လူပေါင်း ၁ဝဝ ကျော် သေဆုံးစေတဲ့ ရုရှားနိုင်ငံ မော်စကိုမြို့ ဂီတပွဲတော်ကို တိုက်ခိုက်ခဲ့သူ ၁၂ ဦးကို ဖမ်းဆီး

 449

ဂျန်ဇက် (NP News) - ဧပြီ ၂၈

ရုရှားနိုင်ငံ မော်စကိုမြို့တရားရုံးဟာ မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ ဂီတပွဲတော်အတွင်း ပစ်ခတ်မှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးဖို့ အမိန့်ပေးလိုက်ကြောင်း သိရပါတယ်။

မော်စကိုမြို့ရှိ Crocus City Hall မှာ ကျင်းပတဲ့ ဂီတပွဲတော်အတွင်း လူအုပ်စုများကို သေနတ်သမားတွေက ဝင်ရောက်ပစ်ခတ်ခဲ့ရာ အနည်းဆုံးလူပေါင်း ၁၄ဝ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။
တရားရုံးဟာ အဆိုပါပစ်ခတ်မှုမှာ ပါဝင်ဆက်နွယ်ခဲ့သူတွေကို မေလ ၂၂ ရက်အထိ အကျဉ်းထောင်ထဲ ထိန်းသိမ်းကာ တံခါးပိတ်စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုခဲ့ကြောင်း သိရပါတယ်။ အဲဒီသူတွေဟာ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်မယ့်သူတွေကို ငွေကြေး အပါအဝင် အခြားအကူအညီတွေပေးခဲ့ကြောင်း ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ တာဂျစ်စတန်နိုင်ငံသား ကူဘိုနောဗ့်ဆိုသူပါဝင်ခဲ့ပြီး ၎င်းဟာ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်မယ့်သူတွေကို ငွေကြေးကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ အခြားလိုအပ်တဲ့ အဆက်သွယ်အကူအညီတွေပေးခဲ့ကြောင်း ရုရှားတရားရုံးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားမယ်ဆိုရင် ထောင်ဒဏ် အနည်းဆုံး ၁၅ နှစ် ထောင်ဒဏ် ကျခံရဖွယ်ရှိနေကြောင်း သိရပါတယ်။ ပစ်ခတ်မှုကျူးလွန်ရာမှာပါဝင်ခဲ့သူ အဓိကသေနတ်သမား ၄ ဦးကို ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ဟာ ရုရှားနိုင်ငံကနေ ယူကရိန်းနိုင်ငံကို ထွက်ပြေးဖို့ ကြိုးပမ်းချိန်အတွင်း ဖမ်းဆီးခဲ့ခြင်းမျိုးဖြစ်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။

ယူကရိန်းအစိုးရက အဲဒီတိုက်ခိုက်မှုမှာ ပါဝင်မှုမရှိကြောင်း ပြောဆိုထားပြီး အာဖန်ဂန်နစ္စတန်အခြေစိုက် ISIS-K အဖွဲ့ကတော့ ၎င်းတို့လက်ချက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

Zawgyi Version;
လူေပါင္း ၁ဝဝ ေက်ာ္ ေသဆုံးေစတဲ့ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ ဂီတပြဲေတာ္ကို တိုက္ခိုက္ခဲ့သူ ၁၂ ဦးကို ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ဧၿပီ ၂၈

႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တရား႐ုံးဟာ မတ္လအတြင္းျဖစ္ပြားခဲ့တဲ့ ဂီတပြဲေတာ္အတြင္း ပစ္ခတ္မႈနဲ႔ပတ္သက္ၿပီး သံသယရွိသူ ၁၂ ဦးကို ဖမ္းဆီးဖို႔ အမိန႔္ေပးလိုက္ေၾကာင္း သိရပါတယ္။

ေမာ္စကိုၿမိဳ႕ရွိ Crocus City Hall မွာ က်င္းပတဲ့ ဂီတပြဲေတာ္အတြင္း လူအုပ္စုမ်ားကို ေသနတ္သမားေတြက ဝင္ေရာက္ပစ္ခတ္ခဲ့ရာ အနည္းဆုံးလူေပါင္း ၁၄ဝ ေက်ာ္ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
တရား႐ုံးဟာ အဆိုပါပစ္ခတ္မႈမွာ ပါဝင္ဆက္ႏြယ္ခဲ့သူေတြကို ေမလ ၂၂ ရက္အထိ အက်ဥ္းေထာင္ထဲ ထိန္းသိမ္းကာ တံခါးပိတ္စုံစမ္းစစ္ေဆးဖို႔ ခြင့္ျပဳခဲ့ေၾကာင္း သိရပါတယ္။ အဲဒီသူေတြဟာ အၾကမ္းဖက္တိုက္ခိုက္မႈ က်ဴးလြန္မယ့္သူေတြကို ေငြေၾကး အပါအဝင္ အျခားအကူအညီေတြေပးခဲ့ေၾကာင္း ေျပာပါတယ္။

ဖမ္းဆီးခံရသူေတြထဲမွာ တာဂ်စ္စတန္ႏိုင္ငံသား ကူဘိုေနာဗ့္ဆိုသူပါဝင္ခဲ့ၿပီး ၎ဟာ အၾကမ္းဖက္တိုက္ခိုက္မႈ က်ဴးလြန္မယ့္သူေတြကို ေငြေၾကးကူညီေထာက္ပံ့ေပးခဲ့ေၾကာင္း၊ အျခားလိုအပ္တဲ့ အဆက္သြယ္အကူအညီေတြေပးခဲ့ေၾကာင္း ႐ုရွားတရား႐ုံးက ေျပာပါတယ္။

ဖမ္းဆီးခံရသူေတြဟာ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားမယ္ဆိုရင္ ေထာင္ဒဏ္ အနည္းဆုံး ၁၅ ႏွစ္ ေထာင္ဒဏ္ က်ခံရဖြယ္ရွိေနေၾကာင္း သိရပါတယ္။ ပစ္ခတ္မႈက်ဴးလြန္ရာမွာပါဝင္ခဲ့သူ အဓိကေသနတ္သမား ၄ ဦးကို ပစ္ခတ္မႈျဖစ္ပြားခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာမွာ ဖမ္းဆီးခဲ့ေၾကာင္း၊ ၎တို႔ဟာ ႐ုရွားႏိုင္ငံကေန ယူကရိန္းႏိုင္ငံကို ထြက္ေျပးဖို႔ ႀကိဳးပမ္းခ်ိန္အတြင္း ဖမ္းဆီးခဲ့ျခင္းမ်ိဳးျဖစ္ေၾကာင္း ႐ုရွားအစိုးရက ေျပာပါတယ္။

ယူကရိန္းအစိုးရက အဲဒီတိုက္ခိုက္မႈမွာ ပါဝင္မႈမရွိေၾကာင္း ေျပာဆိုထားၿပီး အာဖန္ဂန္နစၥတန္အေျခစိုက္ ISIS-K အဖြဲ႕ကေတာ့ ၎တို႔လက္ခ်က္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။

Related news

© 2021. All rights reserved.