တောင်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း(၇၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 238

သန့်ဇင် (NP News) - ဧပြီ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း(၇၀၀၀)ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်၊ ည ၁၂ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် တောင်ကြီးမြို့နယ်၊ တောင်ကြီး-အောင်ပန်းသွားကားလမ်း၊ တောင်လေးလုံးကျေးရွာအနီးတွင် စတင်ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာအနီးတွင် ချမ်းမြေ့နိုင်(ခ)ကျော်မျိုး(၃၃)နှစ် မောင်းနှင်လာသည့် ALPHARD ကားကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်တွင် သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း (၄၅၀၀) တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၃ဝ ကီလိုကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် ကွင်းဆက်စစ်ဆေးချက်အရ ဧပြီလ ၂၅ ရက်၊ နံနက် ၅ နာရီအချိန်တွင် တောင်ကြီးမြို့၊ ကျောက်ကြီးစု ရပ်ကွက်ရှိ စိုင်းစောဟန် (ခ)စောဟန်(၄၉)နှစ် နေထိုင်သည့်နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ ငွေကျပ်(၁၇၅)သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားနှင့် ငွေကျပ် (၂၆၄၀)သိန်း တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး (Happy Water) အလေးချိန် ၂.၄ ကီလိုကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ချမ်းမြေနိုင်(ခ)ကျော်မျိုးနှင့် စိုင်းစောဟန်(ခ)စောဟန်တို့ (၂)ဦးထံမှ စုစုပေါင်း ငွေကျပ်(၇၃၁၅)သိန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ထားသည်။


၎င်းတို့(၂)ဦးကို သက်ဆိုင်ရာမြို့မရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်ကျူးလွန်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေတာင္ႀကီးၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၇၀၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ
သန႔္ဇင္ (NP News) - ဧၿပီ ၂၈

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕နယ္တြင္ ေငြက်ပ္သိန္း(၇၀၀၀)ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးတပ္ဖြဲ႕က ၿပီးခဲ့သည့္ ဧၿပီလ ၂၄ ရက္၊ ည ၁၂ နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕နယ္၊ ေတာင္ႀကီး-ေအာင္ပန္းသြားကားလမ္း၊ ေတာင္ေလးလုံးေက်း႐ြာအနီးတြင္ စတင္ဖမ္းဆီးရမိခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်း႐ြာအနီးတြင္ ခ်မ္းေျမ့ႏိုင္(ခ)ေက်ာ္မ်ိဳး(၃၃)ႏွစ္ ေမာင္းႏွင္လာသည့္ ALPHARD ကားကို မူးယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚတြင္ သိုဝွက္သယ္ေဆာင္လာေသာ ေငြက်ပ္သိန္း (၄၅၀၀) တန္ဖိုးရွိ အိုက္စ္(မက္သ္အဖက္တမင္း) ၃ဝ ကီလိုကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ကြင္းဆက္စစ္ေဆးခ်က္အရ ဧၿပီလ ၂၅ ရက္၊ နံနက္ ၅ နာရီအခ်ိန္တြင္ ေတာင္ႀကီးၿမိဳ႕၊ ေက်ာက္ႀကီးစု ရပ္ကြက္ရွိ စိုင္းေစာဟန္ (ခ)ေစာဟန္(၄၉)ႏွစ္ ေနထိုင္သည့္ေနအိမ္ကို ဝင္ေရာက္ရွာေဖြခဲ့ရာ ေငြက်ပ္(၁၇၅)သိန္း တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားႏွင့္ ေငြက်ပ္ (၂၆၄၀)သိန္း တန္ဖိုးရွိ စိတ္ေျပာင္းေဆးဝါး (Happy Water) အေလးခ်ိန္ ၂.၄ ကီလိုကို ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ခ်မ္းေျမႏိုင္(ခ)ေက်ာ္မ်ိဳးႏွင့္ စိုင္းေစာဟန္(ခ)ေစာဟန္တို႔ (၂)ဦးထံမွ စုစုေပါင္း ေငြက်ပ္(၇၃၁၅)သိန္း တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ ထားသည္။


၎တို႔(၂)ဦးကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းမ်ားတြင္ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္က်ဴးလြန္သူမ်ားကို ေဖာ္ထုတ္ဖမ္းဆီးႏိုင္ေရး စစ္ေဆးအေရးယူလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.