ဆာဟယ်ဒေသသည် မူးယစ်မှောင်ခိုမှုလမ်းကြောင်းဖြစ်လာကြောင်း ကုလသမဂ္ဂသတိပေး

 344

ALynn (NP News) - ဧပြီ ၂ဝ

အာဖရိက၏ ဆာဟယ်ဒေသတွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများမြင့်မားလာပြီး ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသော ၎င်းဒေသသည် မူးယစ်မှောင်ခိုလမ်းကြောင်းဖြစ်လာကြောင်း ကုလသမဂ္ဂ အစီရင်ခံစာအရသိရသည်။

၂၀၂၂ ခုနှစ်တွင် မာလီ၊ ချက်၊ ဘာကီနာဖာဆိုနှင့် နိုင်ဂျာတို့တွင် ကိုကင်း ၁,၄၆၆ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ကြောင်း ကုလသမဂ္ဂမူးယစ်နှင့်ရာဇဝတ်ရုံး၏ ဧပြီလ ၁၉ ရက် (သောကြာနေ့) က ထွက်ရှိခဲ့သော အစီရင်ခံစာအရသိရသည်။ ဆာဟယ်ဒေသသည် ဆာဟာရလွင်ပြင်ဒေသ၏ တောင်ပိုင်းတွင်ရှိပြီး အတ္တလန္တိတ်သမုဒ္ဒရာနှင့် ပင်လယ်နီတစ်လျှောက်တွင်ရှိနေသည်ဖြစ်ရာ တောင်အာဖရိကတွင်ထုတ်လုပ်သော ကိုကင်းများ ဥရောပသို့ တင်ပို့ဖို့အတွက် အကောင်းဆုံးလမ်းကြောင်းဖြစ်လာသည်။ မူးယစ်မှောင်ခိုခြင်းလုပ်ငန်းသည် ဒေသတွင်း၌သာမက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေသည်။


ကုလသမဂ္ဂ၏ အစီရင်ခံစာအရ ဆာဟယ်ဒေသရှိ လက်နက်ကိုင်အုပ်စုများသည် မူးယစ် ကုန် သွယ်ရေးလုပ်ငန်းမှတစ်ဆင့် ငွေကြေးထောက်ပံ့မှုများရရှိနေသည်။ ၎င်းဒေသသည် အစွန်း ရောက်အုပ်စုများပေါများပြီး မကြာသေးမီကာလအတွင်းကလည်း အာဏာသိမ်းမှုများစွာ ဖြစ်ပွားခဲ့သည်။ ၎င်းဒေသတွင် မူးယစ်မှောင်ခိုလုပ်ငန်းအဆင်ပြေချောမွေ့နေခြင်းမှာလည်း နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့် လက်နက်ကိုင်အုပ်စုများပါဝင် ပတ်သက်နေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် မူးယစ်လုပ်ငန်းနှင့် နိုင်ငံရေးခေါင်းဆောင်များ၏ အကျင့်ပျက်ခြစားမှုများ၊ ငွေကြေးခဝါချမှုများသည်လည်း ပတ်သက်ဆက်နွှယ်နေခဲ့သည်။ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် Leonardo Santos Simao က “ဆာဟယ်ဒေသရှိ နိုင်ငံများ အနေဖြင့် မူးယစ်မှောင်ခိုမှုများကို တိုက်ဖျက်ရန် အတူတကွပူးပေါင်းပြီး ပြီးပြည့်စုံသော အရေးယူ မှုများကို အရေးတကြီး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း” ဖော်ပြခဲ့သည်။

zawgyi version
ဆာဟယ္ေဒသသည္ မူးယစ္ေမွာင္ခိုမႈလမ္းေၾကာင္းျဖစ္လာေၾကာင္း ကုလသမဂၢသတိေပး
ALynn (NP News) - ဧၿပီ ၂ဝ

အာဖရိက၏ ဆာဟယ္ေဒသတြင္ မူးယစ္ေဆးဝါးဖမ္းဆီးရမိမႈမ်ားျမင့္မားလာၿပီး ပဋိပကၡမ်ား ျဖစ္ပြားလ်က္ရွိေသာ ၎ေဒသသည္ မူးယစ္ေမွာင္ခိုလမ္းေၾကာင္းျဖစ္လာေၾကာင္း ကုလသမဂၢ အစီရင္ခံစာအရသိရသည္။

၂၀၂၂ ခုႏွစ္တြင္ မာလီ၊ ခ်က္၊ ဘာကီနာဖာဆိုႏွင့္ ႏိုင္ဂ်ာတို႔တြင္ ကိုကင္း ၁,၄၆၆ ကီလိုဂရမ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ကုလသမဂၢမူးယစ္ႏွင့္ရာဇဝတ္႐ုံး၏ ဧၿပီလ ၁၉ ရက္ (ေသာၾကာေန႔) က ထြက္ရွိခဲ့ေသာ အစီရင္ခံစာအရသိရသည္။ ဆာဟယ္ေဒသသည္ ဆာဟာရလြင္ျပင္ေဒသ၏ ေတာင္ပိုင္းတြင္ရွိၿပီး အတၱလႏၲိတ္သမုဒၵရာႏွင့္ ပင္လယ္နီတစ္ေလွ်ာက္တြင္ရွိေနသည္ျဖစ္ရာ ေတာင္အာဖရိကတြင္ထုတ္လုပ္ေသာ ကိုကင္းမ်ား ဥေရာပသို႔ တင္ပို႔ဖို႔အတြက္ အေကာင္းဆုံးလမ္းေၾကာင္းျဖစ္လာသည္။ မူးယစ္ေမွာင္ခိုျခင္းလုပ္ငန္းသည္ ေဒသတြင္း၌သာမက ကမာၻလုံးဆိုင္ရာ က်န္းမာေရးႏွင့္ ၿငိမ္းခ်မ္းေရးကို ထိခိုက္ေစသည္။


ကုလသမဂၢ၏ အစီရင္ခံစာအရ ဆာဟယ္ေဒသရွိ လက္နက္ကိုင္အုပ္စုမ်ားသည္ မူးယစ္ ကုန္ သြယ္ေရးလုပ္ငန္းမွတစ္ဆင့္ ေငြေၾကးေထာက္ပံ့မႈမ်ားရရွိေနသည္။ ၎ေဒသသည္ အစြန္း ေရာက္အုပ္စုမ်ားေပါမ်ားၿပီး မၾကာေသးမီကာလအတြင္းကလည္း အာဏာသိမ္းမႈမ်ားစြာ ျဖစ္ပြားခဲ့သည္။ ၎ေဒသတြင္ မူးယစ္ေမွာင္ခိုလုပ္ငန္းအဆင္ေျပေခ်ာေမြ႕ေနျခင္းမွာလည္း ႏိုင္ငံေရးေခါင္းေဆာင္မ်ား၊ လူမႈအဖြဲ႕အစည္းေခါင္းေဆာင္မ်ားႏွင့္ လက္နက္ကိုင္အုပ္စုမ်ားပါဝင္ ပတ္သက္ေနျခင္းေၾကာင့္ ျဖစ္သည္။ ထို႔ေၾကာင့္ မူးယစ္လုပ္ငန္းႏွင့္ ႏိုင္ငံေရးေခါင္းေဆာင္မ်ား၏ အက်င့္ပ်က္ျခစားမႈမ်ား၊ ေငြေၾကးခဝါခ်မႈမ်ားသည္လည္း ပတ္သက္ဆက္ႏႊယ္ေနခဲ့သည္။ ကုလသမဂၢ၏ အထူးကိုယ္စားလွယ္ Leonardo Santos Simao က “ဆာဟယ္ေဒသရွိ ႏိုင္ငံမ်ား အေနျဖင့္ မူးယစ္ေမွာင္ခိုမႈမ်ားကို တိုက္ဖ်က္ရန္ အတူတကြပူးေပါင္းၿပီး ၿပီးျပည့္စုံေသာ အေရးယူ မႈမ်ားကို အေရးတႀကီး လုပ္ေဆာင္သြားရန္ လိုအပ္ေၾကာင္း” ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.