မေလ(၂၁)ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မုတ်သုံ စတင်ဝင်ရောက်နိုင်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ မိုးထစ်ချုန်းရွာမည်

 272

ယွန်း (NP News) - ဧပြီ ၂၈

မေလ(၂၁)ရက်နောက်ပိုင်းတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ မုတ်သုံစတင်ဝင်ရောက်နိုင်ပြီး တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့၌ မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ထားသည်။

မိုးဇလမှ ယနေ့(ဧပြီ ၂၈ ရက်) တွင် ထုတ်ပြန်သည့် မေလပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အနောက်တောင်မုတ်သုံလေသည် မေလ ၂၁ ရက်မှ ၂၆ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသများသို့လည်း ကောင်း၊ မေလ ၂၇ ရက်မှ ဇွန်လ ၂ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသများသို့ လည်းကောင်း အသီးသီး ၀င်ရောက်နိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း ၁ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။

လာမည့်မေလ(၁၇)ရက်မှ (၂၂)ရက်အတွင်း စစ်ကိုင်း၊ တနင်္သာရီ၊ ကချင်၊ ကရင် နှင့် မွန်တို့တွင် မိုးထစ်ချုန်း ရွာသွန်းနိုင်သည့်အပြင် ပဲခူး(အရှေ့)၊ ရန်ကုန်၊ ဧရာဝတီ၊ ရှမ်း၊ ချင်း၊ ရခိုင် နှင့် ကယားတို့တွင် မေလ(၁၁)ရက်မှ (၁၆)ရက်အတွင်း မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

အလားတူ နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး(အနောက်ပိုင်း)တို့တွင်လည်း မေလ(၅) ရက်မှ (၁၀) ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။

ထို့ပြင် ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှလွဲ၍ နေပြည်တော် အပါအဝင် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် မေလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်နှင့် အထက်ပိုလာနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်(၂၀၂၃ ခုနှစ်) တွင် မုတ်သုံလေသည် မြန်မာနိုင်ငံတောင်ပိုင်း‌ဒေသများသို့ မေလ(၂၆)ရက်တွင် စတင်ဝင်ရောက်ခဲ့သည်။

Zawgyi Version;
ေမလ(၂၁)ရက္ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားသို႔ မုတ္သုံ စတင္ဝင္ေရာက္ႏိုင္ၿပီး တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အခ်ိဳ႕၌ မိုးထစ္ခ်ဳန္း႐ြာမည္
ယြန္း (NP News) - ဧၿပီ ၂၈

ေမလ(၂၁)ရက္ေနာက္ပိုင္းတြင္ ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားသို႔ မုတ္သုံစတင္ဝင္ေရာက္ႏိုင္ၿပီး တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္အခ်ိဳ႕၌ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ ထားသည္။

မိုးဇလမွ ယေန႔(ဧၿပီ ၂၈ ရက္) တြင္ ထုတ္ျပန္သည့္ ေမလပတ္အတြက္ မိုးေလဝသခန႔္မွန္းခ်က္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။

အေနာက္ေတာင္မုတ္သုံေလသည္ ေမလ ၂၁ ရက္မွ ၂၆ ရက္အတြင္း ျမန္မာႏိုင္ငံ ေတာင္ပိုင္းေဒသမ်ားသို႔လည္း ေကာင္း၊ ေမလ ၂၇ ရက္မွ ဇြန္လ ၂ ရက္အတြင္း ျမစ္ဝကြၽန္းေပၚေဒသမ်ားသို႔ လည္းေကာင္း အသီးသီး ၀င္ေရာက္ႏိုင္ေၾကာင္း မိုးဇလ၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ျပင္ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္၀န္း ၁ ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္း သိရသည္။

လာမည့္ေမလ(၁၇)ရက္မွ (၂၂)ရက္အတြင္း စစ္ကိုင္း၊ တနသၤာရီ၊ ကခ်င္၊ ကရင္ ႏွင့္ မြန္တို႔တြင္ မိုးထစ္ခ်ဳန္း ႐ြာသြန္းႏိုင္သည့္အျပင္ ပဲခူး(အေရွ႕)၊ ရန္ကုန္၊ ဧရာဝတီ၊ ရွမ္း၊ ခ်င္း၊ ရခိုင္ ႏွင့္ ကယားတို႔တြင္ ေမလ(၁၁)ရက္မွ (၁၆)ရက္အတြင္း မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။

အလားတူ ေနျပည္ေတာ္၊ စစ္ကိုင္း၊ မႏၲေလး၊ မေကြး၊ ပဲခူး(အေနာက္ပိုင္း)တို႔တြင္လည္း ေမလ(၅) ရက္မွ (၁၀) ရက္ခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း မိုးဇလမွ ဆိုထားသည္။

ထို႔ျပင္ ကခ်င္ျပည္နယ္ႏွင့္ ခ်င္းျပည္နယ္တို႔မွလြဲ၍ ေနျပည္ေတာ္ အပါအဝင္ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ မ်ားတြင္ ေမလပ်မ္းမွ်အပူခ်ိန္၏ ၁ ဒသမ ၅ ဒီဂရီဆဲလ္စီးယက္ႏွင့္ အထက္ပိုလာႏိုင္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ႏွစ္(၂၀၂၃ ခုႏွစ္) တြင္ မုတ္သုံေလသည္ ျမန္မာႏိုင္ငံေတာင္ပိုင္း‌ေဒသမ်ားသို႔ ေမလ(၂၆)ရက္တြင္ စတင္ဝင္ေရာက္ခဲ့သည္။

Related news

© 2021. All rights reserved.