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်သင့်ပါတယ်။”လို့ ပြောဆိုခဲ့ပါတယ်။

ပါဝဲလ်ကေလို့ အမည်ရတဲ့ ပိုလန်နိုင်ငံသားဟာ နိုင်ငံအကျိုးစီးပွားကို ဆန့်ကျင်တဲ့ ပြည်ပနိုင်ငံတွေနဲ့ လက်တွဲလုပ်ကိုင်ဖို့ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ ပြစ်မှုထင်ရှားမယ်ဆိုရင် ထောင်ဒဏ်(၈)နှစ်အထိ ကျခံရနိုင်ဖွယ်ရှိနေတယ်လို့လည်း သိရပါတယ်။ ပါဝဲလ်ကေဟာ ယူကရိန်းပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ ရုရှားနိုင်ငံသားတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ ပိုလန်အစိုးရက အခိုင်အမာပြောဆိုထားပါတယ်။ ဇီလန်စကီးက ရုရှားဟာ ၎င်းကိုသတ်ဖို့ နှစ်အတော်ကြာအောင် ကြိုးပမ်းခဲ့တယ်လို့လည်း အနောက်အုပ်စုမီဒီယာတွေကို ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း လုံခြုံရေးပိုင်းနဲ့ပတ်သက်ပြီး အသေးစိတ်လုပ်ဆောင်နေတာကြောင့် သတ်ဖို့ကြိုးပမ်းမှုတွေ အတော်များများကို ကာကွယ်နိုင်ခဲ့တယ်လို့လည်း ဇီလန်စကီးကပြောဆိုထားပါတယ်။

zawgyi version
ယူကရိန္းသမၼတကို လုပ္ႀကံသတ္ျဖတ္ရန္ အေနာက္အုပ္စုကႀကံစည္ေနေၾကာင္း ႐ုရွားသမၼတေဟာင္းေျပာ
Pika(NP News) - ဧၿပီ ၂ဝ

ယူကရိန္းသမၼတဇီလန္စကီးကို လုပ္ႀကံသတ္ျဖတ္ဖို႔အတြက္ ပိုလန္အမ်ိဳးသားတစ္ဦးဟာ ႐ုရွားႏိုင္ငံနဲ႔ ပူးေပါင္းႀကံစည္ေနတယ္ဆိုတဲ့ စြပ္စြဲေျပာဆိုခ်က္ေတြဟာ ယူကရိန္းရဲ႕အေနာက္ အုပ္စုေက်ာေထာက္ေနာက္ခံႏိုင္ငံေတြက ဇီလန္စကီးကို ရာထူးကေနျဖဳတ္ခ်လိုေနတဲ့ လကၡဏာတစ္ရပ္ျဖစ္တယ္လို႔ ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

႐ုရွားေထာက္လွမ္းေရးဌာနေတြဆီကို သတင္းအခ်က္အလက္ေတြ ေထာက္ပံ့ေပးဖို႔ ႀကိဳးပမ္းေနတယ္လို႔ စြပ္စြဲခံထားရတဲ့ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးလိုက္တယ္လို႔ ပိုလန္အရာရွိေတြက ဧၿပီလ(၁၈)ရက္ေန႔မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။ ဇီလန္စကီးကို လုပ္ႀကံသတ္ျဖတ္ဖို႔အတြက္ အဲဒီသတင္းအခ်က္အလက္ေတြကို အသုံးျပဳႏိုင္ဖြယ္ရွိေနတယ္လို႔ ပိုလန္နဲ႔ယူကရိန္းတို႔က ေျပာဆိုထားပါတယ္။ ဒီမစ္ထရီမက္ဗီဒက္က 'ပိုလန္အမ်ိဳးသားတစ္ဦးက ဇီလန္စကီးကို လုပ္ႀကံသတ္ျဖတ္ဖို႔ ႀကိဳးပမ္းတယ္ဆိုတဲ့ ဒီသတင္းက တကယ္ကို ေလးနက္တဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ ဒါက အေနာက္အုပ္စုႏိုင္ငံေတြဟာ ဇီလန္စကီးကို ရာထူးကေနျဖဳတ္ခ်ဖို႔အတြက္ ဆုံးျဖတ္ခဲ့တယ္ဆိုတဲ့အခ်က္ရဲ႕ပထမဆုံးသက္ေသအေထာက္အထားျဖစ္ႏိုင္ပါတယ္။ ဇီလန္စကီးဟာ ဒီကိစၥနဲ႔ပတ္သက္ၿပီး စိုးရိမ္သင့္ပါတယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။

ပါဝဲလ္ေကလို႔ အမည္ရတဲ့ ပိုလန္ႏိုင္ငံသားဟာ ႏိုင္ငံအက်ိဳးစီးပြားကို ဆန႔္က်င္တဲ့ ျပည္ပႏိုင္ငံေတြနဲ႔ လက္တြဲလုပ္ကိုင္ဖို႔ႀကိဳးပမ္းခဲ့တယ္ဆိုတဲ့ စြဲခ်က္ေတြနဲ႔ ျပစ္မႈထင္ရွားမယ္ဆိုရင္ ေထာင္ဒဏ္(၈)ႏွစ္အထိ က်ခံရႏိုင္ဖြယ္ရွိေနတယ္လို႔လည္း သိရပါတယ္။ ပါဝဲလ္ေကဟာ ယူကရိန္းပဋိပကၡမွာ တိုက္႐ိုက္ပါဝင္ပတ္သက္ေနတဲ့ ႐ုရွားႏိုင္ငံသားေတြနဲ႔ အဆက္အသြယ္ရွိတယ္လို႔ ပိုလန္အစိုးရက အခိုင္အမာေျပာဆိုထားပါတယ္။ ဇီလန္စကီးက ႐ုရွားဟာ ၎ကိုသတ္ဖို႔ ႏွစ္အေတာ္ၾကာေအာင္ ႀကိဳးပမ္းခဲ့တယ္လို႔လည္း အေနာက္အုပ္စုမီဒီယာေတြကို ေျပာဆိုထားပါတယ္။ ဒါေပမဲ့လည္း လုံၿခဳံေရးပိုင္းနဲ႔ပတ္သက္ၿပီး အေသးစိတ္လုပ္ေဆာင္ေနတာေၾကာင့္ သတ္ဖို႔ႀကိဳးပမ္းမႈေတြ အေတာ္မ်ားမ်ားကို ကာကြယ္ႏိုင္ခဲ့တယ္လို႔လည္း ဇီလန္စကီးကေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.