အီရတ်တွင် လိင်တူဆက်ဆံခြင်းကျူးလွန်ပါက အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ကြောင်း ဥပဒေ ပြဋ္ဌာန်း

 847

Alynn (NP News) - ဧပြီ ၂၈

အီရတ်ပါလီမန်သည် လိင်တူဆက်ဆံမှုကို အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သော ဥပဒေတစ်ရပ်ကို အတည်ပြုခဲ့ပြီး ဘာသာရေးတန်ဖိုးများကို မြှင့်တင်ရန် ရည်ရွယ်သော်လည်း အီရတ်ရှိ LGBTQ အသိုင်းအဝိုင်းအပေါ် တိုက်ခိုက်ထိုးနှက်မှုတစ်ခုအဖြစ် အခွင့်အရေးသမားများက ရှုတ်ချခဲ့သည်။

စနေနေ့ (ဧပြီလ ၂၇ ရက်) က အတည်ပြုပြဌာန်းလိုက်သော ဥပဒေသည် “အီရတ်လူ့အဖွဲ့အစည်းအား ကိုယ်ကျင့် တရားဆိုင်ရာညံ့ဖျင်းမှုနှင့် ကမ္ဘာကို လွှမ်းမိုးလာသည့် လိင်တူဆက်ဆံမှုတောင်းဆိုမှုများမှ အကာအကွယ်ပေးရန် ရည်ရွယ်သည်” ဟု Reuters သတင်းဌာနမှ ဥပဒေမိတ္တူအရ ဖော်ပြခဲ့သည်။

၎င်းဥပဒေအား အီရတ်ပါလီမန်တွင် အကြီးဆုံးသော ညွန့်ပေါင်းအဖွဲ့ဖြစ်သည့် ရှေးရိုးစွဲရှီယိုက် မွတ်စလင်ပါတီများမှ အဓိကအားပေးထောက်ခံခဲ့သည်။ ပြည့်တန်ဆာ နှင့် လိင်တူဆက်ဆံမှု တိုက်ဖျက်ရေးဥပဒေတွင် လိင်တူဆက်ဆံမှု ကို အနည်းဆုံးထောင်ဒဏ် ၁၀ နှစ်မှ အများဆုံး ၁၅ နှစ်အထိ ချမှတ်နိုင်ပြီး လိင်တူဆက်ဆံမှု (သို့မဟုတ်) ပြည့်တန်ဆာလုပ်ငန်းကို အားပေးသည့် မည်သူမဆို အနည်းဆုံး ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သည်။

ပြင်ဆင်သည့်ဥပဒေအရ "ကိုယ်ပိုင်စိတ်ဆန္ဒအပေါ်အခြေခံ၍ ဇီဝဗေဒဆိုင်ရာလိင်ပြောင်းလဲခြင်း" ကို ရာဇ၀တ်မှု တစ်ခုအဖြစ် သတ်မှတ်ပြီး လိင်ပြောင်းထားသူများနှင့် ကျား-မ လိင်ခွဲစိပ်မှုပြုလုပ်ပေးသည့် ဆရာဝန်များကို ထောင်ဒဏ်သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်ရန်ဖော်ပြထားသည်။

အဆိုပါဥပဒေမူကြမ်းတွင် လိင်တူဆက်ဆံမှုများအတွက် သေဒဏ်ပေးခြင်းကို ကနဦးတွင် ထည့်သွင်းထားသော် လည်း အမေရိကန်နှင့် ဥရောပနိုင်ငံများမှ ပြင်းထန်သော ဆန့်ကျင်မှုများ ပြုလုပ်ပြီးနောက် အတည်ပြုမပြဌာန်းမီ ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

စနေနေ့အထိ အီရတ်သည် လိင်တူချစ်သူများကို ရာဇ၀တ်မှုကျူးလွန်သူများအဖြစ် သတ်မှတ်ခြင်း မပြုခဲ့သော် လည်း ၎င်း၏ ပြဋ္ဌာန်းပြီးသား ရာဇ၀တ်ကျင့်ဝတ်ဆိုင်ရာပုဒ်မများကပင် LGBTQ လူမျိုးများအား ပစ်မှတ်ထားနေပြီး လက်နက်ကိုင်အဖွဲ့များနှင့် အခြားသောသူများ၏ ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်ခြင်းများကိုလည်း မကြာခဏ ကြုံတွေ့နေရသည်။ ပြီးခဲ့သောနှစ်က အီရတ်ပါတီကြီးများသည် LGBTQ အခွင့်အရေးများကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပြီး ဆန္ဒပြမှုများအတွင်း အာဏာရနှင့် အတိုက်အခံ ရှေးရိုးစွဲ ရှီယိုက်မွတ်ဆလင်အုပ်စု နှစ်ရပ်စလုံးက သက်တံ အလံများ မကြာခဏမီးရှို့ခဲ့ကြသည်။

Our World in Data အရ နိုင်ငံပေါင်း ၁၃၀ ကျော်တွင် လိင်တူဆက်ဆံခြင်းသည် တရားဝင်ဖြစ်နေသော်လည်း နိုင်ငံပေါင်း ၆၀ ကျော်ကမူ လိင်တူ ဆက်ဆံခြင်းကို ရာဇ၀တ်မှုအဖြစ် သတ်မှတ်ထားကြသည်။

Zawgyi Version;
အီရတ္တြင္ လိင္တူဆက္ဆံျခင္းက်ဴးလြန္ပါက အျမင့္ဆုံးေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ႏိုင္ေၾကာင္း ဥပေဒ ျပ႒ာန္း
Alynn (NP News) - ဧၿပီ ၂၈

အီရတ္ပါလီမန္သည္ လိင္တူဆက္ဆံမႈကို အျမင့္ဆုံးေထာင္ဒဏ္ ၁၅ ႏွစ္အထိ ခ်မွတ္ႏိုင္ေသာ ဥပေဒတစ္ရပ္ကို အတည္ျပဳခဲ့ၿပီး ဘာသာေရးတန္ဖိုးမ်ားကို ျမႇင့္တင္ရန္ ရည္႐ြယ္ေသာ္လည္း အီရတ္ရွိ LGBTQ အသိုင္းအဝိုင္းအေပၚ တိုက္ခိုက္ထိုးႏွက္မႈတစ္ခုအျဖစ္ အခြင့္အေရးသမားမ်ားက ရႈတ္ခ်ခဲ့သည္။

စေနေန႔ (ဧၿပီလ ၂၇ ရက္) က အတည္ျပဳျပဌာန္းလိုက္ေသာ ဥပေဒသည္ “အီရတ္လူ႔အဖြဲ႕အစည္းအား ကိုယ္က်င့္ တရားဆိုင္ရာညံ့ဖ်င္းမႈႏွင့္ ကမာၻကို လႊမ္းမိုးလာသည့္ လိင္တူဆက္ဆံမႈေတာင္းဆိုမႈမ်ားမွ အကာအကြယ္ေပးရန္ ရည္႐ြယ္သည္” ဟု Reuters သတင္းဌာနမွ ဥပေဒမိတၱဴအရ ေဖာ္ျပခဲ့သည္။

၎ဥပေဒအား အီရတ္ပါလီမန္တြင္ အႀကီးဆုံးေသာ ၫြန႔္ေပါင္းအဖြဲ႕ျဖစ္သည့္ ေရွး႐ိုးစြဲရွီယိုက္ မြတ္စလင္ပါတီမ်ားမွ အဓိကအားေပးေထာက္ခံခဲ့သည္။ ျပည့္တန္ဆာ ႏွင့္ လိင္တူဆက္ဆံမႈ တိုက္ဖ်က္ေရးဥပေဒတြင္ လိင္တူဆက္ဆံမႈ ကို အနည္းဆုံးေထာင္ဒဏ္ ၁၀ ႏွစ္မွ အမ်ားဆုံး ၁၅ ႏွစ္အထိ ခ်မွတ္ႏိုင္ၿပီး လိင္တူဆက္ဆံမႈ (သို႔မဟုတ္) ျပည့္တန္ဆာလုပ္ငန္းကို အားေပးသည့္ မည္သူမဆို အနည္းဆုံး ေထာင္ဒဏ္ ၇ ႏွစ္ ခ်မွတ္ႏိုင္သည္။

ျပင္ဆင္သည့္ဥပေဒအရ "ကိုယ္ပိုင္စိတ္ဆႏၵအေပၚအေျခခံ၍ ဇီဝေဗဒဆိုင္ရာလိင္ေျပာင္းလဲျခင္း" ကို ရာဇ၀တ္မႈ တစ္ခုအျဖစ္ သတ္မွတ္ၿပီး လိင္ေျပာင္းထားသူမ်ားႏွင့္ က်ား-မ လိင္ခြဲစိပ္မႈျပဳလုပ္ေပးသည့္ ဆရာဝန္မ်ားကို ေထာင္ဒဏ္သုံးႏွစ္အထိ ျပစ္ဒဏ္ခ်မွတ္ရန္ေဖာ္ျပထားသည္။

အဆိုပါဥပေဒမူၾကမ္းတြင္ လိင္တူဆက္ဆံမႈမ်ားအတြက္ ေသဒဏ္ေပးျခင္းကို ကနဦးတြင္ ထည့္သြင္းထားေသာ္ လည္း အေမရိကန္ႏွင့္ ဥေရာပႏိုင္ငံမ်ားမွ ျပင္းထန္ေသာ ဆန႔္က်င္မႈမ်ား ျပဳလုပ္ၿပီးေနာက္ အတည္ျပဳမျပဌာန္းမီ ျပင္ဆင္ခဲ့ျခင္းျဖစ္သည္။

စေနေန႔အထိ အီရတ္သည္ လိင္တူခ်စ္သူမ်ားကို ရာဇ၀တ္မႈက်ဴးလြန္သူမ်ားအျဖစ္ သတ္မွတ္ျခင္း မျပဳခဲ့ေသာ္ လည္း ၎၏ ျပ႒ာန္းၿပီးသား ရာဇ၀တ္က်င့္ဝတ္ဆိုင္ရာပုဒ္မမ်ားကပင္ LGBTQ လူမ်ိဳးမ်ားအား ပစ္မွတ္ထားေနၿပီး လက္နက္ကိုင္အဖြဲ႕မ်ားႏွင့္ အျခားေသာသူမ်ား၏ ပစ္မွတ္ထား တိုက္ခိုက္သတ္ျဖတ္ျခင္းမ်ားကိုလည္း မၾကာခဏ ႀကဳံေတြ႕ေနရသည္။ ၿပီးခဲ့ေသာႏွစ္က အီရတ္ပါတီႀကီးမ်ားသည္ LGBTQ အခြင့္အေရးမ်ားကို ျပင္းျပင္းထန္ထန္ေဝဖန္ခဲ့ၾကၿပီး ဆႏၵျပမႈမ်ားအတြင္း အာဏာရႏွင့္ အတိုက္အခံ ေရွး႐ိုးစြဲ ရွီယိုက္မြတ္ဆလင္အုပ္စု ႏွစ္ရပ္စလုံးက သက္တံ အလံမ်ား မၾကာခဏမီးရႈိ႕ခဲ့ၾကသည္။

Our World in Data အရ ႏိုင္ငံေပါင္း ၁၃၀ ေက်ာ္တြင္ လိင္တူဆက္ဆံျခင္းသည္ တရားဝင္ျဖစ္ေနေသာ္လည္း ႏိုင္ငံေပါင္း ၆၀ ေက်ာ္ကမူ လိင္တူ ဆက္ဆံျခင္းကို ရာဇ၀တ္မႈအျဖစ္ သတ္မွတ္ထားၾကသည္။

Related news

© 2021. All rights reserved.