အမေရိကန်က ကမ္ဘာပျက်လေယာဉ်အသစ် (doomsday plane) ကို တီထွင်ထုတ်လုပ်သွားမည်

 2647

Pika (NP News) - ဧပြီ ၂၈

အမေရိကန်နိုင်ငံဟာ မြေပြင်မှာရှိတဲ့ ကွပ်ကဲမှုဌာနချုပ်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ နျူကလီးယားစစ်ပွဲဖြစ်ပွားတဲ့ အချိန် ဒါမှမဟုတ် အခြားကပ်ဘေးတွေဖြစ်ပွားတဲ့အချိန်မှာ သမ္မတကို ဘေးကင်းအောင်ထားဖို့နဲ့ နိုင်ငံကို ဦးဆောင် မှုတွေ ဆက်လက်လုပ်ဆောင်စေနိုင်ဖို့အတွက် ရည်ရွယ်ပြီး ကမ္ဘာပျက်လေယာဉ်အသစ် (doomsday plane) ကို တီထွင်ထုတ်လုပ်သွားမယ်လို့ အမေရိကန်လေတပ်က ကြေညာခဲ့ပါတယ်။

Survivable Airborne Operations Center (SAOC) ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ(၁၃)ဘီလျံတန်ဖိုးရှိ စာချုပ်ကို Sierra Nevada Corp ကုမ္ပဏီကို ပေးအပ်ခဲ့တယ်လို့ အမေရိကန်လေတပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဧပြီလ(၂၆)ရက်မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

မဟာဗျူဟာမြောက် ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးစစ်လေယာဉ်အသစ် တည်ဆောက်ရေးလုပ်ငန်းကို ကော်လိုရာဒို၊ နီဗားဒါး နဲ့ အိုဟိုင်းရိုးပြည်နယ်တို့မှာရှိတဲ့ Sierra Nevada Corp ကုမ္ပဏီရဲ့အဆောက်အဦးတွေမှာ လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အဲဒီပရောဂျက်အတွက် နောက်ဆုံးသတ်မှတ်ထားတဲ့ရက်က ၂ဝ၃၆ ခုနှစ်ဖြစ်တယ်လို့လည်း သိရပါတယ်။ SAOC ပရောဂျက်ကို အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်ရဲ့စံနှုန်းတွေနဲ့ကိုက်ညီစေဖို့အတွက် မာကျောကောင်းမွန်ပြီး ပြုပြင် မွမ်းမံထားတဲ့လေယာဉ်တွေအပေါ်မှာ အခြေခံသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်မှာ “ဒီပရောဂျက်ဟာ အမေရိကန်အတွက် နျူကလီးယားကွပ်ကဲမှု၊ ထိန်းချုပ်မှု နဲ့ ဆက်သွယ်ရေး စွမ်းရည်တွေကို မြှင့်တင်ပေးနိုင်မှာဖြစ်တယ်” လို့ ရေးသားဖော်ပြထားပါတယ်။ SAOC ပရောဂျက်ဟာ လက်ရှိ အမေရိကန်လေတပ်မှာ အသုံးပြုနေတဲ့ E-4B Nightwatch လေယာဉ်အတွက် အစားထိုးစရာတစ်ခု ဖြစ်လာစေနိုင် ဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။ E-4B လေယာဉ်တွေဟာ အဆင့်မြင့်ဆက်သွယ်ရေးကိရိယာတွေကို သယ်ဆောင်ကာ လေထဲမှာပဲဆီဖြည့်နိုင်စွမ်းရှိပြီး နျူကလီးယားပေါက်ကွဲမှုတွေနဲ့ အမျိုးမျိုးသော လျှပ်စစ်သံလိုက် လှိုင်း သက်ရောက်မှုတွေကို ခံနိုင်ရည်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အေမရိကန္က ကမာၻပ်က္ေလယာဥ္အသစ္ (doomsday plane) ကို တီထြင္ထုတ္လုပ္သြားမည္
Pika (NP News) - ဧၿပီ ၂၈

အေမရိကန္ႏိုင္ငံဟာ ေျမျပင္မွာရွိတဲ့ ကြပ္ကဲမႈဌာနခ်ဳပ္ေတြကို ဖ်က္ဆီးပစ္ႏိုင္တဲ့ န်ဴကလီးယားစစ္ပြဲျဖစ္ပြားတဲ့ အခ်ိန္ ဒါမွမဟုတ္ အျခားကပ္ေဘးေတြျဖစ္ပြားတဲ့အခ်ိန္မွာ သမၼတကို ေဘးကင္းေအာင္ထားဖို႔နဲ႔ ႏိုင္ငံကို ဦးေဆာင္ မႈေတြ ဆက္လက္လုပ္ေဆာင္ေစႏိုင္ဖို႔အတြက္ ရည္႐ြယ္ၿပီး ကမာၻပ်က္ေလယာဥ္အသစ္ (doomsday plane) ကို တီထြင္ထုတ္လုပ္သြားမယ္လို႔ အေမရိကန္ေလတပ္က ေၾကညာခဲ့ပါတယ္။

Survivable Airborne Operations Center (SAOC) ပေရာဂ်က္အတြက္ အေမရိကန္ေဒၚလာ(၁၃)ဘီလ်ံတန္ဖိုးရွိ စာခ်ဳပ္ကို Sierra Nevada Corp ကုမၸဏီကို ေပးအပ္ခဲ့တယ္လို႔ အေမရိကန္ေလတပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဧၿပီလ(၂၆)ရက္မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

မဟာဗ်ဴဟာေျမာက္ ကြပ္ကဲမႈနဲ႔ ထိန္းခ်ဳပ္ေရးစစ္ေလယာဥ္အသစ္ တည္ေဆာက္ေရးလုပ္ငန္းကို ေကာ္လိုရာဒို၊ နီဗားဒါး နဲ႔ အိုဟိုင္း႐ိုးျပည္နယ္တို႔မွာရွိတဲ့ Sierra Nevada Corp ကုမၸဏီရဲ႕အေဆာက္အဦးေတြမွာ လုပ္ေဆာင္သြား မွာျဖစ္တယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။

အဲဒီပေရာဂ်က္အတြက္ ေနာက္ဆုံးသတ္မွတ္ထားတဲ့ရက္က ၂ဝ၃၆ ခုႏွစ္ျဖစ္တယ္လို႔လည္း သိရပါတယ္။ SAOC ပေရာဂ်က္ကို အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္ရဲ႕စံႏႈန္းေတြနဲ႔ကိုက္ညီေစဖို႔အတြက္ မာေက်ာေကာင္းမြန္ၿပီး ျပဳျပင္ မြမ္းမံထားတဲ့ေလယာဥ္ေတြအေပၚမွာ အေျခခံသြားမယ္လို႔ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။

ထုတ္ျပန္ခ်က္မွာ “ဒီပေရာဂ်က္ဟာ အေမရိကန္အတြက္ န်ဴကလီးယားကြပ္ကဲမႈ၊ ထိန္းခ်ဳပ္မႈ နဲ႔ ဆက္သြယ္ေရး စြမ္းရည္ေတြကို ျမႇင့္တင္ေပးႏိုင္မွာျဖစ္တယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။ SAOC ပေရာဂ်က္ဟာ လက္ရွိ အေမရိကန္ေလတပ္မွာ အသုံးျပဳေနတဲ့ E-4B Nightwatch ေလယာဥ္အတြက္ အစားထိုးစရာတစ္ခု ျဖစ္လာေစႏိုင္ ဖို႔ ရည္႐ြယ္ထားတယ္လို႔လည္း သိရပါတယ္။ E-4B ေလယာဥ္ေတြဟာ အဆင့္ျမင့္ဆက္သြယ္ေရးကိရိယာေတြကို သယ္ေဆာင္ကာ ေလထဲမွာပဲဆီျဖည့္ႏိုင္စြမ္းရွိၿပီး န်ဴကလီးယားေပါက္ကြဲမႈေတြနဲ႔ အမ်ိဳးမ်ိဳးေသာ လွ်ပ္စစ္သံလိုက္ လႈိင္း သက္ေရာက္မႈေတြကို ခံႏိုင္ရည္ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.