အိန္ဒိယအစိုးရက ဖိလစ်ပိုင်ကို အသံထက်မြန်တဲ့ ဒုံးကျည်တွေ လွှဲပြောင်းပေးအပ်

 2645

ဂျန်ဇက် (NP News) - ဧပြီ ၂ဝ

တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ အိန္ဒိယအစိုးရဟာ ဖိလစ်ပိုင်နိုင်ငံကို အသံထက်မြန်တဲ့ ဒုံးကျည်တွေကို လွှဲပြောင်းပေးခဲ့ကြောင်းသိရပါတယ်။

အိန္ဒိယနဲ့ ဖိလစ်ပိုင်အစိုးရတို့ဟာ ၂၀၂၂ ခုနှစ်တုန်းက ဘရာမိုစ့် အမည်ရှိအသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည်များ ရောင်းဝယ်ရေးအတွက် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ အဲဒီသဘောတူစာချုပ်တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၃၇၅ သန်း တန်ဖိုးရှိနေကြာင်း အဆိုပါစာချုပ်အရ ဖိလစ်ပိုင်နိုင်ငံကို ဒုံးကျည်တွေ ပထမအသုတ်လွှဲပြောင်းပေးခဲ့ခြင်းဖြစ် ကြောင်း သိရပါတယ်။ အိန္ဒိယနဲ့ ရုရှားနိုင်ငံတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဘရာမိုစ့် ဒုံးကျည်တွေကို ဖိလစ်ပိုင်အပြင် ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနိုင်ငံတို့ကလည်း ဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ဒါ့ပြင် ဆော်ဒီအာရေဗျနိုင်ငံကလည်း အိန္ဒိယနဲ့ရုရှားတို့ ထုတ်လုပ်ထားတဲ့ ဒုံးကျည်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး ဆွေးနွေးနေရာအရောင်းအဝယ်စာချုပ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၇ ဘီလျံအထိ ရှိလာနိုင်ကြောင်းသိရပါတယ်။ အိန္ဒိယဟာ အဲဒီဘရာမိုစ့်အမည်ရှိ ဒုံးကျည်တွေကို C-17 အမည်ရှိ ရဟတ်ယာဉ်နဲ့ ဖိလစ်ပိုင်နိုင်ငံကိုပေးပို့ခဲ့တာမျိုးဖြစ်ကြောင်းသိရပါတယ်။ဘရာမိုစ့် ဒုံးကျည်ဟာ ရေငုပ်သင်္ဘော၊ စစ်သင်္ဘော၊ တိုက်လေယာဉ်တွေအပြင် ကုန်းမြေအပေါ်ကနေ ပစ်ခတ်နိုင်ပြီး အကွာအဝေး ၅၀၀ ကီလိုမီတာအထိရောက်ရှိပစ်ခတ်နိုင်ကြောင်းသိရပါတယ်။

ဖိလစ်ပိုင်ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ် မြေအငြင်းပွားမှုတွေဖြစ်ပွားနေပြီး ကာကွယ်ရေးအင်အား ပိုမိုကောင်းမွန်စေဖို့ အမေရိကန်၊ ဂျပန်၊ သြစတြေးလျအပါအဝင် မဟာမိတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လုပ်ဆောင်နေကြောင်းသိရပါတယ်။

zawgyi version
အိႏၵိယအစိုးရက ဖိလစ္ပိုင္ကို အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြ လႊဲေျပာင္းေပးအပ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂ဝ

ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ အိႏၵိယအစိုးရဟာ ဖိလစ္ပိုင္ႏိုင္ငံကို အသံထက္ျမန္တဲ့ ဒုံးက်ည္ေတြကို လႊဲေျပာင္းေပးခဲ့ေၾကာင္းသိရပါတယ္။

အိႏၵိယနဲ႔ ဖိလစ္ပိုင္အစိုးရတို႔ဟာ ၂၀၂၂ ခုႏွစ္တုန္းက ဘရာမိုစ့္ အမည္ရွိအသံထက္ျမန္တဲ့ ခ႐ုဇ္ဒုံးက်ည္မ်ား ေရာင္းဝယ္ေရးအတြက္ သေဘာတူစာခ်ဳပ္လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရပါတယ္။ အဲဒီသေဘာတူစာခ်ဳပ္တန္ဖိုးဟာ အေမရိကန္ေဒၚလာ ၃၇၅ သန္း တန္ဖိုးရွိေနၾကာင္း အဆိုပါစာခ်ဳပ္အရ ဖိလစ္ပိုင္ႏိုင္ငံကို ဒုံးက်ည္ေတြ ပထမအသုတ္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္ ေၾကာင္း သိရပါတယ္။ အိႏၵိယနဲ႔ ႐ုရွားႏိုင္ငံတို႔ ပူးေပါင္းထုတ္လုပ္ထားတဲ့ ဘရာမိုစ့္ ဒုံးက်ည္ေတြကို ဖိလစ္ပိုင္အျပင္ ထိုင္း၊ ဗီယက္နမ္၊ အင္ဒိုနီးရွားႏိုင္ငံတို႔ကလည္း ဝယ္ယူဖို႔ စိတ္ဝင္စားေနေၾကာင္းသိရပါတယ္။

ဒါ့ျပင္ ေဆာ္ဒီအာေရဗ်ႏိုင္ငံကလည္း အိႏၵိယနဲ႔႐ုရွားတို႔ ထုတ္လုပ္ထားတဲ့ ဒုံးက်ည္ကို ဝယ္ယူဖို႔ စိတ္ဝင္စားေနၿပီး ေဆြးေႏြးေနရာအေရာင္းအဝယ္စာခ်ဳပ္တန္ဖိုးက အေမရိကန္ေဒၚလာ ၇ ဘီလ်ံအထိ ရွိလာႏိုင္ေၾကာင္းသိရပါတယ္။ အိႏၵိယဟာ အဲဒီဘရာမိုစ့္အမည္ရွိ ဒုံးက်ည္ေတြကို C-17 အမည္ရွိ ရဟတ္ယာဥ္နဲ႔ ဖိလစ္ပိုင္ႏိုင္ငံကိုေပးပို႔ခဲ့တာမ်ိဳးျဖစ္ေၾကာင္းသိရပါတယ္။ဘရာမိုစ့္ ဒုံးက်ည္ဟာ ေရငုပ္သေဘၤာ၊ စစ္သေဘၤာ၊ တိုက္ေလယာဥ္ေတြအျပင္ ကုန္းေျမအေပၚကေန ပစ္ခတ္ႏိုင္ၿပီး အကြာအေဝး ၅၀၀ ကီလိုမီတာအထိေရာက္ရွိပစ္ခတ္ႏိုင္ေၾကာင္းသိရပါတယ္။

ဖိလစ္ပိုင္ဟာ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံနဲ႔ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ ေျမအျငင္းပြားမႈေတြျဖစ္ပြားေနၿပီး ကာကြယ္ေရးအင္အား ပိုမိုေကာင္းမြန္ေစဖို႔ အေမရိကန္၊ ဂ်ပန္၊ ၾသစေၾတးလ်အပါအဝင္ မဟာမိတ္ႏိုင္ငံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္လုပ္ေဆာင္ေနေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.