မင်္ဂလာဒုံမြို့နယ်၌ YBS ယာဉ်အား ခရီးသည်တင်ကား မှ ဝင်တိုက်ခဲ့ရာ အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာရရှိ

 3470

စော (NP News) - ဧပြီ ၂၈

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် YBS ယာဉ်အား ခရီးသည်တင်ကား မှ ဝင်တိုက်ခဲ့ရာ အမျိုးသမီး (၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့ (ဧပြီလ ၂၈ ရက်)၊ နံနက် (၈)နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃)လမ်းမ၊ (၁၂)လမ်း ကားမှတ်တိုင်၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"YBS ၃၅ ပေါ်ကပါ။ အခြေအနေက မစိုးရိမ်ရပါဘူး။ မိန်းကလေးဆိုတော့ နည်းနည်းလန့်တာ ဘာညာတော့ ရှိတာပေါ့" ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

ယာဉ်တိုက်မှုဖြစ်စဉ်မှာ YBS ယာဉ်အား ‌ရွှေပြည်သူ မန္တလာခရီးသည်ယာဉ်မှ ဝင်တိုက်ခဲ့ရာ အမျိုးသမီး (၂)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓါဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ယခုနှစ် ရက်(၉၀)အတွင်း ရန်ကုန်တိုင်းတွင် ယာဉ်တိုက်မှု (၂၀၆)ကြိမ်ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရသူ (၂၄၉)ဦး နှင့် သေဆုံးသူ(၁၀၂)ဦး ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
မဂၤလာဒုံၿမိဳ႕နယ္၌ YBS ယာဥ္အား ခရီးသည္တင္ကား မွ ဝင္တိုက္ခဲ့ရာ အမ်ိဳးသမီး (၂)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဧၿပီ ၂၈

ရန္ကုန္တိုင္း၊ မဂၤလာဒုံၿမိဳ႕နယ္တြင္ YBS ယာဥ္အား ခရီးသည္တင္ကား မွ ဝင္တိုက္ခဲ့ရာ အမ်ိဳးသမီး (၂)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ေၾကာင္း ပုလဲအရန္မီးသတ္တပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔ (ဧၿပီလ ၂၈ ရက္)၊ နံနက္ (၈)နာရီ ၃ဝ မိနစ္ဝန္းက်င္အခ်ိန္တြင္ မဂၤလာဒုံၿမိဳ႕နယ္၊ အမွတ္ (၃)လမ္းမ၊ (၁၂)လမ္း ကားမွတ္တိုင္၌ ယာဥ္တိုက္မႈျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"YBS ၃၅ ေပၚကပါ။ အေျခအေနက မစိုးရိမ္ရပါဘူး။ မိန္းကေလးဆိုေတာ့ နည္းနည္းလန႔္တာ ဘာညာေတာ့ ရွိတာေပါ့" ဟု ပုလဲအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

ယာဥ္တိုက္မႈျဖစ္စဥ္မွာ YBS ယာဥ္အား ‌ေ႐ႊျပည္သူ မႏၲလာခရီးသည္ယာဥ္မွ ဝင္တိုက္ခဲ့ရာ အမ်ိဳးသမီး (၂)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့ၿပီး ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေမဓါဝီေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ယခုႏွစ္ ရက္(၉၀)အတြင္း ရန္ကုန္တိုင္းတြင္ ယာဥ္တိုက္မႈ (၂၀၆)ႀကိမ္ျဖစ္ပြားခဲ့ၿပီး ဒဏ္ရာရသူ (၂၄၉)ဦး ႏွင့္ ေသဆုံးသူ(၁၀၂)ဦး ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.