ရုရှားကို ကူညီထောက်ပံ့ပေးမှုတွေအတွက် တရုတ်ကုမ္ပဏီတွေကို အမေရိကန်အစိုးရ ပိတ်ဆို့မှုချမှတ်မယ်

 962

ဂျန်ဇက် (NP News) - ဧပြီ ၂၃

အမေရိကန်အစိုးရဟာ ယူကရိန်းစစ်ပွဲနဲ့ ဆက်နွှယ်ပြီး ရုရှားနိုင်ငံကို ကူညီထောက်ပံ့ပေးမှုတွေအတွက် တရုတ်ဘဏ်တွေကို ပိတ်ဆို့မှုတွေချမှတ်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

အမေရိကန်အစိုးရဟာ တရုတ်ဘဏ်အချို့ကို ကမ္ဘာ့ဘဏ္ဍာရေးစနစ် နဲ့ အဆက်သွယ်ဖြတ်တောက်ဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်အစိုးရတာဝန်ရှိသူများက တရုတ်ကုမ္ပဏီများအနေ နဲ့ ရုရှားစစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီတွေကို ကူညီထောက်ပံ့ပေးနေတဲ့ ကူညီပေးမှုတွေရပ်တန့်သွားဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်ဟာ ဒီသီတင်းပတ်အတွင်းမှာ တရုတ်နိုင်ငံကို သွားရောက်လည်ပတ်မှာဖြစ်ပြီး အဲဒီခရီးစဉ်အတွင်း တရုတ်အစိုးရတာဝန်ရှိသူများနဲ့တွေ့ဆုံကာ နှစ်နိုင်ငံကြား ဆက်ဆံရေးအပြင်၊ အရှေ့အလယ်ပိုင်းအရေး၊ တောင်တရုတ်ပင်လယ်အရေး၊ ကိုရီးယားကျွန်းဆွယ်အရေးကိစ္စတွေကိုဆွေးနွေးဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ရုရှားကာကွယ်ရေးလုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးမှုတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကိုဝေဖန်ပြစ်တင်မှုတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ တရုတ်အစိုးရဟာ ယူကရိန်းစစ်ပွဲမှာ ရုရှားကို ကူညီထောက်ပံ့ပေးနိုင်ဖို့ တရုတ်ကုမ္ပဏီတွေကတဆင့် ကူညီပေးနေကြောင်း အမေရိကန်အစိုးရကပြောပါတယ်။

အမေရိကန်အစိုးရ တာဝန်ရှိသူများဟာ တရုတ်ဘဏ္ဍာရေးကုမ္ပဏီတွေကို အရေးယူဆောင်ရွက်ဖို့ အဆင့်သင့်ရှိနေကြောင်း၊ ၎င်းတို့ဟာ ရုရှားကိုစစ်ဘက်၊ အရပ်ဖက်နှစ်ခုစလုံးမှာ ကူညီထောက်ပံ့ပေးနေကြာင်း ပြောဆိုထားပါတယ်။

zawgyi version
႐ုရွားကို ကူညီေထာက္ပံ့ေပးမႈေတြအတြက္ တ႐ုတ္ကုမၸဏီေတြကို အေမရိကန္အစိုးရ ပိတ္ဆို႔မႈခ်မွတ္မယ္
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၃

အေမရိကန္အစိုးရဟာ ယူကရိန္းစစ္ပြဲနဲ႔ ဆက္ႏႊယ္ၿပီး ႐ုရွားႏိုင္ငံကို ကူညီေထာက္ပံ့ေပးမႈေတြအတြက္ တ႐ုတ္ဘဏ္ေတြကို ပိတ္ဆို႔မႈေတြခ်မွတ္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

အေမရိကန္အစိုးရဟာ တ႐ုတ္ဘဏ္အခ်ိဳ႕ကို ကမာၻ႔ဘ႑ာေရးစနစ္ နဲ႔ အဆက္သြယ္ျဖတ္ေတာက္ဖို႔ စီစဥ္ေနတယ္လို႔ ဆိုပါတယ္။ အေမရိကန္အစိုးရတာဝန္ရွိသူမ်ားက တ႐ုတ္ကုမၸဏီမ်ားအေန နဲ႔ ႐ုရွားစစ္လက္နက္ ပစၥည္းထုတ္လုပ္ေရးကုမၸဏီေတြကို ကူညီေထာက္ပံ့ေပးေနတဲ့ ကူညီေပးမႈေတြရပ္တန႔္သြားဖို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္ဟာ ဒီသီတင္းပတ္အတြင္းမွာ တ႐ုတ္ႏိုင္ငံကို သြားေရာက္လည္ပတ္မွာျဖစ္ၿပီး အဲဒီခရီးစဥ္အတြင္း တ႐ုတ္အစိုးရတာဝန္ရွိသူမ်ားနဲ႔ေတြ႕ဆုံကာ ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရးအျပင္၊ အေရွ႕အလယ္ပိုင္းအေရး၊ ေတာင္တ႐ုတ္ပင္လယ္အေရး၊ ကိုရီးယားကြၽန္းဆြယ္အေရးကိစၥေတြကိုေဆြးေႏြးဖြယ္ရွိေနပါတယ္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဟာ ႐ုရွားကာကြယ္ေရးလုပ္ငန္းေတြကို ကူညီေထာက္ပံ့ေပးမႈေတြနဲ႔ ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံကိုေဝဖန္ျပစ္တင္မႈေတြလုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ တ႐ုတ္အစိုးရဟာ ယူကရိန္းစစ္ပြဲမွာ ႐ုရွားကို ကူညီေထာက္ပံ့ေပးႏိုင္ဖို႔ တ႐ုတ္ကုမၸဏီေတြကတဆင့္ ကူညီေပးေနေၾကာင္း အေမရိကန္အစိုးရကေျပာပါတယ္။

အေမရိကန္အစိုးရ တာဝန္ရွိသူမ်ားဟာ တ႐ုတ္ဘ႑ာေရးကုမၸဏီေတြကို အေရးယူေဆာင္႐ြက္ဖို႔ အဆင့္သင့္ရွိေနေၾကာင္း၊ ၎တို႔ဟာ ႐ုရွားကိုစစ္ဘက္၊ အရပ္ဖက္ႏွစ္ခုစလုံးမွာ ကူညီေထာက္ပံ့ေပးေနၾကာင္း ေျပာဆိုထားပါတယ္။

Related news

© 2021. All rights reserved.