မြန်မာပိုင်နက်အတွင်း ရောက်ရှိနေသူ ဘင်္ဂလားဒေ့ရှ် ၁၄၄ ဦးကို နေပြည်တော် ပြန်လွှတ်ပေး

 1730

Htay Oung (NP News) - ဧပြီ ၂၈

နယ်ခြားဖြတ်ကျော်ပြီး ခိုလှုံရန် ပြေးဝင်လာသူ မြန်မာနိုင်ငံသား ၂၈၈ ဦးတို့ကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအရ လွန်ခဲ့တဲ့ ကြာသပတေးနေ့ နံနက်စောစောပိုင်းမှာ ဘင်္ဂလားဒေ့ရှ်က ပြန်လည်ပို့ဆောင်ပေးလိုက်ကြောင်း၊ အဲဒီ ပြန်လည်ပို့ဆောင်ပေးခဲ့သူများအနက် ၂၆၁ ဦးမှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များဖြစ်ကြပြီး ကျန်သူတို့ဟာ တပ်မတော်နဲ့ မြန်မာလူဝင်မှုကြီးကြပ်ရေးဌာနမှ ဝန်ထမ်းများဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့နဲ့ ခရိုင် အုပ်ချုပ်ရေးဌာနတို့မှ သတင်းရင်းမြစ်များအရ သိရှိရတယ်လို့ ဒါကာထရွိုင်ဗြွန်းက (၂ဝ၂၄ ခုနှစ် ဧပြီလ ၂၅ ရက်) က ရေးသားခဲ့ပါတယ်။

အဲဒီနေ့ နံနက် ၄ နာရီခန့်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ခေါင်ချာရီ နယ်ခြားစောင့်တပ်က ပထမအသုတ် မြန်မာနိုင်ငံသား ၂၈၅ ဦးတို့ကို ဘတ်စ်ကားများနဲ့ တင်ဆောင်ပြီး ကော့ဘဇားမြို့ရ ဘတ်ခါလီမြစ်ပေါ်ရှိ BIWTA ဆိပ်ခံတံတားရှိရာသို့ ခေါ်ဆောင်လာခဲ့ကြာင်း၊ အဲဒီမှတဆင့် ဘင်္ဂလားဒေ့ရှ် ရေတပ်သင်္ဘောနဲ့တင်ဆောင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ ကျောက်ချထားတဲ့ မြန်မာရေတပ်မတော် သင်္ဘောထံ နံနက် ၆ နာရီ ၃၀ မိနစ်မှာ လွှဲပြောင်းပေးခဲ့ကြောင်း၊ လွှဲပြောင်းပေးရာမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အရာရှိများက လူတစ်ဦးချင်းစီကို ဂရုတစိုက် စိစစ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် ပြည်သူ့ဆက်ဆံရေးအရာရှိတစ်ဦးက အတည်ပြုပါတယ်။

ယခုလို ဆောင်ရွက်ခြင်းဟာ နှစ်နိုင်ငံနယ်ခြားစောင့်တပ် ကိုယ်စားလှယ်များအကြား အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် BIWTA ဆိပ်ခံတံတားမှတဆင့် တရားဝင်လွှဲပြောင်းပေးရန် သဘောတူညီချက်အရ ဖြစ်ပါတယ်။ လွှဲပြောင်းပေးအပ်ခြင်းမပြုမီ မြန်မာတာဝန်ရှိသူများက သူတို့ လက်ခံမယ့်သူ တစ်ဦးချင်းစီရဲ့ အထောက်အထားများ စိစစ်အတည်ပြုခဲ့ပြီး စာရွက်စာတမ်းများကိုလည်း စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

ယခုဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းက မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သား များနဲ့ အကောက်ခွန်အရာရှိများ အပါအဝင် လူပေါင်း ၃၃၀ ဦးတို့ကို တင်းကြပ်တဲ့ လုံခြုံရေးအစီအမံများဖြင့် နေရပ် သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ် လွှဲပြောင်းလက်ခံမှုဖြစ်ပါတယ်။

အဲဒီသတင်းထက် တစ်ရက်စောပြီး ဧပြီ ၂၄ ရက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ bdnews24 ဒစ်ဂျစ်တယ်မီဒီယာက သတင်း တစ်ပုဒ်ကို ဖော်ပြပါတယ်။

မြန်မာနိုင်ငံက ပြန်ပို့ပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ နေရပ်အသီးသီးထံ ပြန်လည်ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း၊ အဲဒီလူတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း တပ်မတော် နဲ့ သူပုန်များအကြား လတ်တလောဖြစ်ပေါ်နေတဲ့ တိုက်ပွဲများအတွင်း နယ်ခြားကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံအတွင်း ရောက်ရှိသွားသူများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှ လွတ်မြောက်လာပြီး နောက် နေရပ်သို့ အသီးသီး ပြန်လည်ရောက်ရှိသွားကြပြီကြောင်း ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရသံရုံးက ပြောပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများနဲ့ တစ်ဖက်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်ဖို့အတွက် မြန်မာရေတပ်မတော် ချင်းတွင်းရေယာဉ်ဟာ ဧပြီ ၂၃ ရက် အင်္ဂါနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရေပိုင်နက်အတွင်း ရောက်ရှိလာကြောင်း၊ နေရပြန်လည်ရောက်ရှိလာသူများမှာ ကော့ဘဇားခရိုင်မှ ၁၂၉ ဦး၊ ဘန်ဒါဘန်မှ ၃၀ ဦး၊ ရမ်ဂါမတီမှ ၇ ဦး၊ ကျန် မြန်မာနယ်စပ် ဘင်္ဂလားဒေ့ရှ်မြိုနယ် ၇ ခုမှ ၁ ဦးစီ ပါဝင်ပြီး စုစုပေါင်း ၁၇၃ ဦး ဖြစ်ကြောင်း၊ အဆိုပါကိစ္စကို ဘင်္ဂလားဒေ့ရှ်ပြည်ထဲရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက ကိုင်တွယ် ဆောင်ရွက်နေပြီး မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးမှာ ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို အမြန်ဆုံး စိစစ်ပြီး ပြန်ပို့ပေးရန် မြန်မာအာဏာပိုင်တွေနဲ့ ညှိနှိုင်းလျက်ရှိကြောင်း၊ စစ်တွေအကျဉ်းထောင်မှာ ရောက်ရှိနေသူ ၁၄၄ ဦးကို စိစစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်များက ပြစ်ဒဏ်ချမှတ် (သို့မဟုတ်) လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် ဘင်္ဂလားဒေ့ရှ်သံရုံးက ကြားဝင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထောင်ဒဏ် ကျခံနေရဆဲ (သို့မဟုတ်) တရားရင်ဆိုင်နေရဆဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၉ ဦးကိုလည်း အမြန်ဆုံးလွတ်မြောက်ရန် ကြိုးပမ်းခဲ့ပါကြောင်း၊ အဲဒီနောက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိတဲ့အတွက် သူတို့ ၂၉-ဦးစလုံးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံထံ ပြန်ပို့ပေးနိုင်ခဲ့ တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်သူပုန်များနဲ့ အစိုးရတပ်များအကြား ဖြစ်ပွားနေစဉ် နယ်ခြားဖြတ်ကျော်ပြီး ထွက်ပြေးတိမ်းရှောင်လာသူ မြန်မာနိုင်ငံသား ၃၃ဝ ဦးတို့ကိုလည်း နှစ်နိုင်ငံ ညှိနှိုင်းချက်အရ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါအဖွဲ့မှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၃၀၂ ဦး၊ ၎င်းတို့ရဲ့ မှီခိုသူ မိသားစုဝင် ၄ ဦး၊ တပ်မတော်သား ၂ ဦး၊ လူဝင်မှုကြီးကြပ်ရေး အရာရှိ ၁၈ ဦးနဲ့ အရပ်သား ၄ ဦးတို့ ပါဝင်တယ်လို့ bdnews 24 က ဖော်ပြပါတယ်။

#မြန်မာဘင်္ဂလားဒေ့ရှ် #ရခိုင်မြောက်ပိုင်း_တိုက်ပွဲများ #မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ #တပ်မတော်
(Dhaka Tribune., 25 April 2024, “288 Myanmar nationals sent back from Bangladesh” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Zawgyi Version;
ျမန္မာပိုင္နက္အတြင္း ေရာက္ရွိေနသူ ဘဂၤလားေဒ့ရွ္ ၁၄၄ ဦးကို ေနျပည္ေတာ္ ျပန္လႊတ္ေပး
Htay Oung (NP News) - ဧၿပီ ၂၈

နယ္ျခားျဖတ္ေက်ာ္ၿပီး ခိုလႈံရန္ ေျပးဝင္လာသူ ျမန္မာႏိုင္ငံသား ၂၈၈ ဦးတို႔ကို ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မႈအရ လြန္ခဲ့တဲ့ ၾကာသပေတးေန႔ နံနက္ေစာေစာပိုင္းမွာ ဘဂၤလားေဒ့ရွ္က ျပန္လည္ပို႔ေဆာင္ေပးလိုက္ေၾကာင္း၊ အဲဒီ ျပန္လည္ပို႔ေဆာင္ေပးခဲ့သူမ်ားအနက္ ၂၆၁ ဦးမွာ ျမန္မာနယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားျဖစ္ၾကၿပီး က်န္သူတို႔ဟာ တပ္မေတာ္နဲ႔ ျမန္မာလူဝင္မႈႀကီးၾကပ္ေရးဌာနမွ ဝန္ထမ္းမ်ားျဖစ္ေၾကာင္း ဘဂၤလားေဒ့ရွ္ ရဲတပ္ဖြဲ႕နဲ႔ ခ႐ိုင္ အုပ္ခ်ဳပ္ေရးဌာနတို႔မွ သတင္းရင္းျမစ္မ်ားအရ သိရွိရတယ္လို႔ ဒါကာထ႐ြိဳင္ႁဗြန္းက (၂ဝ၂၄ ခုႏွစ္ ဧၿပီလ ၂၅ ရက္) က ေရးသားခဲ့ပါတယ္။

အဲဒီေန႔ နံနက္ ၄ နာရီခန႔္မွာ ဘဂၤလားေဒ့ရွ္ ႏိုင္ေခါင္ခ်ာရီ နယ္ျခားေစာင့္တပ္က ပထမအသုတ္ ျမန္မာႏိုင္ငံသား ၂၈၅ ဦးတို႔ကို ဘတ္စ္ကားမ်ားနဲ႔ တင္ေဆာင္ၿပီး ေကာ့ဘဇားၿမိဳ႕ရ ဘတ္ခါလီျမစ္ေပၚရွိ BIWTA ဆိပ္ခံတံတားရွိရာသို႔ ေခၚေဆာင္လာခဲ့ၾကာင္း၊ အဲဒီမွတဆင့္ ဘဂၤလားေဒ့ရွ္ ေရတပ္သေဘၤာနဲ႔တင္ေဆာင္ၿပီး ဘဂၤလားပင္လယ္ေအာ္မွာ ေက်ာက္ခ်ထားတဲ့ ျမန္မာေရတပ္မေတာ္ သေဘၤာထံ နံနက္ ၆ နာရီ ၃၀ မိနစ္မွာ လႊဲေျပာင္းေပးခဲ့ေၾကာင္း၊ လႊဲေျပာင္းေပးရာမွာ ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အရာရွိမ်ားက လူတစ္ဦးခ်င္းစီကို ဂ႐ုတစိုက္ စိစစ္ခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ ျပည္သူ႔ဆက္ဆံေရးအရာရွိတစ္ဦးက အတည္ျပဳပါတယ္။

ယခုလို ေဆာင္႐ြက္ျခင္းဟာ ႏွစ္ႏိုင္ငံနယ္ျခားေစာင့္တပ္ ကိုယ္စားလွယ္မ်ားအၾကား အေသးစိတ္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ၿပီးေနာက္ BIWTA ဆိပ္ခံတံတားမွတဆင့္ တရားဝင္လႊဲေျပာင္းေပးရန္ သေဘာတူညီခ်က္အရ ျဖစ္ပါတယ္။ လႊဲေျပာင္းေပးအပ္ျခင္းမျပဳမီ ျမန္မာတာဝန္ရွိသူမ်ားက သူတို႔ လက္ခံမယ့္သူ တစ္ဦးခ်င္းစီရဲ႕ အေထာက္အထားမ်ား စိစစ္အတည္ျပဳခဲ့ၿပီး စာ႐ြက္စာတမ္းမ်ားကိုလည္း စစ္ေဆးခဲ့ေၾကာင္း သိရွိရပါတယ္။

ယခုျဖစ္ရပ္ဟာ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၆ ရက္ေန႔တုန္းက ျမန္မာနယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ တပ္မေတာ္သား မ်ားနဲ႔ အေကာက္ခြန္အရာရွိမ်ား အပါအဝင္ လူေပါင္း ၃၃၀ ဦးတို႔ကို တင္းၾကပ္တဲ့ လုံၿခဳံေရးအစီအမံမ်ားျဖင့္ ေနရပ္ သို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ပိုင္း ဒုတိယအႀကိမ္ လႊဲေျပာင္းလက္ခံမႈျဖစ္ပါတယ္။

အဲဒီသတင္းထက္ တစ္ရက္ေစာၿပီး ဧၿပီ ၂၄ ရက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ bdnews24 ဒစ္ဂ်စ္တယ္မီဒီယာက သတင္း တစ္ပုဒ္ကို ေဖာ္ျပပါတယ္။

ျမန္မာႏိုင္ငံက ျပန္ပို႔ေပးလိုက္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသား ၁၇၃ ဦးကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက သက္ဆိုင္ရာ ေနရပ္အသီးသီးထံ ျပန္လည္ပို႔ေဆာင္ေပးလိုက္ၿပီျဖစ္ေၾကာင္း၊ အဲဒီလူေတြဟာ ရခိုင္ျပည္နယ္ေျမာက္ပိုင္း တပ္မေတာ္ နဲ႔ သူပုန္မ်ားအၾကား လတ္တေလာျဖစ္ေပၚေနတဲ့ တိုက္ပြဲမ်ားအတြင္း နယ္ျခားကို ျဖတ္ေက်ာ္ၿပီး ျမန္မာႏိုင္ငံအတြင္း ေရာက္ရွိသြားသူမ်ားျဖစ္ေၾကာင္း၊ ရခိုင္ျပည္နယ္ စစ္ေတြအက်ဥ္းေထာင္မွ လြတ္ေျမာက္လာၿပီး ေနာက္ ေနရပ္သို႔ အသီးသီး ျပန္လည္ေရာက္ရွိသြားၾကၿပီေၾကာင္း ရန္ကုန္ရွိ ဘဂၤလားေဒ့ရသံ႐ုံးက ေျပာပါတယ္။

ျပန္လႊတ္ေပးလိုက္တဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံသားမ်ားနဲ႔ တစ္ဖက္ႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားကို ျပန္လည္ ေခၚေဆာင္ဖို႔အတြက္ ျမန္မာေရတပ္မေတာ္ ခ်င္းတြင္းေရယာဥ္ဟာ ဧၿပီ ၂၃ ရက္ အဂၤါေန႔မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေရပိုင္နက္အတြင္း ေရာက္ရွိလာေၾကာင္း၊ ေနရျပန္လည္ေရာက္ရွိလာသူမ်ားမွာ ေကာ့ဘဇားခ႐ိုင္မွ ၁၂၉ ဦး၊ ဘန္ဒါဘန္မွ ၃၀ ဦး၊ ရမ္ဂါမတီမွ ၇ ဦး၊ က်န္ ျမန္မာနယ္စပ္ ဘဂၤလားေဒ့ရွ္ၿမိဳနယ္ ၇ ခုမွ ၁ ဦးစီ ပါဝင္ၿပီး စုစုေပါင္း ၁၇၃ ဦး ျဖစ္ေၾကာင္း၊ အဆိုပါကိစၥကို ဘဂၤလားေဒ့ရွ္ျပည္ထဲေရး၊ ႏိုင္ငံျခားေရးဝန္ႀကီးဌာနေတြက ကိုင္တြယ္ ေဆာင္႐ြက္ေနၿပီး ျမန္မာႏိုင္ငံ အက်ဥ္းေထာင္ အသီးသီးမွာ ေရာက္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသားမ်ားကို အျမန္ဆုံး စိစစ္ၿပီး ျပန္ပို႔ေပးရန္ ျမန္မာအာဏာပိုင္ေတြနဲ႔ ညႇိႏႈိင္းလ်က္ရွိေၾကာင္း၊ စစ္ေတြအက်ဥ္းေထာင္မွာ ေရာက္ရွိေနသူ ၁၄၄ ဦးကို စိစစ္ၿပီး သက္ဆိုင္ရာ အာဏာပိုင္မ်ားက ျပစ္ဒဏ္ခ်မွတ္ (သို႔မဟုတ္) လြတ္ၿငိမ္းခ်မ္းသာ ခြင့္ေပးရန္ ဘဂၤလားေဒ့ရွ္သံ႐ုံးက ၾကားဝင္ ေဆာင္႐ြက္ေပးခဲ့ေၾကာင္း၊ ေထာင္ဒဏ္ က်ခံေနရဆဲ (သို႔မဟုတ္) တရားရင္ဆိုင္ေနရဆဲ ဘဂၤလားေဒ့ရွ္ ႏိုင္ငံသား ၂၉ ဦးကိုလည္း အျမန္ဆုံးလြတ္ေျမာက္ရန္ ႀကိဳးပမ္းခဲ့ပါေၾကာင္း၊ အဲဒီေနာက္ လြတ္ၿငိမ္းခ်မ္းသာခြင့္ ရရွိတဲ့အတြက္ သူတို႔ ၂၉-ဦးစလုံးကို ဘဂၤလားေဒ့ရွ္ ႏိုင္ငံထံ ျပန္ပို႔ေပးႏိုင္ခဲ့ တယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဘဂၤလားေဒ့ရွ္သံ႐ုံးရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ရခိုင္ျပည္နယ္အတြင္း လက္နက္ကိုင္သူပုန္မ်ားနဲ႔ အစိုးရတပ္မ်ားအၾကား ျဖစ္ပြားေနစဥ္ နယ္ျခားျဖတ္ေက်ာ္ၿပီး ထြက္ေျပးတိမ္းေရွာင္လာသူ ျမန္မာႏိုင္ငံသား ၃၃ဝ ဦးတို႔ကိုလည္း ႏွစ္ႏိုင္ငံ ညႇိႏႈိင္းခ်က္အရ လြန္ခဲ့တဲ့ ေဖေဖာ္ဝါရီ ၁၆ ရက္မွာ ျပန္လည္ပို႔ေဆာင္ေပးခဲ့ၿပီးျဖစ္ပါတယ္။

အဆိုပါအဖြဲ႕မွာ ျမန္မာနယ္ျခားေစာင့္ ရဲတပ္ဖြဲ႕ဝင္ ၃၀၂ ဦး၊ ၎တို႔ရဲ႕ မွီခိုသူ မိသားစုဝင္ ၄ ဦး၊ တပ္မေတာ္သား ၂ ဦး၊ လူဝင္မႈႀကီးၾကပ္ေရး အရာရွိ ၁၈ ဦးနဲ႔ အရပ္သား ၄ ဦးတို႔ ပါဝင္တယ္လို႔ bdnews 24 က ေဖာ္ျပပါတယ္။

#ျမန္မာဘဂၤလားေဒ့ရွ္ #ရခိုင္ေျမာက္ပိုင္း_တိုက္ပြဲမ်ား #ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႕ #တပ္မေတာ္
(Dhaka Tribune., 25 April 2024, “288 Myanmar nationals sent back from Bangladesh” ကို #HtayOung, #OungMarine ဆီေလ်ာ္ေအာင္ ေကာက္ႏႈတ္ဘာသာျပန္ဆိုသည္။)

Picture

Win Lwin

28/04/2024 16:28

"နေပြည်တော်ပြန်လွှတ်ပေး " သတင်းခေါင်းစဉ် တပ်ခြင်းသည် အသုံးအနှုန်းအရ ဖတ်သူနားလည်မှုလွဲပါမည်။

Related news

© 2021. All rights reserved.