ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အစ္စရေးရဲ့စစ်ဘက်ဆိုင်ရာနေရာအများအပြားကို ဒုံးကျည်တွေ၊ ဒရုန်းတွေ နဲ့ ပစ်ခတ်တိုက်ခိုက်

 448

Pika (NP News) - ဧပြီ ၂၈

ဧပြီလ(၂၇)ရက်မှာ လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ Mount Meron တောင်မှာရှိတဲ့ အစ္စရေးရဲ့လေကြောင်းစောင့်ကြည့်ရေးအခြေစိုက်စခန်း အပါအဝင် အခြားစစ်ဘက်ဆိုင်ရာ နေရာအများအပြားကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ(၂၇)ရက် အစောပိုင်းမှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီးတဲ့နောက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က ဒီလိုမျိုးလက်တုံ့ပြန်တိုက်ခိုက်ခဲ့တာ လို့လည်း သိရပါတယ်။
ဧပြီလ(၂၇)ရက် နှောင်းပိုင်းမှာ Mount Meron တောင်ဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ ဒုံးကျည်တွေ အများ အပြားနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာကို ခံခဲ့ရတယ်လို့ အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေအရ သိရပါတယ်။

ဒါပေမယ့်လည်း ဒုံးကျည်တွေအားလုံးဟာ ကြားဖြတ်ဟန့်တားခံရတာမျိုး ဒါမှမဟုတ် အခြားနေရာတွေကို ကျသွားခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုနဲ့ လူသေဆုံးမှု တွေ မရှိခဲ့ဘူးလို့ Times of Israel နဲ့ Jerusalem Post သတင်းစာတို့က ဖော်ပြခဲ့ပါတယ်။

ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က "အစ္စရေးက ကျွန်တော်တို့နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ရွာတွေနဲ့နေအိမ်တွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒီလိုမျိုးပြန်လည်ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်” လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ(၂၇)ရက်မှာ အစ္စရေးတပ်ဖွဲ့တွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ Al-Quzah၊ Markaba နဲ့ Sarbin ရွာတွေကို လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ လည်း သိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားပြီးနောက်ပိုင်းကတည်းက ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတို့ဟာ ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင် နေခဲ့ကြတာလို့လည်း သိရပါတယ်။

Zawgyi Version;
ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အစၥေရးရဲ႕စစ္ဘက္ဆိုင္ရာေနရာအမ်ားအျပားကို ဒုံးက်ည္ေတြ၊ ဒ႐ုန္းေတြ နဲ႔ ပစ္ခတ္တိုက္ခိုက္
Pika (NP News) - ဧၿပီ ၂၈

ဧၿပီလ(၂၇)ရက္မွာ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ Mount Meron ေတာင္မွာရွိတဲ့ အစၥေရးရဲ႕ေလေၾကာင္းေစာင့္ၾကည့္ေရးအေျခစိုက္စခန္း အပါအဝင္ အျခားစစ္ဘက္ဆိုင္ရာ ေနရာအမ်ားအျပားကို ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

ဧၿပီလ(၂၇)ရက္ အေစာပိုင္းမွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ လုပ္ေဆာင္ၿပီးတဲ့ေနာက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က ဒီလိုမ်ိဳးလက္တုံ႔ျပန္တိုက္ခိုက္ခဲ့တာ လို႔လည္း သိရပါတယ္။
ဧၿပီလ(၂၇)ရက္ ေႏွာင္းပိုင္းမွာ Mount Meron ေတာင္ဟာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ ဒုံးက်ည္ေတြ အမ်ား အျပားနဲ႔ ပစ္မွတ္ထားတိုက္ခိုက္တာကို ခံခဲ့ရတယ္လို႔ အြန္လိုင္းမွာ တင္ထားတဲ့ ဗီဒီယိုဖိုင္ေတြအရ သိရပါတယ္။

ဒါေပမယ့္လည္း ဒုံးက်ည္ေတြအားလုံးဟာ ၾကားျဖတ္ဟန႔္တားခံရတာမ်ိဳး ဒါမွမဟုတ္ အျခားေနရာေတြကို က်သြားခဲ့တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈအတြင္း ထိခိုက္ပ်က္စီးမႈနဲ႔ လူေသဆုံးမႈ ေတြ မရွိခဲ့ဘူးလို႔ Times of Israel နဲ႔ Jerusalem Post သတင္းစာတို႔က ေဖာ္ျပခဲ့ပါတယ္။

ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က "အစၥေရးက ကြၽန္ေတာ္တို႔ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ႐ြာေတြနဲ႔ေနအိမ္ေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ဒီလိုမ်ိဳးျပန္လည္ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာျဖစ္ပါတယ္” လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ဧၿပီလ(၂၇)ရက္မွာ အစၥေရးတပ္ဖြဲ႕ေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ Al-Quzah၊ Markaba နဲ႔ Sarbin ႐ြာေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလို႔ သိရပါတယ္။ အစၥေရးတပ္ဖြဲ႕ေတြဟာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ရဲ႕ စစ္ဘက္ဆိုင္ရာအေျခခံအေဆာက္အဦးေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ့တာလို႔ လည္း သိရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားၿပီးေနာက္ပိုင္းကတည္းက ဟစ္ဘိုလာ လက္နက္ကိုင္အဖြဲ႕နဲ႔ အစၥေရးတို႔ဟာ ဒုံးက်ည္ေတြနဲ႔ အျပန္အလွန္ပစ္ခတ္တိုက္ခိုက္တာေတြကို လုပ္ေဆာင္ ေနခဲ့ၾကတာလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.