ရာထူးမှ နုတ်ထွက်ရန် တွန်းအားပေးခံရသော်လည်း ပက်ဒရိုဆန်းချက်ဇ်က စပိန်ဝန်ကြီးချုပ်ရာထူးအား ဆက်လက် ဆုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့

 327

ALynn (NP News) - ဧပြီ ၃ဝ

စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်က ၎င်း၏ အနာဂတ်နှင့်ပတ်သက်၍ လူသိရှင်ကြား ချိန်ထိုး ဆန်းစစ်ပြီးနောက် ရက်အတန်ကြာတွင် ၎င်းရာထူးကို ဆက်လက်ဆုပ်ကိုင်ထားရန် ဆုံးဖြတ်ခဲ့သည်။ ဆန်းချက်ဇ်က ရုပ်မြင်သံကြား မိန့်ခွန်းတွင် ၎င်း၏ ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်သီတင်းပတ်က ၎င်းသည် ရာထူးမှ နှုတ်ထွက်ရ မည်လားဟူ၍ ပြောကြားခဲ့သော်လည်း ယခုအခါ ဆက်လက်ထိန်းသိမ်းထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အသက် ၅၂ နှစ်ရှိပြီဖြစ်သော ဆန်းချက်ဇ်က ၎င်း၏ဇနီးဖြစ်သူအား အကျင့်ပျက်ခြစားမှုဖြင့် စုံစမ်းစစ်ဆေးခြင်းသည် လက်ယာယိမ်း နိုင်ငံရေးပြိုင်ဘက်များ၏ ကြိုးကိုင်မှုဖြစ်သည်ဟု ဆိုကာ ရာထူးမှ နုတ်ထွက်မည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ (ဧပြီလ ၂၄ ရက်)က ကြေညာခဲ့သည်။

ဆန်းချက်ဇ်၏ ကြေညာချက်တွင် ၎င်းသည် စပိန်ဘုရင်မင်းမြတ်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ ထောက်ခံအားပေးမှု ကို ရရှိခဲ့ကာ ရာထူးတွင်ဆက်နေရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ လှုပ်လှုပ်ခတ်ခတ်နိုင်ငံရေး အနာဂတ်ကြောင့် စပိန်နိုင်ငံရေးတွင် မငြိမ်မသက်ဖြစ်စေခဲ့သည်။ ထို့ပြင် အစိတ်စိတ်ကွဲပြားနေသော ပါလီမန်သည် အနီးကပ်ရွေးကောက်ပွဲများအပြီးတွင် ညွန့်ပေါင်းအစိုးရများဖွဲ့ရန် ရုန်းကန်ခဲ့ရသည်။

ထို့ကြောင့် ရာထူးမှ နုတ်ထွက်ပါက ရွေးကောက်ပွဲအသစ်ကို ကျင်းပရန်တွန်းအားပေးနေပြီး ယင်းမှာ ငါးနှစ်အတွင်း စတုတ္ထအကြိမ် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်သည်။
ပြီးခဲ့သည့်သတင်းပတ်က မြို့နယ်တရားရုံး၏ ဖော်ပြချက်အရ ဆန်းချက်ဇ်အမျိုးသမီး၏ စီးပွားရေး အကျင့်ပျက်ခြ စားမှုသည် Manos Limpias (သို့မဟုတ်) Clean Hands ဟုခေါ်သည့် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးအုပ်စု၏ ကိုယ်ပိုင်တင်သွင်းချက်ကြောင့် အမှုဖြစ်လာခြင်းဖြစ်သည်ဟု သိရသည်။

ကြာသပတေးနေ့ (ဧပြီလ ၂၅ ရက်) က မြို့တော်တရားစွဲအရာရှိ၏ ပြောကြားချက်အရ ၎င်းအမှုသည် တိကျသော သက်သေမရှိကြောင်း သိရသည်။ Manos Limpias ၏ ဒါရိုက်တာ Miguel Bernad သည် လက်ယာစွန်းပါတီ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၎င်းက ထိုအမှုနှင့်ပတ်သက်၍ သက်သေများကို ဆက်လက်တင်ပြပေးသွားမည်ဖြစ် ကြောင်း ဖော်ပြခဲ့သည်။

Zawgyi Version;
ရာထူးမွ ႏုတ္ထြက္ရန္ တြန္းအားေပးခံရေသာ္လည္း ပက္ဒ႐ိုဆန္းခ်က္ဇ္က စပိန္ဝန္ႀကီးခ်ဳပ္ရာထူးအား ဆက္လက္ ဆုပ္ကိုင္ရန္ ဆုံးျဖတ္ခဲ့
ALynn (NP News) - ဧၿပီ ၃ဝ

စပိန္ဝန္ႀကီးခ်ဳပ္ ပက္ဒ႐ိုဆန္းခ်က္ဇ္က ၎၏ အနာဂတ္ႏွင့္ပတ္သက္၍ လူသိရွင္ၾကား ခ်ိန္ထိုး ဆန္းစစ္ၿပီးေနာက္ ရက္အတန္ၾကာတြင္ ၎ရာထူးကို ဆက္လက္ဆုပ္ကိုင္ထားရန္ ဆုံးျဖတ္ခဲ့သည္။ ဆန္းခ်က္ဇ္က ႐ုပ္ျမင္သံၾကား မိန႔္ခြန္းတြင္ ၎၏ ေၾကညာခ်က္ကို ထုတ္ျပန္ခဲ့သည္။ ၿပီးခဲ့သည့္သီတင္းပတ္က ၎သည္ ရာထူးမွ ႏႈတ္ထြက္ရ မည္လားဟူ၍ ေျပာၾကားခဲ့ေသာ္လည္း ယခုအခါ ဆက္လက္ထိန္းသိမ္းထားရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္သည္။ အသက္ ၅၂ ႏွစ္ရွိၿပီျဖစ္ေသာ ဆန္းခ်က္ဇ္က ၎၏ဇနီးျဖစ္သူအား အက်င့္ပ်က္ျခစားမႈျဖင့္ စုံစမ္းစစ္ေဆးျခင္းသည္ လက္ယာယိမ္း ႏိုင္ငံေရးၿပိဳင္ဘက္မ်ား၏ ႀကိဳးကိုင္မႈျဖစ္သည္ဟု ဆိုကာ ရာထူးမွ ႏုတ္ထြက္မည္ဟု ၿပီးခဲ့သည့္ ဗုဒၶဟူးေန႔ (ဧၿပီလ ၂၄ ရက္)က ေၾကညာခဲ့သည္။

ဆန္းခ်က္ဇ္၏ ေၾကညာခ်က္တြင္ ၎သည္ စပိန္ဘုရင္မင္းျမတ္ႏွင့္ ေတြ႕ဆုံၿပီးေနာက္ ၎၏ ေထာက္ခံအားေပးမႈ ကို ရရွိခဲ့ကာ ရာထူးတြင္ဆက္ေနရန္ ဆုံးျဖတ္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။ ၎၏ လႈပ္လႈပ္ခတ္ခတ္ႏိုင္ငံေရး အနာဂတ္ေၾကာင့္ စပိန္ႏိုင္ငံေရးတြင္ မၿငိမ္မသက္ျဖစ္ေစခဲ့သည္။ ထို႔ျပင္ အစိတ္စိတ္ကြဲျပားေနေသာ ပါလီမန္သည္ အနီးကပ္ေ႐ြးေကာက္ပြဲမ်ားအၿပီးတြင္ ၫြန႔္ေပါင္းအစိုးရမ်ားဖြဲ႕ရန္ ႐ုန္းကန္ခဲ့ရသည္။

ထို႔ေၾကာင့္ ရာထူးမွ ႏုတ္ထြက္ပါက ေ႐ြးေကာက္ပြဲအသစ္ကို က်င္းပရန္တြန္းအားေပးေနၿပီး ယင္းမွာ ငါးႏွစ္အတြင္း စတုတၳအႀကိမ္ ေ႐ြးေကာက္ပြဲျဖစ္လာမည္ျဖစ္သည္။
ၿပီးခဲ့သည့္သတင္းပတ္က ၿမိဳ႕နယ္တရား႐ုံး၏ ေဖာ္ျပခ်က္အရ ဆန္းခ်က္ဇ္အမ်ိဳးသမီး၏ စီးပြားေရး အက်င့္ပ်က္ျခ စားမႈသည္ Manos Limpias (သို႔မဟုတ္) Clean Hands ဟုေခၚသည့္ အက်င့္ပ်က္ျခစားမႈတိုက္ဖ်က္ေရးအုပ္စု၏ ကိုယ္ပိုင္တင္သြင္းခ်က္ေၾကာင့္ အမႈျဖစ္လာျခင္းျဖစ္သည္ဟု သိရသည္။

ၾကာသပေတးေန႔ (ဧၿပီလ ၂၅ ရက္) က ၿမိဳ႕ေတာ္တရားစြဲအရာရွိ၏ ေျပာၾကားခ်က္အရ ၎အမႈသည္ တိက်ေသာ သက္ေသမရွိေၾကာင္း သိရသည္။ Manos Limpias ၏ ဒါ႐ိုက္တာ Miguel Bernad သည္ လက္ယာစြန္းပါတီ၏ ကိုယ္စားလွယ္တစ္ဦးျဖစ္ၿပီး ၎က ထိုအမႈႏွင့္ပတ္သက္၍ သက္ေသမ်ားကို ဆက္လက္တင္ျပေပးသြားမည္ျဖစ္ ေၾကာင္း ေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.