ဆွီဒင်နိုင်ငံမှာ တက်ကြွလှုပ်ရှားသူအမျိုးသမီးတစ်ဦးက ကိုရမ်ကျမ်းကို မီးရှို့ဖျက်ဆီး

 1088

Pika (NP News) - ဧပြီ ၂၉

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ခရစ်ယာန်တက်ကြွလှုပ်ရှားသူလို့ ပြောဆိုထားတဲ့ အမျိုးသမီးတစ်ဦးဟာ ကိုရမ်ကျမ်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ တူရကီသတင်းဌာန A Haber က ဧပြီလ(၂၄)ရက်မှာ ရေးသားဖော်ပြခဲ့ပါ တယ်။

အဲဒီဖြစ်ရပ်ဟာ ဧပြီလ(၂၆)ရက်မှာ စတော့ဟုမ်းမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Jade Sandberg လို့ အမည်ရတဲ့ အသက်(၄၈)နှစ်အရွယ် အမျိုးသမီးဟာ လက်ဝါးကပ်တိုင်ကို ဝှေ့ရမ်းပြီး ကိုရမ်ကျမ်းကို မီးရှို့နေတာကို အွန်လိုင်း ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုဖိုင်မှာ တွေ့မြင်ခဲ့ရပါတယ်။ အဲဒီအမျိုးသမီးဟာ ကိုရမ်ကျမ်းကို မီးရှို့နေစဉ်အချိန်အတွင်း “ဆွီဒင်နိုင်ငံကနေ အစ္စလာမ်ဘာသာထွက်သွားပါ” ဆိုတဲ့ စကားကို အော်ဟစ်ပြောဆိုနေခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Jade Sandberg ဟာ ဆန္ဒပြပွဲက ဓါတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်ကို ၎င်းရဲ့တွစ်တာ အကောင့်မှာ တင်ခဲ့တယ်လို့ လည်း သိရပါတယ်။ ၂ဝ၂၃ ခုနှစ် ဇန်နဝါရီလမှာ ဆွီဒင်နိုင်ငံသားအဖြစ် ခံယူထားတဲ့ Rasmus Paludan ဆိုတဲ့ အမျိုးသားဟာ တူရကီသံရုံးရှေ့မှာ ကိုရမ်ကျမ်းကို မီးရှို့ပြီးနောက်ပိုင်းတည်းက ဆွီဒင်နိုင်ငံတစ်ဝှမ်းမှာ အဲဒီလိုမျိုး ဆန္ဒပြပွဲတွေ အများအပြားဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဆွီဒင်အာဏာပိုင်တွေဟာ အဲဒီလိုလုပ်ရပ်မျိုးတွေ ကို ပြစ်တင်ရှုတ်ချထားပေမယ့်လည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အာမခံထားတဲ့နိုင်ငံရဲ့ဥပဒေအရ ဆန္ဒပြပွဲ လုပ်တာတွေကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။

မွတ်ဆလင်အများစုနေထိုင်တဲ့နိုင်ငံတွေဟာ ကိုရမ်းကျမ်းကို မီးရှို့ဖျက်ဆီးတာတွေကို အစ္စလာမ် မုန်းတီး ဆန့်ကျင်ရေးဝါဒအဖြစ် ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဆြီဒင္ႏိုင္ငံမွာ တက္ႂကြလႈပ္ရွားသူအမ်ိဳးသမီးတစ္ဦးက ကိုရမ္က်မ္းကို မီးရႈိ႕ဖ်က္ဆီး
Pika (NP News) - ဧၿပီ ၂၉

ဆြီဒင္ႏိုင္ငံ စေတာ့ဟုမ္းၿမိဳ႕မွာ ခရစ္ယာန္တက္ႂကြလႈပ္ရွားသူလို႔ ေျပာဆိုထားတဲ့ အမ်ိဳးသမီးတစ္ဦးဟာ ကိုရမ္က်မ္းကို မီးရႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ တူရကီသတင္းဌာန A Haber က ဧၿပီလ(၂၄)ရက္မွာ ေရးသားေဖာ္ျပခဲ့ပါ တယ္။

အဲဒီျဖစ္ရပ္ဟာ ဧၿပီလ(၂၆)ရက္မွာ စေတာ့ဟုမ္းၿမိဳ႕မွာျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ Jade Sandberg လို႔ အမည္ရတဲ့ အသက္(၄၈)ႏွစ္အ႐ြယ္ အမ်ိဳးသမီးဟာ လက္ဝါးကပ္တိုင္ကို ေဝွ႔ရမ္းၿပီး ကိုရမ္က်မ္းကို မီးရႈိ႕ေနတာကို အြန္လိုင္း ေပၚမွာ တင္ထားတဲ့ ဗီဒီယိုဖိုင္မွာ ေတြ႕ျမင္ခဲ့ရပါတယ္။ အဲဒီအမ်ိဳးသမီးဟာ ကိုရမ္က်မ္းကို မီးရႈိ႕ေနစဥ္အခ်ိန္အတြင္း “ဆြီဒင္ႏိုင္ငံကေန အစၥလာမ္ဘာသာထြက္သြားပါ” ဆိုတဲ့ စကားကို ေအာ္ဟစ္ေျပာဆိုေနခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့အျပင္ Jade Sandberg ဟာ ဆႏၵျပပြဲက ဓါတ္ပုံေတြနဲ႔ ဗီဒီယိုဖိုင္ကို ၎ရဲ႕တြစ္တာ အေကာင့္မွာ တင္ခဲ့တယ္လို႔ လည္း သိရပါတယ္။ ၂ဝ၂၃ ခုႏွစ္ ဇန္နဝါရီလမွာ ဆြီဒင္ႏိုင္ငံသားအျဖစ္ ခံယူထားတဲ့ Rasmus Paludan ဆိုတဲ့ အမ်ိဳးသားဟာ တူရကီသံ႐ုံးေရွ႕မွာ ကိုရမ္က်မ္းကို မီးရႈိ႕ၿပီးေနာက္ပိုင္းတည္းက ဆြီဒင္ႏိုင္ငံတစ္ဝွမ္းမွာ အဲဒီလိုမ်ိဳး ဆႏၵျပပြဲေတြ အမ်ားအျပားျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဆြီဒင္အာဏာပိုင္ေတြဟာ အဲဒီလိုလုပ္ရပ္မ်ိဳးေတြ ကို ျပစ္တင္ရႈတ္ခ်ထားေပမယ့္လည္း လြတ္လပ္စြာထုတ္ေဖာ္ေျပာဆိုခြင့္ကို အာမခံထားတဲ့ႏိုင္ငံရဲ႕ဥပေဒအရ ဆႏၵျပပြဲ လုပ္တာေတြကိုေတာ့ ခြင့္ျပဳထားတယ္လို႔ သိရပါတယ္။

မြတ္ဆလင္အမ်ားစုေနထိုင္တဲ့ႏိုင္ငံေတြဟာ ကိုရမ္းက်မ္းကို မီးရႈိ႕ဖ်က္ဆီးတာေတြကို အစၥလာမ္ မုန္းတီး ဆန႔္က်င္ေရးဝါဒအျဖစ္ ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.