ဂျာမနီအစိုးရက ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ကာကွယ်ရန်အတွက် ဖရီးဂိတ်သင်္ဘောအသစ်တစ်စီး စေလွှတ်သွားမည်

 567

Pika (NP News) - ဧပြီ ၂၁

ပင်လယ်နီအတွင်းမှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ယီမင်အခြေစိုက် အီရန်ကျောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် ဖရီးဂိတ်သင်္ဘောအသစ်တစ်စီးကို လာမယ့်ဩဂုတ်လမှာ စေလွှတ်သွားမယ်လို့ ဂျာမနီအစိုးရက ဧပြီလ(၂၀)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဧပြီလ(၂၀)ရက်နေ့က ပင်လယ်နီအတွင်းကနေ ထွက်ခွါသွားတဲ့ Hessen သင်္ဘောနေရာမှာ Hamburg ဖရီးဂိတ်သင်္ဘောအသစ်ကို အစားထိုးသွားမှာဖြစ်တယ်လို့ ဂျာမနီကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ်စတိုးရီးယက်စ်က ပြောဆိုခဲ့ပါတယ်။ ပင်လယ်နီအတွင်းမှာသွားလာနေတဲ့ သင်္ဘောတွေကို ကာကွယ်ဖို့အတွက် ဥရောပသမဂ္ဂရဲ့ Aspides မစ်ရှင် တစ်စိတ်တစ်ပိုင်းအနေနဲ့ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှာ Hessen သင်္ဘောကို စတင်စေလွှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါ့ပြင် လအတော်ကြာတိုက်ခိုက်မှုတွေအတွင်း ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာသွားလာနေတဲ့ သင်္ဘောပေါင်း(၁၀၀)နီးပါးကို တိုက်ခိုက်ခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က ဧပြီလ(၁၈)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင် ဘာလမှာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တို့မှာ သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို စတင်တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းလူမျိုးတွေကို ထောက်ခံတဲ့အနေနဲ့ ဒီလိုတိုက်ခိုက်မှုတွေကို လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း ဟူသီလက်နက်ကိုင်အဖွဲ့ကပြောဆိုထားပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နဲ့ဗြိတိန်တပ်ဖွဲ့တို့ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလကတည်းက ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။ အစ္စရေးရဲ့ မိတ်ဖက်နိုင်ငံဖြစ်တဲ့ အမေရိကန်ဟာ ပင်လယ်နီအတွင်းမှာသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ကာကွယ်ဖို့အတွက် ညွန့်ပေါင်းအဖွဲ့တစ်ခုကို ပြီးခဲ့တဲ့နှစ်မှာ စတင်ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
ဂ်ာမနီအစိုးရက ပင္လယ္နီအတြင္းရွိ ကုန္တင္သေဘၤာမ်ားကို ကာကြယ္ရန္အတြက္ ဖရီးဂိတ္သေဘၤာအသစ္တစ္စီး ေစလႊတ္သြားမည္
Pika (NP News) - ဧၿပီ ၂၁

ပင္လယ္နီအတြင္းမွာ သြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ယီမင္အေျခစိုက္ အီရန္ေက်ာေထာက္ေနာက္ခံျပဳဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြကေန ကာကြယ္ဖို႔အတြက္ ဖရီးဂိတ္သေဘၤာအသစ္တစ္စီးကို လာမယ့္ဩဂုတ္လမွာ ေစလႊတ္သြားမယ္လို႔ ဂ်ာမနီအစိုးရက ဧၿပီလ(၂၀)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဧၿပီလ(၂၀)ရက္ေန႔က ပင္လယ္နီအတြင္းကေန ထြက္ခြါသြားတဲ့ Hessen သေဘၤာေနရာမွာ Hamburg ဖရီးဂိတ္သေဘၤာအသစ္ကို အစားထိုးသြားမွာျဖစ္တယ္လို႔ ဂ်ာမနီကာကြယ္ေရးဝန္ႀကီး ေဘာရစ္ပစ္စတိုးရီးယက္စ္က ေျပာဆိုခဲ့ပါတယ္။ ပင္လယ္နီအတြင္းမွာသြားလာေနတဲ့ သေဘၤာေတြကို ကာကြယ္ဖို႔အတြက္ ဥေရာပသမဂၢရဲ႕ Aspides မစ္ရွင္ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၂၃)ရက္ေန႔မွာ Hessen သေဘၤာကို စတင္ေစလႊတ္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါ့ျပင္ လအေတာ္ၾကာတိုက္ခိုက္မႈေတြအတြင္း ပင္လယ္နီနဲ႔ ေအဒင္ပင္လယ္ေကြ႕တို႔မွာသြားလာေနတဲ့ သေဘၤာေပါင္း(၁၀၀)နီးပါးကို တိုက္ခိုက္ခဲ့တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က ဧၿပီလ(၁၈)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ ဘာလမွာ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ပင္လယ္နီနဲ႔ ေအဒင္ပင္လယ္ေကြ႕တို႔မွာ သြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို စတင္တိုက္ခိုက္ခဲ့တာပဲျဖစ္ပါတယ္။

ဂါဇာကမ္းေျမာင္ေဒသမွာရွိတဲ့ ပါလက္စတိုင္းလူမ်ိဳးေတြကို ေထာက္ခံတဲ့အေနနဲ႔ ဒီလိုတိုက္ခိုက္မႈေတြကို လုပ္ေဆာင္ေနတာျဖစ္တယ္လို႔လည္း ဟူသီလက္နက္ကိုင္အဖြဲ႕ကေျပာဆိုထားပါတယ္။ အဲဒီတိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္နဲ႔ၿဗိတိန္တပ္ဖြဲ႕တို႔ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီလကတည္းက ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ ဆက္တိုက္လုပ္ေဆာင္ခဲ့ပါတယ္။ အစၥေရးရဲ႕ မိတ္ဖက္ႏိုင္ငံျဖစ္တဲ့ အေမရိကန္ဟာ ပင္လယ္နီအတြင္းမွာသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ကာကြယ္ဖို႔အတြက္ ၫြန႔္ေပါင္းအဖြဲ႕တစ္ခုကို ၿပီးခဲ့တဲ့ႏွစ္မွာ စတင္ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.