ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် EPS-TOPIK သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ပြီး အမျိုးသမီးများ ပါဝင် လျှောက်ထားနိုင်

 797

စော (NP News) - ဧပြီ ၂၉

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် EPS-TOPIK သင်တန်းအတွက် သင်တန်းသားများ ခေါ်ယူသွားမည်ဖြစ်ပြီး အမျိုးသမီးများ ပါဝင်လျှောက်ထားနိုင်ကြောင်း သိရသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်က ယခုရက်ပိုင်းအတွင်းတွင် နိုင်ငံပိုင်သတင်းစာများမှ တဆင့်အထက်ပါကဲ့သို့ အသိပေးကြေညာထားခြင်းဖြစ်သည်။

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနအစီအစဉ်ဖြင့် အမှတ်စဉ် (၁) ကိုရီးယားဘာသာစကား Korean Workplace Readness and Language Proficiency Course (EPS-TOPIK) သင်တန်းကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တွင် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာများကို မနက်ဖြန် ဧပြီ ၃၀ ရက်မှ မေ ၉ ရက်အတွင်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် လျှောက်ထားရမည်ဖြစ်ပြီး သင်တန်းကြေးအား ငွေလက်ခံဌာနတွင် တစ်ပါတည်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများအနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဖြစ်ရန် လိုအပ်ပြီး အနိမ့်ဆုံးပညာအရည်အချင်း မှာ အမျိုးသားများသည် အခြေခံပညာအလယ်တန်းအောင်မြင်ရမည်ဖြစ်ကာ အမျိုးသမီးများသည် အခြေခံပညာ အထက်တန်းအောင်မြင်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို စနေနေ့နှင့် တနင်္ဂနွေတို့တွင် မွန်းလွဲ ၁ နာရီမှ ၄ နာရီထိ သင်ကြားသွားမည်ဖြစ်ပြီး မေလ ၁၁ ရက်မှစ၍ ၆လ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပညာအရည်အချင်းသတ်မှတ်ချက်အား မှားယွင်းစွာ ဖော်ပြပြီး သင်တန်းတက်ရောက်နေကြောင်း စစ်ဆေးတွေ့ရှိပါ က သင်တန်းမှထုတ်ပယ်ပြီး သင်တန်းကြေးငွေကို ပြန်လည်ထုတ်ပေးမည်မဟုတ်ကြောင်း ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္တြင္ EPS-TOPIK သင္တန္းအတြက္ သင္တန္းသားမ်ား ေခၚယူသြားမည္ျဖစ္ၿပီး အမ်ိဳးသမီးမ်ား ပါဝင္ ေလွ်ာက္ထားႏိုင္
ေစာ (NP News) - ဧၿပီ ၂၉

ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္တြင္ EPS-TOPIK သင္တန္းအတြက္ သင္တန္းသားမ်ား ေခၚယူသြားမည္ျဖစ္ၿပီး အမ်ိဳးသမီးမ်ား ပါဝင္ေလွ်ာက္ထားႏိုင္ေၾကာင္း သိရသည္။

ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္က ယခုရက္ပိုင္းအတြင္းတြင္ ႏိုင္ငံပိုင္သတင္းစာမ်ားမွ တဆင့္အထက္ပါကဲ့သို႔ အသိေပးေၾကညာထားျခင္းျဖစ္သည္။

လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးမႈဌာနအစီအစဥ္ျဖင့္ အမွတ္စဥ္ (၁) ကိုရီးယားဘာသာစကား Korean Workplace Readness and Language Proficiency Course (EPS-TOPIK) သင္တန္းကို ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္ တြင္ ဖြင့္လွစ္သင္ၾကားသြားမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာမ်ားကို မနက္ျဖန္ ဧၿပီ ၃၀ ရက္မွ ေမ ၉ ရက္အတြင္း ရန္ကုန္ႏိုင္ငံျခားဘာသာတကၠသိုလ္၊ ေက်ာင္းသားေရးရာဌာနတြင္ ေလွ်ာက္ထားရမည္ျဖစ္ၿပီး သင္တန္းေၾကးအား ေငြလက္ခံဌာနတြင္ တစ္ပါတည္း ေပးသြင္းရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ားအေနျဖင့္ အသက္ ၁၈ ႏွစ္မွ ၃၅ ႏွစ္အတြင္းျဖစ္ရန္ လိုအပ္ၿပီး အနိမ့္ဆုံးပညာအရည္အခ်င္း မွာ အမ်ိဳးသားမ်ားသည္ အေျခခံပညာအလယ္တန္းေအာင္ျမင္ရမည္ျဖစ္ကာ အမ်ိဳးသမီးမ်ားသည္ အေျခခံပညာ အထက္တန္းေအာင္ျမင္ရမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါသင္တန္းကို စေနေန႔ႏွင့္ တနဂၤေႏြတို႔တြင္ မြန္းလြဲ ၁ နာရီမွ ၄ နာရီထိ သင္ၾကားသြားမည္ျဖစ္ၿပီး ေမလ ၁၁ ရက္မွစ၍ ၆လ ၾကာျမင့္မည္ျဖစ္ေၾကာင္း သိရသည္။

ပညာအရည္အခ်င္းသတ္မွတ္ခ်က္အား မွားယြင္းစြာ ေဖာ္ျပၿပီး သင္တန္းတက္ေရာက္ေနေၾကာင္း စစ္ေဆးေတြ႕ရွိပါ က သင္တန္းမွထုတ္ပယ္ၿပီး သင္တန္းေၾကးေငြကို ျပန္လည္ထုတ္ေပးမည္မဟုတ္ေၾကာင္း ရန္ကုန္ႏိုင္ငံျခားဘာသာ တကၠသိုလ္မွ အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.