အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ ပစ်ခတ်မှုကြောင့် အထက်တန်းကျောင်း ကျောင်းသားငါးဦး ဒဏ်ရာရ

 537

ရောင်နီ (NP News) - ဧပြီ ၂ဝ

မေရီလန်းပြည်နယ်၊ ဂရင်းဘက်ရှိ ပန်းခြံတစ်ခုမှာ သောကြာနေ့(ဧပြီလ ၁၉ ရက်)က အထက်တန်းကျောင်းမှ ကျောင်းသား ရာနဲ့ချီစုဝေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသက် ၁၆ နှစ်မှ ၁၈ နှစ်ကြား ကျောင်းသား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရသူတစ်ဦးဟာ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပြီး ကျန်တစ်ဦးကတော့ အခြေအနေ တည်ငြိမ်နေတယ်လို့ ဂရင်းဘက် ရဲချုပ် ရစ်ချက်ဘိုဝါစ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ သံသယရှိသူ ကို ရှာဖွေနေပါတယ်။ အဆိုပါ အခင်းဖြစ်ပွားတဲ့ နေရာမှာ အနည်းဆုံး အထက်တန်းကျောင်းနှစ်ကျောင်းမှ ကျောင်းသား ၅၀၀ မှ ၆၀၀ ခန့် ရှိနေတာဖြစ်ပြီး အထက်တန်းကျောင်းနောက်ဆုံးနှစ်မှာ ကျောင်းသားတွေကို ပန်းခြံမှာ ဆုံစည်းစေခဲ့ကြတဲ့အချိန်ဖြစ်တယ်လို့ Bowers က ပြောကြားခဲ့ပါတယ်။

ဂရင်းဘက်ဟာ ဝါရှင်တန် အရှေ့မြောက်ဘက် ၁၃ မိုင် (၂၁ ကီလိုမီတာ) အကွာမှာ တည်ရှိပြီး လူဦးရေ ၂၄,၀၀၀ ခန့်နေထိုင်တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

zawgyi version
အေမရိကန္ႏိုင္ငံ၊ ေမရီလန္းျပည္နယ္မွာ ပစ္ခတ္မႈေၾကာင့္ အထက္တန္းေက်ာင္း ေက်ာင္းသားငါးဦး ဒဏ္ရာရ
ေရာင္နီ (NP News) - ဧၿပီ ၂ဝ

ေမရီလန္းျပည္နယ္၊ ဂရင္းဘက္ရွိ ပန္းၿခံတစ္ခုမွာ ေသာၾကာေန႔(ဧၿပီလ ၁၉ ရက္)က အထက္တန္းေက်ာင္းမွ ေက်ာင္းသား ရာနဲ႔ခ်ီစုေဝးေနစဥ္ ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီး အသက္ ၁၆ ႏွစ္မွ ၁၈ ႏွစ္ၾကား ေက်ာင္းသား ၅ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။

ဒဏ္ရာရသူတစ္ဦးဟာ စိုးရိမ္ရတဲ့အေျခအေနမွာရွိေနၿပီး က်န္တစ္ဦးကေတာ့ အေျခအေန တည္ၿငိမ္ေနတယ္လို႔ ဂရင္းဘက္ ရဲခ်ဳပ္ ရစ္ခ်က္ဘိုဝါစ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဟာ သံသယရွိသူ ကို ရွာေဖြေနပါတယ္။ အဆိုပါ အခင္းျဖစ္ပြားတဲ့ ေနရာမွာ အနည္းဆုံး အထက္တန္းေက်ာင္းႏွစ္ေက်ာင္းမွ ေက်ာင္းသား ၅၀၀ မွ ၆၀၀ ခန႔္ ရွိေနတာျဖစ္ၿပီး အထက္တန္းေက်ာင္းေနာက္ဆုံးႏွစ္မွာ ေက်ာင္းသားေတြကို ပန္းၿခံမွာ ဆုံစည္းေစခဲ့ၾကတဲ့အခ်ိန္ျဖစ္တယ္လို႔ Bowers က ေျပာၾကားခဲ့ပါတယ္။

ဂရင္းဘက္ဟာ ဝါရွင္တန္ အေရွ႕ေျမာက္ဘက္ ၁၃ မိုင္ (၂၁ ကီလိုမီတာ) အကြာမွာ တည္ရွိၿပီး လူဦးေရ ၂၄,၀၀၀ ခန႔္ေနထိုင္တဲ့ ၿမိဳ႕တစ္ၿမိဳ႕ ျဖစ္ပါတယ္။

Related news

© 2021. All rights reserved.