ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကိုရောက်ရှိနေသော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို ဧပြီ ၂၂ ရက်နေ့တွင် ပြန်လည်ခေါ်ယူမည်

 851

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ

မြန်မာအစိုးရသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ဆုတ်ခွာခဲ့သော တပ်မတော်သားများအပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာမည့် ရက်ပိုင်းအတွင်း ထပ်မံခေါ်ယူသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံခြားရေးဝန်ကြီး ဟာဆန်မာမွန်က ဧပြီ ၁၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

၎င်းက ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဆုတ်ခွာခဲ့သော မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ၂၈၅ ဦးကို မိခင်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးထိန်းသိမ်းခံနေရသည့် ဘင်္ဂလားဒေရှ့်နိုင်ငံသားများကို ပြန်လည်ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောသည်။ ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက " မြန်မာအစိုးရဟာ ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းကို ရောက်ရှိနေတဲ့တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း ၂၈၅ဦးကို ပြန်လည်ခေါ်ယူဖို့ သင်္ဘောတွေစေလွှတ်ပေးမှာဖြစ်တယ်။ ဘင်္ဂလားဒေရှ့်အစိုးရဟာလည်း မြန်မာနိုင်ငံမှာဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံသား ၁၅၀ ဦးကို ဧပြီ ၂၂ ရက်နေ့မှာ အလဲအလှယ်လုပ်တဲ့ ပုံစံမျိုးနဲ့ ပြန်လည်ခေါ်ယူသွားမယ်။" ဟုပြောသည်။

မြန်မာအစိုးရသည် ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ ရောက်ရှိနေသည့် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို ရေလမ်းခရီးမှပြန်လည်ခေါ်ယူရန် အဆိုပြုကမ်းလှမ်းခဲ့ကြောင်း၊ ဘင်္ဂလားဒေရှ့်အစိုးရကလည်း သဘောတူညီခဲ့ကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးကပြော သည်။ မြန်မာအစိုးရသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်ရှိအချိန်တွင် သင်္ဘောများဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်ထားကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏အခြေအနေများနှင့် ရေလမ်းကြောင်းခရီးစဉ်အပေါ် မူတည်မှုများရှိနေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။ ဘင်္ဂလားဒေရှ့်ကာကွယ်ရေးဦးစီးချုပ်ဖြစ်သော ဗိုလ်ချုပ်ကြီး အက်အမ်ရှာဖူဒင်အာမက်သည်မြန်မာခေါင်းဆောင်များနှင့်ဆက်သွယ်ဆွေးနွေးမှုများရှိခဲ့ကြောင်း သိရသည်။ ဘင်္ဂလားဒေရှ့်အစိုးရသည် ပြီးခဲ့သော ဖေဖော်ဝါရီ ၁၅ ရက်နေ့ကလည်း ၎င်းတို့နိုင်ငံဘက်ခြမ်းသို့ဆုတ်ခွာခဲ့သော မြန်မာတပ်မတော်သားနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် လူပေါင်း၃၃၀ ဦးကို ပြန်ပို့ပေးခဲ့ဖူးကြောင်းသိရသည်။

zawgyi version
ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္ျခမ္းကိုေရာက္ရွိေနေသာ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၂၈၅ ဦးကို ဧၿပီ ၂၂ ရက္ေန႔တြင္ ျပန္လည္ေခၚယူမည္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ

ျမန္မာအစိုးရသည္ ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္ျခမ္းသို႔ ဆုတ္ခြာခဲ့ေသာ တပ္မေတာ္သားမ်ားအပါအဝင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို လာမည့္ ရက္ပိုင္းအတြင္း ထပ္မံေခၚယူသြားမည္ျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ႕္ႏိုင္ငံျခားေရးဝန္ႀကီး ဟာဆန္မာမြန္က ဧၿပီ ၁၉ ရက္ေန႔တြင္ ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

၎က ဘဂၤလားေဒရွ႕္ႏိုင္ငံသို႔ ဆုတ္ခြာခဲ့ေသာ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္ ၂၈၅ ဦးကို မိခင္ႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္သြားမည္ျဖစ္ၿပီး ျမန္မာႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးထိန္းသိမ္းခံေနရသည့္ ဘဂၤလားေဒရွ႕္ႏိုင္ငံသားမ်ားကို ျပန္လည္ေခၚယူသြားမည္ျဖစ္ေၾကာင္း ေျပာသည္။ ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီးက " ျမန္မာအစိုးရဟာ ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္ျခမ္းကို ေရာက္ရွိေနတဲ့တပ္မေတာ္သား၊ ရဲတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ လူေပါင္း ၂၈၅ဦးကို ျပန္လည္ေခၚယူဖို႔ သေဘၤာေတြေစလႊတ္ေပးမွာျဖစ္တယ္။ ဘဂၤလားေဒရွ႕္အစိုးရဟာလည္း ျမန္မာႏိုင္ငံမွာဖမ္ဆီးထိန္းသိမ္းခံထားရတဲ့ ဘဂၤလားေဒရွ႕္ႏိုင္ငံသား ၁၅၀ ဦးကို ဧၿပီ ၂၂ ရက္ေန႔မွာ အလဲအလွယ္လုပ္တဲ့ ပုံစံမ်ိဳးနဲ႔ ျပန္လည္ေခၚယူသြားမယ္။" ဟုေျပာသည္။

ျမန္မာအစိုးရသည္ ဘဂၤလားေဒရွ႕္ႏိုင္ငံဘက္ျခမ္းသို႔ ေရာက္ရွိေနသည့္ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို ေရလမ္းခရီးမွျပန္လည္ေခၚယူရန္ အဆိုျပဳကမ္းလွမ္းခဲ့ေၾကာင္း၊ ဘဂၤလားေဒရွ႕္အစိုးရကလည္း သေဘာတူညီခဲ့ေၾကာင္း ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီးကေျပာ သည္။ ျမန္မာအစိုးရသည္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားကို လက္ရွိအခ်ိန္တြင္ သေဘၤာမ်ားျဖင့္ ျပန္လည္ေခၚယူရန္ စီစဥ္ထားေၾကာင္း၊ သို႔ေသာ္လည္း ျမန္မာႏိုင္ငံ၏အေျခအေနမ်ားႏွင့္ ေရလမ္းေၾကာင္းခရီးစဥ္အေပၚ မူတည္မႈမ်ားရွိေနေၾကာင္း ဘဂၤလားေဒရွ႕္ႏိုင္ငံျခားေရးဝန္ႀကီးက ထပ္မံေျပာဆိုခဲ့သည္။ ဘဂၤလားေဒရွ႕္ကာကြယ္ေရးဦးစီးခ်ဳပ္ျဖစ္ေသာ ဗိုလ္ခ်ဳပ္ႀကီး အက္အမ္ရွာဖူဒင္အာမက္သည္ျမန္မာေခါင္းေဆာင္မ်ားႏွင့္ဆက္သြယ္ေဆြးေႏြးမႈမ်ားရွိခဲ့ေၾကာင္း သိရသည္။ ဘဂၤလားေဒရွ႕္အစိုးရသည္ ၿပီးခဲ့ေသာ ေဖေဖာ္ဝါရီ ၁၅ ရက္ေန႔ကလည္း ၎တို႔ႏိုင္ငံဘက္ျခမ္းသို႔ဆုတ္ခြာခဲ့ေသာ ျမန္မာတပ္မေတာ္သားႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအပါအဝင္ လူေပါင္း၃၃၀ ဦးကို ျပန္ပို႔ေပးခဲ့ဖူးေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.