အမေရိကန်နိုင်ငံကို လက်တုံ့ပြန်မယ်လို့ တရုတ်အစိုးရ သတိပေး

 5312

ဂျန်ဇက် (NP News) - ဧပြီ ၃ဝ

တရုတ်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးခဲ့တဲ့ စစ်ရေး အကူအညီပေးမယ့်ဥပဒေကို ပြင်ဆင်ပြောင်းလဲတာမျိုးမလုပ်ဘူးဆိုရင် လက်တုံ့ပြန်မှာဖြစ်ကြောင်း၊ ပြောပါတယ်။

အမေရိကန်သမ္မတဟာ ထိုင်ဝမ် အပါအဝင် အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံတွေကို အမေရိကန်ဒေါ်လာ ၈ ဘီလျံ ကူညီပေးဖို့ စီစဉ်ထားပြီးအဲဒီအစီစဉ်ကို ဥပဒေအဖြစ် သတ်မှတ်ဖို့ သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး လိုက်ပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရက အမေရိကန်ရဲ့အနိုင်ကျင့်ဖို့ ကြိုးပမ်းတဲ့လုပ်ရပ်တွေကို လက်တုံ့ပြန်မှာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန်သမ္မတ လက်မှတ်ရေးထိုးခဲ့တဲ့ဥပဒေထဲမှာ တရုတ်ကုမ္ပဏီပိုင် TikTok ကို ၁၂ လအတွင်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေထံ ပြန်မရောင်းချဘူးဆိုရင် အမေရိကန်နိုင်ငံအတွင်း အသုံးပြုခွင့်ပိတ်ပင်မယ့် အချက်လည်း ပါဝင်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ လင်ဂျန်က "တရုတ်နိုင်ငံနဲ့ အကျိုးစီးပွားတွေ နဲ့ စိုးရိမ်မှုတွေကို လေးစားဖို့ အမေရိကန်နိုင်ငံကို တိုက်တွန်းတောင်းဆိုလိုတယ်။ တရုတ်နိုင်ငံကိုအပေါ် အနုတ်လက္ခဏာဆောင်စေ မယ့်ကိစ္စရပ်တွေ မလုပ်ဖို့ တောင်းဆိုလိုတယ်။ အခြားတစ်ဖက်မှာ နိုင်ငံအချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဘေးကင်းစေဖို့ လိုအပ်တဲ့အစီမံတွေလုပ်ဆောင်မှာဖြစ်ပြီး တုံ့ပြန်ဆောင်ရွက်မှာ ဖြစ်တယ်" လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ ထိုင်ဝမ်နဲ့ အငြင်းပွားမှုတွေရှိနေပြီး ထိုင်ဝမ်က အမေရိကန်နိုင်ငံရဲ့အကူအညီတွေ ရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံကို လက္တုံ႔ျပန္မယ္လို႔ တ႐ုတ္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - ဧၿပီ ၃ဝ

တ႐ုတ္အစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ လက္မွတ္ေရးထိုးခဲ့တဲ့ စစ္ေရး အကူအညီေပးမယ့္ဥပေဒကို ျပင္ဆင္ေျပာင္းလဲတာမ်ိဳးမလုပ္ဘူးဆိုရင္ လက္တုံ႔ျပန္မွာျဖစ္ေၾကာင္း၊ ေျပာပါတယ္။

အေမရိကန္သမၼတဟာ ထိုင္ဝမ္ အပါအဝင္ အင္ဒို-ပစိဖိတ္ေဒသအတြင္းရွိ ႏိုင္ငံေတြကို အေမရိကန္ေဒၚလာ ၈ ဘီလ်ံ ကူညီေပးဖို႔ စီစဥ္ထားၿပီးအဲဒီအစီစဥ္ကို ဥပေဒအျဖစ္ သတ္မွတ္ဖို႔ သမၼတ ဂ်ိဳးဘိုင္ဒန္က လက္မွတ္ေရးထိုး လိုက္ၿပီ ျဖစ္ပါတယ္။

တ႐ုတ္အစိုးရက အေမရိကန္ရဲ႕အႏိုင္က်င့္ဖို႔ ႀကိဳးပမ္းတဲ့လုပ္ရပ္ေတြကို လက္တုံ႔ျပန္မွာျဖစ္တယ္လို႔ ေျပာပါတယ္။ အေမရိကန္သမၼတ လက္မွတ္ေရးထိုးခဲ့တဲ့ဥပေဒထဲမွာ တ႐ုတ္ကုမၸဏီပိုင္ TikTok ကို ၁၂ လအတြင္း အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္ေတြထံ ျပန္မေရာင္းခ်ဘူးဆိုရင္ အေမရိကန္ႏိုင္ငံအတြင္း အသုံးျပဳခြင့္ပိတ္ပင္မယ့္ အခ်က္လည္း ပါဝင္ေနပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူ လင္ဂ်န္က "တ႐ုတ္ႏိုင္ငံနဲ႔ အက်ိဳးစီးပြားေတြ နဲ႔ စိုးရိမ္မႈေတြကို ေလးစားဖို႔ အေမရိကန္ႏိုင္ငံကို တိုက္တြန္းေတာင္းဆိုလိုတယ္။ တ႐ုတ္ႏိုင္ငံကိုအေပၚ အႏုတ္လကၡဏာေဆာင္ေစ မယ့္ကိစၥရပ္ေတြ မလုပ္ဖို႔ ေတာင္းဆိုလိုတယ္။ အျခားတစ္ဖက္မွာ ႏိုင္ငံအခ်ဳပ္အျခာအာဏာ၊ လုံၿခဳံေရး၊ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြ ေဘးကင္းေစဖို႔ လိုအပ္တဲ့အစီမံေတြလုပ္ေဆာင္မွာျဖစ္ၿပီး တုံ႔ျပန္ေဆာင္႐ြက္မွာ ျဖစ္တယ္" လို႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ထိုင္ဝမ္နဲ႔ အျငင္းပြားမႈေတြရွိေနၿပီး ထိုင္ဝမ္က အေမရိကန္ႏိုင္ငံရဲ႕အကူအညီေတြ ရယူႏိုင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.