မြဝတီအမှတ်(၂)တံတားကို တပ်မတော်က လေကြောင်းပစ်ကူများဖြင့် ကာကွယ်နေ၊ တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများရှိနေ

 3097

မြူနစ် (NP News) - ဧပြီ ၂၀

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီအမှတ်(၂)တံတားကို တပ်မတော်ဘက်က လေကြောင်းပစ်ကူများဖြင့် ကာကွယ်နေလျက်ရှိပြီး နှစ်ဖက်ကြားတိုက်ပွဲပြင်းထန်နေသည့်အတွက် အရပ်သားထိခိုက်သေဆုံးမှုများရှိနေကြောင်း သတင်းရရှိသည်။

KNLA၊ PDF ပူးပေါင်းအဖွဲ့များသည် အမှတ်(၂)တံတားအနီးရှိ ခလရ(၂၇၅)တပ်ဖွဲ့ဝင်များကို ယမန်နေ့ညပိုင်းမှစတင်ကာ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့သည့်အတွက် နှစ်ဖက်အကြားတိုက်ပွဲများသည် ယနေ့(ဧပြီ ၂၀ ရက်) ညနေပိုင်းအထိ ပြင်းထန်နေဆဲဖြစ်သည်။

လက်ရှိတွင် တပ်မတော်အနေဖြင့် လေကြောင်းပစ်ကူများကို အသုံးပြုကာ ကာကွယ်တိုက်ခိုက်နေလျက်ရှိကြောင်းလည်း မြဝတီမြို့ခံများက ဆိုသည်။

“အမှတ်(၂)တံတားကတော့ ကျသွားတာ မရှိသေးပါဘူး။ အဲဒီမှာက အဆောက်အအုံတွေက ကောင်းတယ်။ အဲဒါကို ကာဗာလုပ်ပြီးတော့ တောင့်ခံနေတဲ့သဘောရှိတယ်။ အခုအချိန်ထိ ချနေတုန်းပဲ။ လေယာဉ်က Y-12 လာလိုက်၊ Mi 35 လာလိုက်နဲ့ ပတ်ပြီးတော့ ပစ်နေတာရှိတယ်” ဟု မြဝတီမြို့ခံတစ်ဦးက NP News ကို ပြောသည်။

ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားနေသည့် မြဝတီမြို့အမှတ်(၂)တံတားနေရာသည် မြို့၏ အမှတ်(၅)ရပ်ကွက်အတွင်း၌တည်ရှိပြီး တိုက်ပွဲပြင်းထန်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုများလည်း ရှိနေကြောင်း မြို့ခံများက ဆိုသည်။

“အရပ်သားထိခိုက်တာတွေ ရှိတယ်။ အဲဒီမှာ သားမိနှစ်ယောက် ဆိုင်ကနေ ပြန်လာချိန်မှာ တစ်ဖက်ကပစ်တဲ့ကျည်ကြောင့် ထိသွားတာရှိတယ်။ နောက်ပြီးတော့ မဟာစည်ဘုန်းကြီး ကျောင်းမှာလည်း လက်နက်ကြီးကျတာရှိတယ်။ အဲဒီမှာတော့ မိန်းကလေးတစ်ယောက် ထိပြီး သေသွားတယ်ကြားတယ်။ နောက် (၁၂)ဂိတ်ထဲမှာလည်း ကျတယ်လို့ ကြားတယ်။ အဲဒီမှာလည်း ထိတဲ့လူတွေ၊ သေတဲ့လူတွေ ရှိတယ်လို့ကြားတယ်။ အခုချိန်ထိတော့ စာရင်းက တိတိကျကျမသိရသေးဘူး”ဟု မြဝတီမြို့ခံက ဆက်လက်ပြောသည်။

မြဝတီမြို့အမှတ်(၂)တံတားအနီးတွင် ယခုကဲ့သို့ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ဒေသခံပြည်သူအများအပြားသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးကာ စစ်ဘေးရှောင်နေလျက်ရှိကြောင်း သိရသည်။ ထို့ပြင် ယခုကဲ့သို့ ပြင်းထန်နေသည့်တိုက်ပွဲများကြောင့် မြန်မာ-ထိုင်းနယ်စပ်ရှိ ထိုင်းဘက်ခြမ်းတွင်လည်း ထိုင်းနိုင်ငံက လုံခြုံရေးအင်အားတိုးမြှင့်ချထားကြောင်း သိရသည်။

zawgyi version
ျမဝတီအမွတ္(၂)တံတားကို တပ္မေတာ္က ေလေၾကာင္းပစ္ကူမ်ားျဖင့္ ကာကြယ္ေန၊ တိုက္ပြဲျပင္းထန္မႈေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈမ်ားရွိေန
ျမဴနစ္ (NP News) - ဧၿပီ ၂၀

ျမန္မာ-ထိုင္းနယ္စပ္ရွိ ျမဝတီအမွတ္(၂)တံတားကို တပ္မေတာ္ဘက္က ေလေၾကာင္းပစ္ကူမ်ားျဖင့္ ကာကြယ္ေနလ်က္ရွိၿပီး ႏွစ္ဖက္ၾကားတိုက္ပြဲျပင္းထန္ေနသည့္အတြက္ အရပ္သားထိခိုက္ေသဆုံးမႈမ်ားရွိေနေၾကာင္း သတင္းရရွိသည္။

KNLA၊ PDF ပူးေပါင္းအဖြဲ႕မ်ားသည္ အမွတ္(၂)တံတားအနီးရွိ ခလရ(၂၇၅)တပ္ဖြဲ႕ဝင္မ်ားကို ယမန္ေန႔ညပိုင္းမွစတင္ကာ ဝိုင္းဝန္းပိတ္ဆို႔တိုက္ခိုက္ခဲ့သည့္အတြက္ ႏွစ္ဖက္အၾကားတိုက္ပြဲမ်ားသည္ ယေန႔(ဧၿပီ ၂၀ ရက္) ညေနပိုင္းအထိ ျပင္းထန္ေနဆဲျဖစ္သည္။

လက္ရွိတြင္ တပ္မေတာ္အေနျဖင့္ ေလေၾကာင္းပစ္ကူမ်ားကို အသုံးျပဳကာ ကာကြယ္တိုက္ခိုက္ေနလ်က္ရွိေၾကာင္းလည္း ျမဝတီၿမိဳ႕ခံမ်ားက ဆိုသည္။

“အမွတ္(၂)တံတားကေတာ့ က်သြားတာ မရွိေသးပါဘူး။ အဲဒီမွာက အေဆာက္အအုံေတြက ေကာင္းတယ္။ အဲဒါကို ကာဗာလုပ္ၿပီးေတာ့ ေတာင့္ခံေနတဲ့သေဘာရွိတယ္။ အခုအခ်ိန္ထိ ခ်ေနတုန္းပဲ။ ေလယာဥ္က Y-12 လာလိုက္၊ Mi 35 လာလိုက္နဲ႔ ပတ္ၿပီးေတာ့ ပစ္ေနတာရွိတယ္” ဟု ျမဝတီၿမိဳ႕ခံတစ္ဦးက NP News ကို ေျပာသည္။

ယခုကဲ့သို႔ တိုက္ပြဲျဖစ္ပြားေနသည့္ ျမဝတီၿမိဳ႕အမွတ္(၂)တံတားေနရာသည္ ၿမိဳ႕၏ အမွတ္(၅)ရပ္ကြက္အတြင္း၌တည္ရွိၿပီး တိုက္ပြဲျပင္းထန္မႈေၾကာင့္ အရပ္သားထိခိုက္ေသဆုံးမႈမ်ားလည္း ရွိေနေၾကာင္း ၿမိဳ႕ခံမ်ားက ဆိုသည္။

“အရပ္သားထိခိုက္တာေတြ ရွိတယ္။ အဲဒီမွာ သားမိႏွစ္ေယာက္ ဆိုင္ကေန ျပန္လာခ်ိန္မွာ တစ္ဖက္ကပစ္တဲ့က်ည္ေၾကာင့္ ထိသြားတာရွိတယ္။ ေနာက္ၿပီးေတာ့ မဟာစည္ဘုန္းႀကီး ေက်ာင္းမွာလည္း လက္နက္ႀကီးက်တာရွိတယ္။ အဲဒီမွာေတာ့ မိန္းကေလးတစ္ေယာက္ ထိၿပီး ေသသြားတယ္ၾကားတယ္။ ေနာက္ (၁၂)ဂိတ္ထဲမွာလည္း က်တယ္လို႔ ၾကားတယ္။ အဲဒီမွာလည္း ထိတဲ့လူေတြ၊ ေသတဲ့လူေတြ ရွိတယ္လို႔ၾကားတယ္။ အခုခ်ိန္ထိေတာ့ စာရင္းက တိတိက်က်မသိရေသးဘူး”ဟု ျမဝတီၿမိဳ႕ခံက ဆက္လက္ေျပာသည္။

ျမဝတီၿမိဳ႕အမွတ္(၂)တံတားအနီးတြင္ ယခုကဲ့သို႔ ျဖစ္ပြားေနသည့္တိုက္ပြဲမ်ားေၾကာင့္ ေဒသခံျပည္သူအမ်ားအျပားသည္ ထိုင္းႏိုင္ငံဘက္သို႔ ထြက္ေျပးကာ စစ္ေဘးေရွာင္ေနလ်က္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ ယခုကဲ့သို႔ ျပင္းထန္ေနသည့္တိုက္ပြဲမ်ားေၾကာင့္ ျမန္မာ-ထိုင္းနယ္စပ္ရွိ ထိုင္းဘက္ျခမ္းတြင္လည္း ထိုင္းႏိုင္ငံက လုံၿခဳံေရးအင္အားတိုးျမႇင့္ခ်ထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.