အပူချိန်မြင့်မားမှုတွေကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ စာသင်ကျောင်းတွေ ပိတ်ပင်ထားရဟုဆို

 204

ဂျန်ဇက် (NP News) - ဧပြီ ၂၈

ဖိလစ်ပိုင်နိုင်ငံမှာ ဆန္ဒပြမှုများအပြင် အပူချိန်မြင့်လွန်းနေတဲ့အတွက် အစိုးရဟာ စာသင်ကျောင်းတွေကို ပိတ်ပင်လိုက်ကြောင်း ပညာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

အစိုးရက စာသင်ကျောင်းတွေကို ဧပြီ ၂၉ ရက် နဲ့ ၃ဝ ရက်တို့မှာ ပိတ်ပင်ထားမှာဖြစ်ကြောင်း၊ ကျန်းမာရေးနဲ့ပတ်သက်ပြီး ထိခိုက်မှုမရှိစေဖို့ ကြိုတင်သတိပေးချက်များလည်း ထုတ်ပြန်ထားကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အရှေ့တောင်အာရှတဝှမ်းရှိ နိုင်ငံအချို့မှာ အပူချိန်မြင့်တက်လာခြင်းကြောင့် စာသင်ကျောင်းအချို့ ပိတ်ပင်ရခြင်းတွေလည်းရှိခဲ့ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံရှိ စာသင်ကျောင်းအများစုဟာ လေကောင်းလေသန့်ရရှိမှု နည်းပါးပြီး ကျောင်းသားများပြည့်သိပ်နေကာ လေဝင်လေထွက်ကောင်းမွန်မှုမရှိကြောင်း သိရပါတယ်။ ဖိလစ်ပိုင်ပညာရေးဝန်ကြီးလက်အောက်မှာ စာသင်ကျောင်းပေါင်း ၄၇၀၀၀ ကျော် ရှိနေကြောင်း သိရပါတယ်။

ဖိလစ်ပိုင်ပညာရေးဝန်ကြီးဌာနက "ယာဉ်မောင်းတွေကလည်း နိုင်ငံတဝှမ်းမှာ သုံးရက်ကြာဆန္ဒပြဖို့ ရှိနေတယ်။ ဒါ့အပြင် နိုင်ငံတဝှမ်းမှာအပူချိန်ကလည်း မြင့်တက်နေတယ်။ ဒါကြောင့် စာသင်ကျောင်းတွေကို ယာယီပိတ်ထားရမယ်" လို့ ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့အဓိကမြို့တော်ဖြစ်တဲ့ မနီလာမြို့မှာ သမိုင်းတစ်လျှောက် စံချိန်တင်အပူချိန်မြင့်တက်လာခဲ့ပြီးနောက် ဖိလစ်ပိုင်အစိုးရက စာသင်ကျောင်းတွေကို ပိတ်ထားဖို့ စီစဉ်လာခြင်းဖြစ်ပါတယ်။ အာရှတိုက်မှာ အပူချိန်တွေမှာ မြင့်တက်လာခဲ့ပြီးနောက် နိုင်ငံအချို့ဟာ အပူချိန်မြင့်မားမှုနဲ့ပတ်သက်ပြီး ကြိုတင်သတိပေးချက်များ အသီးသီးထုတ်ပြန်ထားရတယ်လို့ ဆိုပါတယ်။

Zawgyi Version;
အပူခ်ိန္ျမင့္မားမႈေတြေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံမွာ စာသင္ေက်ာင္းေတြ ပိတ္ပင္ထားရဟုဆို
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

ဖိလစ္ပိုင္ႏိုင္ငံမွာ ဆႏၵျပမႈမ်ားအျပင္ အပူခ်ိန္ျမင့္လြန္းေနတဲ့အတြက္ အစိုးရဟာ စာသင္ေက်ာင္းေတြကို ပိတ္ပင္လိုက္ေၾကာင္း ပညာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္ပါတယ္။

အစိုးရက စာသင္ေက်ာင္းေတြကို ဧၿပီ ၂၉ ရက္ နဲ႔ ၃ဝ ရက္တို႔မွာ ပိတ္ပင္ထားမွာျဖစ္ေၾကာင္း၊ က်န္းမာေရးနဲ႔ပတ္သက္ၿပီး ထိခိုက္မႈမရွိေစဖို႔ ႀကိဳတင္သတိေပးခ်က္မ်ားလည္း ထုတ္ျပန္ထားေၾကာင္း ေျပာပါတယ္။ ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အေရွ႕ေတာင္အာရွတဝွမ္းရွိ ႏိုင္ငံအခ်ိဳ႕မွာ အပူခ်ိန္ျမင့္တက္လာျခင္းေၾကာင့္ စာသင္ေက်ာင္းအခ်ိဳ႕ ပိတ္ပင္ရျခင္းေတြလည္းရွိခဲ့ေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံရွိ စာသင္ေက်ာင္းအမ်ားစုဟာ ေလေကာင္းေလသန႔္ရရွိမႈ နည္းပါးၿပီး ေက်ာင္းသားမ်ားျပည့္သိပ္ေနကာ ေလဝင္ေလထြက္ေကာင္းမြန္မႈမရွိေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္ပညာေရးဝန္ႀကီးလက္ေအာက္မွာ စာသင္ေက်ာင္းေပါင္း ၄၇၀၀၀ ေက်ာ္ ရွိေနေၾကာင္း သိရပါတယ္။

ဖိလစ္ပိုင္ပညာေရးဝန္ႀကီးဌာနက "ယာဥ္ေမာင္းေတြကလည္း ႏိုင္ငံတဝွမ္းမွာ သုံးရက္ၾကာဆႏၵျပဖို႔ ရွိေနတယ္။ ဒါ့အျပင္ ႏိုင္ငံတဝွမ္းမွာအပူခ်ိန္ကလည္း ျမင့္တက္ေနတယ္။ ဒါေၾကာင့္ စာသင္ေက်ာင္းေတြကို ယာယီပိတ္ထားရမယ္" လို႔ ေျပာပါတယ္။

ဖိလစ္ပိုင္ႏိုင္ငံရဲ႕အဓိကၿမိဳ႕ေတာ္ျဖစ္တဲ့ မနီလာၿမိဳ႕မွာ သမိုင္းတစ္ေလွ်ာက္ စံခ်ိန္တင္အပူခ်ိန္ျမင့္တက္လာခဲ့ၿပီးေနာက္ ဖိလစ္ပိုင္အစိုးရက စာသင္ေက်ာင္းေတြကို ပိတ္ထားဖို႔ စီစဥ္လာျခင္းျဖစ္ပါတယ္။ အာရွတိုက္မွာ အပူခ်ိန္ေတြမွာ ျမင့္တက္လာခဲ့ၿပီးေနာက္ ႏိုင္ငံအခ်ိဳ႕ဟာ အပူခ်ိန္ျမင့္မားမႈနဲ႔ပတ္သက္ၿပီး ႀကိဳတင္သတိေပးခ်က္မ်ား အသီးသီးထုတ္ျပန္ထားရတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.